No_va
2023-02-14 14:40:39
To You
Особисте
ခံစားချက်တွေ ထုတ်မပြတတ်တဲ့
ကိုယ့်ကို အမြဲသည်းခံပေးလို့
ကျေးဇူးတင်ရတယ်။
ကိုယ့်ဘက်က စပြောလေ့မရှိပေမယ့်
မင်းက ကိုယ့်ကို အများကြီးသတိရနေတာ
လွမ်းနေခဲ့တာလို့ ပြောပြီး
စကားလုံးတွေနဲ့ ပျော်ရွှင်အောင် လုပ်ပေးလို့
ကိုယ် ကြည်နူးခဲ့ရကြောင်းလည်း သိစေချင်တယ်။
စိတ်ရူးပေါက်ပြီး မေးခွန်းတွေမေးတိုင်း
စိတ်ရှည်ရှည်နဲ့ ပြန်ဖြေပေးတာကို
သဘောကျတဲ့အကြောင်းလည်း သိစေချင်တယ်။
ကိုယ်တန်ဖိုးထားရတဲ့ တစ်စုံတစ်ယောက်ကို
ဆုံးရှုံးလိုက်ရလို့ ပြိုလဲနေခဲ့တဲ့အချိန်တုန်းက
ကိုယ့်ဘေးမှာ မင်းရှိကြောင်း သတိရပေးပါဆိုတဲ့
နှစ်သိမ့်စကားလေးပြောပေးလို့
ကျေးဇူးတင်ရကြောင်းလည်း သိစေချင်တယ်။
တကယ်ပါ မင်း ဖမ်းဆုပ်ထားတဲ့ ကိုယ့်လက်ကလေးရဲ့
နွေးထွေးမှုလေးက ကိုယ့်စိတ်ထဲမှာပါ
နွေးထွေးရကြောင်း သိစေချင်တယ်။