လမ်းထိပ်မုန့်ဆိုင်
အနီရောင်
နှင်းဖန်လုံး
အနီရောင်
"Bae.."

တစ်ဝရှူထားတယ့်‌ေလကို ကျွန်တော့် လည်ပင်းနားမှာရှူထုတ်လိုက်ပြီးညီတွား‌ခေါ်နေတယ့်သူ့အသံ။

"ချစ်တယ် "

ကျွန်တော့်ရဲ့နားရွက်ဖျားကို တတိတိကိုက်ရင်း ဒီစကားကိုသူတီတိုးပြောနေတယ်။

မောဟိုက်သံ ။ ကျေနပ်မှုအပြည့်ရှိတယ့် အသံမျိုးနဲ့ပေါ့။

ဒီနားရွက်ဖျားလေးဟာ ကျွန်တော်ရဲ့အားနည်းချက်ဆိုတာ ကျွန်တော့ကိုယ့်ပေါ်က အပြင်းအထန်လှုပ်ရှားနေသူ ကောင်းကောင်းသိပေမယ့် ဒီစကားလုံးဟာလည်း အားနည်းချက်တစ်ခုဆိုတာ မသိခဲ့ရှာဘူးထင်တယ် ။

ချစ်တယ်ဆိုတယ့်ဒီစကားတစ်ခွန်းကြောင့် လှုပ်ရှားနေတယ့် ဒီအစိတ်အပိုင်းတွေဟာ လျှပ်စစ်မီးပြတ်တောက်သွားသလို ရပ်တန့်သွားတယ် ။

သူ့ဆီက ရမ္မက်ထန်တယ့် အော်သံတွေနဲ့အတူဆန္ဒပြည့်မြောက်သွားဟန်တူပါတယ်။

ကျွန်တော်ကတော့ ခုနကသူပြောခဲ့တယ့် "ချစ်တယ်"ဆိုတယ့်ဝေါဟာရကြောင့် ဘာမှမတွေးချင်လောက်အောင် ပူထူနေတယ်။

"ကလေး ..ချစ်တယ် "

"ချစ်တယ် "

"မင်းကို ကိုယ်ချစ်တယ်"

တစ်ချိန်ကဒီစကားကို အထပ်ထပ်အခါအခါပြောခဲ့ဖူးတယ့်သူ ရဲ့အသံတွေဟာ ပဲ့တင်ထပ်ကြားယောင်လာတယ်

 သူတို့ဆန္ဒပြည့်မြောက်ဖို့အတွက်ဒီစကားလုံး
"ချစ်တယ်" ဆိုတယ့် ဒီစကားလုံးကိုအသုံးပြုပြီး အရယူကြတာလား။

"Bae လာပါဦး .. ကိုယ့်ဆီကို "

အတွေးများပြီး မှောက်လျက်အနေအထားကနေ မပြောင်းသေးတယ့်ကျွန်တော့ကို သူ့အနားဆွဲခေါ်ရင်း ပွတ်သတ်ပေးနေတယ်။
 
နားရွက်ဖျားလေးတွေကိုနမ်းလိုက်၊ ပါးလေးတွေကိုနမ်းလိုက် ၊ မျက်ခွံတွေကိုနမ်းလိုက်နဲ့ သူတစ်ယောက်တည်း အလုပ်ရှုပ်နေဟန်တူတယ်။

ကျွန်တော် သူ့လက်တွေကိုဆွဲယူပြီး အကြည့်ချင်းဆုံလိုက်တယ်။
"ပြောဦး"

သူနားမလည်ဟန်နဲ့ကျွန်တော့ကို ပြန်စိုက်ကြည့်ရင်း ...
"ဘာကိုလဲ" လို့ ပြန်မေးနေပုံက စွဲမက်စရာ။
 
အညိုရောင်မျက်ဝန်းတွေ ၊ မီးရောင်ဖျော့ဖျော့အောက်မှာတောင် ဆွဲဆောင်မှုရှိတယ် ။ မျက်ခုံး ၊မျက်လုံး ၊ ဘာမှပြောစရာမရှိသလို ၊ ခန္ဓာကိုယ်အချိုးအစားက အစ ကျွန်တော့်စိတ်ကြိုက်လူဖြစ်ပေမယ့် တစ်ခုပဲ ။ ကျွန်တော်တို့ မပြောဖို့ကတိထားထားကြတယ့် ဒီစကားတစ်ခွန်းကို သူပြောခဲ့လိုက်ပြီ။

ဒီစကားလုံးကို လူတစ်ယောက်ဆီက ကြားပြီးတယ့်နောက်မှာတော့ လုံလောက်သွားခဲ့ပါပြီ။ နောက်ထပ် ထပ်ကြားဖို့မလိုတော့လောက်အောင်။ ထပ်မကြားချင်တော့လောက်အောင်ပေါ့။
ဒါကြောင့်လည်း နောက်ထပ်ကျွန်တော့နားချဉ်းကပ်လာသူတွေကို ဒီစကားကို ဘယ်တော့မှ မသုံးဖို့ကတိထားခဲ့ကြပေမယ့် ခုလိုပဲ လွယ်လွယ်ဖောက်ဖျက်လိုက်ကြတာချည်းပဲ ။

"ကျွန်တော် ရေသောက်လိုက်ဦးမယ်"
ပြောပြီး ကုတင်ပေါ်က ဆင်းလာခဲ့တယ်။

ကျွန်တော့်တင်ပါးကို လှမ်းရိုက်လိုက်ပြီး "မြန်မြန်လာ" ဖို့ ပြောနေတယ့်သူ့ကို လှည့်ပြုံးပြလိုက်ပြီး ထမင်းစားခန်းထဲဝင်ခဲ့တယ်။

ရေခဲသေတ္တာထဲက ရေခဲရေတစ်ဗူးကို တစ်ဝက်လောက်ထိ ကုန်အောင်သောက်ပြီးတယ့်နောက်မှာတော့ စိတ်ကပိုပြီး တက်ကြွလာသလိုခံစားရတယ်။
ထမင်းချက်တယ့်နားက မှန်ပြတင်း‌ပေါက်မှာထင်နေတယ့်ကိုယ့်ပုံရိပ်မဲမဲကိုကြည့်ပြီး အော်ရယ်ချင်လာပြန်တယ် ။

 တစ်ချိန်ကတစ်‌ေယာက်‌ေသာသူသိပ်ကြိုက်ခဲ့တယ့် အရွက်လှီးဓါးတစ်လက်ဆီအကြည့်ရောက်သွားတော့ တစ်ယောက်ယောက်ကိုလွမ်းမိသလိုဖြစ်သွားတယ်။

"ဒါက ..ကို့ ကိုဟင်းချက်ဖြစ်စေခဲ့တယ့်ဓါးလေ"

ထမင်းစားပွဲခုံမှာထိုင်နေတယ့် ကျွန်တော်ဘက်လှည့်ပြီး သူ့ရဲ့ မဟာဓါးရာဇဝင်အကြောင်းရှင်းပြဖို့ ဟန်ပြင်နေတယ့်ချောမောတယ့်ကို့ကို့ပုံရိပ်ဟာ မမေ့ချင်စရာ။

"အမေက အိမ်ကဓါးတွေတုံးနေပြီဆိုပြီးဝယ်လာတာ။ ဒီဓါးက တကယ်ကိုင်လို့ကောင်းပြီး ပြတ်တာ။ အဲ့ဓါးဝယ်လာပြီးနောက်ပိုင်း အမေ့ကို မီးဖိုချောင်ကူပေးရင်းနဲ့ ဟင်းချက်ဝါသနာပါလာပြီး ခုလို chefတစ်ယောက်ဖြစ်လာခဲ့တာ "

ကျွန်တော့်ကို သူ့ဓါးဟာသိပ်ဂုဏ်ယူရတယ့်ဓါးဖြစ်ကြောင်းရှင်းပြပြီး ဟင်းဆက်ချက်နေတယ့် ကိုကို ဟာ သိပ်ခန့်ညားတာကတော့ အမှန်ပင်။

တကယ်တော့ ဒီမြင်ကွင်းကို ဒီလိုပုံစံအတိုင်းရှင်းပြနေတယ့် ကို့ကိုပုံစံမြင်ဖူးခဲ့တယ်။ဒီတိုက်ခန်းမှာပဲ ကျွန်တော်မဟုတ်တယ့်သူတစ်ယောက်ကိုပေါ့။ ပြီးတော့ ဒီနေရာမှာပဲ သူတို့အနမ်းတွေဂဟေဆက်ခဲ့ကြပြီး ....

"ကလေး ..ကြာလိုက်တာ"
 အိပ်ခန်းက အော်သံကြောင့်တွေးလက်စတွေ အမျှင်ပြတ်သွားပြီးအထိတ်တလန့်ရေဗူးတွေပါလွှတ်ချမိသွားတယ်။
အေးစက်စက် ရေခဲရေတွေဟာ ခြေဖဝါးအောက်စီးဝင်လာကြပြီး အသိစိတ်အချို့ကိုနှိုးဆွနေသယောင်။

ခုနက အသီးအရွက်လှီးဓါး‌ပါးလေးကိုယူလာခဲ့ပြီး အခန်းထဲကသူကို လက်ဆောင်ပေးချင်စိတ်တွေက ထိန်းမရဖြစ်လာခဲ့ပြီ။
အခန်းတစ်ခါးကို အသာလေးလော့ချ၊ လက်ကိုအနောက်မှာဖွက်ထားပြီး သူ့အတွက်လက်ဆောင်ပါလာကြောင်း‌ေပြာလိုက်‌ေတာ့အရောင်တောက်နေတယ့်မျက်ဝန်းညိုတွေနဲ့ပြန်ကြည့်နေတယ်။

စောင်ခြုံထားတယ့်သူ့ခန္ဓာကိုယ်‌ပေါ်ခွထိုင်လိုက်တော့
 "နောက်တစ်ခါ စိတ်ပါလာပြီလား"ဆိုပြီး ရေရွတ်သံနဲ့သူဟာ အပြင်ကင်းစင်သည့်သဖွယ်။
အင်း..သူလုပ်ထားတယ့် အပြစ်ကိုလည်း သိပုံမရဟန်ပါပဲ။

"One"

"Two"

အမှတ်စဉ်ရေသံကို မျှော်တလင့်လင့်နဲ့စောင့်နေပုံဟာ ဒီဆုလာဘ်နဲ့ ထိုက်တန်သည့်အသွင်။

"Three"

အား..................

သူ့ရဲ့ ညည်းတွားအော်သံနဲ့အတူ ကျွန်တော်ရဲ့လက်ဆောင်ဟာလည်းသူရဲ့နှလုံးသားတည့်တည့်မှာပျော်ဝင်နေခဲ့တယ်။
အဆုံးထိ ။ တစ်ချက်တည်းနဲ့ပေါ့ ။ 

ဒီညည်းတွားအော်သံဟာ ခုနကထက်ပိုကျယ်ပေမယ့် ဒါဟာလည်း သူစိတ်ကျေနပ်မှုအပြည့်အဝရခဲ့တယ်လို့ ကျွန်တော်မှတ်ယူလိုက်ပါမယ်။

သူ့ပုံစံကြည့်ရတာ အကျေနပ်လွန်ပြီး ဆွံအသွားသလိုပင်။
အသက်ကို အသည်းအသန်လုရှူနေရပြီး ၊ ကျွန်တော့ကို တစ်ခုခုပြောဖို့ကြိုးစားနေသည့်ပုံပင်။
ကျွန်တော့လက်ဆောင်ကို သူ့ရဲ့နှလုံးသားထဲ နာရီလက်တံအတိုင်းလှည့်လိုက်ပြီး ဆွဲယူလိုက်သည်။
သူ့ရဲ့ တအိအိညည်းသံများက ကျွန်တော့အသားကိုထိုးဖောက်မွှေနောက်ပြီး နားရွက်ကလေးများကို တတိတိကိုက်တုန်းကလောက်တောင် ပျော်ရွှင်နေဟန်မတူ။

ကျွန်တော့်နားနားကပ်ပြီး ကျွန်တော်အမုန်းဆုံးစကားကိုပြောခဲ့တယ့် သူ့ရဲ့လည်ချောင်းတွင်းထဲကို ကို့ကို့ရဲ့အဖိုးတန်ဓါးလေးကို ထိုးသွင်းပေးလိုက်တယ်။

အားအပြည့်နဲ့ ။ အဆုံးထိရောက်အောင် ။
အနီရောင်မှင်ရည်တွေက နံရံတစ်လျှောက်ပေကျံသွားပြီး
ကြည့်ရတာ စိတ်ကျေနပ်မှုအထွတ်အထိပ်ရောက်ပြီး စကားမပြောနိုင်တော့သည့်ပုံပင်။
မျက်လုံးပြူးကြီးများဖြင်တံခါးဝကိုမျက်တောင်မခတ်ကြည့်ရင်း အသက်လုရှူနေရသည်။

"ကိုကို့ .. ကတိတစ်ခုပေး "
ဟင်းချက်ရင်းလှည့်ကြည့်နေတယ့် ကို့ကို့မျက်နှာကိုသေချာစိုက်ကြည့်ရင်း
"ကျွန်တော်တစ်ယောက်တည်းကိုပဲ ချစ်တယ်လို့ပြောပါ "
"ပြီးတော့ ကို့ကို့ အနားမှာ ကျွန်တော်တစ်ယောက်ပဲရှိခွင့်ပေးပါ "
"နော် .. ကိုကို "  ဒီကတိလေးတစ်ခုကိုတော့တောင်းခဲ့တယ်။
သိပ်ချစ်ရတယ့်ကိုကို့ကို တစ်ယောက်တည်းအပိုင်လိုချင်တာဟာ အတ္တကြီးသွားသလား။
တစ်ယောက်နဲ့တစ်ယောက်ချစ်ကြပြီဆို အတူရှိချင်ကြတာသဘာဝပဲလေ။
ကိုကိုလည်း ကျွန်‌တော့်ကိုချစ်ခဲ့ပြီးကျွန်တော်လည်းကို့ကို့ကို ချစ်လွန်းလို့ ၊ တစ်သက်လုံးအတူတူရှိချင်လွန်းလို့ ဒီကတိကိုတောင်းခဲ့တာပါ။

"ဒါများ..ပေးတာပေါ့"ဆိုပြီးပြောခဲ့တယ့် ကိုကိုဟာ ကျွန်တော်တန်ဖိုးထားသလို ဒီကတိကိုတန်ဖိုးမထားခဲ့။

ကျွန်တော်နဲ့ အတူအိပ်ခဲ့တယ့် ဒီအိပ်ရာမှာပဲအခြားတစ်ယောက်ု "ချစ်တယ် "ပြောရင်း ထွေးပွေ့ထားခဲ့တယ် ။

စက်ဆုပ်စရာ ။
နာကျည်းမုန်တီးချင်းစရာ ။
ပြီးတော့... သတ်ပစ်ချင်စရာ။

"ပြောဦး ချစ်တယ်"

"ငါ့ရဲ့ ကတိတွေကိုလည်းအလွယ်တကူမေ့ပစ်စမ်း"

လျှံတက်လာတယ့်ခံစားချက်တွေနဲ့အတူ မရေမတွက်နိုင်
တယ့်ဓါးချက်ပေါင်းများစွာကိုလည်း သူ့ခန္ဓာကိုယ်မှာ အလှဆင်နေခဲ့မိတယ်။

"ကိုကို .. ကျွန်တော့ကိုလိမ်တယ်"

"စိတ်မပူပါနဲ့ ..ကို့ကို့ဆီကိုနောက်ထပ်သူငယ်ချင်းတစ်ယောက်ထပ်ခေါ်လာပါပြီ "

ပျော်လွန်းလို့မျက်ရည်တွေပါ စီးကျလာခဲ့မိပြီ။

အခန်းရဲ့ decorationကအခုမှပိုအသက်ဝင်လာသလိုပဲ။ အနီရဲရဲ ဟိုတစ်ကွက်ဒီတစ်ကွက် စုပ်ချက်တွေက မျက်နှာကျက်နဲ့ နံရံမှာ ပနံသင့်နေတယ်။

ကိုကိုသိပ်ကြိုက်တယ့်အနီရောင် ။
နှစ်ယောက်လုံးအတူတူကြိုက်ခဲ့ကြတယ့် အနီရောင်။

ကျွန်တော်တို့အနီရောင်ကြိုက်တာချင်းတူတာကို သိခဲ့ကြတုန်းကဆို "ကိုကိုတို့က ဖူးစာဖက်တွေ"လို့ ရယ်ရင်းပြောခဲ့တယ့် ကို့ကို့အပြုံးတွေဟာ မက်မောစရာပါပဲ။

အခုတော့ အေးစက်စက်မြေအောက်ခန်းထဲမှာလဲလျောင်းရင်းဘယ်လောက်များ အထီးကျန်နေပါလိမ့်။

အနီရောင်တွေဟာ သိပ်လှတယ်။

ပြီးတော့ ...

ပထမဆုံး အနီရောင်ပန်းချီကား ပိုင်ရှင်ဟာလည်း
သိပ်လှခဲ့ပါတယ် ။      ။



Thank you so much^_^
                                                                #1547_words

© Usagi 1485,
книга «Short stories».
နှင်းဖန်လုံး
Коментарі