Breeze
2024-12-31 06:07:39
Думки вголос
ကိုယ့်အပေါ်ဆိုးသမျှကိုလည်း နားလည်ခွင့်လွှတ်ပေးနိုင်တယ်။
အမြဲတမ်းအနိုင်ယူနေတာတွေအထိလည်း သည်းခံနိုင်ပါသေးတယ်။
ဒါပေမဲ့ တစ်ခါတလေကျတော့ ကိုယ်လည်း ကိုယ်ချစ်ရသူဆီက ဂရုစိုက်မှုလေးတွေ လိုချင်မိတယ်။
သူ့ကို ကိုယ်အမြဲဦးစားပေးခဲ့သလိုမျိုး ကိုယ်လည်း တစ်ခါတလေ ဦးစားပေးခံချင်တယ်။
သူ့ကို ကိုယ်အရေးပေးသလိုမျိုး ကိုယ့်ကိုလည်း အရေးပေးစေချင်တယ်။
ကိုယ့်ခံစားချက်လေးတွေကိုလည်း နည်း"လောက်ဖြစ်ဖြစ် ထည့်တွေးပေးစေချင်တယ်။
အမြဲတမ်း တစ်ယောက်တည်းဖြစ်နေရတဲ့ခံစားချက်၊ နှစ်ယောက်အတူရှိနေချိန်မှာတောင် အထီးကျန်နေရတဲ့ခံစားချက်၊ ဂရုစိုက်မခံရတဲ့ခံစားချက်တွေကို ဘယ်အချိန်ထိသည်းခံနေနိုင်မလဲ မသေချာတော့ဘူး။