Breeze
2024-02-12 16:22:54
Daisy Feelings
Думки вголос, Особисте
မင်းနဲ့ပတ်သက်ရင် အသေးအဖွဲလေးတွေကအစ လိုက်ခံစားနေမိတတ်တဲ့စိတ်။
ဘာရယ်မဟုတ်စနောက်လိုက်တဲ့စကားလေးတွေမှန်းသိနေရဲ့နဲ့တောင် ဝမ်းနည်းနေမိတတ်တဲ့စိတ်။
ကိုယ်မဟုတ်တဲ့အခြားတစ်ယောက်အကြောင်း မင်းရဲ့နှုတ်ကဟလိုက်ရင်ကို သဝန်တိုနေမိတတ်တဲ့စိတ်။
စိတ်ဆိုးစိတ်ကောက်ပစ်ချင်ရင်တောင် ကိုယ်တို့နှစ်ယောက်ကသက်ဆိုင်သူတွေမဟုတ်ကြောင်း ဦးနှောက်ဆီကသတိပေးနေတဲ့အသိ။
ထိန်းချုပ်ဖို့ခက်တဲ့မသိစိတ်ရဲ့ခံစားချက်တွေနဲ့ ဖွင့်ဟမရတဲ့အခြေအနေတစ်ခုအတွက် ဦးနှောက်ရဲ့ချုပ်ထိန်းမှုအောက်ကအသိစိတ်တွေ လွန်ဆွဲမှုကြားမှာ ဒီလူဟာလည်း အလဲလဲ အပြိုပြို။
တစ်ယောက်တည်းစိတ်ကောက် ...
တစ်ယောက်တည်းအလိုမကျ ...
တစ်ယောက်တည်းဝမ်းနည်း ...
တစ်ယောက်တည်းစိတ်ပြေလိုက်ရတဲ့အခိုက်အတန့်တွေ ...
ပြန်မချော့ရကောင်းလားဆိုပြီး ရန်ရှာခွင့်လည်းမရှိတဲ့ဘဝက သိပ်ကိုပင်ပန်းတာပဲ။
နောက်ဆုံးကျတော့လည်း ကိုယ့်အပိုင်မဟုတ်တဲ့လူသားလေးအပေါ် သေးသေးလေးကအစ အလေးအနက်ခံစားချက်တွေထားနေမိတဲ့ ကိုယ့်အပြစ်ပဲပေါ့ကွယ်။
🌼 | Feb 12, 2024 [Mon]