အလွမ်း
Новини
မရောက်ဖြစ်တာကြာလှပြီဖြစ်တဲ့ သူငယ်တန်းဆောင်ရှေ့ရောက်တော့ ဟိုးငယ်ဘဝကို ပြန်လွမ်းသွားမိတယ်။
သူငယ်တန်းဆောင်ရှေ့က ပန်းဝတ်ရည်ခိုးစုတ်ခဲ့ဖူးတဲ့ အပင်ကြီးလည်း ရှိနေဆဲပါပဲ။
စွယ်တော်ရွက်ဆိုတဲ့ စာအုပ်ကြားထဲခဏခဏ သိမ်းသိမ်းထားတတ်တဲ့ အရွက်လေး....
အဲ့အပင်လေးလည်းရှိနေဆဲပဲ။
ရာသီတွေဘယ်လောက်ပြောင်းပြောင်း
နှစ်တွေအလီလီကူးလည်း ဒီအမှတ်တရတွေက တကယ့်ကိုစွဲထင်နေခဲ့တာ။
တွေးမိတော့လည်း ရင်ထဲနစ်ကနဲပဲ
တစ်နေ့တော့ ဒါတွေအားလုံးဟာ အမှတ်တရတွေအနေနဲ့ပဲ ချန်ထားခဲ့ရတော့မှာ...။
ဆုံဆည်းကြတယ် ခွဲခွာရတယ်
သံသရာတွေလည်နေဆဲ....