Prologue
Intro
Intro
Unicode

မွေးခန်းအပြင်ဘက်မှာထိုင်စောင့်ရင်း လော်ကျစ်ဟွမ် စိတ်တိုနေမိသည်။ ဒီကလေးကို သူမလိုချင်...  အတန်တန်တားထားသည့်ကြားက ရအောင် ကိုယ်ဝန်ဆောင်သော မိန်းမကိုလဲ တစ်ခုခု လုပ်ပစ်ချင်နေသည်။

မိန်းမကို အားပေးရန် မွေးခန်းထဲ လိုက်ဝင်ခဲ့လို့ရသည်ဟု ဆရာဝန်တွေက ပြောတုန်းက သူငြင်းပစ်လိုက်သည်။ အားပေးရမယ်... ဟက်... ဘာအတွက်လဲ?

သူမလိုချင်ပဲ ရအောင်မွေးထုတ်သည့် ကလေးတစ်ယောက်ထွက်လာဖို့လား? သူ့ဘာသာသူ ရအောင်ညှစ်လေ...သူလိုချင်လို့ သူမွေးတာပဲဟာ...

ကျစ်...

တွေးမိလေလေ ဒေါသထွက်လေလေပဲ 

ခုတော့ ကိုယ့် သွေးသားဆိုသည့် ခေါင်းစဉ်အောက်ကနေ သားဖြစ်မလား... သမီးဖြစ်မလားမသိသည့် ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ပေးရတော့မည်။

တကယ့်ကိုပဲ စိတ်ပျက်ဖို့ကောင်းလွန်းတယ်

~~~~~~~Hunted~~~~~~~

29.9.2020


Zawgyi




ကျစ်...




~~~~~~~Hunted~~~~~~~

29.9.2020
© JingYu Yang,
книга «Hunted».
Коментарі