P1
P1
"တိမ်ယံဦး"

"ဗျာ"

ကိုယ့်နာမည်ကို ကျယ်လောင်စွာအော်ခေါ်လိုက်သော တစ်ဦးတည်းေသာ အစ်မဖြစ်သူ တိမ်လွှာဦး၏အသံကြောင့် အလန့်တခြားထူးလိုက်မိသည်။

"ဟဲ့ ငါ့စားပွဲပေါ်မှာ တင်ထားတဲ့ Memorystick ကို နင်ယူထားသေးလား"

"ဟင်...သားက မမရဲ့ stick ကို ဘာလုပ်ဖို့ယူရမှာလဲ..မယူပါဘူး"

"အေး...အခု မတွေ့တော့လို့ ရှာနေတာလည်း နှံ့နေပြီ ၊ မတွေ့ဘူး ၊ နင်များယူထားသေးလားလို့မေးကြည့်တာ ၊ မယူရင်လည်း ပြီးရော"

"ဟုတ်"

ပြောပြီးသည်နှင့် ချက်ချင်းချာခနဲလှည့်ထွက်သွားသော အစ်မဖြစ်သူက သူ့မျက်နှာကို တစ်ချက်လေးတောင် ပြန်လှည့်မကြည့်ခဲ့။

တစ်ခုခုပျောက်ပြီဆိုရင် နင်ယူထားသေးလားဆိုပြီး လာလာမေးတတ်တဲ့အကျင့်က ဟုိးငယ်ငယ်လေးကတည်းက။ မယူမှန်းသိလျက် ခဏခဏ လာလာမေးနေတာ မမောတဲ့အတိုင်းပင်၊ နောက်ဆုံးကျ သူ့ဟာသူ နေရာအထားမှားပြီး ပြန်တွေ့တာက ခပ်များများရယ်။

တိမ်ယံတစ်ယောက် မိမိထက် လေးနှစ်ခန့်ကြီးသော အစ်မဖြစ်သူ၏ နောက်ကျောကို ကြည့်ပြီး သက်ပြင်းလေးချလိုက်ကာ ဖတ်လက်စ Comic စာအုပ်လေးကို အာရုံပြန်လွှဲလိုက်လေတော့သည်။

နောက်တစ်ပတ်ဆုိ Uni က စတတ်ရတော့မည်။ အခုလို ကိုယ်ကြိုက်တဲ့ စာအုပ်တွေကို အချိန်ပေးပြီး ဖတ်နိုင်တော့မည်မဟုတ်။ အဲ့ဒီတော့ အချိန်ရတုန်းလေး ပြီးသလောက် ကြိုးစားဖတ်ရဦးမည်။
ရသမျှ မုန့်ဖိုးလေးတွေကို စုပြီး ဒီ Marvel Series Comic Book လေးတွေကို ခက်ခက်ခဲခဲဝယ်ထားရတာ။ ဘဝမှာ ကိုယ်တန်ဖိုးအထားရဆုံးဆိုလို့ ဒီစာအုပ်တွေပဲရှိတာပါ။

အစ်မဖြစ်သူကတော့ရှင်းသည်။  Movies ကြည့်လိုက်လည်း ရတဲ့ဟာကို မျက်လုံးအညောင်းခံပြီးဖတ်နေသေးတယ်တဲ့၊ သူပြောတာလည်းဟုတ်ပါတယ် ဒါပေမဲ့ Movies ကြည့်ရတဲ့ခံစားချက်နဲ့ Comic ဖတ်ရတဲ့ အရသာက မတူဘူးလေ..။
အဲ့ဒီ ခံစားချက်ကို မမက မသိေသးလို့ပါ။

"ဟဲ့ ယံယံ"

"ခင်ဗျာ"

"လာမဲ့ မန်းဒေး နင်ကျောင်းစတတ်ရမှာ မှတ်လား ၊ အကုန်အဆင်သင့်ပဲလား"

ကိုယ့်အကြောင်းကို တစ်ခါမှ မေးဖော်မရတဲ့ အစ်မက ထူးထူးခြားခြား ဒီလုိလာမေးတော့စိတ်ထဲ ထူးဆန်းသလိုဖြစ်သွားသည်။

"ဟုတ်! အားလုံး အဆင်သင့်ပဲ၊
မနေ့က မေမေနဲ့ လိုအပ်တာတွေ အကုန် သွားဝယ်ပြီးသွားပြီ"

"အင်း ပြီးရော..."

မေးပြီး ဘာမှဟုတ်တာလည်း မဟုတ်၊ ပြီးရင် အခန်းထဲက ပြန်ထွက်သွားတာပဲကို။
ဒီတစ်ခါတော့ မရတော့ပါ။ အခန်းတံခါးကို ပြေးပြီး  လော့ချပစ်လိုက်တော့သည်။ နို့မို့ဆိုရင် ဒီကနေ့ ဒီစာအုပ်ကို အပြီးသတ်ဖတ်နိုင်မည်မထင်။

တိမ်ယံက ဖတ်လက်စ စာအုပ်ဆီသို့ တစ်ဖန်ပြန်လည် အာရုံစိုက်လိုက်ပြီး ပတ်ဝန်းကျင်ကို လုံးဝမေ့ပစ်လိုက်တော့သည်။

အသက်ကသာ ၁၇ နှစ်ထဲ ဝင်နေပြီ ၊ အခုထိ ကလေးစိတ်မကုန်သေးဘူးလို့ မေမေက သူ့မိတ်ဆွေ ၊ သူငယ်ချင်းတွေကို  ခဏခဏပြောနေကြ။ ဂုဏ်ယူတာလား ၊ အားမလိုအားမရဖြစ်တာလားတော့ မသိ၊
အဲ့ဒီအကြောင်းတွေပြောတဲ့အခါ မေမေ့မျက်နှာကြီးက ပြုံးလို့။
ဖေဖေကတော့ ယောကျာ်းသားပီပီ သားသမီးကို ဆုံးမစကားပြောတဲ့အချိန်ကလွဲပြီး ကျန်တဲ့အရာမှနိသမျှ ဘာတစ်ခုကိုမျှ ဝင်မစွတ်ဖက်။
မမလွှာ တစ်ယောက်သာ တစ်အိမ်လုံးကို
အနိုင်ကျင့်ဗိုလ်ကျနေတတ်တာ။ မိန်းကလေးလို့သာ ပြောတာ စိတ်ကလည်းကြမ်း  ကိုယ်ကလည်းကြမ်း။ မျက်နှာလှလှလေးရှိ၍သာ တော်သေးသည်။

ပြောမယ့်သာပြောရတာ ကိုယ့်မှာလည်း ဒီအစ်မတစ်ယောက်ပဲ ရှိတာ။ ချစ်တာကတစ်ပိုင်း ကြည့်မရတာက တစ်ပုိင်း။ တစ်ခါတစ်လေ စိတ်ကောင်းဝင်တဲ့အခါကျ အရမ်းချစ်ဖို့ကောင်းပြီး ပြသာနာ တစ်ခုခုတတ်သည့် အခါမှာတော့ သိပ်ကို ကြောက်စရာကောင်းသော လူစားမျိုး။

ကိုယ်ကလည်း အေးဆေးနေတတ်တဲ့လူမို့လို့။
မဟုတ်ရင်တော့လား ၊ နေ့တိုင်းနပန်းပွဲတွေချည်းပဲ ြဖစ်နေမှာ။

စာဖတ်နေရင်း အတွေးတွေက တောင်ရောက်မြောက်ရောက်ဖြစ်လာသည်မို့ ဖတ်လက်စစာအုပ်ကို စိတ်ရှုပ်သလို ပိတ်လိုက်ပြီး ကုတင်ပေါ် ပစ်လှဲချလိုက်မိတော့သည်။
ထို့နောက်
မျက်နှာကျက် မိုးပြာေရာင်လေးကို အမှတ်မထင်စုိက်ကြည့်နေရင်းမှ ရုတ်တရက် သတိရလိုက်မိေသာ လူတစ်ယောက်မျက်နှာကြောင့် ခေါင်းကို ရမ်းခါပစ်လိုက်ပြီး မျက်လုံးအစုံကို မှိတ်ထားလိုက်မိတော့သည်။

ဘာရယ်မဟုတ်ပဲ မေ့ဖျောက်လို့မရတဲ့ မျက်နှာတစ်ခုက ဦးနှောက်ထဲ နေရာယူနေတာ ဘာအတွက်ကြောင့်လဲဆိုတာ မသိပေ။
သေချာတာတစ်ခုက မဖြစ်သင့်ဘူးဆိုတာပဲ။

လူတစ်ယောက်ရဲ့မျက်နှာကိုတစ်ခါ မြင်ဖူးရုံနဲ့
စွဲလမ်းမိတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။
နောက်ပြီး ရင်ခုန်တယ်ဆိုတာကရော ဖြစ်နိုင်ပါ့မလား။

တိမ်ယံတစ်ယောက် ကုတင်ပေါ် ပက်လက်လေးလန်ပြီး နဖူးပေါ်လက်တင်ကာ အတွေးများစွာကို နယ်ချဲ့နေလေပြီ။ ထိုအတွေးတွေထဲမှာ ဘယ်လို လူတစ်ယောက်က စိုးမိုးနေတယ်ဆိုတာ .... တိမ်ယံကလွဲရင် ဘယ်သူ သိနိုင်ပါ့မလဲ။

.............................💕💕💕............................

"ဟာ..ဟေ့ကောင် သော်ကြီး...နောက်ကျလိုက်တာ ချိဖရာ...ငါတို့က ဒီမှာဝုိင်းတောင်စနေပြီ"

လက်ဖက်ရည်ဆိုင်ထဲ ခြေချလိုက်မိသည်နှင့် သူ့နာမည်ကို လှမ်းခေါ်လုိက်ေသာ သူငယ်ချင်း
သီဟကြောင့် ဆိုင်ထဲသို့ မျက်လုံးကို ဝေ့ကြည့်လိုက်မိသည်။ အစွန်ဆုံး ထောင့်အကျဆုံးနေရာမှာ ဝုိင်းထိုင်နေကြသော သူငယ်ချင်းတစ်စုကို မြင်တော့ ထိုဝိုင်းဆီသို့ ခြေလှမ်းကြဲများဖြင့် လျှောက်သွားလိုက်လေသည်။

"မင်းတို့ကလည်း...နည်းနည်းပါးပါးလေးတောင် မစောင့်ဘူး...အိမ်က မားသားကြီးက
ပွမ်နေလို့ မနည်းလစ်ထွက်လာရတာ...ကြာပြီလား ပွဲစနေတာ"

"အေး ခဏနေပြီးတော့မှာ နောက်ပွဲပါလေကွာ.."

သီဟက ဂိမ်းထဲအာရုံရောက်နေသောကြောင့် သူ့မျက်နှာကို သေချာပင် မကြည့်နိုင်။ သူလည်း ဂျင်းဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ကာ ဂိမ်းထဲဝင်ပြီး အဆင့်သင့် စောင့်နေလိုက်သည်။ သီဟတုိ့ ပွဲပြီးသည်နှင့် နောက်တစ်ပွဲတွင် ဝင်ပါရန် အနေအထား။

"ဘာသောက်မလဲ အစ်ကို"

သူဝင်လာထိုင်သည်ကို မြင်သော စားပွဲထိုးလေးက အနားသို့ လျှောက်လာကာ ဘာသောက်မလဲလာမေးလေတော့

"ပုံမှန်ပဲ...ညီ ၊ ပေါ့ဆိမ့်တစ်ခွက်၊ Ruby တစ်ပွဲ"

ဟု မှာကာ ဖုန်းစခရင် ကိုသာ စိတ်ဝင်တစားငုံ့ကြည့်နေလိုက်မိတော့သည်။
တအောင့်လောက်ကြာတော့ သီဟတို့ထံမှ ပွစိ ပွစိ အသံတွေ ဆူညံအောင် ထွက်ပေါ်လာပါတော့သည်။

"ဘောပဲကွာ...နိုင်ရမှာကို"

"အေးလေ...အဲ့ဒါ ဟိုအကောင်အသုံးမကျလို့ဖြစ်တာ..သော်ကြီးသာပါရင် နိုင်မှာကွာ"

အနိုင်ရခါနီးဆဲဆဲ  အရှုံးနှင့် ရင်ဆိုင်လိုက်ရသည်မို့ မချိတင်ကဲဖြစ်ကာ ပေါက်ကွဲနေကြသော ထိုလေးကောင်ကို ကြည့်ပြီး သူပြုံးလိုက်မိသည်။

"ကောင်းတယ် စောင့်ပါဆိုတာကို မစောင့်ဘဲ အရင်ဆော့နေကြတာကို ရှုံးတာတောင် နည်းသေး"

သူက ခနဲ့သလိုလို ပြောလိုက်တော့ သီဟတို့ မျက်နှာက စပ်ဖြီးဖြီး။

"သော်ကြီး မင်းနောက်ပွဲပါမှာ မှတ်လား..ဝင်လေကွာ"

"ဟာ..နေအုံး...ငါမပါတော့ဘူး၊ နောက်ဆယ်မိနစ်လောက်ဆို တိမ်လွှာ့ဆီသွားရမှာ ..မမှီလောက်တော့ဘူး"

သူ့စကားကြောင့် သီဟမျက်နှာက ကွက်ခနဲ ပျက်သွားလေ၏။

"အာ..မင်းကလည်း..ငါတို့နဲ့ဆော့ဖို့ အရင်ချိန်းထားတာလေကွာ..ဘာလို့ တိမ်လွှာမဆီကို သွားမှာလဲ..မသွားနဲ့"

သီဟ၏ စူပုတ်ပုတ်အပြောကို သူက လုံးဝ ဂရုမစိုက်သည့်ဟန်ဖြင့်  သောက်လက်စ လက်ဖက်ရည် ခွက်ကုိ ကုန်စင်အောင် မော့သောက်လိုက်ပြီး ဆေးလိပ်တစ်လိပ်ကို မီးညိှကာ ဖွာလိုက်လေသည်။ ထုိ့နောက် ဆေးလိပ်ငွေ့အချို့ဖြင့် သီဟမျက်နှာကို လှမ်းမှုတ်လိုက်ပြီး ဇတ်ပိုးကို မနာအောင် တချက်ရုိက်လိုက်ကာ

"ခေွးကောင်၊ မင်းက မသွားနဲ့ပြောတိုင်း ငါက မသွားပဲနေစရာလား ၊ နောက်ပြီး တိမ်လွှာခေါ်ရင် ငါဘယ်တုန်းက ငြင်းလို့ရလို့လဲ မင်းတို့လည်း သိရဲ့သားနဲ့"

"ဟာ..အဲ့ဒါက မင်းအကန့်လေ သော်ကြီးရဲ့
ဘာလို့ သီဟကို ဗလိုင်းကြီးခွတ်တာလဲ၊
မင်းပဲဆော့ချင်တယ်ပြောလို့ ငါတို့က ဒီမှာလူစုတာလေ"

သူ့အပြောကြောင့် ထွန်းတောက်က သီဟဘက်မှ မခံနိုင်သလို ဝင်ပြောလေသည်။

"ကဲကဲ..တော်ကြတော့..သော်ကြီး မင်းလည်းသွားစရာရှိတယ်မှတ်လား..သွားတော့ သီဟနဲ့
ငထွန်း ..လာ နောက်တစ်ပွဲဆက်ဆော့မယ်"

အချေအတင်ဖြစ်လာတော့မည့်အရေးကို ပြေးမြင်သည့် ရှိုင်းထက်က ကြားထဲမှ ဝင်ဖျန်ဖြေလိုက်လေသည်။ ထိုကြားထဲ ဘာစကားတစ်လုံးမှ ဝင်မပြောသူက မှန်ကြောင် ဟိန်းသူ။ စာအုပ်ဖတ်အားကြီးလွန်း၍ ပါဝါမျက်မှန် ထူထူကို တပ်ထားရသည်မို့် အားလုံးက မှန်ကြောင်ဟုပဲ ခေါ်ကြသည်။

"အုိေက ..ဒါဆို ငါသွားလိုက်အုံးမယ် သားကြီးတို့ရေ..ကဲ သီဟလေး ကိုယ်သွားပြီနော် ဟက်..ဟက်"

သီဟ၏ဆံပင်တွေက မထိတထိထိုးဖွကာ စနောက်ပြီး ထွက်သွားသူက သော်တာဆန်း ဆိုသည့် သူ။

အဖွဲ့ထဲတွင် ရုပ်အဖြောင့်ဆုံးနှင့်ေစာ်အကြည်ဆုံးဆုိရင်လည်း မမှား။ ခြောက်ပေလောက်ရှည်တဲ့ အရပ်မြင့်မြင့်ရယ်၊  မဖြူမညို အသားခပ်လတ်လတ်ရယ်၊ ရယ်လိုက်ရင် ပေါ်လာတဲ့ သွားစွယ်လေးတွေရယ်၊ နောက်ထပ် ထူးခြားတဲ့ အချက်က စကားပြောရင် လူတစ်ဖက်သားကို ညွတ်ကျလာအောင် ပြောတတ်တဲ့ အနှောင့်အသွားမလွတ်တဲ့ စကားတွေရယ်ကြောင့်... Mechanical ငှာနတစ်ခုလုံးရဲ့ အသဲစွဲဖြစ်နေရတာဖြစ်သည်။
သုံးနှစ်နှင့် ဘွဲ့ရသော တက္ကသုိလ်ကို ခြောက်နှစ်ကြာအောင်တက်တဲ့သူဆိုတာ သော်ကြီးကိုပြောတာ။
ရုပ်ရည်လေးဖြောင့်လို့သာ တော်သေး၏။ မေဂျာတစ်ခုလုံးမှာ အကဲဆုံးနဲ့ အရွဲဆုံးကို ပြပါဆုိရင် သော်ကြီးပဲ။
ရန်ပွဲဆိုလည်းပါသည်။ ပျော်ပွဲဆိုလည်းပါသည်။
စော်ကြောင်တဲ့ပွဲလည်းပါသည်။ ကုန်ကုန်ပြောရရင် ရှိသမျှပွဲ အကုန်ပါသည်။ ဆရာ ဆရာမတွေအားလုံးက လက်မြှောက် ထားရပြီး ...နောက်ကွယ်မှာ ယူနီဂျင်သော်ကြီး လို့ နာမည်ပေးထားရသည်အထိ။
သော်ကြီးတို့က စော်သာကြောင်တာ ရည်းစားကျ အတည်မထား။ ထားလို့လည်းမရချေ။
သူငယ်တန်းကတည်းက ဆယ်တန်းအထိ အတူတူပေါင်းလာတဲ့ တိမ်လွှာမ လက်စာမိသွားမှာပေါ့။

ဟိုက အပြတ်ပြောပြီးသား
နင်ငါ့ကို ယူရင်ယူ၊ မယူရင် တခြားဘယ်သူ့ကိုမှ ယူဖို့ မစဥ်းစားနဲ့တဲ့။
သော်ကြီး ကလည်း ပြတ်သည်။ စိတ်ချ နင့်ကိုလည်း မယူဘူး၊ တခြားမိန်းမကိုလည်းမယူဘူးတဲ့။ အေးရော။
အခုလည်းကြည့်
မနက်ဖြန် သဘက်ခါဆိုရင် ကျောင်းကပြန်တတ်ရတော့မယ်၊ အခုထိ အလေလိုက်တုန်း...ဒီနှစ်မှ မအောင်ရင် နောက်နှစ် လေးနှစ်ထဲပါတော့မှာကိုလည်း သာသာယာယာလုပ်နေေသာ သော်ကြီးရယ်ေလ။

ဟူး.....
သီဟက လက်ဖက်ရည်ဆိုင်ထဲမှ ထွက်သွားသော သော်ကြီး၏နောက်ကျောပြင်ကို ငေးကြည့်ပြီး စိတ်ထဲ တစ်စုံတရာကိုတွေးကာ
သက်ပြင်းတစ်ချက် ချလိုက်တော့လေသည်။

ဒီလိုကောင်မျိုး...ဘယ်လို မိန်းမမျိုးနဲ့ ဖူးစာဆုံမှာပါလိမ့်။

.............................💕💕💕.............................

"ဟယ် နင်ကလည်း နောက်ကျလိုက်တာ..ငါဒီမှာရပ်စောင့်နေတာ နာရီဝက်လောက်ရှိသွားပြီ"

တိမ်လွှာက အသော့်ကို မြင်သည်နှင့် အနားသို့ ချက်ချင်းပြေးလာကာ လက်မောင်းကို ထုရုိက်ပြီး ထုံးစံအတုိင်း ပွစိပွစိပြောလေတော့သည်။
အသော်ကတော့ မျက်နှာစပ်ဖြီးြဖီးလုပ်ကာ
အရုိက်ခံလိုက်ရသော လက်မောင်းကို ပွတ်ရင်း မျက်နှာချိုသွေးလိုက်လေသည်။

"ကားပိတ်နေလို့ပါဟ..နင်ကလည်း"

"ကားပိတ်တာတွေ လမ်းပိတ်တာတွေ ငါနားမလည်ဘူး ငါခေါ်ရင် အချိန်မှီရောက်အောင် လာရမှာက နင့်တာဝန်"

"အေးပါ ငါနောက်ကျသွားပါတယ်..ဆောရီးပါ၊ ကျေနပ်ပီလား"

"အင်းပြီးရော"

တိမ်လွှာက အသော့်ရဲ့တောင်းပန်စကားကို ကျေနပ်သလိုပြုံးလိုက်ပြီး လက်ထဲမှ ကားသော့ကုိ အသော့်ထံသို့ ကမ်းပေးလိုက်လေသည်။

အသော် က တိမ်လွှာကမ်းပေးသော ကားသော့ကုိ ဖျတ်ခနဲလှမ်းယူလိုက်ပြီး လက်ချင်းမထိထိအောင်လုပ်လိုက်သေးသည်။
ဒါကို တိမ်လွှာတို့က သဘောပေါက်သည်။

"အသော် ၊ နင်ငွေလိုနေပြန်ပြီလား"

"အင်း...ဆုိပါတော့"

"Ok ကားပေါ်အရင်တက်၊ ပြီးရင်ပေးမယ်"

တိမ်လွှာ့စကားကြောင့် အသော် က လက်သီးတစ်လုံးကို လေထဲ ပစ်ထိုးလိုက်ကာ ရက်စ်ဟု အော်လုိက်ေလသည်။ ထို့နောက် နံဘေးရှိ Honda Fit အနီရဲရဲလေးပေါ်သို့ တက်ကာ ကားကို စက်နှိုးလိုက်တော့သည်။။
တိမ်လွှာကလည်း အသော်နဲ့အတူတူ ကားပေါ်သို့ လိုက်တက်လာလေသည်။

ကားပေါ်သို့ရောက်တော့ အသော်က နံဘေးတွင်ထိုင်နေသော တိမ်လွှာ့ကို မျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်ပြီး ပေါင်သားတစ်ဝက်ပေါ်သည့်အထိ တုိနေသော တိမ်လွှာ့ Dress ကြောင့် မျက်ခုံးများကို မသိမသာ ပင့်တင်လိုက်သည်။ ထို့နောက် အပေါ်တွင် ထပ်ဝတ်ထားသော ဂျင်းဂျာကင်ကို ချွတ်လိုက်ကာ တိမ်လွှာ၏ ပေါင်ပေါ်သုိ့ ပစ်တင်လိုက်ရင်း

"နင့်ပေါင်တွေကို အဲ့ဒါနဲ့ အုပ်ထား၊ ငါ့ကို
ဖျားယောင်းဖို့မကြိုးစားနဲ့"

ဟု ခပ်ဟဟပြောလိုက်လေ၏။ ပြီးနောက်
တိမ်လွှာ့ဘက်သို့ ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းကာ အစွန်းတစ်ဖက်ရှိ ခါးပတ်ကြိုးကုိ ဆွဲယူလိုက်ပြီး တိမ်လွှာ့အား ခါးပတ်ပတ်ပေးလိုက်လေသည်။

အသော့်၏ ထိုအပြုအမူကြောင့် တိမ်လွှာက ပြုံးကျသွားလေသည်။ ကားအတူစီးတိုင်း မပျက်မကွက် ကိုယ်တိုင်ကိုယ်ကျ ခါးပတ်ပတ်ပေးတတ်ပါသော အသော်။

"ပိုက်ဆံက ဘယ်လောက်လိုတာလဲ အသော်"

တိမ်လွှာက ကားဒက်ရှ်ဘုတ်ထဲရှိ ပိုက်ဆံအိတ်ကို ထုတ်ကာ အသော့်အားမေးလိုက်လေသည်။

"သုံးသိန်း"

"အင်း၊ ဟုတ်ပြီ"

အသော်ပြောသော ငွေကြေးပမာဏကို တိမ်လွှာက မထူးဆန်းသလို ပုံစံမျိုးနှင့် ပိုက်ဆံအိတ်ထဲမှ တစ်သောင်းတန် တစ်အုပ်ကို ထုတ်ကာ အရွက်သုံးဆယ်ကို ဆွဲဖြုတ်လိုက်လေသည်။ ထို့နောက် အသော့်ထံသို့ လှမ်းပေးလိုက်ပြီး

"ေရာ့ အသော်၊ ဘယ်မှာသုံးမလို့လဲဆိုတာကိုတော့ ငါမမေးတော့ဘူး.."

"အင်း...ဒါမှ တိမ်လွှာအစစ်"

အသော်က တိမ်လွှာလှမ်းပေးသော ငေွသုံးသိန်းကို လှမ်းယူရင်းမှ ခန္ဓာကိုယ်ကို  နောက်တစ်ကြိမ် အနည်းငယ်ကိုင်းလာကာ
တိမ်လွှာ့၏နှုတ်ခမ်းလေးကို ဖျတ်ခနဲ နမ်းလိုက်လေသည်။ ထိုအခါ
ဖူးအိနီရဲနေသော တိမ်လွှာ့နှုတ်ခမ်းလေးတွေက ပါးအပေါ်ဘက်သို့ ကော့ညွတ်တက်သွားသည်အထိ ပြုံးလေသည်။

"နင်လည်း ငါ့ကို အဲ့လိုအရည်ပျော်အောင်လုပ်၊ သိလား "

"အဟက်..ဟက်..ဘာလဲ နင်ကငါ့ကို ကြွေနေပြန်ပြီလား"

တိမ်လွှာ့အပြောကို အသော်က ခပ်အက်အက်ရယ်လိုက်ကာ မေးခွန်း ပြန်ထုတ်လိုက်လေသည်။

"အမေလး ကြွေစရာလားဟယ်၊ သူငယ်ချင်း အချင်းချင်းကို ခစ် ခစ်...မောင်းတော့ နောက်ကျနေြပီ..."

တိမ်လွှာက သူ့ဘာသာသူပြောပြီး သဘောကျသလို ရယ်လိုက်ကာ ကားကိုမောင်းခိုင်းလိုက်လေသည်။ အသော်ကလည်း တိမ်လွှာပြောသည့်အတိုင်း ကားသော့လေးကို လှည့်လိုက်ကာ လီဗာလေးနင်းလို့ အလိုရှိရာအရပ်ဆီသို့
ကားခေါင်းကို ဦးတည်လျက်။

နှုတ်ခမ်းချင်း နမ်းခွင့်ရပေမဲ့လည်း Just Friendပါပဲ။

.............................💕💕💕.........................


Zawgyi

"တိမ္ယံဦး"

"ဗ်ာ"

ကိုယ့္နာမည္ကို က်ယ္ေလာင္စြာေအာ္ေခၚလိုက္ေသာ တစ္ဦးတည္းေသာ အစ္မျဖစ္သူ တိမ္လႊာဦး၏အသံေၾကာင့္ အလန္႔တျခားထူးလိုက္မိသည္။

"ဟဲ့ ငါ့စားပြဲေပၚမွာ တင္ထားတဲ့ Memorystick ကို နင္ယူထားေသးလား"

"ဟင္...သားက မမရဲ့ stick ကို ဘာလုပ္ဖို႔ယူရမွာလဲ..မယူပါဘူး"

"ေအး...အခု မေတြ႕ေတာ့လို႔ ရွာေနတာလည္း ႏွံ့ေနၿပီ ၊ မေတြ႕ဘူး ၊ နင္မ်ားယူထားေသးလားလို႔ေမးၾကည့္တာ ၊ မယူရင္လည္း ၿပီးေရာ"

"ဟုတ္"

ေျပာၿပီးသည္ႏွင့္ ခ်က္ခ်င္းခ်ာခနဲလွည့္ထြက္သြားေသာ အစ္မျဖစ္သူက သူ႔မ်က္ႏွာကို တစ္ခ်က္ေလးေတာင္ ျပန္လွည့္မၾကည့္ခဲ့။

တစ္ခုခုေပ်ာက္ၿပီဆိုရင္ နင္ယူထားေသးလားဆိုၿပီး လာလာေမးတတ္တဲ့အက်င့္က ဟုိးငယ္ငယ္ေလးကတည္းက။ မယူမွန္းသိလ်က္ ခဏခဏ လာလာေမးေနတာ မေမာတဲ့အတိုင္းပင္၊ ေနာက္ဆုံးက် သူ႔ဟာသူ ေနရာအထားမွားၿပီး ျပန္ေတြ႕တာက ခပ္မ်ားမ်ားရယ္။

တိမ္ယံတစ္ေယာက္ မိမိထက္ ေလးႏွစ္ခန္႔ႀကီးေသာ အစ္မျဖစ္သူ၏ ေနာက္ေက်ာကို ၾကည့္ၿပီး သက္ျပင္းေလးခ်လိုက္ကာ ဖတ္လက္စ Comic စာအုပ္ေလးကို အာ႐ုံျပန္လႊဲလိုက္ေလေတာ့သည္။

ေနာက္တစ္ပတ္ဆုိ Uni က စတတ္ရေတာ့မည္။ အခုလို ကိုယ္ႀကိဳက္တဲ့ စာအုပ္ေတြကို အခ်ိန္ေပးၿပီး ဖတ္နိုင္ေတာ့မည္မဟုတ္။ အဲ့ဒီေတာ့ အခ်ိန္ရတုန္းေလး ၿပီးသေလာက္ ႀကိဳးစားဖတ္ရဦးမည္။
ရသမၽွ မုန္႔ဖိုးေလးေတြကို စုၿပီး ဒီ Marvel Series Comic Book ေလးေတြကို ခက္ခက္ခဲခဲဝယ္ထားရတာ။ ဘဝမွာ ကိုယ္တန္ဖိုးအထားရဆုံးဆိုလို႔ ဒီစာအုပ္ေတြပဲရွိတာပါ။

အစ္မျဖစ္သူကေတာ့ရွင္းသည္။  Movies ၾကည့္လိုက္လည္း ရတဲ့ဟာကို မ်က္လုံးအေညာင္းခံၿပီးဖတ္ေနေသးတယ္တဲ့၊ သူေျပာတာလည္းဟုတ္ပါတယ္ ဒါေပမဲ့ Movies ၾကည့္ရတဲ့ခံစားခ်က္နဲ႔ Comic ဖတ္ရတဲ့ အရသာက မတူဘူးေလ..။
အဲ့ဒီ ခံစားခ်က္ကို မမက မသိေသးလို႔ပါ။

"ဟဲ့ ယံယံ"

"ခင္ဗ်ာ"

"လာမဲ့ မန္းေဒး နင္ေက်ာင္းစတတ္ရမွာ မွတ္လား ၊ အကုန္အဆင္သင့္ပဲလား"

ကိုယ့္အေၾကာင္းကို တစ္ခါမွ ေမးေဖာ္မရတဲ့ အစ္မက ထူးထူးျခားျခား ဒီလုိလာေမးေတာ့စိတ္ထဲ ထူးဆန္းသလိုျဖစ္သြားသည္။

"ဟုတ္! အားလုံး အဆင္သင့္ပဲ၊
မေန႔က ေမေမနဲ႔ လိုအပ္တာေတြ အကုန္ သြားဝယ္ၿပီးသြားၿပီ"

"အင္း ၿပီးေရာ..."

ေမးၿပီး ဘာမွဟုတ္တာလည္း မဟုတ္၊ ၿပီးရင္ အခန္းထဲက ျပန္ထြက္သြားတာပဲကို။
ဒီတစ္ခါေတာ့ မရေတာ့ပါ။ အခန္းတံခါးကို ေျပးၿပီး  ေလာ့ခ်ပစ္လိုက္ေတာ့သည္။ နို႔မို႔ဆိုရင္ ဒီကေန႔ ဒီစာအုပ္ကို အၿပီးသတ္ဖတ္နိုင္မည္မထင္။

တိမ္ယံက ဖတ္လက္စ စာအုပ္ဆီသို႔ တစ္ဖန္ျပန္လည္ အာ႐ုံစိုက္လိုက္ၿပီး ပတ္ဝန္းက်င္ကို လုံးဝေမ့ပစ္လိုက္ေတာ့သည္။

အသက္ကသာ ၁၇ ႏွစ္ထဲ ဝင္ေနၿပီ ၊ အခုထိ ကေလးစိတ္မကုန္ေသးဘူးလို႔ ေမေမက သူ႔မိတ္ေဆြ ၊ သူငယ္ခ်င္းေတြကို  ခဏခဏေျပာေနၾက။ ဂုဏ္ယူတာလား ၊ အားမလိုအားမရျဖစ္တာလားေတာ့ မသိ၊
အဲ့ဒီအေၾကာင္းေတြေျပာတဲ့အခါ ေမေမ့မ်က္ႏွာႀကီးက ျပဳံးလို႔။
ေဖေဖကေတာ့ ေယာက်ာ္းသားပီပီ သားသမီးကို ဆုံးမစကားေျပာတဲ့အခ်ိန္ကလြဲၿပီး က်န္တဲ့အရာမွနိသမၽွ ဘာတစ္ခုကိုမၽွ ဝင္မစြတ္ဖက္။
မမလႊာ တစ္ေယာက္သာ တစ္အိမ္လုံးကို
အနိုင္က်င့္ဗိုလ္က်ေနတတ္တာ။ မိန္းကေလးလို႔သာ ေျပာတာ စိတ္ကလည္းၾကမ္း  ကိုယ္ကလည္းၾကမ္း။ မ်က္ႏွာလွလွေလးရွိ၍သာ ေတာ္ေသးသည္။

ေျပာမယ့္သာေျပာရတာ ကိုယ့္မွာလည္း ဒီအစ္မတစ္ေယာက္ပဲ ရွိတာ။ ခ်စ္တာကတစ္ပိုင္း ၾကည့္မရတာက တစ္ပုိင္း။ တစ္ခါတစ္ေလ စိတ္ေကာင္းဝင္တဲ့အခါက် အရမ္းခ်စ္ဖို႔ေကာင္းၿပီး ျပသာနာ တစ္ခုခုတတ္သည့္ အခါမွာေတာ့ သိပ္ကို ေၾကာက္စရာေကာင္းေသာ လူစားမ်ိဳး။

ကိုယ္ကလည္း ေအးေဆးေနတတ္တဲ့လူမို႔လို႔။
မဟုတ္ရင္ေတာ့လား ၊ ေန႔တိုင္းနပန္းပြဲေတြခ်ည္းပဲ ျဖစ္ေနမွာ။

စာဖတ္ေနရင္း အေတြးေတြက ေတာင္ေရာက္ေျမာက္ေရာက္ျဖစ္လာသည္မို႔ ဖတ္လက္စစာအုပ္ကို စိတ္ရႈပ္သလို ပိတ္လိုက္ၿပီး ကုတင္ေပၚ ပစ္လွဲခ်လိုက္မိေတာ့သည္။
ထို႔ေနာက္
မ်က္ႏွာက်က္ မိုးျပာေရာင္ေလးကို အမွတ္မထင္စုိက္ၾကည့္ေနရင္းမွ ႐ုတ္တရက္ သတိရလိုက္မိေသာ လူတစ္ေယာက္မ်က္ႏွာေၾကာင့္ ေခါင္းကို ရမ္းခါပစ္လိုက္ၿပီး မ်က္လုံးအစုံကို မွိတ္ထားလိုက္မိေတာ့သည္။

ဘာရယ္မဟုတ္ပဲ ေမ့ေဖ်ာက္လို႔မရတဲ့ မ်က္ႏွာတစ္ခုက ဦးေႏွာက္ထဲ ေနရာယူေနတာ ဘာအတြက္ေၾကာင့္လဲဆိုတာ မသိေပ။
ေသခ်ာတာတစ္ခုက မျဖစ္သင့္ဘူးဆိုတာပဲ။

လူတစ္ေယာက္ရဲ့မ်က္ႏွာကိုတစ္ခါ ျမင္ဖူး႐ုံနဲ႔
စြဲလမ္းမိတယ္ဆိုတာ ျဖစ္နိုင္ပါ့မလား။
ေနာက္ၿပီး ရင္ခုန္တယ္ဆိုတာကေရာ ျဖစ္နိုင္ပါ့မလား။

တိမ္ယံတစ္ေယာက္ ကုတင္ေပၚ ပက္လက္ေလးလန္ၿပီး နဖူးေပၚလက္တင္ကာ အေတြးမ်ားစြာကို နယ္ခ်ဲ႕ေနေလၿပီ။ ထိုအေတြးေတြထဲမွာ ဘယ္လို လူတစ္ေယာက္က စိုးမိုးေနတယ္ဆိုတာ .... တိမ္ယံကလြဲရင္ ဘယ္သူ သိနိုင္ပါ့မလဲ။

.............................💕💕💕............................

"ဟာ..ေဟ့ေကာင္ ေသာ္ႀကီး...ေနာက္က်လိုက္တာ ခ်ိဖရာ...ငါတို႔က ဒီမွာဝုိင္းေတာင္စေနၿပီ"

လက္ဖက္ရည္ဆိုင္ထဲ ေျခခ်လိုက္မိသည္ႏွင့္ သူ႔နာမည္ကို လွမ္းေခၚလုိက္ေသာ သူငယ္ခ်င္း
သီဟေၾကာင့္ ဆိုင္ထဲသို႔ မ်က္လုံးကို ေဝ့ၾကည့္လိုက္မိသည္။ အစြန္ဆုံး ေထာင့္အက်ဆုံးေနရာမွာ ဝုိင္းထိုင္ေနၾကေသာ သူငယ္ခ်င္းတစ္စုကို ျမင္ေတာ့ ထိုဝိုင္းဆီသို႔ ေျခလွမ္းၾကဲမ်ားျဖင့္ ေလၽွာက္သြားလိုက္ေလသည္။

"မင္းတို႔ကလည္း...နည္းနည္းပါးပါးေလးေတာင္ မေစာင့္ဘူး...အိမ္က မားသားႀကီးက
ပြမ္ေနလို႔ မနည္းလစ္ထြက္လာရတာ...ၾကာၿပီလား ပြဲစေနတာ"

"ေအး ခဏေနၿပီးေတာ့မွာ ေနာက္ပြဲပါေလကြာ.."

သီဟက ဂိမ္းထဲအာ႐ုံေရာက္ေနေသာေၾကာင့္ သူ႔မ်က္ႏွာကို ေသခ်ာပင္ မၾကည့္နိုင္။ သူလည္း ဂ်င္းေဘာင္းဘီအိတ္ကပ္ထဲမွ ဖုန္းကို ထုတ္ကာ ဂိမ္းထဲဝင္ၿပီး အဆင့္သင့္ ေစာင့္ေနလိုက္သည္။ သီဟတုိ့ ပြဲၿပီးသည္ႏွင့္ ေနာက္တစ္ပြဲတြင္ ဝင္ပါရန္ အေနအထား။

"ဘာေသာက္မလဲ အစ္ကို"

သူဝင္လာထိုင္သည္ကို ျမင္ေသာ စားပြဲထိုးေလးက အနားသို႔ ေလၽွာက္လာကာ ဘာေသာက္မလဲလာေမးေလေတာ့

"ပုံမွန္ပဲ...ညီ ၊ ေပါ့ဆိမ့္တစ္ခြက္၊ Ruby တစ္ပြဲ"

ဟု မွာကာ ဖုန္းစခရင္ ကိုသာ စိတ္ဝင္တစားငုံ႔ၾကည့္ေနလိုက္မိေတာ့သည္။
တေအာင့္ေလာက္ၾကာေတာ့ သီဟတို႔ထံမွ ပြစိ ပြစိ အသံေတြ ဆူညံေအာင္ ထြက္ေပၚလာပါေတာ့သည္။

"ေဘာပဲကြာ...နိုင္ရမွာကို"

"ေအးေလ...အဲ့ဒါ ဟိုအေကာင္အသုံးမက်လို႔ျဖစ္တာ..ေသာ္ႀကီးသာပါရင္ နိုင္မွာကြာ"

အနိုင္ရခါနီးဆဲဆဲ  အရႈံးႏွင့္ ရင္ဆိုင္လိုက္ရသည္မို႔ မခ်ိတင္ကဲျဖစ္ကာ ေပါက္ကြဲေနၾကေသာ ထိုေလးေကာင္ကို ၾကည့္ၿပီး သူျပဳံးလိုက္မိသည္။

"ေကာင္းတယ္ ေစာင့္ပါဆိုတာကို မေစာင့္ဘဲ အရင္ေဆာ့ေနၾကတာကို ရႈံးတာေတာင္ နည္းေသး"

သူက ခနဲ႔သလိုလို ေျပာလိုက္ေတာ့ သီဟတို႔ မ်က္ႏွာက စပ္ၿဖီးၿဖီး။

"ေသာ္ႀကီး မင္းေနာက္ပြဲပါမွာ မွတ္လား..ဝင္ေလကြာ"

"ဟာ..ေနအုံး...ငါမပါေတာ့ဘူး၊ ေနာက္ဆယ္မိနစ္ေလာက္ဆို တိမ္လႊာ့ဆီသြားရမွာ ..မမွီေလာက္ေတာ့ဘူး"

သူ႔စကားေၾကာင့္ သီဟမ်က္ႏွာက ကြက္ခနဲ ပ်က္သြားေလ၏။

"အာ..မင္းကလည္း..ငါတို႔နဲ႔ေဆာ့ဖို႔ အရင္ခ်ိန္းထားတာေလကြာ..ဘာလို႔ တိမ္လႊာမဆီကို သြားမွာလဲ..မသြားနဲ႔"

သီဟ၏ စူပုတ္ပုတ္အေျပာကို သူက လုံးဝ ဂ႐ုမစိုက္သည့္ဟန္ျဖင့္  ေသာက္လက္စ လက္ဖက္ရည္ ခြက္ကုိ ကုန္စင္ေအာင္ ေမာ့ေသာက္လိုက္ၿပီး ေဆးလိပ္တစ္လိပ္ကို မီးညိႇကာ ဖြာလိုက္ေလသည္။ ထုိ့ေနာက္ ေဆးလိပ္ေငြ႕အခ်ိဳ႕ျဖင့္ သီဟမ်က္ႏွာကို လွမ္းမႈတ္လိုက္ၿပီး ဇတ္ပိုးကို မနာေအာင္ တခ်က္႐ုိက္လိုက္ကာ

"ေခြးေကာင္၊ မင္းက မသြားနဲ႔ေျပာတိုင္း ငါက မသြားပဲေနစရာလား ၊ ေနာက္ၿပီး တိမ္လႊာေခၚရင္ ငါဘယ္တုန္းက ျငင္းလို႔ရလို႔လဲ မင္းတို႔လည္း သိရဲ့သားနဲ႔"

"ဟာ..အဲ့ဒါက မင္းအကန္႔ေလ ေသာ္ႀကီးရဲ့
ဘာလို႔ သီဟကို ဗလိုင္းႀကီးခြတ္တာလဲ၊
မင္းပဲေဆာ့ခ်င္တယ္ေျပာလို႔ ငါတို႔က ဒီမွာလူစုတာေလ"

သူ႔အေျပာေၾကာင့္ ထြန္းေတာက္က သီဟဘက္မွ မခံနိုင္သလို ဝင္ေျပာေလသည္။

"ကဲကဲ..ေတာ္ၾကေတာ့..ေသာ္ႀကီး မင္းလည္းသြားစရာရွိတယ္မွတ္လား..သြားေတာ့ သီဟနဲ႔
ငထြန္း ..လာ ေနာက္တစ္ပြဲဆက္ေဆာ့မယ္"

အေခ်အတင္ျဖစ္လာေတာ့မည့္အေရးကို ေျပးျမင္သည့္ ရွိုင္းထက္က ၾကားထဲမွ ဝင္ဖ်န္ေျဖလိုက္ေလသည္။ ထိုၾကားထဲ ဘာစကားတစ္လုံးမွ ဝင္မေျပာသူက မွန္ေၾကာင္ ဟိန္းသူ။ စာအုပ္ဖတ္အားႀကီးလြန္း၍ ပါဝါမ်က္မွန္ ထူထူကို တပ္ထားရသည္မို့္ အားလုံးက မွန္ေၾကာင္ဟုပဲ ေခၚၾကသည္။

"အုိေက ..ဒါဆို ငါသြားလိုက္အုံးမယ္ သားႀကီးတို႔ေရ..ကဲ သီဟေလး ကိုယ္သြားၿပီေနာ္ ဟက္..ဟက္"

သီဟ၏ဆံပင္ေတြက မထိတထိထိုးဖြကာ စေနာက္ၿပီး ထြက္သြားသူက ေသာ္တာဆန္း ဆိုသည့္ သူ။

အဖြဲ႕ထဲတြင္ ႐ုပ္အေျဖာင့္ဆုံးႏွင့္ေစာ္အၾကည္ဆုံးဆုိရင္လည္း မမွား။ ေျခာက္ေပေလာက္ရွည္တဲ့ အရပ္ျမင့္ျမင့္ရယ္၊  မျဖဴမညိဳ အသားခပ္လတ္လတ္ရယ္၊ ရယ္လိုက္ရင္ ေပၚလာတဲ့ သြားစြယ္ေလးေတြရယ္၊ ေနာက္ထပ္ ထူးျခားတဲ့ အခ်က္က စကားေျပာရင္ လူတစ္ဖက္သားကို ညြတ္က်လာေအာင္ ေျပာတတ္တဲ့ အေႏွာင့္အသြားမလြတ္တဲ့ စကားေတြရယ္ေၾကာင့္... Mechanical ငွာနတစ္ခုလုံးရဲ့ အသဲစြဲျဖစ္ေနရတာျဖစ္သည္။
သုံးႏွစ္ႏွင့္ ဘြဲ႕ရေသာ တကၠသုိလ္ကို ေျခာက္ႏွစ္ၾကာေအာင္တက္တဲ့သူဆိုတာ ေသာ္ႀကီးကိုေျပာတာ။
႐ုပ္ရည္ေလးေျဖာင့္လို႔သာ ေတာ္ေသး၏။ ေမဂ်ာတစ္ခုလုံးမွာ အကဲဆုံးနဲ႔ အရြဲဆုံးကို ျပပါဆုိရင္ ေသာ္ႀကီးပဲ။
ရန္ပြဲဆိုလည္းပါသည္။ ေပ်ာ္ပြဲဆိုလည္းပါသည္။
ေစာ္ေၾကာင္တဲ့ပြဲလည္းပါသည္။ ကုန္ကုန္ေျပာရရင္ ရွိသမၽွပြဲ အကုန္ပါသည္။ ဆရာ ဆရာမေတြအားလုံးက လက္ေျမႇာက္ ထားရၿပီး ...ေနာက္ကြယ္မွာ ယူနီဂ်င္ေသာ္ႀကီး လို႔ နာမည္ေပးထားရသည္အထိ။
ေသာ္ႀကီးတို႔က ေစာ္သာေၾကာင္တာ ရည္းစားက် အတည္မထား။ ထားလို႔လည္းမရေခ်။
သူငယ္တန္းကတည္းက ဆယ္တန္းအထိ အတူတူေပါင္းလာတဲ့ တိမ္လႊာမ လက္စာမိသြားမွာေပါ့။

ဟိုက အျပတ္ေျပာၿပီးသား
နင္ငါ့ကို ယူရင္ယူ၊ မယူရင္ တျခားဘယ္သူ႔ကိုမွ ယူဖို႔ မစဥ္းစားနဲ႔တဲ့။
ေသာ္ႀကီး ကလည္း ျပတ္သည္။ စိတ္ခ် နင့္ကိုလည္း မယူဘူး၊ တျခားမိန္းမကိုလည္းမယူဘူးတဲ့။ ေအးေရာ။
အခုလည္းၾကည့္
မနက္ျဖန္ သဘက္ခါဆိုရင္ ေက်ာင္းကျပန္တတ္ရေတာ့မယ္၊ အခုထိ အေလလိုက္တုန္း...ဒီႏွစ္မွ မေအာင္ရင္ ေနာက္ႏွစ္ ေလးႏွစ္ထဲပါေတာ့မွာကိုလည္း သာသာယာယာလုပ္ေနေသာ ေသာ္ႀကီးရယ္ေလ။

ဟူး.....
သီဟက လက္ဖက္ရည္ဆိုင္ထဲမွ ထြက္သြားေသာ ေသာ္ႀကီး၏ေနာက္ေက်ာျပင္ကို ေငးၾကည့္ၿပီး စိတ္ထဲ တစ္စုံတရာကိုေတြးကာ
သက္ျပင္းတစ္ခ်က္ ခ်လိုက္ေတာ့ေလသည္။

ဒီလိုေကာင္မ်ိဳး...ဘယ္လို မိန္းမမ်ိဳးနဲ႔ ဖူးစာဆုံမွာပါလိမ့္။

.............................💕💕💕.............................

"ဟယ္ နင္ကလည္း ေနာက္က်လိုက္တာ..ငါဒီမွာရပ္ေစာင့္ေနတာ နာရီဝက္ေလာက္ရွိသြားၿပီ"

တိမ္လႊာက အေသာ့္ကို ျမင္သည္ႏွင့္ အနားသို႔ ခ်က္ခ်င္းေျပးလာကာ လက္ေမာင္းကို ထု႐ုိက္ၿပီး ထုံးစံအတုိင္း ပြစိပြစိေျပာေလေတာ့သည္။
အေသာ္ကေတာ့ မ်က္ႏွာစပ္ၿဖီးၿဖီးလုပ္ကာ
အ႐ုိက္ခံလိုက္ရေသာ လက္ေမာင္းကို ပြတ္ရင္း မ်က္ႏွာခ်ိဳေသြးလိုက္ေလသည္။

"ကားပိတ္ေနလို႔ပါဟ..နင္ကလည္း"

"ကားပိတ္တာေတြ လမ္းပိတ္တာေတြ ငါနားမလည္ဘူး ငါေခၚရင္ အခ်ိန္မွီေရာက္ေအာင္ လာရမွာက နင့္တာဝန္"

"ေအးပါ ငါေနာက္က်သြားပါတယ္..ေဆာရီးပါ၊ ေက်နပ္ပီလား"

"အင္းၿပီးေရာ"

တိမ္လႊာက အေသာ့္ရဲ့ေတာင္းပန္စကားကို ေက်နပ္သလိုျပဳံးလိုက္ၿပီး လက္ထဲမွ ကားေသာ့ကုိ အေသာ့္ထံသို႔ ကမ္းေပးလိုက္ေလသည္။

အေသာ္ က တိမ္လႊာကမ္းေပးေသာ ကားေသာ့ကုိ ဖ်တ္ခနဲလွမ္းယူလိုက္ၿပီး လက္ခ်င္းမထိထိေအာင္လုပ္လိုက္ေသးသည္။
ဒါကို တိမ္လႊာတို႔က သေဘာေပါက္သည္။

"အေသာ္ ၊ နင္ေငြလိုေနျပန္ၿပီလား"

"အင္း...ဆုိပါေတာ့"

"Ok ကားေပၚအရင္တက္၊ ၿပီးရင္ေပးမယ္"

တိမ္လႊာ့စကားေၾကာင့္ အေသာ္ က လက္သီးတစ္လုံးကို ေလထဲ ပစ္ထိုးလိုက္ကာ ရက္စ္ဟု ေအာ္လုိက္ေလသည္။ ထို႔ေနာက္ နံေဘးရွိ Honda Fit အနီရဲရဲေလးေပၚသို႔ တက္ကာ ကားကို စက္ႏွိုးလိုက္ေတာ့သည္။။
တိမ္လႊာကလည္း အေသာ္နဲ႔အတူတူ ကားေပၚသို႔ လိုက္တက္လာေလသည္။

ကားေပၚသို႔ေရာက္ေတာ့ အေသာ္က နံေဘးတြင္ထိုင္ေနေသာ တိမ္လႊာ့ကို မ်က္လုံးတစ္ခ်က္ေဝ့ၾကည့္လိုက္ၿပီး ေပါင္သားတစ္ဝက္ေပၚသည့္အထိ တုိေနေသာ တိမ္လႊာ့ Dress ေၾကာင့္ မ်က္ခုံးမ်ားကို မသိမသာ ပင့္တင္လိုက္သည္။ ထို႔ေနာက္ အေပၚတြင္ ထပ္ဝတ္ထားေသာ ဂ်င္းဂ်ာကင္ကို ခၽြတ္လိုက္ကာ တိမ္လႊာ၏ ေပါင္ေပၚသုိ့ ပစ္တင္လိုက္ရင္း

"နင့္ေပါင္ေတြကို အဲ့ဒါနဲ႔ အုပ္ထား၊ ငါ့ကို
ဖ်ားေယာင္းဖို႔မႀကိဳးစားနဲ႔"

ဟု ခပ္ဟဟေျပာလိုက္ေလ၏။ ၿပီးေနာက္
တိမ္လႊာ့ဘက္သို႔ ခႏၶာကိုယ္ကို အနည္းငယ္ကိုင္းကာ အစြန္းတစ္ဖက္ရွိ ခါးပတ္ႀကိဳးကုိ ဆြဲယူလိုက္ၿပီး တိမ္လႊာ့အား ခါးပတ္ပတ္ေပးလိုက္ေလသည္။

အေသာ့္၏ ထိုအျပဳအမူေၾကာင့္ တိမ္လႊာက ျပဳံးက်သြားေလသည္။ ကားအတူစီးတိုင္း မပ်က္မကြက္ ကိုယ္တိုင္ကိုယ္က် ခါးပတ္ပတ္ေပးတတ္ပါေသာ အေသာ္။

"ပိုက္ဆံက ဘယ္ေလာက္လိုတာလဲ အေသာ္"

တိမ္လႊာက ကားဒက္ရွ္ဘုတ္ထဲရွိ ပိုက္ဆံအိတ္ကို ထုတ္ကာ အေသာ့္အားေမးလိုက္ေလသည္။

"သုံးသိန္း"

"အင္း၊ ဟုတ္ၿပီ"

အေသာ္ေျပာေသာ ေငြေၾကးပမာဏကို တိမ္လႊာက မထူးဆန္းသလို ပုံစံမ်ိဳးႏွင့္ ပိုက္ဆံအိတ္ထဲမွ တစ္ေသာင္းတန္ တစ္အုပ္ကို ထုတ္ကာ အရြက္သုံးဆယ္ကို ဆြဲျဖဳတ္လိုက္ေလသည္။ ထို႔ေနာက္ အေသာ့္ထံသို႔ လွမ္းေပးလိုက္ၿပီး

"ေရာ့ အေသာ္၊ ဘယ္မွာသုံးမလို႔လဲဆိုတာကိုေတာ့ ငါမေမးေတာ့ဘူး.."

"အင္း...ဒါမွ တိမ္လႊာအစစ္"

အေသာ္က တိမ္လႊာလွမ္းေပးေသာ ေငြသုံးသိန္းကို လွမ္းယူရင္းမွ ခႏၶာကိုယ္ကို  ေနာက္တစ္ႀကိမ္ အနည္းငယ္ကိုင္းလာကာ
တိမ္လႊာ့၏ႏႈတ္ခမ္းေလးကို ဖ်တ္ခနဲ နမ္းလိုက္ေလသည္။ ထိုအခါ
ဖူးအိနီရဲေနေသာ တိမ္လႊာ့ႏႈတ္ခမ္းေလးေတြက ပါးအေပၚဘက္သို႔ ေကာ့ညြတ္တက္သြားသည္အထိ ျပဳံးေလသည္။

"နင္လည္း ငါ့ကို အဲ့လိုအရည္ေပ်ာ္ေအာင္လုပ္၊ သိလား "

"အဟက္..ဟက္..ဘာလဲ နင္ကငါ့ကို ေႂကြေနျပန္ၿပီလား"

တိမ္လႊာ့အေျပာကို အေသာ္က ခပ္အက္အက္ရယ္လိုက္ကာ ေမးခြန္း ျပန္ထုတ္လိုက္ေလသည္။

"အေမလး ေႂကြစရာလားဟယ္၊ သူငယ္ခ်င္း အခ်င္းခ်င္းကို ခစ္ ခစ္...ေမာင္းေတာ့ ေနာက္က်ေျနပီ..."

တိမ္လႊာက သူ႔ဘာသာသူေျပာၿပီး သေဘာက်သလို ရယ္လိုက္ကာ ကားကိုေမာင္းခိုင္းလိုက္ေလသည္။ အေသာ္ကလည္း တိမ္လႊာေျပာသည့္အတိုင္း ကားေသာ့ေလးကို လွည့္လိုက္ကာ လီဗာေလးနင္းလို႔ အလိုရွိရာအရပ္ဆီသို႔
ကားေခါင္းကို ဦးတည္လ်က္။

ႏႈတ္ခမ္းခ်င္း နမ္းခြင့္ရေပမဲ့လည္း Just Friendပါပဲ။

.............................💕💕💕............................

© A Thway Ni,
книга «My Sister Friend or My Husband».
Коментарі
Упорядкувати
  • За популярністю
  • Спочатку нові
  • По порядку
Показати всі коментарі (3)
wang Yi Bo xiao
P1
ဒီမွာလဲတင္ေတာ့၀မ္းသာတယ္😁
Відповісти
2020-10-18 15:50:12
2
Ngu_War
P1
Kiss တာရည်းစားဟုတ်ဘူးလား ငိငိ JF ကအဲ့လိုလား
Відповісти
2020-10-19 07:58:46
Подобається
Lavender (Tulip)
P1
ေတြ႕ၿပီ😁😁😁
Відповісти
2020-10-19 13:42:23
Подобається