MID-4 ( Zawgyi )
"Kyungine Hyung..ကျွန်တော်မေးချင်တာရှိတယ်.."
အခုကတော့ နေ့လည်နားချိန်ဖြစ်တဲ့အတွက် ကန်တင်းမှာထိုင်ရင်း မုန့်စားနေကြတာပါ...ကျွန်တော်ကတော့ မုန့်စားတာထက် Hyung ကိုပဲကြည့်နေမိတာ... Hyung စားနေတာလေးက ချစ်စရာလေးဖြစ်နေတယ်လေ...
"မေးလေ.. SeHunရဲ့.. Hyung သိရင်ဖြေပေးမှာပေါ့.."
"ဟိုလေ Hyung ကဘာလို့ တနှစ်နောက်ကျတာလဲဟင်..."
"Hun ..မေးလို့အဆင်ပြေလား မပြေလားအရင်မေးလေ.."
Sehunမေးတဲ့စကားအဆုံး Kyung Sooရဲ့ သက်ပြင်းချသံသဲ့သဲ့ကြောင့် Luhan ကဝင်ဟန့်လိုက်ခြင်းသာ...
"ရပါတယ် Luhanရယ် ငါ ဖြေပေးလို့ရပါတယ်.."
Jong In ကတော့ SeHunတို့ ပြောနေသည့်စကားကိုပဲ နားထောင်ရင်း Kyung Sooကိုငေးကြည့်နေလေရဲ့... သူလည်းသိချင်နေခဲ့တာပါ..
"Hyung ..မဖြေခင် Luhan ကရော ဘာလို့ 1နှစ်နောက်ကျတာလဲ အရင်မေးလို့ရမလား.."
"ဒါကဒီလို Kyung Sooရဲ့ ... Hunက ငါနဲ့ပဲတူတူတက်ချင်တာလေ....ပြီးတော့Hun နဲ့ငါက ငယ်ငယ်လေးထဲက အိမ်ချင်းကပ်နေခဲ့တော့Hun ကငါမပါဘဲ ကျောင်းလုံးဝမသွားလို့ ငါက1 နှစ်နောက်ကျပြီးကျောင်းတက်လိုက်တာ..."
"အခု Kyungine Hyung ဖြေပေးလို့ရပြီလားဟင်..."
"ဟုတ်တယ် Hyung ကျွန်တော်လည်း သိချင်တယ်.."
Jong In ပါဝင်ပြောတော့မှ Kyung Soo ကသက်ပြင်းလေးချပြီး ပြောပြတော့တယ်...
"Hyung လည်း Luhan လိုပဲ... Hyung အရမ်းချစ်မိသွားတဲ့ လူတယောက်ကြောင့်ပါပဲ.."
Hyung ပြောလိုက်တဲ့စကားကြောင့် ကျွန်တော့်ရင်ထဲမှာ တခုခုဖြစ်လာသလိုပဲ အရမ်းလည်းဝမ်းနည်းလာမိတယ် ..အကြောင်းအရင်းကိုမသိပေမယ့်.. Hyung မှာ ချစ်တဲ့သူရှိတယ်ဆိုတဲ့အသိက ကျွန်တော့်နှလုံးသားကို ဓားနဲ့ခြစ်ချလိုက်သလိုပဲ...
"အဲ့သူကဘယ်သူလည်း သိခွင့်ရှိမလား Hyung ..."
*ကျွန်တော် နောက်ကျခဲ့ပြီလား ဆိုတာ သိချင်လို့ပါ Hyung ရယ်*
"Hyung မပြောပြချင်ဘူး ... Jong In... Hyung မပြောပြချင်တာထက် မပြောပြရဲဘူး သူက St8 တယောက် ဒီအကြောင်းတွေသိပြီး Hyung ကိုမုန်းသွားမှာကြောက်တယ်..."
Hyung ရယ်.. သူက Hyung နှလုံးသားထဲမှာ တော်တော်နေရာယူထားတာပဲနော်..ကျွန်တော်လေ Hyungကိုဖွင့်ပြောသင့်ရဲ့လားမသိဘူး ရယ် ... ကျွန်တော်စတွေ့ထဲက Hyung ကိုချစ်မိသွားတဲ့အကြောင်းကို...
ဘာပဲဖြစ်ဖြစ် ကျွန်တော် မျှော်လင့်လို့ ရဦးမယ်ထင်တယ် Hyung....
Sehun ကတော့ Kyung soo ပြောတဲ့စကားကိုကြားပြီး ခေါင်းငုံ့သွားတဲ့ Jong In ကိုအံ့ဩစရာတခုလို ကြည့်နေလေရဲ့... Luhan ကတော့ Kyung Soo ရဲ့ ကျောပြင်ကိုပုတ်ပြီးအားပေးနေလေတယ်...
Tin~~ Tin ~~Tin~~ (ကျောင်းတက်တဲ့အသံပါနော်😅)
"ကျောင်းတက်ပြီပဲ အတန်းပြန်ရအောင်.."
" Jong In မင်းတခုခုဖြစ်လို့လား.. "
SeHunရဲ့စကားကြောင့် Hyung က သူ့မျက်လုံးဝိုင်းလေးတွေနဲ့ကြည့်လာတယ်...
" Arny ဘာမှမဟုတ်ပါဘူး အိမ်ရောက်ရင် လုပ်စရာတွေအများကြီးရှိတာကို သတိရသွားလို့ပါ..."
"အေး...အဲ့တာဆို ထ သွားမယ်.."
"ထလေ .."
Hyung ကပြောရင်း သူ့လက်လေးကမ်းလာတယ် လက်ကို ဆုပ်ကိုင်လိုက်မိတယ် ခံစားမှုက မနက်ကလိုပဲ ရုတ်တရတ်စိတ်ထဲမှာ ကမ္ဘာတခုလုံးကို အပိုင်စားရသွားသလိုပဲ ဒါပေမယ့် လက်ကပိုင်ရှင်ရှိတယ် ဆိုတဲ့အသိက ကျွန်တော့်ရဲ့ နှလုံးသားကို ဓားတလက်နဲ့ ခြစ်တာထက်နာကျင်ရတယ် သေချာပါတယ် Hyung ကိုကျွန်တော် ချစ်မိနေပြီ...
အတန်းကတော့ ခါတိုင်းလိုပဲ ပြီးဆုံးသွားတယ် ကြားထဲကပြောင်းလဲသွားတာတော့ ကျွန်တော်ပဲပေါ့ ... Hyung ကိုပဲငေးကြည့်နေတာလေ..
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျောင်းဆင်းတော့......
Hyung ပြန်မယ့်နေရာကို မေးကြည့်လိုက်တော့ ကျွန်တော့်အိမ် နဲ့ 2 လမ်းပဲခြားတာကြောင့် တူတူပြန်ဖြစ်တယ် အခုလိုဆိုတော့လည်း ကားပျက်သွားတာတောင်ကျေးဇူးတင်ရမလိုပဲ...
ဟို HunHan 2ယောက်က တူတူပြန်နေကြလေ...
Hyung နဲ့အတူတူ နှင်းဖွဲဖွဲလေးကျနေတဲ့ ကြားမှာ လမ်းလျောက်နေရတာကို အရမ်းကြိုက်မိတယ်..
နေ့တိုင်းဒီလိုပြန်လို့ရရင် ကောင်းမယ်...
"Jong In...နှင်းကျနေတဲ့အချိန်ဘာလုပ်ချင်လဲ.."
ရုတ်တရက်မေးလာတဲ့ မေးခွန်းကြောင့်ဘာဖြေရမှန်မသိတာနဲ့ Hyungကိုပဲ ပြုံးပြလိုက်မိတယ်.. Hyung
ကကျွန်တော့်ထက်ကြီးတယ်ဆိုပေမယ့် အရပ်က ကျွန်တော့်ပခုံးလောက်ပဲရှိတယ် ပြောရရင်ရင်ခွင်မှီအရပ်လေးပေါ့ဗျာ...
Hyungကကျွန်တော် ပြန်မဖြေတော့ ကျွန်တော့်ဘက်ကိုမေ့ကြည့်လာတယ် ကျွန်တော် ပြုံးပြီးကြည့်နေတာလဲတွေ့ရော..မျက်နှာလေးကရဲပြီး ပြန်ငုံ့သွားတာကြောင့် ကိုကြည့်ပြီး အားရပါးရရယ်လိုက်မိတယ် Hyungကတော့ ဘာလို့ရယ်တာလဲဆိုတဲ့ပုံစံနဲ့ မျက်စောင်းလေးဝင့်လာတယ် Hyungကလေဘယ်လိုနေနေအရမ်းချစ်ဖို့ကောင်းတာပဲ...
ရှက်နေတာဖြစ်ဖြစ်...
စိတ်ဆိုးနေတာဖြစ်ဖြစ်...
ပြုံးနေတာ ဖြစ်ဖြစ်လေ...
Hyungကိုငေးနေတာနဲ့ အရှေ့ကချောနေတဲ့ လမ်းကိုသတိမထားမိပဲ ချော်လဲတော့ Hyungကရယ်တယ် ရယ်လိုက်တော့ ပုံပေါ်လာတဲ့ အသည်းပုံနှုတ်ခမ်းလေးကြောင့် ကျွန်တော် ငေးမောမိသွားတယ်...
လှပလွန်းတယ်Hyung ယောက်ျားလေးတယောက်ကို ဒီလိုသုံးသင့်လားမသိပေမယ့် Hyung ကကျွန်တော့်အမြင်မှာလှပလွန်းတယ်
ဆေးမဆိုးပဲ နှင်းဆီလိုရဲနေတဲ့ နှုတ်ခမ်းလေးက ကျွန်တော့် ကိုဖမ်းစားနိုင်လွန်းတယ်Hyung ရယ်
ကျွန်တော်လေ အဲ့ နှုတ်ခမ်းလေးကိုတခါလောက်တော့ထိတွေ့ချင်မိတယ် Hyungရယ်...
"Jong Inအဆင်ပြေရဲ့လား ?..."
"Nae Hyungပြေပါတယ်.."
Hyungကိုပြောနေရင်းနဲ့ အရှက်ပြေ လည်ပင်းကိုပွတ်နေရတယ် ကျွန်တော်ကလည်း ကျားရှေ့မှောက်ရက်လဲသလို crush ရှေ့မှောက်ရက်လဲတာပဲ ဒါပေမယ့်ကောင်းတာတခုက ကျွန်တော် Hyung ရဲ့အသည်းပုံနှုတ်ခမ်းလေးမြင်ခွင့်ရခဲ့တယ်လေ တန်ပါတယ် 😇 ....
နှင်းဖွဲဖွဲကျနေတဲ့ ကြားမှာပျော်ရွှင်စွာရယ်မောနေကြတဲ့ ကောင်လေး 2ယောက်ရဲ့ပုံရိပ်က အရမ်းလှပနေခဲ့တယ်.. ဒါပေမယ့် အနာဂတ်မှာရော ပျော်ရွှင်နိုင်ပါ့မလား..
#TBC
Thanks for reading
Sandi ( 라나 )

Коментарі