နွေမှာစတဲ့အချစ်
Особисте
နွေရာသီ.....
ရော်ရွက်တွေလည်းကြွေလို့ ရွက်နုတွေလည်းဝေပြီ
ဥသြလေးရဲ့ တွန်ကျူးသံနဲ့အတူ နွေဟာ လွမ်းစရာဖြစ်ရပြီ
္ဒ္ဒ္ဒဒီနွေဦးမှာ ပန်းပိတောက်တွေပွင့်ဖို့ တို့စောင့်မျှော်နေရသလို..
နွေဦးမှာ ရွာတဲ့ သင်္ကြန်မိုးကိုလည်း တမ်းတမိတာ မှန်သောသစ္စာပါ
နွေလို့ပြောရင် တို့လေ သိပ်ကို လွမ်းမိရတယ်
နွေရာသီမှာ ဆုံတွေ့ခဲ့ရတဲ့ ရေစက်ဟောင်းတွေရှိသလို
ဧပရယ်နွေမှာ စခဲ့တဲ့ အချစ်ဟာလည်း ဒီနှစ်နွေမှာ သုံးနှစ်တောင်ရှိတော့မယ်
နွေရာသီမှာ ဆုံခဲ့ရတဲ့ ရေစက်ဟောင်းလေးကတော့ တို့နဲ့ဘယ်သောအခါမှ ဆုံစည်းခွင့်တောင်မရှိခဲ့ပါဘူး။ နွေဟာ ပူပြင်းသလို သူ့ကြောင့် နာကျင်ခဲ့ရတဲ့ အတိတ်တွေဟာလည်း နွေရဲ့တံလျှပ်တွေလိုပါပဲ... တမြေ့မြေ့နဲ့လောင်ကျွမ်းလို့နေဆဲ.... ငယ်ဘဝရဲ့ ရင်ခုန်သံလေးမို့ သိပ်ကိုရူးခဲ့ရတာ သူဘယ်သိနိုင်ပါ့မလဲ... ကျောင်းသွားကျောင်းပြန် သူ့ကိုပဲအရိပ်တကြည့်ကြည့်
မြတ်နိုးခဲ့ရတာတွေ သူဘယ်သိနိုင်ပါ့မလဲ.... သူကလေ ကိုယ့်ကိုမုန်းတယ်လို့ ပြောခဲ့တုန်းက ဘယ်လောက်တောင်ရင်ထဲအောင့်သက်ခဲ့သလဲဆိုတာ သူဘယ်သိမလဲ....
2025 နွေမရောက်ခင်မှာ သူဖုံးကွယ်ထားတဲ့ခားသီးတဲ့အမှန်တရားကို
သိလိုက်ရပာတယ်... သူကလည်း သဘောကျနေခဲ့တယ်ဆိုတဲ့
အကြောင်းပေါ့ ....
ဘာလို့များ တို့အပော် သူသိပ်ရက်စက်နိုင်ရတာလဲ.. မုန်းတယ်လို့ပြောထွက်ရက်ရတာလဲ ...တို့တကယ်စဉ်းစားမရခဲ့ဘူး
တို့လည်းသူ့ကိုသဘောကျနေတာကို သူသိရက်နဲ့ ဘာလို့များ တို့အပေါ်
သဘောမကျချင်ယောင်ဆောင်ရတာလဲကွာ.... အခုဆို သူနဲ့မတွေ့ရတာ
ငါးနှစ်ပြည့်တော့မယ် ပြန်ဆုံဖို့လည်းမဖြစ်နိုင်တော့သလို မဆုံချင်တော့ပာဘူး... အခုဆို သူ့မှာလည်း ဆိုင်သူနဲ့ ကိုယ့်မှာလည်းဆိုင်သူနဲ့မို့
ဒီတစ်သက်တော့ဝေးပြီပေါ့ကွယ်...