6 Oct 2025 Thadingyut
Особисте
သီတင်းကျွတ်လို့တော့ပြောကြတာပဲ
အိမ်မပိုင်တဲ့ကောင်မလေးအတွက်တော့ ဒါဟာ အထူးအဆန်းဟုတ်မနေခဲ့ပါဘူး။
သူငယ်ချင်းတွေနဲ့ဘုရားပွဲသွားချင်တယ် အင်းသူနဲ့ရောပေါ့
သူတင်ထားတဲ့ပို့စ်နဲ့ နုတ်စ်မှာ ရေးထားတဲ့စာသားလေးက ကိုယ့်ရင်ထဲမှာ
ဝမ်းနည်းမှုတွေ ပိုတိုးစေတယ်။
ဒီနှစ်တော့ထားလိုက်တော့တဲ့ ဘယ်နှစ်မှလည်းမသေချာဘူးတဲ့။
သူလည်း သူများအတွဲတွေလို လည်ချင်ရှာမှာပဲ ဒါကိုကိုယ်သိတယ် ဒါမဲ့ ကိုယ်မှ မတတ်စွမ်းသာတဲ့ကိစ္စတစ်ခုကို ဘယ်လိုလုပ်ရပါ့ ။
ကိုယ်လည်းမင်းနဲ့ ပွဲဈေးသွားချင်ပါတယ် မုန့်တွေလည်းပတ်စားချင်ပါတယ် အချစ်ရယ်... ကိုယ်တောင်းပန်ပါတယ် ကိုယ့်ကြောင့်မင်း အခွင့်အရေးတွေ ဆုံးရှုံးရတာကို တကယ်ကိုပါ ။