PART-1 ( UNICODE )
ညသခင်လမင်း၏တာဝန်ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်ကြောင့် မနက်ခင်းအရှင်နေမင်းသခင်သည် လောကဓာတ်တခွင်ကို အလင်းဓာတ် ဆောင်ကြဉ်းပေးရန်ဖို့ရာ အနောက်တောင်မှ ထွက်ပေါ်လာပါပြီ။ ညဘက်၌ အစာရှာထွက်တတ်ပါသည့် ရွှေဇီးကွက်တို့အဖို့ အိပ်ရာဝင်ရန်အချိန်ရောက်လာသကဲ့သို့ မနက်ခင်းတွင်ဝမ်းစာရှာမည့်ကျေးငှက်များမှာလည်း မိမိတို့ အသိုက်အမြုံအားစွန့်ခွာကာ ကောင်းကင်ထက် ပျံဝဲနေရင်း ဘဘာဝ၏သာယာနာပျော်ဖွယ်တေးသွားကိုသီကြွေးနေ၏။
မြို့ပြရန်ကုန်ဖြစ်ပါသည်ကြောင့်သယ်ယူပို့ဆောင်ရေးယာဉ် အချို့တို့၏မောင်းနှင်သံသည်လည်း တေးသီသံနှင့်ယှက်၍ ထွက်ပေါ်လျက်ရှိနေပါသည်။သာယာဖွယ်ကောင်းပါလေစွ။
ထိုကဲ့သို့သောမနက်ခင်းအခြေအနေများတွင် အဓိကပါဝင်သူ အိမ်ရှင်မတို့ကိုလည်းမေ့ထား၍မရပြန်ချေ။အခြားသူများသာ နေလုံးကြီးတောက်လာချိန်တိုင်အိပ်နိုင်ကောင်းအိပ်လိမ့်မည်။ သို့သော် ထိုအထဲတွင်အိမ်ရှင်မဆိုသူတို့ကတော့မပါဝင်ခဲ့ပေ။လင်းကြက်တွန်သံကြားရတည်းကအိပ်ရာမှထ၍မီးဖိုချောင်၌ တကုပ်ကုပ်ဖြင့်အလုပ်ရှုပ်နေတတ်ကြသူများသည်သူတို့သာ။
ထို့အတူ မိခင်တစ်ယောက်သည်လည်း သူ၏ကလေးငယ်ကို အိပ်ရာမှနှိုးရန်ပြင်ဆင်ရပါသည်လေ။ချော့၁ခါ၊ ကြိမ်း၁လှည့် အမျိုးစုံကြိုးခုန်လျက်ပေါ့။
"သား...သားရေ။ အခုထိမထသေးဘူးလား။ ထတော့လေ"
အခန်းတံခါးကိုတဒေါက်ဒေါက်ခေါက်၍ အိပ်ရာမှနှိုးနေသော မိခင်တစ်ဦး။ သူမခေါ်နေသည်မှာ အချိန်မည်မျှကြာနေပြီကို မှတ်တောင်မမှတ်မိတော့။ ယခုဆိုလျှင် သူမ လာနှိုးသည်မှာ သုံးခေါက်မြောက်ရှိပြီထင်ပါ၏။
"သား...ထတော့လို့ မာမီပြောနေတယ်လေ"
"ဟုတ် သားထပါတော့မယ် မာမီ"
ကလေးတို့၏ထုံးစံအတိုင်းချော့၍မရလျှင်ကြိမ်းရတော့မည်။ထို့ကြောင့်တံခါးကို အားဖြင့်ခပ်ပြင်းပြင်းတချက်ထုလိုက်ရင်း အသံမာမာ ဟောက်လိုက်တော့ တစ်ဖက်မှ စကားပြန်လာသူ သားတော်မောင်လေး...အသံကမူအိပ်ချင်မူးတူးဖြစ်နေပါ၏။
"ထမယ်ဆိုပြီးပြန်အိပ်မနေနဲ့ဦး။ မာမီမနက်စာပြင်ထားတယ်။
ကျောင်းမသွားခင်စားဖြစ်အောင်ကိုစားသွားရမယ် ကြားလား"
"ဟုတ်ကဲ့ပါ မာမီရယ်"
ဒီသားနှင့် ဒီအမေနေလာသည်မှာ ဘယ်နှနှစ်ရှိပါပြီမို့လို့ မိမိက သားဖြစ်သူအကြောင်းမသိရမည်နည်း။ သေချာပါသည်လေ။ သူမအားထပါတော့မည်ဟုပြောပြီး ထပ်မံ အိပ်ဦးမည်မလား။ထိုကဲ့သို့အအိပ်မက်လွန်းသည်ကြောင့် မနက်စာမစားရဘဲနှင့် ကျောင်းသွားရပေါင်းလည်းများခဲ့ပြီ။ ထို့ကြောင့်ယနေ့တော့ မည်သည့်နည်းမျိုးနှင့်ဖြစ်ဖြစ်သားတော်မောင်၏ပါးစပ်ထဲသို့ အစာရောက်သွားရန်လိုပါသည်။ ဤအတွက်သားဖြစ်သူအား နှိုးပြီးပြီးချင်း ထမင်းစားပွဲ၌သာ သူမကင်းစောင့်နေလိုက်၏။
Tick Tock....Tick Tockဖြင့် စက္ကန့်လက်တံတို့က အပတ်ရေပေါင်းများစွာလည်ပတ်သွားပြီးသည့်နောက်တွင်မှ သူမရှေ့မှောက် ရောက်လာသော သားတော်မောင်။
"ကဲ ကိုယ်တော်ချောရေ ၊ ပြင်ဆင်လို့ပြီးပြီလား"
"ပြီးပါပြီမာမီရဲ့"
"ပြီးပြီဆိုရင် မနက်စာလာစား...လာ"
"သား စားဖို့အချိန်မရှိတော့ဘူး မာမီ။ဖယ်ရီလာတော့မှာ"
သူမကမနက်စာလာစားခိုင်းသည်ကို အကြောင်းအမျိုးမျိုး ပြနေသောသူ။ မျက်မှန်ဝိုင်းလေးအား ကမန်းကတမ်းဖြင့် ကောက်တပ်ရင်း လက်တစ်ဖက်မှလည်း နာရီပတ်နေ၏။ အနက်ရောင်ကျောပိုးအိတ်အားပခုံးတစ်ဖက်၌လွယ်လျက် အင်္ကျီကော်လံအောက်မှမှနက်ခ်တိုင်ကိုပုံသွင်းနေသူသည်
အမှန်တကယ်ကိုအလျင်လိုနေပါဟန် ဗရုတ်ကျနေလျက်။
"အချိန်ရှိအောင်မှ မလုပ်တာ။ တစ်နေ့တစ်နေ့ အိပ်ရာကနေ အတင်းကိုနှိုးနေရတယ်။ စောစောစီးစီးထတာမှ မဟုတ်ဘဲ"
တကယ်ပါ။ မွေးတည်းက ရုပ်ခံလေးရှိ၍သာတော်သေး၏။ မဟုတ်လျှင်တော့မလွယ်။ အိပ်ချိန်သာပိုအိပ်ရမည်ဆိုပါက ညအိပ်ဝတ်စုံနှင့်တောင် ကျောင်းထသွားနိုင်သည့်လူမျိုးက
သူမသားတော်မောင်။ တက္ကသိုလ်ကျောင်းသားဟူ၍လည်း
ပြင်ပြင်ဆင်ဆင်မရှိဘဲ ဖြစ်သလိုသာနေတတ်စားတတ်၏။
"မာမီကလည်း...သား ညက စာလုပ်တာများသွားလို့ပါ"
"စာလုပ်နေတာလား၊ ဂိမ်းနှိပ်နေတာလား။ သားကို မာမီက မွေးထားတာပါကွာ။ကိုယ့်သားအကြောင်းမသိဘဲနေမလား"
"မာမီကလည်း..."
အမေဖြစ်သူ၏ခန့်မှန်းချက်က မှန်သွားသည်ထင်ပါရဲ့။ ပြန်လည်ချေပချက်မဆိုနိုင်တော့ဘဲ ခေါင်လေးကုတ်၊ ပါးစပ်လေးဖြဲလျက်သာ ပြုံးပြနေတော့၏။
"မာမီကလည်းမနေနဲ့။ လာမနက်စာလာစား။ နည်းနည်းလေး ဖြစ်ဖြစ်တော့ စားသွားရမယ်။ဒီတိုင်းသာဆို အစာအိမ်ရောဂါ ရလိမ့်မယ်။ ပြောနေကြာပါတယ်။ လာစား..."
"မာမီတို့ကတော့ စံပဲဗျာ"
မိခင်ဖြစ်သူကဖြစ်ချင်သည်ကိုမရရအောင်တောင်းဆိုတတ်သူ ဖြစ်သည်ကြောင့် သူ ဆက်ငြင်းမနေတော့ဘဲ မေမေ့အလိုကျ စားပွဲဝိုင်းတွင်ဝင်ထိုင်လိုက်ပါသည်။ ထိုစဉ်တွင် ဖုန်းမှန်ထက် လင်းလက်လာမှုနှင့်အတူ ၀င်လာခဲ့သော ဖုန်းကောလ်တစ်ခု။
"ဟယ်လို...အာ ဟုတ်ကဲ့။ ကျွန်တော်အခု လာပါပြီ။ ခနလေးပါနော်"
တကယ်တော့ ထိုဖုန်းကောလ်သည်Ferry Incharge ဆက်လာခြင်းပဲ။ သူ ယနေ့ နောက်ကျနေသည်ကြောင့်လေ။
"မာမီရေ ကျောင်းကားက ရောက်နေပြီတဲ့။ သား သွားပြီ"
စိတ်ဆိုးလည်းဆိုးပါစေတော့။ ယနေ့လည်း သူ မနက်စာ မမီတော့ပြန်ပါ။ သွားခါနီးတွင်အမေဖြစ်သူ၏ပါးလေးအား အလျင်အမြန်ငုံ့နမ်းသွားပြီး ခြောက်လွှာမြောက် အထပ်မှ ဟိုးအောက်ဆုံးထိရောက်အောင် ခြေလှမ်းကျယ်ကြီးအား လှေကားနှစ်ထစ်လျှင် တစ်လှမ်းနှုန်းဖြင့်ပြေးဆင်းသွား၏။
အောက်ရောက်တော့ဖယ်ရီကအဆင်သင့်စောင့်နေလျက်။ ထို့ကြောင့် အမြန်လေးပြေးတက်လိုက်ပြီး ချောင်ကျသော နေရာတွင်ရွေးထိုင်လိုက်သည်။ ထို့နောက် နားကြပ်တပ်၍ သီချင်းနားထောင်ရန် ပြင်ဆင်လိုက်ပြီး မနက်ခင်းတုန်းက မ၀သေးသည့်အိပ်ရေးအား ကျောင်းကားထက်၌ ပြန်လည် ဆက်လိုက်ရင်း မိမိ၏ ကျောင်းတော်ကြီးဆီသို့...။
တစ်နာရီကျော်နီးပါးမောင်းနှင်ပြီးသွားသည့်နောက်တွင်တော့ ဖယ်ရီသည် ကျောင်းဂိတ်တံခါးကိုဖြတ်သန်းပြီး အတွင်းထဲရှိ စာသင်ကျောင်းတော်ကြီးသို့ ၀င်ရောက်လာပါပြီ။ထိုအခါကျမှ သီချင်းတအးအေးနှင့်အိပ်ပျော်နေသူကောင်လေးသည်လည်း နိုးထလာတော့သည်။ အတော်လေး အိပ်လိုက်ရမည်ထင်၏။
ထို့နောက်ကားပေါ်မှဆင်းကာ မျက်မှန်လေးအားသုတ်၍ စာသင်ခန်းထံလျှောက်လာရင်း တစ်ခုခုကိုသတိရမိသည် ထင်ပါရဲ့။ ဖုန်းမျက်နှာပြင်အား ကပျာကယာ ပွတ်ဆွဲကာ ကြည့်လိုက်လေ၏။ သူကြည့်သည်ကအခြားတော့မဟုတ်။ အတန်းအချိန်စာရင်းများပင်။ ဗုဒ္ဓေါ။ ပထမဆုံးအချိန်ကား သူမကြိုက်ဆုံးသော လက်ချာအချိန်ဖြစ်နေသည်ပဲ။အင်း။ ဒါဖြင့်ရင်အတန်းလစ်ရတော့မည်ပေါ့။မနက်စာမ၀င်သေး၍ ဟာနေသောဝမ်းဗိုက်ကို ဖြည့်တင်းရန် သူရွေးချယ်မည်က KFCကြက်ကြော်။ ထို့ကြောင့်နောက်ကြောင်းပြန်လှည့်၍ ကြက်ကြော်ရရှိနိုင်မည့် Aeron Orangeလေးထံသို့။
.
.
.
ယနေ့ကျမှကြက်ကြော်ကပို၍စားနေကောင်းနေပါသယောင်။ အကြောင်းကDiscountချသည့်အချိန်နှင့်လာတိုးသဖြင့်။ သူငယ်ချင်းများ မပါသည့်နေ့ ဖြစ်သည့်အပြင် အပိုတစ်တုံးပါ ရလိုက်သည်ကြောင့်တကယ်ရှယ်ပါ။ ထို့ကြောင့် တနင့်တပိုး စားမိပါသည်။ ဤ့အပြင် အခြားဆိုင်၌ ဘာဘယ်တီးလေးပါ ၀င်သောက်လိုက်သေး၏။ အစားအသောက်သည် လူတို့နှင့် အတည့်ဆုံးမဟုတ်ပါလား။ စားသောက်ပြီးနောက်တွင်တော့ ကုန်တိုက်အတွင်း၌ Window Shopping လုပ်ရင်း မျက်စိအစာကျွေးပြန်သည်။ ဤလိုနှင့်အရာရာသာယာနေစဉ် ထဖောက်လာသည်က သူ၏၀မ်းဗိုက်။ စားစဉ်ကစားထားပြီး ယခုကျမှဗိုက်ထဲမှဆန္ဒပြလာပါပြီလေ။ ထို့ကြောင့်Martရှိ အမျိုးသားသုံးသန့်စင်ခန်းထံ အပြေးဝင်သွားလိုက်တော့...
ခွပ်...
ကံဆိုးသည်ဟုပဲပြောရမလား။ ရန်ပွဲတစ်ခုနှင့် ပက်ပင်းကြီး တိုးသည့်အဖြစ်။ ကောင်လေးနှစ်ယောက်ရန်ဖြစ်နေခြင်းပဲ။ ဤသို့ဆိုက မသိချင်ဟန်ပြု၍ သူထွက်သွားသင့်သည်လား။
အို။မဖြစ်နိုင်ပါ။ သေချာပေါက် သူဝင်ရပါမည်လေ။
"ဟေ့...ဘာဖြစ်နေကြတာလဲ။ မင်းတို့တွေ ရပ်လိုက်တော့"
လျစ်လျူရှုမထားခဲ့နိုင်သည်ကြောင့် ရပ်တန့်ဖို့ရာ ပြောတော့ သူပြောသည်ကို ကြားပုံတောင်မပေါ်သော နှစ်ယောက်သည် ကြွေသားကြမ်းခင်းထက် လူးလိမ့်ကာ ထိုးကြိတ်နေကြစဲ။
"တော်လိုက်တော့လို့ ပြောနေတယ်လေကွာ။ မင်းတို့တွေ မရပ်သေးဘူးဆိုရင် ငါ လုံခြုံရေးကို လှမ်းခေါ်ရလိမ့်မယ်"
"တောက်စ် မင်းနဲ့ဘာဆိုင်လို့လဲ။ ၀င်မရှုပ်စမ်းပါနဲ့"
လုံခြုံရေးခေါ်လိုက်မည်ဆိုကာမှ တုံ့ပြန်စကားဆိုလာသူ။ ဤသည်တောင်မှ တုံပြန်မှုကောင်းတော့ မဟုတ်ခဲ့ပါချေ။
"ငါနဲ့တော့မဆိုင်ပေမယ့် မင်းတို့က ကျောင်းယူနီဖောင်းနဲ့ ပြင်ပမှာရန်ဖြစ်နေတာလေ။ အဲဒီအတွက် ငါ့မှာ မင်းတို့ကို တားဖို့တာဝန်ရှိတယ်ကွ။ အကယ်၍ တစ်ခုခုသာဖြစ်ခဲ့ရင်
ဒီကျောင်းကကျောင်းသားတွေက ကျောင်းစာသင်ချိန်တွင်း အပြင်ရောက်ပြီးရန်ဖြစ်နေကြပါတယ်ဆိုပြီးပြောကြမှာပေါ့။ အဲဒီအခါကျရင် ငါတို့ကျောင်း ဂုဏ်သိက္ခာကို ထိခိုက်မယ်။
ပြီးတော့ မင်းတို့ကိုယ်တိုင်လည်း ပြဿနာဖြစ်ရလိမ့်မယ်"
ဟုတ်ပါသည်။ ဤသည်ကြောင့် သူထွက်မသွားနိုင်ခဲ့ခြင်းပါ။
မိမိကျောင်းက ကလေးများ ဖြစ်နေခဲ့သည်လေ။ ထို့ကြောင့် တာဝန်မဲ့စွာထွက်သွား၍မရ။ ကျောင်းတော်ကြီး၏အရိပ်တွင် ခိုလှုံနေကြသော မိမိတို့အားလုံးသည် သွေးမတော်စပ်သော အရင်းနှီးဆုံးသူစိမ်းများ၊သို့မဟုတ်၊ မိသားစုဖြစ်ခြင်းကြောင့်။
"ဂရုမစိုက်ဘူး။ လောလောဆယ် ဒီကောင့်ကို အသေသတ်ချင်နေတာပဲသိတယ်။ ရှင်းလား"
သူ၏ဖြောင်းဖြမှုအား ပြန်ဖြေလာသူ ကောင်လေးသည် အရိုင်းဆန်နေ၏။ မည်ကဲ့သို့သော စိတ်ရိုင်းများကြောင့် မိသားစုအချင်းချင်းသတ်ဖြတ်လိုနေပါသနည်း။ ယခုလို ကျောင်းပြင်ပနေရာ၌လေ။ အခြားသူများနှင့်ငြိခဲ့တောင် မိမိဘက်ကကာကွယ်ပေးရမည်ကိုလေ။
ထိုစဉ် သူတို့နှစ်ယောက်၏အငြင်းပွားမှုကိုအခွင့်ကောင်းယူ၍ သန့်စင်ခန်းထဲမှပြေးထွက်သွားသူ အသံတိတ်ဇာတ်ကောင်။
"မင်း ဘယ်ကိုပြေးတာလဲ"
"ထားလိုက်ပါကွာ။ ရန်မဖြစ်ပါနဲ့တော့"
ထိုကောင်လေးပြေးထွက်သွားသည်ကို မကျေနပ်နိုင်ဘဲ အနောက်မှလိုက်ပါမည်ပြုနေသော ဒေါသအိုးလေးအား မိမိကသာ ထိန်းထားလိုက်ရသည်။ မဟုတ်လျှင် ရန်ပွဲက ဆက်ရှည်ဦးမည်ကိုး။
"ဘာလဲ၊ မင်းကဘာလဲ။ ဘာမို့လို့ ငါ့ကိစ္စထဲကို မဆိုင်ဘဲနဲ့လာပြီးဝင်ရှုပ်ရတာလဲ"
အဲ။ တစ်ဖက်ကိုမကျေနပ်သည့်မြားဦးက ယခုကျကာမှ သူ့ဘက်သို့လှည့်လာတော့၏။ ဖြောင့်ချက်ကောင်းတော့ ရှာမှဖြစ်တော့မည်ထင်သည်။
"ငါက ကျောင်းသားအချင်းချင်း မဖြစ်သင့်တာမဖြစ်အောင်.."
တကယ်ကို မိမိက ကောင်းသော ရည်ရွယ်ချက်မျိုးနှင့်ပါ။ ဤသည်ကို စကားပင် ဆုံးအောင်ပြောခွင့်မပေးဘဲ မိမိ၏ နက်ခ်တိုင်ကြိုးကို အားဖြင့် ဆောင့်ဆွဲလိုက်သည်ကြောင့်
လူကသူ့ဘက်သို့ပါသွားတော့၏။ အလို ထိုကောင်လေးက ကျောင်းသားလား။ လူမိုက်လား မိမိတကယ်မသဲကွဲတော့။
"ဒီတစ်ခါတော့ ရှိပါစေတော့။ နောက်တစ်ခါ ငါ့ကိစ္စတွေကို လာရှုပ်ရင် မင်းလည်း သူ့လိုပဲခံရလိမ့်မယ်။ ရှင်းတယ်နော်"
ရှင်းလား...ရှင်းသည်၊ မရှင်းသည်ကိုတော့ သူ မသိပါ။ လောလောဆယ်တော့ လက်ရဲဇက်ရဲဒေါသအိုးလေးကို ကြောက်မိသည်မို့ ခေါင်းသာ ညိတ်လိုက်တော့သည်။
"အူကြောင်ကြောင်နဲ့ မုန်းစရာကောင်းလိုက်တာ"
"ဘာပြောတယ်၊ မုန်းစရာကောင်းတယ် ဟုတ်လား"
ထိုစဉ် သန့်စင်ခန်းထဲမှထွက်ရန်ပြင်နေသောဒေါသအိုးလေး နှုတ်မှထွက်လာသော ရေရွတ်သံအား သူကြားဖြစ်အောင်ကို ကြားလိုက်ပါသည်။ မုန်းစရာကောင်းသည်တဲ့။ သူ့ ဘ၀တွင် ပထမဆုံးအကြိမ်ကြားဖူးခြင်းရယ်ပါ။ ထို့ကြောင့် သေချာရန် နောက်တစ်ကြိမ် ထပ်မေးကြည့်လိုက်တော့...
"ဟုတ်တယ်။ မုန်းစရာကောင်းတယ်။ ဘယ်ဘ၀ရေစက်လဲ မသိဘူး။ မင်းကိုမြင်လိုက်တာနဲ့ပဲ မုန်းစရာကောင်းတယ်လို့ စိတ်ထဲမှာထင်နေမိတာလေ"
...နားကြားလွဲခြင်းဟု မထင်မှတ်စေရအောင် တိကျသည့် အဖြေအားပေးလျက်ထွက်သွားသောသူ။ ရှိစေတော့လေ။
လောလောဆယ်တော့ မိမိ၏ လာရင်းကိစ္စကို ဖြေရှင်းရန် အနီးဆုံးအခန်းတွင်းသို့သာ ၀င်သွားလိုက်ပါတော့သည်။
ကိစ္စအားလုံးဖြေရှင်းပြီးသွားသည့်နောက်တော့ ကျောင်းသို့
ပြန်ရန် အနီးဆုံးဘတ်စ်ကားဂိတ်ထံလျှောက်သွားလိုက်၏။ ဆန်းကြယ်သည်ပဲ ပြောရမလား။ ထိုကားဂိတ်၌ ဒေါသအိုး ရှိနေသည်ပဲ။ ခြေထောက်နှစ်ချောင်းချိတ်လျက် ထိုင်နေ၍ အိတ်ထဲမှတစ်စုံတစ်ခုကိုနှိုက်နေသူ။ မျက်မှောင်ကျုံ့လျက် ရှာဖွေပြီးသည့်အဆုံး သူ့ လက်ထဲပါလာသည်က မီးခြစ်နှင့်
ဆေးလိပ်တစ်လိပ်။ ဤသို့ဆိုပါက သူဆေးလိပ်သောက်ဖို့ ကြံရွယ်နေခြင်းလား။
"မင်းဆေးလိပ်သောက်မလို့လား။ ကျောင်းဝတ်စုံကြီးဝတ်ပြီး အခုလိုနေရာမှာ ထိုင်မသောက်သင့်ဘူးထင်တယ်နော်"
တားရပါမည်။ တားရန်မိမိတွင်တာဝန်ရှိပါသည်။ သူ၏ ယခုလို ပုံစံသည် မိမိတို့ကျောင်းတော်၏ပုံရိပ်ကိုထိခိုက်စေသည်လေ။
"မင်း ကြားရဲ့လား"
ကြားပါလိမ့်မည်။ ယခုက မကြားချင်ယောင်ဆောင်နေခြင်း။
သို့သော် ရာသီဥတုအခြေအနေကကောင်းသွားခဲ့သည်ဟန်။
ထိုအချိန် အချိန်ကိုက်ရောက်လာသော ဘတ်စ်ကားကြောင့် ဒေါသအိုးက သူ၏ ဆေးလိပ်နှင့် မီးခြစ်ကို အိတ်ထဲထည့်၍ ကားပေါ်တက်သွားတော့သည်။မိမိသည်လည်း သူ့နောက်မှ လိုက်ပါလျက်ပေါ့။ သွားမည့်နေရာချင်းက တူနေသည်ကိုး။
ဤလိုနှင့် နှစ်ယောက်သားအတူ ရှေ့ဆင့်နောက်ဆင့်နေရာ၌
ထိုင်လိုက်ကြရင်းကားတစ်စီးတည်းအတူပါလာခဲ့တော့၏။
ညီညာဖြောင့်ဖြူးနေသောလမ်းမကျယ်ထက် လျင်မြန်စွာ မောင်းနှင်သွားသော ကားသည် နာရီဝက်ပင်မကြာလိုက်။
ကျောင်းသို့ပြန်ရောက်ခဲ့ပြီ။ အတွင်းထဲထိမရောက်သည်မို့ ဂိတ်အ၀င်မှစကာ လမ်းလျှောက်သွားရမည့်အခြေအနေ။ ဟိုဒေါသအိုးနှင့်အတူပေါ့။ ထို့နောက် နှစ်ဦးသားစလုံးမှာ
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ဟုရေးထားသည့်
အ၀င်ဝကိုဖြတ်သန်းရင်း လျှောက်လာခဲ့ကြပါသည်။
"ဟေ့..."
မိမိကလှမ်းခေါ်ပါသည်။ သို့သော် သူကမကြားဟန်ပြုပါ၏။ ရှပ်အင်္ကျီကို ဘောင်းဘီတွင်းသို့ထည့်မ၀တ်ထားသည့်အပြင် နက်ခ်တိုင်ကလည်း လျှောကျယိုရွဲနေလျက်။ ဆေးလိပ်အား လက်ညှိုးနှင့်လက်ခလယ်ကြား၌ညှပ်ထားကာ မျက်နှာထက် ရန်ဖြစ်ဒဏ်ရာတို့ရှိနေသူကို မိမိပြောလိုပါသည်။ ဤပုံစံသာ ဆရာမများတွေ့သွားခဲ့လျှင် သေချာပေါက် ပါချုပ် ရုံးခန်းသို့ ရောက်ရလိမ့်မည်ကိုပေါ့။ သို့သော် မိမိအပေါ် နည်းနည်းပင် အဖက်မလုပ်သည်မို့ တစ်ချက်စောင်းငဲ့ကြည့်ပြီး မိမိ၏လမ်း မိမိဆက်သွားရုံမှတပါး ရွေးချယ်စရာ မရှိတော့ပါ။ထို့ကြောင့် အတန်းတက်ရန်ပြင်ဆင်ရင်း...
.
.
.
အတန်းရှေ့သို့ရောက်ရောက်ချင်းတွေ့လိုက်ရသည်က မိမိ၏ အချစ်ရဆုံး ပြောမနာဆိုမနာသူငယ်ချင်းနှစ်ယောက်။ ဂျပုနှင့် လေပေါ။
"ဘယ်လိုလဲ။ အတန်းကောင်းကောင်းလစ်ခဲ့ရဲ့လား"
စာအုပ်များအား ကျောပိုးအိတ်အတွင်းသို့ ထိုးထည့်နေသော လေပေါကမေးလာခြင်းဖြစ်၏။ ရုပ်ရည်ချောမောသလောက် ဗရုတ်သုတ်ခကျလွန်းသူလည်းဖြစ်သည်ကြောင့် အမြဲတမ်း အရာရာနှင့်အကြောင်းကြောင်းပင်။ ယခုလည်း ဘယ်ကနေ ဘယ်လိုပြုတ်ကျကျမှန်းမသိသည့်စာအုပ်များကိုပြန်လည်၍ ကောက်ထည့်နေခြင်းသာ။
"မပြောချင်တော့ပါဘူးကွာ"
"မပြောချင်ရင်လည်း မပြောနဲ့တော့။ အခုအတန်းသွားတက်"
"မင်းတို့ကရော..."
"ငါတို့က မနက်ကတက်ပေးထားတယ်လေ။ အဲဒီတော့ နောက်တစ်ချိန်ကို မင်းတက်ပေးရမယ်"
အင်း။ ဤသည်မှာ တက္ကသိုလ်အထာများထဲမှတစ်ခု။ ကျောင်းသားအားလုံးပျက်လျှင် ဆရာမက ဆူဦးမည် မဟုတ်လား။ ထို့ကြောင့် မင်း အခုပျက်လျှင် နောက် အတန်းချိန်ကို တက်ရမည်။ အစားအနေဖြင့် ငါတို့က
လစ်မည်။ ထိုအရာကား မည်သူကမှ ချမှတ်ထားခြင်း
မဟုတ်ဘဲ မိမိတို့ကျောင်းသူကျောင်းသားအချင်းချင်း သဘောတူညီထားကြသည့်စည်းမျဉ်းတစ်ခုရယ်သာ။
"အေးပါကွာ။ ဒါဆို ငါအတန်းသွားတက်လိုက်ဦးမယ်"
"ငါတို့တွေ ကန်တင်းကထိုင်နေကျဆိုင်မှာပဲ စောင့်နေမယ်"
"အိုကေ၊ အိုကေ"
.
.
.
သင်သည့်ဆရာမက အတော်လေးဈာန်ဝင်နေသည်ထင်ရဲ့။အတန်းချိန်ပြီးသွားသည့်အချိန်က နေ့လည်စာ စားချိန်ကိုပင် စွန်းနေပြီမြို့ ကန်တင်းသို့ သုတ်ခြေတင်ပြေးရတော့သည်။
"နောက်ကျလှချည်လားကွ"
"အေးကွာ။ တီချယ် ဒါလေးပါအပြီးသင်သွားမယ်ဆိုပြီး လုပ်နေတာနဲ့ အချိန်ကကြာသွားတာ"
"တီချယ်တို့ကတော့ ထုံးစံအတိုင်းပဲပေါ့။ ဟား ဟား"
"ရယ်မနေပါနဲ့။ အဲဒါကြောင့် မင်းတို့လစ်ထွက်သွားကြတာ မဟုတ်လား။ မသိတာကျလို့"
လူကအမြန်လာရ၍မောနေရသည့်ကြားထဲ သူတို့တွေ၏ ရယ်သံက ပိုမိုကာအမောဆို့စေသည်။ ထို့ကြောင့်လည်း စားပွဲပေါ်တွင် အသင့်ရှိနေသော ရေခဲရေဗူးထဲမှရေအား တစ်ကြိုက်တည်းမော့ချလိုက်တော့၏။
"ကဲပါ ၊ မင်း အခုဘာစားမလဲ"
"အင်း...လက်ဖက်ထမင်း"
သူငယ်ချင်းလေပေါက စားလိုသည်ကို မေးလာသည်ကြောင့် အနည်းငယ်စဉ်းစားပြီး၍အဆုံးဖြေလိုက်သည်ကထိုအတိုင်း။
"လာပြန်ပြီ ဒီလက်ဖက်ထမင်း"
"ပြောမနေစမ်းပါနဲ့ကွာ။ ဒီကောင်က ဒါပဲလေ။ မှာပေးလိုက်"
သူငယ်ချင်းများပြောလျှင်လည်း ပြောချင်စရာပင်။ ကန်တင်း ရောက်လာတိုင်း သူစားသည်မှာ လက်ဖက်ထမင်းချည်းသာ။ ကြိုက်လွန်း၍လားဆိုတော့လည်းမဟုတ်ပြန်။ဒီအတိုင်းလေး ထိုလက်ဖက်ထမင်းကိုသာသူမှာစားဖြစ်သည်လေ။ထို့နောက် မှာပြီးမကြာခင်မှာပင် သူ၏အချစ်တော်လက်ဖက်ထမင်းလေး ရောက်လာသည်မို့ အချိန်ဆွဲမနေတော့ဘဲ အမြန်စားလိုက်၏။ဗိုက်ကလည်း အတော်လေးဆာနေပြီကိုး။
"မြန်မြန်စားကြစမ်းပါကွာ။ မင်းတို့နောက်မှရောက်လာတဲ့ ငါတောင်အကုန်စားလို့ပြီးပြီကို။ အစောကြီး ရောက်နေပြီး မှာစားထားကြတာမဟုတ်ဘူး"
အဲ။လေပေါနှင့်ဂျပုဆိုသူတို့နှင့် သူ မတည့်သည့်အချက်က ထိုဟာ။ အရာရာတွင် စားနောက်ကျ။သွားနောက်ကျလေ။အရာရာ၌နောက်ကျပါသော်လည်း သေရလျှင်တော့ သူတို့ အစောဆုံးသေနိုင်မည်ထင်ပါ၏။ယခုလည်း သူ့ထက်ဦးစွာ ထွက်သွားပြီး အစားအသောက်ပန်းကန်ကမူပုံမပျက်သေး။
"မင်းကိုစောင့်နေရင်း PUBGထိုင်ပစ်နေလို့ပါကွာ"
"အေးလေကွာ။ မင်းက ဘာတွေအလျင်လိုနေတာလဲ"
"ဒီနေ့ Tutorialဖြေရမှာလေ။ စောစောဝင်ရမှာပေါ့"
PUBGပစ်ရန်တော့သတိရပြီး Tutorial ဖြေရန်တော့ မေ့နေသည့်ပုံပါပင်။ ထို့ကြောင့် သူငယ်ချင်းနှစ်ယောက်ကို တွေ့ရာနှင့်သာ သူ ကောက်ထုလိုက်ချင်၏။ သို့သော်လည်း မလုပ်ရက်သည်ကြောင့် စိတ်မရှည်မှုတို့ကို ရေခဲရေဖြင့်သာ လျှောချလိုက်ပါတော့သည်။
"ဟိုက်ပါကောင်ဆိုတော့လည်း...ငါတို့ကတော့ စောစောဝင်လည်း ဖြေစရာစာဘာမှမရှိဘူးဟေ့"
"ဘယ်ရှိမလဲ။ စာမှမလုပ်တာကို။ ငါက လေသာလေတာ စာတော့ပုံမှန်လုပ်သေးတယ်သိလား"
"ငါတို့မှာ မင်းရှိနေတာပဲလေ သားကြီးရာ"
"အေးပါကွာ။ မင်းတို့ကိုစောင့်ရင်း ငါစာကြည့်လိုက်ဦးမယ်"
တကယ် ကျောင်းကိုအပျော်တမ်းလာနေသည့်သူတွေရယ်ပါ။ စာလည်းသေချာမလုပ်ဘဲ စာမေးပွဲနီးမှကပ်လုပ်ကြသည်ကိုး။ ထိုအခါမှ ဟိုဟာကို မိတ္တူဆွဲ၊ ဒီဟာကို ဓာတ်ပုံရိုက်လိုက်နှင့် အလုပ်တွေရှုပ်ကြဦးမည်။ အင်း။ သူငယ်ချင်းတွေအကြောင်း ဆက်မတွေးချင်တော့သည်မို့ ယနေ့ဖြေရမည့် Tutorial၌ ပါနိုင်ချေရှိသည်တို့ကို ရွေးကြည့်နေလိုက်တော့သည်။
"ဟေ့ကောင်တွေ ငါမေးစရာရှိလို့"
"Roll3ကြီးက Roll20အောက်က ငါတို့ကို ဘာတွေများ မေးမလို့လဲ။ ငါတော့ ဘာမှမသိဘူးနော်"
"ငါ့လည်းမမေးနဲ့။ ဘာမှမသိဘူး"
ထိုကောင်တွေကလည်းဇွတ်။ သံသရာအဆက်ဆက်က စာနှင့်ကမ္ဘာ့ရန်များ ဖြစ်ခဲ့ကြသည်ထင်ပါရဲ့။ မိမိဘက်က မေးမည့်အကြောင်းကို မသိသေးဘဲအတင်းငြင်းနေပါ၏။
"မဟုတ်ပါဘူးကွာ။ ငါမေးချင်တာက ဟိုဝိုင်းမှာထိုင်နေတဲ့ တစ်ယောက်အကြောင်းပါ။ မင်းတို့သိလားလို့လေ"
တကယ်တော့ မိမိမေးလိုသည်က မိမိတို့နှင့် မလှမ်းမကမ်း ၀ိုင်းတွင်ထိုင်နေသည့်ကောင်လေးတစ်ယောက်အကြောင်း။ထိုကောင်လေးအား မျက်စပစ်ပြရင်း မေးကြည့်လိုက်တော့ လေပေါက သိနေသည့်ဟန်ပါပင်။ အစအဆုံးသေချာစွာကို ပြောပြလာပါတော့သည်။
"သြော် သူလား။ သူက ပထမနှစ်MEတက်နေတာလေ။ မင်းကကျောင်းသိပ်မလာလို့ သူ့ကို မသိတာဖြစ်လိမ့်မယ်။ MEရဲ့Princeပေါ့။ သူကဆိုးတော့ဆိုးတယ်ကွ။ လုံးဝ BadGuy Typeမျိုး။ ရည်းစားလည်း ထည်လဲတွဲပြီး ရန်လည်းခနခနဖြစ်တတ်တယ်တဲ့။ သူ့ကိုလာထိခဲ့ရင်ပေါ့။ ဒါနဲ့မင်းကဘာလို့ သူ့အကြောင်းကို သိချင်လာရတာလဲ"
"ပြောရရင်တော့ ငါဒီနေ့ Orangeသွားရင်းနဲ့ သူ့နဲ့ဆုံခဲ့လို့၊ ထားလိုက်ပါ။ ဘာမှအရေးတကြီး မဟုတ်ပါဘူးကွာ"
ဟုတ်ပါသည်။ သူ သိချင်နေပါသည့် ထိုကောင်လေးသည် မနက်ကတွေ့ခဲ့သည့်ဒေါသအိုးလေးဖြစ်နေခြင်း။ တကယ် ကြားရသည့် သတင်းတွေက မကောင်းပေပဲ။ တစ်ခုတော့ သူဝန်ခံပါသည်။ထိုဒေါသအိုးလေးသည်Princeဆိုသည့် ဂုဏ်ပုဒ်အတိုင်း အတော်လေးတော့ချောပါ၏။
"မင်းတို့စားပြီးပြီဆို အတန်းသွားတက်ရအောင်"
"အင်းပါ။ Tutoအတွက် အားကိုးမယ်နော် သားကြီး"
"မပြနိုင်ဘူးကွာ"
"စိတ်ဓာတ်ကွာ။ မင်းမပြလည်း ငါတို့ကတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ရအောင်လို့ကူးမှာပဲ။ ဟွန်း"
"လဒကောင်တွေ..."
ဤလိုနှင့် သူငယ်ချင်းသုံးယောက် Tutoဖြေရန်အခန်းထဲ အတူဝင်သွားကြလိုက်၏။ ကံဆိုးသည်ဟူ၍ပဲ ပြောရမလား မသိပါ။ယနေ့မှ လူများခွဲပစ်လိုက်သည်ကြောင့် မည်သူကမှ ပြသ၍ မရသကဲ့သို့ မည်သူကမှလည်းကူးယူမရ။ထို့အတွက် လေပေါနှင့်ဂျပုတို့ဒုက္ခလှလှတွေ့ရပြီလေ။ မဖြေနိုင်ကြသော သူငယ်ချင်းနှစ်ဦးက စောစီးစွာ ထွက်သွားသည်မို့ နောက်ဆုံး ကျန်ရစ်ခဲ့သူ မိမိ တစ်ယောက်တည်း။ အခန်းထဲမှထွက်သည့် အချိန်ကလည်း အတော်လေးပင် နောက်ကျနေပြီဖြစ်သည်မို့ Gameဆော့အားလူးဖုတ်ရန်ဖို့လေပေါတို့ကိုလည်းလိုက်၍ မရှာဖြစ်တော့။ သူတို့လဲ ပြန်သွားလောက်ပြီလေ။ ထို့ကြောင့် ကျောင်းရှေ့တွင် အသင့်ရပ်ထားသော Ferryထက်သို့သာ တက်လိုက်တော့၏။ ထိုအခါ...
အလို။ဘယ်လိုတောင်ကံကြမ္မာ၏ကျီစယ်မှုများပါလဲ။မိမိနှင့် ဒေါသအိုးသည် ဖယ်ရီတစ်စီးတည်း ဖြစ်နေခဲ့သည်တဲ့လား။ထို့ပြင် ဖယ်ရီတစ်စီးလုံးတွင်မှကျန်နေသည့်နေရာလွတ်ကား ဒေါသအိုးPrinceလေး၏ဘေးခုံသာ။ အင်း။ ယခုမှတော့ ထိုနေရာတွင်ဝင်ထိုင်ရုံမှတပါးမရှိတော့သည်မို့...
ဤသည်ကား တွေ့ဆုံမှုတစ်ခု၏အစဖြစ်နေခြင်းမျိုးလား။ ။
________IF...(To Be Continued)________
ပထမဆုံးOCလေးဖြစ်တာကြောင့် လိုအပ်တာတွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြပေးစေချင်ပါတယ်။ဒီတစ်ခါတော့ တကယ်ပဲအဆုံးထိရေးမှာပါ။ ဟုတ်ကဲ့။အဆုံးထိဖတ်ပေးကြတဲ့သူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျ။
(ကျောင်းသားတွေကအပြင်မှာရန်မဖြစ်တတ်ပါဘူးနော်။ဒီတိုင်းJust Fictionလို့ပဲသဘောထားပေးကြပါဗျ။)
By W
(19/10/2020)

Коментарі