Блог
Всі
Книги
Всі
Вірші
Всі
Invalid
တခ်ိဳ႕ေန႔ေတြက ညေတြနဲ႔တူတယ္။
(ကၽြန္ေတာ္ႏိုးမေနခဲ့ဘူး)
တခ်ိဳ႕ညေတြက အိပ္မက္ေတြလိုပဲ။
(အစအဆံုးမရွိခဲ့ဘူး)
တခ်ိဳ႕အိပ္မက္ေတြက အတိတ္ေတြ။
(အသစ္ျပန္မျဖစ္ေတာ့ဘူး)
တခ်ိဳ႕အတိတ္ေတြက တိမ္တုိက္လို။
(လြင့္ၿပီးရင္းလြင့္ေနတယ္)
တခ်ိဳ႕တိမ္တိုက္ေတြက မိုးေရေတြ။
(ျမင္ေနရင္းကို ၿပိဳက်သြားၿပီ)
တခ်ိဳ႕မိုးေရေတြက တစ္ေန႔လံုးမႈိင္း။
(သက္တန္႔ေတာင္ မထြက္ႏိုင္ဘူး)
ကၽြန္ေတာ့္အတြက္ အရာရာတိုင္းက ေရတြက္လို႔မရတဲ့အေျခအေန။
•••••••••••••••••••••••••••••••
တချို့နေ့တွေက ညတွေနဲ့တူတယ်။
(ကျွန်တော်နိုးမနေခဲ့ဘူး)
တချို့ညတွေက အိပ်မက်တွေလိုပဲ။
(အစအဆုံးမရှိခဲ့ဘူး)
တချို့အိပ်မက်တွေက အတိတ်တွေ။
(အသစ်ပြန်မဖြစ်တော့ဘူး)
တချို့အတိတ်တွေက တိမ်တိုက်လို။
(လွင့်ပြီးရင်းလွင့်နေတယ်)
တချို့တိမ်တိုက်တွေက မိုးရေတွေ။
(မြင်နေရင်းကို ပြိုကျသွားပြီ)
တချို့မိုးရေတွေက တစ်နေ့လုံးမှိုင်း။
(သက်တန့်တောင် မထွက်နိုင်ဘူး)
ကျွန်တော့်အတွက် အရာရာတိုင်းက ရေတွက်လို့မရတဲ့အခြေအနေ။
1
0
317
အိပ္မက္ဆိုးထက္ ပိုေသာ / အိပ်မက်ဆိုးထက် ပိုသော
က်ိဳးေၾကလြယ္တဲ့ ေမၽွာ္လင့္ခ်က္ေတြေပၚ
ကိုယ္တိုင္ဆင့္ေခၚခဲ့တဲ့ က်ိန္စာေတြက
သူ႔ဖိတ္စာသူကမ္းၿပီး
ငါ့အလြမ္းေတြထဲ က်ဴးေက်ာ္လာလိုက္တာ
ရင္ခြင္တစ္စံုမွာလည္း ေမွာင္မိုက္လို႔ ...။
■
ကျိုးကြေလွယ်တဲ့ မျှော်လင့်ချက်တွေပေါ်
ကိုယ်တိုင်ဆင့်ခေါ်ခဲ့တဲ့ ကျိန်စာတွေက
သူ့ဖိတ်စာသူကမ်းပြီး
ငါ့အလွမ်းတွေထဲ ကျူးကျော်လာလိုက်တာ
ရင်ခွင်တစ်စုံမှာလည်း မှောင်မိုက်လို့ ...။
1
0
309
Depends on
အခ်စ္က
ေခ်ာကလက္လို
ရာခိုင္ႏႈန္းေပၚမူတည္ၿပီး အရသာကြာတယ္။
ဝိုင္တစ္လံုးလို
သက္တမ္းေပၚမူတည္ၿပီး တန္ဖိုးခ်င္းကြာတယ္။
ေရခဲလို
အပူခ်ိန္ေပၚမူတည္ၿပီး ေအးခဲမႈကြာတယ္။
■■■
အချစ်က
ချောကလက်လို
ရာခိုင်နှုန်းပေါ်မူတည်ပြီး အရသာကွာတယ်။
ဝိုင်တစ်လုံးလို
သက်တမ်းပေါ်မူတည်ပြီး တန်ဖိုးချင်းကွာတယ်။
ရေခဲလို
အပူချိန်ပေါ်မူတည်ပြီး အေးခဲမှုကွာတယ်။
2
0
353