သဘာဝ
Особисте
ကောင်းကင်တစ်ခွင်လုံး မှုန်မှိုင်းပြီး အုံ့ဆိုင်းနေတယ် ...
မုတ်သုံလေတွေဟာလည်း တလွင့်လွင့်တဖြူးဖြူးတိုက်ခတ်လျက်ရှိနေ တယ်....
ဟော ပြောရင်းဆိုရင်း မိုးစက်လေးတွေ ခုန်ဆင်းလာပြီ
သက်တန့်ရောင်စဉ်အောက် မိုးစက်လေးတွေဟာ တဖွဲဖွဲကျလျက်....
ပြတင်းပေါက်နားထိုင်ရင်း မိုးရာသီရဲ့အလှတရားကိုခံစားရင်း..
အတွေးတွေဟာ တောင်စဉ်ရေမရ ...
လက်တစ်ဖက်ကိုပြတင်းပေါက် အပြင်ဘက်ထုတ်လို့ သဘာဝကိုခံစားကြည့်တယ်...
သဘာဝကအးစိမ့်စိမ့်လေး သဘာဝကချမ်းမြေ့မြေ့လေး ....
ပိုင်ဆိုင်ချင်မိခဲ့သော ငေးကြည့်ခဲ့ရသော ကိုယ့်ရဲ့သဘာဝ...
သဘာဝဟာ ကိုယ့်အပေါ်မှာတော့အေးစက်စက်ခါးသက်သက်...
ကိုယ်ပြောချင်တာ သဘာဝမဟုတ်တဲ့ ကိုယ့်ရဲ့ဆယ်ကျော်သက်တုန်းက သဘာဝ.....