Part_1
Part_1
Part_1
      အနောက်တိုင်းဝတ်စုံကို သေသပ်စွာဝတ်ဆင်ထားသောလူတစ်ယောက် ၊ သူ့ရှေ့ကကောင်လေးအားကြည့်နေမိသည်။ ရှေ့ကကောင်လေးကတော့ ခေါင်းငုံကာကြောက်ရွံနေသောပုံစံဖြစ်နေသည်။
"မင်းကိုဘာပြောထားလဲ "
ချိုသာပြီးကြည်လင်တဲ့အသံဟာထိုလူရဲ့နှုတ်မှထွက်လာသည်။ ဖြူဖွေးသောအသားအရေ ကြည်လင်တောက်ပနေသောမျက်လုံးလေး၊ စကားပြောလိုက်တိုင်းပေါ်လာသော အစွယ်
"ငါမေးတာဖြေလေ အာဏာ"
သူမေးတော့ တုန်တတ်သွားသည့် ကိုယ်ဟာကြောက်ရွံမှုကြောင့်ဆိုတာ အသေအချာ။
"ကျစ်!"
ထိုသူက ရှေ့နားကိုတိုးသွားတော့ အနည်းငယ်နောက်ဆုတ်သွားသည့်ကိုယ်လေး။
"မင်းယောကျာ်းမဟုတ်ဘူးလား၊ မင်းမှာသတ္တိမရှိဘူးလား ဟမ်!
"ကျွန် ကျွန်တော်ရန်မဖြစ်ချင်လို့ပါ ကိုကို"
အထစ်ထစ်အငေါ့ငေါ့ထွက်ပေါ်လာသောစကားတခွန်းဟာရှေ့ကအာဏာဟုသောကောင်လေးဆီက။
"မင်းကိုရန်ဖြစ်အောင်ပြောနေတာမဟုတ်ဘူးအာဏာ၊၊ သတ္တိရှိဖို့ပြောနေတာ"
"အဲ့တာဆို   ကျွန်တော်ကသူတို့ကိုဓားနဲ့ထိုးရမှာလား၊ အဲ့တာဆိုကိုကိုကျေနပ်မှာလား!"
သည်းမခံနိုင်၍ပြန်ပြောနေသည်ကောင်လေးဟာ ထိုသူ၏ရင်ထဲကမေတ္တာတွေကိုမမြင်။မျက်လုံးပြာပြာဘေးတွေဟာလည်းပုလဲလုံးလေးတွေဝေ့နေသည်။
"သတ္တိရှိတာနဲ့ မိုက်ရူးရဲဆန်တာနဲ့မတူဘူးအာဏာ"
ထိုစကားကြောင့် ခေါင်းငုံ့သွားသည့်ကောင်လေးဟာ မှားသွားပြီကိုသိသည့်နှယ်။
"မင်းကိုထက်မြတ်ပြီးထူချွန်တဲ့ယောကျာ်းတစ်ယောက်ဖြစ်စေချင်တာ၊၊ ငါမင်းကိုပြောနေတာတွေကမင်းအတွက်တွေပဲအာဏာ၊၊ "
ငြိမ်နေသောကိုယ်လုံးလေးဟာ အပြစ်သားတစ်ဦးလိုပင်။
"ငါမင်းကိုသင်ကြားပေးနေတာ အခုလိုသူများအနိုင်ကျင့်တာကိုခေါင်းငုံ့နေဖို့မဟုတ်ဘူးကွ၊ မင်းမှားလား ဟမ်! ဒီကိစ္စမှာမင်းမှားလား မင်းကိုယ်မင်းပြန်တွေးကြည့်စမ်း"
အော်လိုက်တော့ခေါင်းမော့လာပြီး မျက်ရည်တွေကျကာ
"မမှားပါဘူးကိုကို သူတို့ကအရင်လာရန်စတာပါ"
"အေး မင်းမမှားပဲနဲ့ငြိမ်ခံနေတာကမှားတာ၊ ယောကျာ်းပဲ ကိုယ့်ကိုလာထိရင်ပြန်လုပ်၊ လည်ပင်ပဲညှစ်ညှစ် လက်သီးနဲ့ပဲထိုးထိုး  ဖြစ်သမျှငါရှင်းမယ် "
ခေါင်းငုံ့နေသော ကောင်လေးအနားအားသူသွားပြီး
"အဲ့ဒီ့အထဲက အလကားနေပြဿနာရှာတာ၊ သူများကိုတမင်ဒုက္ခရောက်အောင်လုပ်တာတော့မပါဘူး အာဏာ။ ခေါင်းမော့"
သူစကားတခွန်းနဲ့ ချက်ချင်းခေါင်းမော့လိုက်သည့်ကောင်လေး ၊၊ သူပွယောင်းယောင်းဆံပင်လေးကိုဖွလိုက်ပြီး
"သတ္တိရှိပါညီလေး ၊ အရာရာကိုခေါင်းမော့နေစမ်းပါ၊၊ ဦးမှိုင်းအာဏာစက်နဲ့ ဦးခွန်းကြယ်စင်သားဖြစ်တဲ့ ကိုကိုတို့ကပျော့ညံ့စရာလား၊ Daddyတို့ကဘယ်လိုလူမျိုးတွေလဲသိတယ်မလား၊ ကိုကိုတို့မိသားစုထဲမှာပျော့ညံ့တဲ့သူတစ်ယောက်မှမရှိဘူးအာဏာ"
ကျဆင်းနေသော ဖြူနုနု ပါးပြင်ပေါ်ကမျက်ရည်လေးကိုသုတ်ပေးလိုက်ပြီး
"မငိုစမ်းနဲ့အာဏာ ယောကျာ်းတစ်ယောက်ကလွယ်လွယ်မျက်ရည်မကျရဘူး၊ ဖေဖေနဲ့Daddyတို့ကိုအတုယူ၊ သန်မာတဲ့ယောကျာ်း၊ ထူးချွန်တဲ့ယောကျာ်းဖြစ်အောင် ကြိုးစား၊ ကိုကို့ကိုချစ်တယ်မလား"
ခေါင်းတဆက်ဆက်ငြိမ့်နေတဲ့ကောင်လေးက တတ်ကြွမှုအပြည့်
"နှုတ်ကဖြေ "
"ချစ်တယ်ကိုကို  Daddyတို့ပြီးရင်ကိုကို့ကိုကျွန်တော်အချစ်ဆုံးပဲ"
"လိမ္မာတယ် ကိုကို့ညီလေးကိုအချစ်ဆုံးပဲ"
ရင်ခွင်ထဲထည့်ကာကောင်လေးကိုနှစ်သိမ့်မိသည်။ ဒီကလေးကို အကောင်ဆုံးသူဖြစ်စေချင်သည်။  အားလုံးကမောကြည့်ရတဲ့ လူတော်တစ်ယောက်ဖြစ်စေချင်သည်။ သန်မာတဲ့ယောကျာ်းကောင်းတစ်ယောက်ဖြစ်စေတာကအမှန်။
အခွင့်အရေးရှိရဲ့သားနဲ့အာဏာရယ်.......။
××××××××××××××××××××
မင်းစက်ဟိန်း အသက်၂၀ ဘွဲ့ရပြီးတဲ့အချိန်မှာတော့ အာဏာဟာဆယ်တန်းကျောင်းသားရှိသေးသည်။ ဘွဲ့ရပြီးပြီးချင်း STARတွင် တာဝန်ယူကာအုပ်ချုပ်ခဲ့သည်။ အရည်အချင်းရှိနဲ့မင်းစက်ဟိန်ကိုတော်တော်များများကသကျပြီး ရှယ်ယာရှင်တွေဟာလဲ  သူတို့သမီးများနှင့်ရေလာမြောင်းပေးလုပ်ကြသည်။
သို့သော်မင်းစက်ဟိန်းကမူစိတ်မဝင်စား။  သူ့ရဲ့အလုပ်ကိုသာအေးအေးဆေးဆေးလုပ်သည်။ သူဘွဲရပြီးမကြာခင် ဦးထွဋ်ကြယ်စင်၏ ကျန်မားရေကြောင့် မှိုင်းနှင့်ခွန်းဟာညီအကို၂ယောက်ကိုထားပြီး မိဘတွေရှိရာကိုအမြန်သွားရသည်။ သိပ်မကြာခင်မှာပဲ အသက်အရွယ်ကြီးပြီဖြစ်တဲ့အခါ ဦးထွဋ်ကြယ်စင်ဟာ ဆုံးသွားသည်။
ဦးထွဋ်ကြယ်စင်ဆုံးသွားသည့်နောက် ခွန်းရဲ့မေမေဒေါ်လမင်းချယ်ကလဲ အိပ်ယာထဲလဲခဲ့သည်။ ပြိုလဲကာစ ကုမ္မ
ဏိနဲ့အိပ်ယာထဲလဲနေသော  မိခင်ကြောင့်  ခွန်တို့အမြန်လိုက်ကာ ထိန်းရသည်။ ကုမ္မဏီကိုသူတို့အားအမွေလွဲကာအုပ်ချုပ်စေသောကြောင့်  မြန်မာပြည်မပြန်ရပဲ ဩစီမီာသာနေရသည်မှာ ၂နှစ်ရှိပြီဖြစ်သည်။
သား၂ယောက်ကိုထားခဲ့ပြီး နေရသောကြောင့် စိတ်တော့ဘယ်ကောင်းပါ့မလဲလေ....။
သူ့ရှေ့ကမနက်စာကို တို့စိတို့စိနှင့် စိတ်မပါသလိုစားနေသော အာဏာကို ကြည့်ကာ မင်းဆက်ဟိန်းသက်ပျင်းခိပီး
"သေချာစားစမ်း အာဏာ ၊ထမင်းစားနေတုန်းအတွေးမများနဲ့"
သူ့စကားကြောင့် ပြာလဲ့လဲ့မျက်ဝန်းလေးတွေဟာမော့ကြည့်လာပြီး ပြောစရာရှိသလိုဖြစ်နေသောကြောင့်
"ဘာပြောချင်လို့လဲ"
"ဟို ကျွန်တော့်ကိုဒီနေ့လာကြိပေးလို့ရမလားကိုကို"
အာဏာ့ရဲ့စကားကြောင့် သူမျက်မှောင်ကြုပ်ပြီး
"ဘာဖြစ်လို့လဲ အရင်နေ့တွေကလဲဦးလေးကြီးလိုက်ပို့နေတာပဲလေ၊ ဘာလဲမင်းဟိုတနေ့ကရန်စတဲ့ကောင်တွေကိုကြောက်လို့လား"
ထိုစကားကမှန်ပုံရသည်။  ငြိမ်သက်ပြီတိတိဆိတ်နေတာဟာ သူ့စကားကိုဝန်ခံနေသလိုပင်။
"ချွင်!!"
ခရင်းနှင့်ဇွန်းကို စားပွဲပေါ်ကိုပစ်ချလိုက်တဲ့အသံကြောင့် အာဏာလန့်သွားသည်။
"မနက်စောစောစီးစီးမဆူချင်ဘူးအာဏာ  မင်းယောကျာ်းလေးတစ်ယောက် ၊ မင်းအသက်ပြည့်ပြီးပြီနော် ၊ ကားလိုင်စင်လဲငါလုပ်ပေးထားတယ်၊ မင်းမောင်းတတ်ပေမယ့်မမောင်းဘူး ငါသည်းခံနေသေးတယ်အာဏာ၊ "
ငိုတော့မလိုဖြစ်နေသော အာဏာကြောင့်
"ငိုဖို့မစဉ်းစားနဲ့အာဏာ၊  မင်းကအသက်ပြည့်ပြီးသားယောကျာ်းလေးတစ်ယောက်၊ မင်းခုဒုတိယနှစ်ရောက်နေပြီ၊ သူငယ်ချင်းမရှိဘူး၊ ဘယ်သွားသွားတစ်ယောက်ယောက်ကလိုက်ပို့မှသွားရဲတယ် ၊ မင်းမှာသတ္တိရောရှိလား ဟမ်!!"
"_____"
"မင်းအရွယ်ယောကျာ်းလေးတွေကြည့်စမ်း၊ ဝေးဝေးလံလံကိုမကြည့်နဲ့  မင်းတတ်နေတဲ့ကျောင်းကလူတွေကိုပဲကြည့်စမ်း၊ သူတို့ကိုယ်တိုင်သွားနိုင်တယ်လာနိုင်တယ်၊ သူငယ်ချင်းရှိတယ်၊ သွက်လက်တယ်၊မင်းကျတော့ ဘာကိုမှမလုပ်ရဲမကိုင်ရဲနဲ့ဖြစ်နေတာ မရှက်ဘူးလား၊ စွန့်စားကြည့်စမ်းပါအာဏာ၊ စိတ်ထဲရှိတာကိုလုပ်လိုက်စမ်းပါ၊ အေး ဒါပေမယ့် ကိုယ့်ကိုထိခိုက်စေတဲ့ကိစ္စကိုတော့ခွင့်မပြုဘူးအာဏာ နာလည်လား"
"ဟုတ်ကဲ့ကိုကို"
"အေး ဒီနေ့ကိုယ့်ဘာသာသွား ၊ ဘယ်သူမှလိုက်မပို့ဘူး"
"ကိုကို"
မျက်ရည်လည်ကာကြည့်သော အာဏာကိုသူလျစ်လျူရှုမိသည်။
"အသက်ပြည့်ပြီးသားယောကျာ်းလေးတစ်ယောက်ဖြစ်ပြီး မသွားရဲမလာရဲဖြစ်နေတာမင်းမရှက်ဘူးလား၊ မင်းနာမည်ကမင်းအာဏာစက်၊ နာမည်နဲ့လိုက်ဖက်အောင်နေစမ်းပါ၊ ကြောက်စရာမလိုဘူး မင်းလုပ်ချင်တာကိုလုပ်ပစ်စမ်း၊ ဒါမယ့် ပတ်ဝန်းကျင်ကကဲ့ရဲ့မဲ့လုပ်ရပ်မျိုးကိုရှောင် ၊မင်းရဲ့လုပ်ရပ်ကမိဘတွေကိုထိခိုက်မယ်ဆိုရင်ရှောင်၊ မင်းဘာသာမင်းဆုံးဖြတ်တတ်မှာပါ"
သူပြောတော့ အာဏာကခေါင်းလေးမော့လာပြီး
"ကျွန်တော်ကြောက်တယ်ကိုကို၊ ကျွန်တော်လူတွေကိုကြောက်တယ်၊ စိတ်ထဲမှာ ကျွန်တော်ဘာလုပ်လုပ်မှားနေတယ်လို့ခံစားနေရတယ်၊ အတိတ်မှာကျွန်တော်လုပ်ခဲ့တာတွေကအမှားတွေအများကြီးလို့ ခံစားနေရတယ်၊ အဲ့  ..အဲ့တာကြောင့်  ကျွန်... ကျွန်တော်ကြောက်တယ်ကိုကို၊  ကျွန်တော့်လုပ်ရပ်တွေက ချစ်တဲ့သူတွေအပေါ်မှာနာကျင်စေမှာစိုးလို့ပါ"
မျက်ရည်ကျကာပြောနေသော အာဏာ အားသူသက်ပျင်းချမိသည်။
"အတိတ်နဲ့ပစ္စုပ္ပန်မတူဘူးအာဏာ  ၊ အတိတ်ကအရာတွေကိုသင်ခန်းစာယူပြီး ပစ္စုပ္ပန်မှာအကောင်းဆုံးကြိုးစားပါ၊ မင်းရဲ့အနာဂါတ်ကတောက်ပလာလိမ့်မယ်၊ "
"_______"
"ကျေးဇူးပြုပြီး အတိတ်မှာနစ်မွန်းမနေပါနဲ့အာဏာ"
အာဏာက ခေါင်းငြိမ့်ပြီး
"ဟုတ်ကဲ့ပါကိုကို  ကျွန်တော်ကြိုးစားပါ့မယ်"
မင်းဆက်လဲ မက်တပ်ရပ်ပြီး
"ကျောင်းသွားတော့ ၊ လိုက်မပို့ဘူး "
မင်းဆက်ပြောပြီးထွက်လာခဲ့သည်။ သူကားကိုထုတ်ပြီး ကုမ္မဏီသို့ထွက်လာခဲ့သည်။၊
ဒီကလေးကိုသူတိုးတတ်စေချင်သည်။ သူရဲ့ညီအရင်းမဟုတ်ပေမယ့် သူဒီကလေးကိုသူအလွန်ချစ်ပါသည်။ ဆူချင်ဆူနေရခြင်းမဟုတ်။
ဒီကလေးကိုသူပြောဆိုပြီးတိုင်း ဆူပူပြီးတိုင်းသူကြိတ်မျင်ရည်ကျရပါသည်။ ငယ်ငယ်သူ့လက်ထဲမှာအမြဲတမ်းနေတဲ့ကလေးလေး၊
အမြဲတမ်းသူ့ကိုတွယ်ကပ်နေတဲ့ကလေးလေးဟာ အရင်ကဒီလိုမဟုတ်ပေ။ သွက်သွက်လက်လက်နှင့် တတ်ကြွနေတတ်သည့်ကလေးလေးပင်။
အသက်၁၀နှစ်အရွယ်မှာ အပျင်းဖျားခဲ့သည်ကရင်နာစရာ၊၊အမြဲတမ်းလိုလိုအိမက်ဆိုးတွေမက်ခဲ့တဲ့ကလေးဟာ အမြဲတမ်းမျက်ရည်ကျနေသည်။
အိမ်မက်ဆိုးတွေမက်တိုင်းယောင်ယမ်းသည့်စကားက
"တောင်းပန်ပါတယ်"တဲ့  ၊၊ ဘာတွေကိုတောင်ပန်နေတာလဲစဉ်းစားမရခဲ့။ ဒီစကားကိုပဲခဏခဏပြောတဲ့ကလေးဟာ ရင်နာစရာအတိတ်တွေရှိခဲ့တာလား။
ဖေဖေကတော့ ထိုသို့ယောင်တိုင်း မျက်ရည်ကျသည်။ ကလေးအရွယ်ဖြစ်၍ သူဘာကြောင့်ငိုရလဲမပေးခဲ့ပေ။
ထိုအချိန်ကစပြီး ကလေးကကြောက်ရွံ့တတ်လာသည်။ လူတော်တိုးရတာကြောက်လာသည်။ အရင်ကသွက်သွက်လေးနှင့် Hydraရဲ့ အသဲကျော်လေးဟာအခုတော့ ကြောက်လန့်တတ်တဲ့သူတစ်ယောက်ဖြစ်နေပြီ။
မင်းကိုရဲရင့်တဲ့သူတစ်ယောက်ဖြစ်စေချင်တာ ရင်ထဲကဆန္ဒပါ.....။
သူ့ကိုပြောပြီးထွက်သွားသော မင်းဆက်ကိုကြည့်ကာ အာဏာမှိုင်သွားရသည်။
သူလဲစားသောက်ပြီးတာနဲ့ လွယ်အိတ်ယူကာ အိမ်ပြင်သို့ထွက်လာခဲ့သည်။ ဒီနေ့တော့ ကိုယ့်ဘာသာသွားရတော့မည်။
"သားလေး ဦးလေးလိုက်ပို့ရမလား"
သူ့ကိုအမြဲကျောင်းလိုက်ပို့တဲ့  ဦးလေးကြီးကပြောတော့ သူပြုံးပြီး
"နေပါစေဦးလေး တစ်ယောက်တည်းသွားတော့မယ်"
"ဖြစ်ပါ့မလား သားလေးရယ်"
စိတ်မချပုံရတဲ့ ဦးလေးဟာ သူ့ကိုမေးနေသည်။
"ဖြစ်ပါတယ် ဦးလေးရယ်၊ ကျွန်တော့်ဘာသာပဲသွားပါ့မယ်"
ပြောပြီးသူထွက်လာခဲ့သည်။ ခြံထဲကထွက်လိုက်ပြီး အားတင်းကာ လမ်းလျောက်မိသည်။ သူ့လိုမျိုးလမ်းလျောက်နေသူများရှိပေမယ့် သူကြောက်နေမိသည်။
သူဟာတကယ်ပဲ သတ္တိမရှိတဲ့သူတစ်ယောက်လား၊ နုံအနေတဲ့သူတစ်ယောက်ပဲလား။
အလကားနေကြောက်ရွံ့နေသည့် မိမိကိုယ်ကိုလဲ သူမုန်းသည်။ သူ့ရဲလုပ်ရက်တွေကြောင့် ချစ်ရတဲ့သူတွေနာကျင်ရမှာ စိုးရိမ်သည်။
သို့သော် 
သူရဲ့ပျော့ညံ့မှုကို  ကိုကိုကစိတ်ပျက်သွားရင်ဘယ်လိုလုပ်မလဲ။ ဟင့်အင်း၊ သူလက်မခံနိုင်ဘူး၊ ကိုကိုသာသူ့ကိုပစ်သွားရင်ဘယ်လိုမှသူခံနိုင်ရည်ရှိမှာမဟုတ်ဘူး။
စိုးရိမ်ကြောက်ရွံ့မှုကြောင့် ဝဲတက်လာသောမျက်လေးများဟာမျက်ဝန်း ပြာပြာလေးထဲတွင်ဝေ့သီနေသည်။
ကြောက်လန့်နေသည့်စိတ်ကိုတင်းကာ taxiငှားလိုက်သည်။ ကားနောက်ခန်းတွင်လွယ်အိတ်လေးကိုပိုက်ကာငြိမ်ငြိမ်လေးနှင့်လိုက်တာလာခဲ့သည်။
"ရောက်ပြီ ငါ့တူ"
ကားသမားဦးလေးကြီး၏စကားကြောင့် သူကျသင့်ငွေကိုရှင်းပြီး ကျောင်းထဲသို့ထွက်လာခဲ့သည်။ ရွယ်တူတွေရော ၊ အငယ်တွေရော  အကြီးတွေရောရှိပေမယ့် သူခေါင်းငုံ့ကာ  သွားစရာရှိတာကိုသွားလိုက်သည်။
Hydraaရဲ့သားလို့ မသိကြသောကြောင့် သူ့ကိုသာမာန်သဌေးသားလေးဟုသာထင်ကြသည်။ ဒါ့ကြောင့်သူကိုရန်စရဲကြတာဖြစ်သည်။ သူသာမှိုင်းအာဏာစက်ရဲ့သားဆိုတာသိကြရင် အခုလိုအနိုင်ကျင့်ခံရမည်မဟုတ်။
လွယ်ထားသောလွယ်အိတ်ကြိုးလေးကို  ကျစ်နေအောင်ဆုတ်ကိုင်ပြီးသွားသော အာဏာရဲ့ပုံစံမှာ မူကြိုကျောင်းသားလေးအလားပင်။
ကျောင်းဝန်းထဲမှာ ခပ်ကုပ်ကုပ်လေးနှင့်ခေါင်းလေးငုံ့ကာသွားနေသော ကောင်လေးကိုလှောင်ရယ်နေသောလူတစ်ချို့ရှိသည်။
သိပေမယ့် ဥပက္ခာပြုထားလျက်သာ...။
ကားပေါ်ကနေကြည့်မိသည်က စိတ်ထိန်းရစွာ။  ဒီလောက်ပြောထားရဲ့သားနဲ့အာဏာရယ်။ ဘာတွေများဒီလောက်ကြောက်ရွံ့နေရတာလဲ...။
ဒီပုံစံနဲ့ မင်း ငါမရှိရင်ဘယ်လိုလုပ်မလဲကလေးရယ်.....။
____________________________
seme ukeမှားခွဲဦးမှာလား ဒီတစ်ခါလဲ😒
=========================
Part_1
"မင်းကိုဘာပြောထားလဲ "
"ငါမေးတာဖြေလေ အာဏာ"
"ကျစ်!"
"နှုတ်ကဖြေ "
××××××××××××××××××××
"ဘာပြောချင်လို့လဲ"
"ချွင်!!"
"_____"
"ဟုတ်ကဲ့ကိုကို"
"ကိုကို"
"_______"
သို့သော် 
"ရောက်ပြီ ငါ့တူ"
____________________________
=========================
© Ginkgo San,
книга «Finally (Season_2)».
Коментарі
Упорядкувати
  • За популярністю
  • Спочатку нові
  • По порядку
Показати всі коментарі (1)
Sho Mar Ral
Part_1
❤️❤️❤️
Відповісти
2020-10-18 15:56:11
1