One
One
"Death-TRAP"

အပိုင်း ၁

5 star အဆင့်မီ ဟိုတယ်တစ်ခု၏ ဒေါင်ကျကျ အခန်းရဲ့ပြာလဲ့လဲ့ မီးရောင်အောက်က အဝတ်စလစ်ခန္ဓာကိုယ်နှစ်ခု..။
လိင်ဆက်ဆံခြင်းကို မမောနိုင်မပန်းနိုင် လုပ်ဆောင်နေပေမယ့်လို့ ရုပ်ရှင်ကားတွေထဲကလိုအခန်းမီးကိုမပိတ်ထားဘူး။
အဝါရောင်မီးလုံးအစား အပြာရောင်မီးသီးကိုပြောင်းတပ်ထားတာက
အမှောင်ကိုမုန်းပေမယ့် ထိန်းလင်းနေတဲ့အလင်းရောင်ကိုလည်းမကြိုက်ဘူးလို့ပြောခဲ့ဖူးတဲ့ကောင်လေးကြောင့်..။

"လည်ပင်းကို မာကင်ပေးလို့ရလား"

ရှတတ အသံလေးက ခွင့်တောင်းနေတဲ့အသံမဟုတ်။
အသိပေးတဲ့အသံ။
ခေါင်းငြိမ့်ပြလိုက်တော့

"ဟား...အရမ်းတွေအလိုလိုက်နေတာပါလား။
ခဏနေ ခင်ဗျားမင်္ဂလာဝတ်စုံဝတ်ရတော့မှာနော်၊အဆင်ပြေပါ့မလား"

"ရတယ် Honey !မင်း ဆီကလာတဲ့ အရာအားလုံး ဘာပဲဖြစ်ဖြစ် သဘောကျတာမို့ "

"စောက်ဒရမ်မာကချိုးပြန်ပြီ၊ အဲ့လိုစောက်ပိုစကားတွေကြောင့် ကျုပ် ခင်ဗျားကို စောက်ရမ်းစိတ်ပျက်တာ"

ခန္ဓာကိုယ်ပေါ် ကုတ်ဖက်တက်ပြီး ထေ့ငေါ့နေတဲ့ကောင်လေးက တစ်ချိန်ကရှောင်းကျန့်သိပ်ကိုတပ်မက်လိုချင်ခဲ့ဖူးတဲ့သူတစ်ယောက်။တစ်ချိန်က ဆိုတဲ့အသုံးအနှုန်းကိုသုံးလို့ လက်ရှိမှာရော ထိုကောင်လေးကိုမလိုချင်ဘူးလားမေးရင် ရူးချင်လောက်အောင်လိုချင်တဲ့အကြောင်းတွေကိုအကျယ်တဝင့်ပြောပြအုံးမှာ။
ဒါပေမယ့် လက်ထပ်မယ့်သူက ကောင်လေး ဖြစ်မနေခဲ့ဘူး။ဘာကြောင့်လဲဆိုတော့ ဝမ်ရိပေါ်ဆိုတဲ့သူမြတ်နိုးရတဲ့ကောင်လေးကဘောင်ခတ်တာကိုသိပ်ကိုမုန်းတဲ့ လွှင့်မျှောတိမ်ငယ်လေး..။

ခန္ဓာကိုယ်ကို တစ်ချက်ဆီ ဆောင့်ချနေတဲ့ကောင်လေးရဲ့မျက်နှာပေါ်မှာ ကျေနပ်အားရမှုတွေအပြည့်။
ရယူနေရသူက ရှောင်းကျန့်ဖြစ်နေရဲ့သားနဲ့ သူရဲ့အသွေးအသားတွေကိုဆုတ်ယူသွားတဲ့ခံစားချက်မျိုးကိုရနေတာ...။

"ပြီး..သွား..ပြီ..လား။
ဒါကြောင့် ကျုပ်ပြောတာ..ခင်ဗျားအသက်ကြီးနေပြီလို့"

ရှောင်ကျန့် ခန္ဓာကိုယ်ပေါ်က နေမွေ့ယာထက်ဆီ လှိမ့်ကာဆင်းသွားတဲ့ကောင်လေးက အဖြူရောင် မျက်နှာကျက်ကို ခပ်တွေတွေငေးကြည့်နေပြီး
ရှောင်းကျန့်ထွေးဖက်လိုက်တဲ့လက်တွေကို ရုန်းကန်ခြင်းမပြုဘဲ ငြိမ်ငြိမ်လေးနေပေးတယ်။
လိင်ဆက်ဆံခြင်းကပထမဆုံးအကြိမ်မဟုတ်ပေမယ့် ရှောင်းကျန့်ပေးတဲ့ထွေးပွေ့ယုယမှုတွေကို အသာတကြည်လက်ခံတာကတော့ ပထမဆုံးအကြိမ်ပဲ။

"ကိုယ်တို့ ထပ်တွေ့လို့ရသေးတယ်မို့လား"

နှုတ်ခမ်းဒေါင့်စွန်းလေးက အပေါ်ကိုအနည်းငယ်ကော့ညွတ်သွားတဲ့အထိပြုံးလိုက်တဲ့ရိပေါ်ရဲ့မျက်နှာမှာ အရိပ်တွေအများကြီးဖြတ်ပြေးနေပေမယ့် ရှောင်းကျန့်အဓိပ္ပါယ်မဖော်တတ်ဘူး။
ရိပေါ်က သူရဲ့စိတ်ကိုဖွင့်ဖောက်ထုတ်တတ်တဲ့သူမဟုတ်သလို အခြားသူကအကဲခတ်စူးစမ်းတာကိုလည်းအရမ်းမုန်းတယ်။


"အငယ်အနှောင်းအဖြစ်နဲ့လား၊ ကျုပ်က အဲ့ဒီအဆင့်ရောက်သွားပြီလား"

မျက်နှာကိုတည့်တည့်ကြည့်ပြီးမေးနေတဲ့ရိပေါ်ရဲ့မျက်ဝန်းတွေက မှုံရီမှိုင်းဝေနေတယ်၊
ရိပေါ်က သူလက်ထပ်မှာကို အလိုမကျဘူးလား။
ဒါဖြင့် ဘာလို့သူ့ကိုမိန်းမတစ်ယောက်နဲ့လက်ထပ်ဖို့တိုက်တွန်းခဲ့ရတာလဲ။

"ကိုယ်  မင်္ဂလာပွဲကိုမသွားလည်းဖြစ်တယ်နော်"

သူ့ရဲ့စကားတွေထဲကပြတ်သားလွန်နေပြီဖြစ်တဲ့ဆုံးဖြတ်ချက်ကိုရိပေါ်မြင်နိုင်ခဲ့ရင်ကောင်းမယ်။

ပျံလွင့်လာတဲ့ရယ်သံကျယ်ကျယ်ကရှောင်းကျန့်ရဲ့အချစ်ကိုလှောင်ပြောင်နေတယ်။

" ကျန်းလီယမ်က ခင်ဗျားအတွက် ကျုပ်ကိုယ်တိုင်သေချာရွေးချယ်ပေးထားတဲ့ အရာရာပြည့်စုံလွန်းတဲ့မိန်းမတစ်ယောက်ပါ။သူ့ကိုယူလို့ ခင်ဗျား နစ်နာတာမျိုးမရှိလောက်ပါဘူး။ဘာတွေသွေးနည်းနေတာလဲ"

ဘယ်လောက်ပဲပြည့်စုံနေပါစေ။ ရှောင်းကျန့်မှမချစ်တာ။

ရိပေါ်ရဲ့ စကားကို ခေါင်းခါပြခြင်းဖြင့် ငြင်းဆန်လိုက်ပြီး

"ကိုယ်မှ့သူ့ကို မလိုချင်ဘဲ၊ကိုယ်လိုချင်တာက.."

ရိပေါ်က ရှောင်းကျန့်ရဲ့ အောက်နှုတ်ခမ်းကိုဆွဲကိုက်ပစ်တယ်။
ဒီအပြုအမူကရိပေါ်မကြားချင်တဲ့စကားတွေရှောင်းကျန့်ပြောတိုင်းလုပ်တတ်တဲ့အပြုအမှု။

"နားငြီးတယ်။ စိတ်ကူးယဉ်အိပ်မက်တွေထဲ မက်နေရအောင်အသက်ကငယ်မနေတော့ဘူးရှောင်းကျန့်ရ"

နှုတ်ခမ်းတစ်စုံလုံးကိုခံတွင်းထဲရောက်ထဲထိငုံချပစ်ပြီးလက်တွေကရှောင်းကျန့်ရဲ့ဂျူနီယာဆီ..။

"စကားတွေပြောပြီးအချိန်ဖြုန်းနေမယ့်အစား အကျိုးရှိရှိအသုံးချလိုက်ပါလား"

ပင့်ပြလိုက်တဲ့မျက်ခုံးလေးမှာ ရှောင်းကျန့်ရဲ့စိတ်ဝိဥာည်က ကပ်ငြိသွားတယ်။
စတင်ချည်နှောင်သူက ရှောင်းကျန့်ဖြစ်ပြီး ချုပ်ကိုင်ခံရတဲ့သူကလည်းရှောင်းကျန့်ပဲဖြစ်နေတယ်။

......

#MalEaint
© MalEaint ,
книга «Death-Trap».
Коментарі