black cloud0061
2020-10-23 13:44:42
ကိုယ့်ခံယူချက်လေးအချို့
ကိုယ့္ခံယူခ်က္ေလးအခ်ိဳ႕
Різне
တစ်သက်လုံးအတွက်မဟုတ်ဘူးဆိုရင်ခံစားချက်ကိုမကစားပါနဲ့
တစ်သက်လုံးအတွက်မဟုတ်ဘူးဆိုရင်ခံစားချက်ကိုမဖော်ပြပါနဲ့
တစ်သက်လုံးအတွက်မဟုတ်ဘူးဆိုရင်ခံစားချက်ကိုလက်မခံပါနဲ့
တစ်သက်လုံးအတွက်မဟုတ်ဘူးဆိုရင်ချစ်တယ်ဆိုတဲ့စကားကိုအလွယ်တကူမပြောပါနဲ့..
ကိုယ်ကစားလိုက်တဲ့ခံစားချက်တစ်ခုကအခြားတစ်ယောက်အတွက်မျှော်လင့်ချက်တစ်ခုဖြစ်သွားနိုင်ပြီးမျှော်လင့်ချက်ကကျိုးပဲ့သွားတဲ့အချိန်သေလောက်အောင်နာတာမို့..
တစ်သက်လုံးအတွက်မဟုတ်ဘူးဆိုရင်ကိုယ့်ခံစားချက်ကိုမထုတ်ဖော်သင့်သလိုသူများခံစားချက်ကိုလည်းလက်မခံသင့်ဘူး
မပြတ်သားမှုတွေကအများအားဖြင့်နာကျင်ခြင်းတွေကိုပိုပြီးနက်ရှိုင်းစေလိမ့်မယ်
အရမ်းလှပေမဲ့ကိုယ့်အတွက်အဆိပ်ရှိတဲ့ပန်းကိုအမြစ်မတွယ်ခင်နှုတ်မှမြေကြီးအဖွာနည်းမှာဖြစ်သလိုသိပ်ပြီအားစိုက်စရာလိုမှာမဟုတ်ဘူး။
ဒါကြောင့်မြဲမြဲမှတ်ထားရမှာတစ်ခုကဘယ်တော့မှခံစားချက်တွေကိုမရှင်းမရှင်းမလုပ်ပါနဲ့
ဒါပေမဲ့မစဥ်းစားမဆင်ခြင်ဘဲဦးနှောက်မရှိလည်းမဆုံးဖြတ်သင့်ပြန်ဘူး
တစ္သက္လုံးအတြက္မဟုတ္ဘူးဆိုရင္ခံစားခ်က္ကိုမကစားပါနဲ႕
တစ္သက္လုံးအတြက္မဟုတ္ဘူးဆိုရင္ခံစားခ်က္ကိုမေဖာ္ျပပါနဲ႕
တစ္သက္လုံးအတြက္မဟုတ္ဘူးဆိုရင္ခံစားခ်က္ကိုလက္မခံပါနဲ႕
တစ္သက္လုံးအတြက္မဟုတ္ဘူးဆိုရင္ခ်စ္တယ္ဆိုတဲ့စကားကိုအလြယ္တကူမေျပာပါနဲ႕..
ကိုယ္ကစားလိုက္တဲ့ခံစားခ်က္တစ္ခုကအျခားတစ္ေယာက္အတြက္ေမွ်ာ္လင့္ခ်က္တစ္ခုျဖစ္သြားနိုင္ၿပီးေမွ်ာ္လင့္ခ်က္ကက်ိဳးပဲ့သြားတဲ့အခ်ိန္ေသေလာက္ေအာင္နာတာမို႔..
တစ္သက္လုံးအတြက္မဟုတ္ဘူးဆိုရင္ကိုယ့္ခံစားခ်က္ကိုမထုတ္ေဖာ္သင့္သလိုသူမ်ားခံစားခ်က္ကိုလည္းလက္မခံသင့္ဘူး
မျပတ္သားမႈေတြကအမ်ားအားျဖင့္နာက်င္ျခင္းေတြကိုပိုၿပီးနက္ရွိုင္းေစလိမ့္မယ္
အရမ္းလွေပမဲ့ကိုယ့္အတြက္အဆိပ္ရွိတဲ့ပန္းကိုအျမစ္မတြယ္ခင္ႏႈတ္မွေျမႀကီးအဖြာနည္းမွာျဖစ္သလိုသိပ္ၿပီအားစိုက္စရာလိုမွာမဟုတ္ဘူး။
ဒါေၾကာင့္ၿမဲၿမဲမွတ္ထားရမွာတစ္ခုကဘယ္ေတာ့မွခံစားခ်က္ေတြကိုမရွင္းမရွင္းမလုပ္ပါနဲ႕
ဒါေပမဲ့မစဥ္းစားမဆင္ျခင္ဘဲဦးေႏွာက္မရွိလည္းမဆုံးျဖတ္သင့္ျပန္ဘူး