Chapter - 1 (The Start & The End)
Chapter - 1 (The Start & The End)
အရာအား​လုံး အစကနေ ပြန်စလို့ရရင်တောင်
ဒီလမ်းကို ရွေးဖြစ်မယ် ဆိုတာ ​သေချာပါတယ် အချစ်ရေ

မင်း အ​ကောင့် အမည်လေး မြင်ကထဲက
ပြုံးမိတယ်
မင်း နာမည်လေး ကြားကထဲက
သိမ့်ခနဲနေအောင် နှလုံးသားထဲ နွေးရတယ်..

မင်း တင်တဲ့ ပိုစ့်လေး မြင်လိုက်တာနဲ့
မင်းရဲ့ ChatBox ကို အပြေး
စကားစပြောခဲ့ရတာကို မှတ်မိပါတယ်.
အဲ့အချိန်တုန်းက
" Chat Box လာလို့ရတယ်ဆိုလို့ လာတာနော် "
ဆိုပြီး မင်းကို နွဲ့ဆိုး ဆိုးတဲ့ ကောင်မလေး အဖြစ်နဲ့ စကားစပြောခဲ့တာပါ.
တစ်ကယ်က ကိုယ်ဟာ မာနတစ်ခွဲသားနဲ့မို့
တစ်ခြားသူတွေနဲ့ဆို ဆက်ဆံရေးအဆင်မပြေတဲ့ ကောင်မလေးငယ် တစ်ယောက်ရယ်ပါ.

သဘောကောင်းတဲ့ မင်းက
"လာပါကွာ မတားပါဘူး" ဆိုတဲ့ စကားလေးနဲ့
ဆီးဦးကြိုပြုလိုက်တော့ ကိုယ်တစ်ကယ် သဘောကျသွားမိတာ အမှန်ပါ
သွားပေါ်အောင်အထိပြုံးရယ်ပြီး
ကြမ်းပြင်ပေါ်ကို ပြိုကျမတတ်အထိ ထခုန်ပြီး
စိတ်လှုပ်ရှားလွန်းလို့ ကိုယ့်နှုတ်ခမ်းကနေ
ကိုယ်နားမလည်တဲ့ ဘာသာစကားတွေတောင် ထွက်လာတော့တာပါပဲ

မင်းကသိပ်ချစ်ဖို့ကောင်းတာ
ကိုယ်နွဲ့ဆိုး ဆိုးလည်း သည်းခံတယ်
ကိုယ်စိတ်ကောက်လည်း ချော့မော့တယ်
ကိုယ်နေမကောင်းရင်လည်း ဂရုစိုက်ရှာတယ်
ကိုယ်အဆင်မပြေတိုင်းလည်း ပျော်ရွှင်အောင်လုပ်ပေးရှာတယ်

အဲ့လိုနဲ့ နောက်ပိုင်း နောက်ပိုင်းတွေမှာ
မင်းကို ပိုပြီးတော့ လောဘတက်လာမိတယ်
မင်းကို ပိုပြီးတော့ လိုချင်လာမိတယ်
ဘယ်သူ့ ဘယ်သူကများ
ကိုယ်သိပ်သဘောကျရတဲ့ ကောင်လေးက
ကိုယ့်အပေါ်ကောင်းနေတဲ့အခါ.
ကိုယ့်အပိုင်ဖြစ်မလာစေချင်သလဲ?
ကိုယ်ဟာ သေချာပေါက် မင်း ကိုတော့
" ကိုယ့်အပိုင် " ဖြစ်လာစေချင်မိတာ အမှန်ပါ

ကိုယ် နဲ့ မင်း ကြားက
အရာအားလုံး အဆင်ပြေနေခဲ့ပေမယ့်
မဆိုင်တဲ့သူတစ်ချို့ကြောင့်
ကိုယ်တို့ဝေးခဲ့ဖို့ အကြောင်းဖန်လာခဲ့တာပဲ.

ကိုယ်နဲ့မင်းဟာ မလိုက်ဖက်ကြောင်း .
ကိုယ်ဟာ မိန်းကလေးငယ်တစ်ယောက် ဖြစ်တာကြောင့် မင်းဟာ ကိုယ့်ကို လှည့်စားကြောင်း .
ဆိုပြီး ပုဒ်မ မျိုးစုံတပ်ပြီး မင်းကို အရှက်ခွဲခဲ့ကြတယ်

မင်းအနေနဲ့ အရာအားလုံးကို သည်းခံခဲ့ပေမယ့်
ကိုယ့်ကို ထိပါးလာတဲ့အခါ
မင်းကပဲ အလိုက်တသိနဲ့ ကိုယ့်အနားက
ဖယ်ခွာပေးခဲ့တယ်

ဘယ်ဇာတ်လမ်းမဆို မြန်မာကား ဆန်တယ်လို့ ယူဆမိပါတယ်
"ချစ် ကြိုက် ကွဲ ညား" ဆိုပြီးတော့လေ .
အရင်က ကိုယ်တို့က ချစ် ကြိုက် ခဲ့ကြပြီး
အခုတော့ ကွဲ နေကြပြီး
နောက်​တော့ သေချာပေါက် ညား မယ်လို့ ယုံကြည်မိတယ်..

ကိုယ်ဟာ သိပ် အတ္တကြီးပါတယ်.
ဒါပေမယ့် ကိုယ့်ရဲ့ အတ္တတွေထက်
မင်းကိုပိုပြီး ချစ်ပါတယ်..

ဒါကြောင့် မင်း ကတော့ အခုအချိန်မဟုတ်ရင်တောင် နောင်တစ်ချိန်မှာ သေချာပေါက်
ကိုယ့်အပိုင် ဖြစ်လာပေးပါကွာ..

ကိုယ် မင်းကို စောင့်နေသေးတယ်.

မင်းရော ကိုယ့်ကို နည်းနည်းလောက်လေးဖြစ်ဖြစ်
သတိမရဘူးလား? အချစ်ရေ...

© က6လာင်ရှင် ,
книга «သူ့ထံသို့ တမ်းချင်း».
Коментарі