ချစ်ဘွား
Новини
ဟိုးငယ်ငယ်လေးကတည်းက အဘွားနဲ့နေလာတာ အဘွားနဲ့ အတူအိပ်တယ် အဖေတို့အမေတို့နဲ့ တောင် မအိပ်ဘူး အဘွားနဲ့ ရယ်စရာတွေပြောတယ် အဘွားကလေ သူအသက်အရမ်းမကြီးခင်တုန်းက ငါ့မြေးမလေးတွေအတွက်ဆိုပြီး သနပ်ခါးတွေ သွေးပေးတယ် အဘွားက သနပ်ခါးသွေးရင် ရေတွေ အများကြီး ထည့်လို့ ပြောလိုက်သေးတယ် ဘွားတို့ကတော့ လုပ်ပြီ အုတ်ကန်ထဲမှာ ရေတွေအများကြီးရှိတယ်ဆိုပြီးထည့်တယ်ဗျို့ ဆိုပြီးတော့... အဘွားက ရယ်ရှာတယ်..
ကျောင်းကပြန်လာတိုင်း ကိုယ့်ညီမက မုန့်ထုပ်တွေ ဝယ်ဝယ်လာတတ်တယ် အဘွားအတွက်တဲ့ အဘွားကလည်း ဘာတွေလဲဆိုပြီး ပြီးတော့ စားတယ်ဗျို့.. အဘွားလည်း အသက်ရလာတော့ အရင်လို သနပ်ခါးရေကျဲကျဲကို အမြဲသွေးမပေးနိုင်တော့ဘူး.. တစ်ခါတလေတော့ အဘွားက သွေးပေးရှာပါတယ်.. ပြီးတော့ အဘွားက ညဘက်တွေဆို ခနခန နိုးနေတတ်တာ... အသက်ကလဲ ကြီးပြီဆိုတော့... အဲ့လိုနိုးတိုင်းလည်း သူ့ဘေးမှာ အိပ်နေတဲ့ မြေးမလေးတွေကို စောင်တွေချုံပေးရှာတာ.. အေးနေရှာမှာပဲ ဆိုပြီး... ကိုယ်တွေကလည်း စောင်တွေကို ပူလို့ကန်ချ... အဘွားက ထပ်ချုံ😆 သံသရာလည်နေသောပဲ... အဘွားက
သတိမေ့တတ်လာတယ်.. အဘွားကို ကိုယ်က မေးကြည့်တယ် ''အဘွား သမီးနာမည် ဘယ်သူလဲဟင်ဆိုပြီး'' အဘွားက ညည်းနာမည်တော့ မှတ်မိပါတယ်အေဆိုပြီး ပြောတယ် တကယ်လည်း မှတ်မိပါတယ် ...
အဘွားကို သိပ်ချစ်ပါတယ် .. အခု အဘွားက သိပ်နေမကောင်းဘူး... အဘွားအမြန်ဆုံးကျန်းမာလာစေချင်တယ်...
သမီးဘွဲ့ရတဲ့အထိနေမှာတဲ့... ငါ့မြေးနဲ့ ဓာတ်ပုံတွဲရိုက်မှာတဲ့.. အဲ့ဒါဆို အဘွားက မြန်မြန်ကျန်းမာလာပေးလေနော်...