Вірші
Untitled
ကျွန်တော် နေကြည့်ဖူးတယ်
ကျွန်တော်ဆိုတဲ့လူကို
မလိုအပ်တဲ့ သူတွေကြားမှာ
ကျွန်တော့်ကိုလိုအပ်နေတဲ့သူတွေကို
စွန့်ပစ်ပြီးတော့ပေါ့.....
သိတယ်မလား
လူဆိုတာမျိုးက
ရတာမလို လိုတာမရတတ်တဲ့အကျင့်တွေနဲ့လေ
တချိန် ကျွန်တော်သဘောပေါက်မိတဲ့အခါ
အနည်းဆုံးတော့ ကျွန်တော့်အနားမှာ
စိတ်ရင်းအမှန်နဲ့သူတွေကတော့
ကျန်ရှိနေပေးအုန်းမှာပေါ့
အဲ့ဒီအခါကျရင်
ကျွန်တော်လည်း သူတို့အပေါ်
အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ချင်တယ်
4
0
723
Close friends
Never show them your Dark side. Even your close friends who you thought bestfriends once.
They can't handle with it. They will definitely run away from you.
2
0
1318
Depression
ဒီအချိန်မှာ ဘာများလုပ်လို့ရနိုင်မှာလဲ
တယောက်ယောက်ကိုများ
ရင်ဖွင့်တာလား
မှားတဲ့သူကို လိုက်ရှာပြီး
အပြစ်ဆိုတာမျိုးလား
မဟူတ်သေးဘူး
နောက်ဆုံးမှာ လက်ညိုးဝိုင်းထိုးခံရမဲ့သူက
ကိုယ်ကိုယ်တိုင်ပဲ ဖြစ်နေလိမ့်မယ်
အားကြီးသူက အနိုင်ရစမြဲပဲလေ
မင်းလုပ်နိုင်တာက
ချောင်တချောင်မှာ တိတ်တိတ်လေး
ထိုင်နေလိုက်ပြီးတော့
မင်း ငိုကြွေးချင်လာတဲ့အခါ
ငိုချလိုက်ဖို့ပဲ
2
0
625
Default
ကိုယ့်ကိုပဲ
ကြည့်နေတဲ့သူတွေအတွက်
ကိုယ့်ကိုပဲ
လိုအပ်တဲ့သူတွေအတွက်
အသက်ရှင်ပေးတော့မယ်
ဂရုစိုက်ပေးလိုက်တော့မယ်လို့
ဆုံးဖြတ်လိုက်တဲ့နေ့ကစပြီး
ကိုယ့်မှာ
ဘယ်သူမှမရှိတော့တာပဲ
1
0
551
အတ္တ
လူတစ်ယောက်ကို
ငါမှငါ ဖြစ်ရမယ် ဆိုပြီး
အတင်းချုပ်နှောင်ပစ်တာမျိုးက
မကောင်းတဲ့လုပ်ရက်ဆိုတာ
လူတိုင်းသိသလို
ငါလည်းပဲ သိတယ်
ဒါပေမဲ့ သူ့ကို
ငါမှငါ ဆိုတာမျိုး
ဖြစ်စေချင်နေသေးတုန်းပဲ
တွေးကြည့်
ငါကအရမ်း အတ္တဆန်လွန်းနေတယ်မလား
1
0
483
လေပြေ
လေပြေက ကျွန်တော့်ရှေ့ကနေ
ဖြတ်သန်းတိုက်ခတ်နေတယ်။
သစ်ရွက်ကလေးတွေ
လှုပ်ရှားနေတာကို ကျွန်တော်မြင်ပေမဲ့
လေပြေရဲ့ အေးချမ်းမှုက
ကျွန်တော့်ကို ထိတွေ့ခြင်းမရှိ။
သူ့ရဲ့ ထိတွေ့မှုကို ဒီနေရာမှာပဲ
ရပ်စောင့်ရင်း မေးခွန်းထုတ်တယ်။
"ကျွန်တော့်ကိုများ သူချန်ထားခဲ့တာလား။"
သိချင်စိတ်ကြောင့် ခြေတစ်လှမ်းတိုးမိတော့
ရုတ်တရက်ပဲ သူ့ရဲ့ အထိအတွေ့ကို
ခံစားလိုက်တယ်။
ဒါဆို ကျွန်တော်က သူ့ရဲ့ထိတွေ့မှုကိုခံစားရဖို့
ကျွန်တော်ကိုယ်တိုင်လည်း
တစ်လှမ်းတိုးဖို့ လိုနေတာပဲဆိုတာကို
သိလိုက်ရတယ်။
အာ......ချစ်မေတ္တာဆိုတာလည်း
ဒီလိုပဲကိုး.....
0
0
580
Blank
လူတွေက သူတို့နဲ့ နီးစပ်တဲ့အရာတွေကို
တန်ဖိုးရှိတယ် အဖိုးတန်တယ်လို့မထင်ကြပါဘူး
အဝေးက အရာတွေကို မျှော်ကြည့်ရင်း
အဲ့ဒီ သေချာမမြင်နိုင်တဲ့အရာတွေကိုပဲ
အရမ်းကို အဖိုးတန်တယ်လို့ ထင်မှတ်နေကြတယ်။
1
0
665
တန်ဖိုး
တန်ဖိုးဆိုတဲ့စကားက
တန်ဖိုးထားတတ်တဲ့နဲ့
တန်ဖိုးရှိအောင် နေတတ်တဲ့သူရယ်အတွက်ပဲ
ထိုက်တန်တာ
3
0
611
