Episode - 0
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 1

[စာအုပ်တစ်အုပ်လက်ခံရရှိခြင်း]

အချိန်အခါမဟုတ် သည်းထန်စွာရွာနေတဲ့မိုးတွေကြားထဲ
လူတွေကမိုးလွတ်ရာကိုပြေးနေကြတယ်

ရှောင်းလုပ်ငန်းစုပိုင်ရှင်ဖြစ်တဲ့မစ္စတာရှောင်းကလည်း
လူတွေကြားထဲမိုးခိုနေတယ်

သူကငွေပုံပေါ်ထိုင်ပြီး လိုလေသေးမရှိတဲ့လူတစ်ယောက်
သို့ပေမဲ့သူက သူ့ကိုယ်သူလူထဲလူလို့ခံယူတယ်

သူ့ရဲ့ကိုယ်ပိုင်စည်းမျဉ်းတွေထဲမှာ
တန်းတူအခွင့်အရေးရှိတယ်လို့သတ်မှတ်ထားတယ်

လူတွေကိုကူညီရတာသဘောကျတယ်
အရင်ဘဝကတိုင်းပြည်ကိုကာကွယ်ခဲ့ရတဲ့
စစ်သူကြီးများဖြစ်ခဲ့လို့လား

သူကလူတိုင်းကိုကူညီချင်တယ်

မိုးခိုနေတဲ့နေရာကိုအဖိုးအိုတစ်ယောက်ရောက်လာတယ်
တုန်တုန်ချိချိနဲ့အဖိုးအိုဟာ
နွမ်းစုတ်နေတဲ့အဝတ်အစားတွေလည်း
ဝတ်ဆင်ထားတယ်

မိုးခိုဖို့တစ်နေရာလေးတောင်ဘယ်သူမှမပေးချင်ကြဘူး

ရှောင်းကျန့် သူ့ရဲ့ကုတ်ကိုချွတ်ပြီး
အဖိုးအိုပေါ်လွှမ်းခြုံလိုက်တယ်

မကြာခင်မိုးကစဲသွားပြန်တယ်

အသင့်လာကြိုတဲ့ကားပေါ်တက်မယ်ကြံတော့
အဖိုးအိုကလက်ကိုဆွဲတယ်

ကျေးဇူးတင်တဲ့အနေနဲ့စာအုပ်တစ်အုပ်လက်ဆောင်ပေးတယ်

အရောင်အဆင်းတောင်မရှိတော့တဲ့
စာအုပ်တစ်အုပ်

တန်ဖိုးမရှိဘူးထင်ရပေမဲ့ရှောင်းကျန့်က
အနည်းငယ်စိတ်ဝင်စားသွားတယ်

ကျေးဇူးတင်ကြောင်းပြောပြီး
သူ့ရဲ့အိမ်တော်ကိုပြန်လာတယ်

စဲသွားတဲ့မိုးကလည်း
ရုတ်ချည်းပြန်ရွာတယ်

အဖိုးအိုရဲ့နှုတ်ခမ်းထက်က
ဖျော့တော့နေတဲ့အပြုံးကလည်း
အသက်ဝင်လို့

အိမ်တော်ကိုပြန်ရောက်တော့
ဦးလေးချန်ကဒီနေ့ရဲ့အစီရင်ခံစာတွေကို
စာကြည့်စားပွဲပေါ်တင်ပေးတယ်
စာအုပ်တစ်အုပ်လည်းပါတယ်

ရေချိုးပြီးညစာစားသောက်ပြီးတဲ့အခါ
ရှောင်းကျန့် က အစီရင်ခံစာတွေကိုစစ်ဆေးတယ်

အပန်းဖြေအိမ်ရာတွေကိုဆောက်တဲ့အာမခံကုမ္ပဏီက
ရှောင်းလုပ်ငန်းစုရဲ့လက်အောက်မှာ

အသစ်ဆောက်မယ့်အိမ်ရာအတွက်
ကုန်ကျငွေနဲ့အမြတ်ငွေကိုတွက်ချက်ထားတဲ့
အစီရင်ခံစာတွေ

အလုပ်လုပ်ရင်အချိန်တွေကြာမှန်းမသိအောင်
လုပ်နေမိတယ်
လက်ကနာရီကိုကြည့်မိတော့ နောက်တစ်နေ့ကူးဖို့
နာရီဝက်ပဲလိုတော့တယ်

အိပ်ဖို့ပြင်ခါနီးမှအနားမှာရှိတဲ့စာအုပ်ကိုသတိရသွားတယ်

ဘာအရောင်အဆင်းမှမရှိပေမဲ့
သူ့ကိုတစ်ခုခုဆွဲဆောင်နေတယ်လို့ခံစားရတယ်

အဲ့ဒီအရာကဘာလဲဆိုတာသူမပြောတတ်ဘူး

စာအုပ်နာမည်ဟာထူးဆန်းစွာနဲ့မပါချေ
ပထမဆုံးစာရွက်ကိုဖတ်ကြည့်တော့

"မြင့်မြတ်တဲ့ဘုရင်တစ်ပါးက
စစ်သူကြီးတစ်ဦးကိုချစ်မြတ်နိုးခဲ့သောကြောင့်
နတ်ရွာစံခဲ့ရတယ် "

ဘုရင်တစ်ပါးကစစ်သူကြီးကိုချစ်မိနိုင်တာပဲ
ဒါကဘာများခြားနားသွားလို့လဲ
ယောကျာ်းဟန်ဆောင်ထားတဲ့မိန်းမစစ်သူကြီးလား
ဒါမှမဟုတ်တိုင်းပြည်ကိုသစ္စာဖောက်လို့လား

အတွေးတွေကခေါင်းထဲကိုအစီအရီနဲ့တိုးဝင်လာတယ်

မိုးတွေရွာနေတာရပ်တန့်မယ့်ပုံလည်းမရှိဘူး

အိပ်ရခက်တဲ့ညတွေများလာလေ
သူ့အတွက်ဘေးဖြစ်လေပဲ
ဆေးတွေကူရတဲ့ညတွေက
စိတ်ပျက်ဖွယ်ကောင်းတယ်

အိပ်ဖို့ရေရွတ်နေရတယ် မိုးသံတွေနဲ့အတူ
သိုးလေးတစ်ကောင် သိုးလေးနှစ်ကောင်
မရေမတွက်နိုင်တဲ့အကောင်တွေရေတွက်ပြီးနောက်
သူဟာအိပ်ပျော်သွားခဲ့တယ်

ခက်ခဲတဲ့နေ့တွေထဲမှာအိပ်စက်ရတာက
သူ့ကိုသူနှိပ်စက်ခြင်းတွေနဲ့နှိပ်စက်နေသလိုပဲ

အိပ်မပျော်နိုင်တဲ့ရောဂါကိုပျောက်အောင်လုပ်ဖို့
တွေးတောရင်း.....

[ချင်မင်းဆက်]

"အရှင်မင်းကြီး ဆောင်ကြာမြိုင်ကိုလာတာဟာ
မသင့်တော်ပါဘူး"

"ဘာလို့မသင့်တော်တာလဲ "

ယပ်တောင်အား ဖြန့်ခါလို့တဖျတ်ဖျတ်ခတ်ကာ
နှုတ်ခမ်းနားအားခပ်ဖွဖွရိုက်ရင်း
ကိုယ်ရံတော်ကိုမေးမိတယ်

မိန်းကလေးလိုဝတ်ဆင်ပေးခြင်းခံရတဲ့ကိုယ်ရံတော်ရှန်းက
ကျားကျားယားယားမိန်းမပျိုလေးလို
ချစ်စဖွယ် နူးညံ့တဲမျက်နှာလေးနဲ့မလိုက်
ကျားယားနေသောကိုယ်

"မင်းကိုငါကိုယ်တော်ဆင်ပေးထားတာ မိန်းကလေးအဝတ်အစား​နော်"

"အရှင်မင်းကြီးကရောဘာလို့မိန်းကလေးလိုဝတ်စားထားရတာလဲ
ကျနော်မျိုးနားမလည်နိုင်တော့ဘူး
မင်းသားလေးလိုဝတ်စားလည်းအဆင်ပြေတာပဲကို"

"တိတ်စမ်း မင်းကငါကိုယ်တော်ကိုအာခံတာလား"

မိန်းကလေးအဝတ်အစားနဲ့ချက်ချင်းဒူးထောက်ဖို့ပြင်နေသော
ကိုယ်ရံတော်ရှန်းကြောင့်ချက်ချင်းတားယူရတယ်

"ခဏခဏ မင်းကလည်းအားနေဒူးထောက်ဖို့ပဲ
မင်းသားလိုဝတ်ရင်ငါကိုယ်တော်နန်းတော်ထဲကခိုးထွက်တာကို
လုပ်ကြံသူတွေကိုအသိပေးသလိုဖြစ်နေမှာပေါ့"

"ဒါဆို ဘာလို့ဆောင်ကြာမြိုင်ကိုလာရတာလဲ
အရှင်မင်းကြီးရယ်"

"ဒါကတော့အလှအပကိုခံစားရတာပေါ့"

ယပ်တောင်ကိုမျက်နှာတစ်ဝက်ဖုံးပြီး
အနားကနေဖြတ်လျောက်သွားတဲ့
နန်းတွင်းအရာရှိတွေကိုဖြားယောင်းသလိုကြည့်လိုက်တယ်

"အရှင်မင်းကြီး ယောကျာ်းသားတွေကိုစိတ်ဝင်စားလို့လားဟင်"

"မင်း ခေါင်းဖြတ်ခံချင်နေပြီလား
ဒီည မိုစစ်သူကြီးဒီကိုလာမယ်လို့မင်းသတင်းမကြားဖူးလား"

"အဲဒါ"

"တိုင်းပြည်ကိုတကယ်ကာကွယ်တာလား
သစ္စာဖောက်ဖို့ကြံရွယ်နေတာလားဆိုတာကို
လာစစ်ဆေးတာ"

"အော် အဲ့လိုလား.."

နွဲ့နှောင်းနှောင်းအမူအရာတွေက
အလှကိုပိုတိုးစေတယ်
ရိုးရှင်းလှတဲ့အဖြူရောင်ဝတ်စုံကိုဆင်မြန်းပြီး
ကျောက်စိမ်းဖြူဆံထိုးလေးနဲ့တစ်လွှာကိုထုံးဖွဲ့ပြီး
ကျန်ဆံပင်များကိုဖြည်ချထားတယ်

ဘေးနားမှာရှိတဲ့ကိုယ်ရံတော်ရှန်းကတော့
ခရမ်းနုရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး
ဆံပင်တွေကိုသေချာထုံးဖွဲ့ထားတယ် ဘယ်နေရာကနေကြည့်ကြည့် မိန်းမမဆန်ပေ

ဆူညံနေတဲ့ဆောင်ကြာမြိုင်ဟာလူတစ်စု ဝင်လာတဲ့အချိန် မီးကိုရေနဲ့ဖျန်းလိုက်သလို ငြိမ်သက်သွားတယ်
ဒါဆို ဒါကမိုစစ်သူကြီးတို့လာနေတာပေါ့
ကြားသိရတဲ့သတင်းတွေအရ
မိုစစ်သူကြီးကပြိုင်ဘက်ကင်းစစ်နတ်ဘုရားဖြစ်တယ် သူ့ဘက်မှာစစ်တပ်အာဏာတစ်ခုလုံးရှိပေတယ် နောက်လိုက်တွေအပေါ် သွေးသောက်ညီနောင်လို သဘောထားကာ မိသားစုလိုဆက်ဆံတယ်

ပြီးတော့သူကရက်စက်ရင်သေဆုံးခြင်းနတ်ဘုရားလိုပဲ  ချောမောလှတဲ့လူတွေက ဝင်ရောက်လာတယ် သူတို့အတွက်သီးသန့်စီစဉ်ပေးထားတဲ့အခန်းကို သွားနေကြတယ်

"အရှင်မင်းကြီး စစ်သူကြီးမိုကိုမြင်ဖူးလား"

"ဟင့်အင်း မင်းကော"

"ပြောပုံအရဆိုသူ့အရပ်ကတော်တော်ရှည်တယ်စူးရှတဲ့မျက်လုံးနက်မှောင်တဲ့မျက်ခုံးဖြောင့်တန်းနဲ့နှာတံ သူမတူတဲ့အရှိန်အဝါတွေရှိတယ် "

"ဒါဆိုသူက အရှေ့ဆုံးကတစ်ယောက်လား"

"ဟုတ်မယ်ထင်တယ်.."

အခန်းထဲဝင်သွားတဲ့လူတစ်စုကိုကြည့်ပြီး
နှမြောတသအသံထွက်လာတယ်

သူတို့ဘာတွေဆွေးနွေးမလဲသိချင်တယ်

"ထားလိုက်ပါတော့ ပြန်ကြရအောင်"

"အမိန့်တော်အတိုင်းပါ"

ယပ်တောင်နဲ့ကိုယ်ရံတော်ရှန်းထိပ်အားခေါက်ချလိုက်သည်

"မင်းလုပ်တာနဲ့လုပ်ကြံသူတွေအနားရှိရင်
ငါကိုယ်တော်နတ်ရွာစံနေလောက်ပြီ"

"ခွင့်လွှတ်တော်.."

"မင်းပါးစပ်ပိတ်ပြီးလိုက်ခဲ့"

ဆောင်ကြာမြိုင်ထဲကနေအထွက်
လူတစ်ယောက်ကသူ့ကိုဝင်တိုက်သွားတယ်

လဲကျပြီထင်ပေမဲ့ ထိုလူကမိမိရဲ့ခါးကိုထိန်းကိုင်ပေးထားတယ်

ထိုးထားတဲ့ကျောက်စိမ်းဖြူဆံထိုးလေးကပြုတ်ကျသွားပြီး
ဆံပင်တွေကပြေကုန်တယ်

အသိဝင်လာတော့ထို့လူဆီကနေရုန်းထွက်ပြီး

"ဒီကအကိုကြီးကိုနှမငယ်ကျေးဇူးတင်ပါတယ်
သွားခွင့်ပြုပါဦး "

ကျကျန်ခဲ့တဲ့ဆံထိုးလေးကို
ကောက်ယူထားရင်း
ထွက်ခွာသွားတဲ့အဖြူရောင်ပုံရိပ်လေးကို
ငေးကြည့်နေမိတယ်

ရှောင်းကျန့် ရုံးကိုမရောက်ခင်
ထိုစာအုပ်ကိုဖတ်နေတာ

အစီရင်ခံစာတွေ ပြန်စစ်ဖို့မေ့လျော့တဲ့အထိကိုပဲ

ကိုယ့်ကိုပြန်သတိပေးပြီး
ဖတ်လက်စကိုbookmarkနဲ့မှတ်ထားခဲ့တယ်

သူကတော့အစည်းအဝေးလုပ်ရမယ်မဟုတ်လား

© 梅花 白,
книга «NEEDFULL (家)».
Коментарі