Intro
Intro
စကြဝဠာ ကြီးထဲတွင် ဂြိုဟ်ကြီး ကိုးလုံး ရှိသည် အနက်
ကမ္ဘာပေါ်တွင် လူသား များရှိနေကြသလို
အခြားသော ဂြိုဟ်များတွင်လည်း အသီးသီးသော ဂြိုဟ်သားများ နေထိုင်ကြသည် ။

လွန်ခဲ့သော နှစ်ပေါင်း ငါးရာ ခန့်က စေတန် ဂြိုဟ် သားတွေဟာ သွေးကွဲပြီး တခြားဂြိုဟ်တွေကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြပြီးနောက်
တချို့က ဒဏ်ရာတွေ ရကြ ၊ တချို့က အသက်တွေ ဆုံးရှုံး သွားကြသည်အထိပင် စေတန်ဟာ အလွန်ပင် ကြောက်စရာ ကောင်းလောက်အောင် ရိုင်းစိုင်း ခဲ့သည် ။
စေတန်နှင့် ဗီးနပ်စ် ဂြိုဟ် တိုက်ခိုက် မှု ဖြစ်ပွားနေစဥ်အတွင်း ဗီးနပ်ဂြိုဟ်မှ ဘုရင်၏ သမီးတော် မာယာ ဒဏ်ရာ ရသွားခဲ့ပြီး အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့သည် ။

ဗီးနပ်စ် ဂြိုလ် သိမ်းပိုက်ခံ ရတော့မည့်အကြောင်း အခြားဂြိုဟ်တွေက ကြားတော့ အင်အားဖြည့်ကာ ဝင်ကူစေခဲ့သည် ။ အဆုံးမှာတော့ စေတန်တို့ နောက်ဆုတ်သွားခဲ့ရသည် ။ ဘုရင်ကြီးဟာလည်း တိုက်ပွဲမှ ပင်ပန်းသည့်ဒဏ်ရယ် သမီးဖြစ်သူ ပျောက်ဆုံး နေသည်တို့ကြောင့် ပူဆွေး သောကရောက်ကာ အသက်ဆုံးပါးသွားခဲ့ရသည် ။
အချိန်တွေ နှစ်တွေ အတော်ကြာမှ ဘုရင့်သမီးတော်
မာယာ ဟာ ကျမ်းမာစွာ ဖြင့် ပြန်ပေါ်လာခဲ့သည် ။ ဘုရင်မ မာယာ အဖြစ် စိုးစံပြီး ယနေ့အချိန်ထိ ဗီးနပ်စ်ဂြိုဟ်၏ အရှင်မအဖြစ် ရပ်တည်နေခဲ့သည် ။

စေတန် နှင့် ကမ္ဘာ မှ လွဲရင် တခြား ဂြိုလ် ကြီး ၆ လုံးနှင့် မိတ်ဖွဲ့ခဲ့ကြပြီး အပြန်အလှန် ကူညီဖေးမခဲ့ကြသည် ။
စေတန်၏ ကြောက်မက်ဖွယ်ရာ လုပ်ရပ်များကြောင့် ဖယ်ကျဥ် ခံထားရသလို ကမ္ဘာ ဂြိုဟ် ဟာတော့ လုပ်ရပ်များကြောင့်မဟုတ် ။ သူတို့ ဘာသာ သီးသန့် နေတက်ပြီး တကိုယ်ကောင်းဆန်သောကြောင့်ဟု မာယာ အရှင်မက အမိန့် ပြန်ခဲ့ ၏ ။

********

ဝတ်ရုံ အဖြူနဲ့ လူတယောက် အသက်လုပြေးလွှားနေရသည် ၊
သူသေဆုံးခဲ့မည်ဆိုလျင်တောင် ဦးတည်ထားသောနေရာသို့ရောက်အောင် သွားမည်ဟု ဆုံးဖြတ်ချက် ချထားသည့်ဟန် ။

သစ်ပင် ခြုံနွယ်တွေ ကျောက်ဆောင်တွေကြား အဖြူရောင် ဝတ်ရုံဟာ သန့်ရှင်းတောက်ပြောင်မနေတော့ ။
ထိုကျောက်ဆောင်တွေအလယ် တည့်တည့်မှ အလွန်တရာ ကြီးမားသော သစ်ပင်ကြီး တပင်ရှိသည် ။

သစ်ပင်ကြီး ရှေ့ တည့်တည့် မတ်တတ် ရပ်နေပြီး တွဲလောင်း ကျနေသော အပ်ချည်မျှင်မျှ လောက်သာ ရှိသည့် နွယ်ပင်လေး တခုအား အသာ လေး ဆွဲချလိုက်သည်နှင့်..

ဝေါ....

နှစ်ခြမ်းကွဲသွားသော သစ်ပင်ကြီး အထဲသို့ ဝင်သွားလိုက်သည် ။
ဖြာကျနေသော အလင်းရောင်တွေ နေရောင်ခြည်လို လင်းထိန်နေပေမယ့် ပူလောင်ခြင်းတို့မရှိသည့်တိုင် အေးချမ်းသည် ။

ထိုလူအထဲသို့ ရောက် သည့်အချိန် သစ်ပင်ကြီးဟာလည်း ပြန်လည် စေ့သွားခဲ့ပြီး ဘာမှမဖြစ်ခဲ့သလို သာမန် အတိုင်းသာ ။

"အ... အရှင်မ "

ကြီးမားသော ကျောက်ဆောင် ဂူကြီးအထဲတွင် ထိုလူကဲ့သို့ပင် အခြားသော သူများကလည်း အဖြူရောင်ဝတ်ရုံများ ဝတ်ဆင်ထားကြသည် ။
အရှေ့ဆုံးက အမြင့်ဆုံးတွင်ရှိသော ကျောက်ဆောင် ပုလ္လင် ကြီးပေါ်တွင် ထိုင်နေသော အရှင်မ ဆိုသူက ထိုလူ၏ ခေါ်သံကြောင့် မျက်လုံးဖွင့်ကြည့်လာသည် ။

"ဘာကိစ္စ !"

မာယာ အရှင်မ... ။
ဗီးနပ်စ်တို့၏ ဘုရင်မ။
အရှင်မ၏ ဘယ်ဘက်တွင် တောင့်တင်းသည် ခန္ဓာ နှင့် ပုခုံးပေါ်ဝဲကျနေသော လိမ်ကောက်ကောက်ဆံပင်ဖြူများအား နဖူးတွင် အဝတ်ဖြူနှင့် စည်းထားသေး၏။
အဖြူရောင် ဝတ်ရုံကို သူများတွေဝတ်ဆင်ထားပေမယ့်  ဝတ်ဆင်ထားခြင်းမရှိသော ထိုသူက လိုအပ်သည်များကိုသာ  ဖုံးကွယ်ထားပြီး အရှင်မ၏ အားအကြီးဆုံးသော ကိုယ်ရံတော် တဦး။
သူသည် အပြုံးအရယ်မရှိ ကျောက်ရုပ်တရုပ်အလား ရပ်နေ၏ ။
တစ်ချက်လေးမျှပင် တွန့်၍မသွား လှုပ်၍မသွား ၊
ငြိမ်သက်နေသည်။
သူသည် အရှင်မ၏ ပထမဆုံး ယုံကြည်အားကိုး အလေးထားရသောသူ၊

အခြားသော မိန်းမပျိုလေးတွေ လည်း ပလ္လင် အောက်တွင် ရပ်ကာ အရှင်မအား ခစားနေကြသည်။။

ကျောက်ဆောင် ဂူကြီးဖြစ်တာကြောင့်လား အရှင်မ ဆိုသူ၏ အေးစက်စက် အသံကြောင့်လားမသိ ထိုလူမှာ ပြောစရာစကားတို့ မေ့ပျောက် သွားချင်ရသည် ။

"စေ.. စေတန်တွေ "

လက်ညှိုး ဖြင့် အနောက်ကို ညွှန်ပြ မိတော့ အရှင်မ ဆိုသူက သူမ၏ ဝတ်ရုံအဖြူရောင် ကြားထဲကနေ သေးသွယ်ပြီး ပိုးသားလေးလို နူးညံ့ ချောမွေ့နေသည့် လက်လေးဖြင့် လေတွေ တချက် ဝေ့ရမ်း လိုက်သည်၊
နူးညံ့သည့် ဝတ်ရုံဖြူနှင့် အိညက်နေသော အရှင်မ၏ အသားအရေ ၊မျက်နှာ ပုံပန်း သဏ္ဌာန် မှာ ခက်ထန်နေပါသော်ညား ပျော့ပျောင်း ပြီး မြန်ဆန်သည့် အရှင်မ၏ လှုပ်ရှားမှု သည် မြင်ရသူအဖို့ နတ်သမီးတစ်ပါးအလား ၊
ဒါကြောင့်လည်း ဗီးနပ်စ် တို့၏ သခင်မ ဖြစ်နေခဲ့တာ ၊
သူမ ရှေ့ တွင် ဂူ၏ အပြင်ဘက် နေရာတခုလုံး တနည်းအားဖြင့် ဂြိုဟ်ကြီး တခုလုံးကို မြင်နေရသည် ။

"စေတန်တွေ? "

"ဟုတ် ဟုတ်ပါတယ် အရှင်မ ကျူးကျော်လာတာ ကြာနေပြီ ကျွန်တော်မျိုးတို့ ခုခံ ခဲ့ကြပေမယ့် သူတို့ဘက်က အရမ်းအင်အား များနေတယ် "

ပျောက်ပျက်မသွားသေးသော ပုံရပ်တို့ကို အရှင်မက နာကြည်း စွာ ကြည့်နေသည် ။

"ငါတို့ ဂြိုဟ်ကို ကာကွယ်ဖို့ တက်နိုင်သလောက် အကောင်းဆုံး လုပ်ရမယ် "

အရှင်မက မတ်တတ်ထရပ်လိုက်တော့ ထိုလူက ဦးညွှတ်လိုက်သည် ။ ဘေးနားက အခြံရံတွေအပါအဝင် ကိုယ်ရံတော် ဖြစ်သူကပါ အရှင်မအား ဦးညွှတ်ကြနေကြ၏ ။

"အ. အရှင်မ"

"အကြောင်းရှိသေးတာလား"

"စေတန်က အခုချိန်မှာ အရမ်း အင်အား ကြီး နေပြီ ။ ကမ္ဘာ နဲ့ ဗီးနပ်စ် ကလွဲပြီး တခြားဂြိုဟ်တွေအားလုံး သိမ်းပိုက်ပြီးသွားပြီ တော်လွန်းတဲ့ စစ်သည်တချို့လည်း ကျဆုံးခဲ့ပြီ ။ ကျေးဇူး ပြုပြီး အရှင်မ ဒီထဲက မထွက်ပါနဲ့ ဒီမှာ လုံခြုံ တယ် "

အရှင်မက ထို၏ စကားကို မယုံနိုင်ဖွယ် လှန်းလို့ကြည့်သည် ။

"တို့ကို အမိန့်ပြန်ပေးနေတာလား "

"မ. မ.. မဟုတ်ရပါဘူး အရှင်မ ။ ကျွန်တော်မျိုးက အရှင်မကို စိုးရိမ်လို့ ..."

ဒူးထောက်ကာ ခေါင်းနှင့်ကြမ်းပြင် ထိတိုက်တော့ မလားအောက်မေ့ရလောက်အောင် ထိုလူက အရှင်မအား တောင်းပန်လိုက်၏။

စိတ်ပူလို့ပါအရှင်မ။

တီး.. တီး.. ။
ထိုလူ၏ စကားမဆုံးလိုက်ခင်မှာပင် တခြား ဂြိုဟ်များနှင့် ဆက်သွယ်သည့် အချက်ပေးသံက အော်မြည် လာတာကြောင့် အရှင်မ နောက်တကြိမ် လက်ဖြင့် ဝေ့ရမ်းလိုက်ရုံနဲ့ တဘက်ကို မြင်ရကာ မျက်နှာချင်းဆိုင် စကားပြောရနိုင်သည် ။

"မာယာ အရှင်မ ၊ နေကောင်းပါစ "

တဘက်က သာကြောင်းမာကြောင်းမေးသည်ကို အရှင်မက ခေါင်းညိတ်ပြရုံသာ ။

"အခု မာယာ အရှင်မ ဘယ်လို နေ,နေ လဲတော့ မသိပေမယ့် အဲ့နေရာမှာပဲ ဆတ်နေစေချင်တယ် ။ အခုတောင် ကျွန်တော်တို့ဘက်က ခိုးဆက်သွယ်နေရတာ စေတန်တွေ အချိန်အကြာကြီး ငြိမ်သွားခဲ့ပြီးမှာ ကျုပ်တို့ အလစ်မှာ ဝင်တိုက်သွားခဲ့တာပဲ၊ မာယာ အရှင်မရဲ့ ဂြိုဟ်နဲ့ ကမ္ဘာ ဂြိုလ်ကလွဲရင် ကျန်တာတွေ အားလုံး စေတန်လက်ထဲရောက်ကုန်ကြပြီ "

"သူတို့ ဘယ်လောက်တောင် အင်အား များလဲ "

"မြင်နေရတယ်၊ မာယာ အရှင်မတို့ဆီက သိပ် ထက်မြက်တဲ့ စစ်သည် တမန်တော်တွေတောင် ကျဆုံးခဲ့ပြီဆိုတော့ အရှင်မ တွေးကြည့်နိုင်မှာပါ ။ ကြည့်ရတာ ကမ္ဘာ ကို အကူအညီခေါ်ဖို့ လိုပြီထင်တယ် "

သူမ တချက်ငြိမ်သက်သွားသည် ။ လုံးဝ မပတ်သက်ချင်သော ကမ္ဘာ ကို သူမ နည်းနည်းလေးမှ အကူအညီသွားမတောင်းလိုချင် ။

"ဒါပဲ အရှင်မ သူတို့လာနေကြပြီ "

တွီးးးတွီးးးး

ပျက်တောက်သွားသော ရုပ်သံလိုင်းတွေဟာ လေထဲမှာ လွင်မျောသွားခဲ့ပြီ ဖြစ်သလို မာယာ အရှင်မသည်လည်း အရုပ်ကြိုးပြတ် ။

စေတန်တွေကိုနိုင်ဖို့ သူမ ဘာမှ မလုပ်နိုင်တော့ဘူးလား ။

ဝှီးးးးး ဝှီးးးးးးး။

သူမအရှေ့တွင် ပုစဉ်း ကောင်မျှလောက်သာရှိသော Venus Fairy လေး တကောင် ။

"အိုး အရှင်မ "

မာယာအရှင်မအား လေထဲ ဝဲနေသော ထိုVFလေးက ဦးညွတ်လိုက်၏ ။

"အရှင်တကာတို့ရဲ့အရှင် ဘုရင်တကာတို့ရဲ့ဘုရင် လောကမှာ အသန့်ရှင်းအမွန်မြတ်ဆုံး ရှိတဲ့ VFတို့ရဲ့ သခင်ကြီး ဆီက စာလွှာပါးလိုက်ပါတယ် "

Vfလေး လက်ထဲက တုတ်တံလေးကို မာယာ အရှင်မရှေ့ စက်ဝိုင်းပုံ ဝေ့ရမ်းလိုက်သည်။

"လေးစားလျက်ပါ မာယာ၊ အခုချိန်ဟာ အရမ်းကို အရေးကြီးတဲ့အချိန်ဖြစ်နေပြီ "

"စေတန်တွေကို ဘယ်လို အနိုင်ယူလို့ရနိုင်လဲ "

"မာယာ ,မာယာ မင်းက တဖက်ကို ဘယ်တော့ မှ မလေးစားတက်သေးဘူးပဲ "

မာယာ၏ မေးခွန်းကို တဖက်က မုတ်ဆိတ်ဖြူနဲ့ အဖြူရောင်ဝတ်ရုံ အဖိုးအို သက်ပြင်းချ၏ ။
သူ့အား မာယာမှလွဲရင် ကျန်တဲ့သူအားလုံးက ရိုသေ ၊လေးစား ကြောက်ရွံ့ ကြသည်ချည်း ။
မာယာကတော့ ခေါင်းမာသည်။

"လေးစားလျက်ပါ Fairyတို့ရဲ့ အရှင်"

သူမက ပုလ္လင် ပေါ်မှ ထရပ်ကာ ဦးခေါင်းကို ညွှတ်ရင်း
ဆို၏ ။ အဖေမှ လွဲရင် ဘယ်သူကိုမှ သူမ မလေးစား နိုင် ။ ခေါင်းမာလွန်းသော မာယာ ဟာ ခေါင်းဆောင် ဖြစ်ဖို့လည်း ထိုက်တန် သည်ကြောင့် အားလုံးက ဗီးနပ်စ်၏ အရှင်မ အရာ၌ ဆက်လက် တည်မြဲနေစေ ခြင်းလည်းဖြစ်သည် ။

"ကျွန်မ ဘာလုပ်သင့်လဲ "

"မင်း ကမ္ဘာ နဲ့ ဆက်နွယ်  ရလိမ့်မယ် ၊ မဟုတ်ဘူး လွန်ခဲ့တဲ့ နှစ် ငါးရာ ထဲက မင်း ဆက်နွယ်ခဲ့ပြီးသားပဲ "

"ဘာကို ဆိုလိုတာ လဲ "

အဖိုးအို VF အရှင်၏ စကားကို သူမ နားမလည် ။
အစထဲက ကမ္ဘာ နဲ့ မပတ်သက်ချင်လို့ မေ့ထားခဲ့ပြီမဟုတ်ပါလား ။

"ကမ္ဘာလူသားတွေက ခွန်အားကြီးတယ် ၊ ဗီးနပ်စ်တို့က သန့်ရှင်းမွန်မြတ်ကြတယ် ။
လူသားနဲ့ ဗီးနပ်စ် ပေါင်းစပ်ပြီး မွေးဖွားလာမယ့် ကလေးဟာ လောကမှာ ဘယ်သူမှ မယှဥ်ပြိုင်နိုင်တဲ့ ပြိုင်ဘက်ကင်း သူရဲကောင်းမှော်ဆရာ တဦးဖြစ်လာလိမ့်မယ် "

"အဲ့တော့ "

"အဲ့ကလေး ကပဲ စေတန်တွေကို အနိုင်တိုက် နိုင်လိမ့်မယ် ။ အဲ့ကလေးက ဗီးနပ်စ် အနာဂတ် ရဲ့ အရှင် တပါးလည်း ဖြစ်လာလိမ့်မယ်"

"ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ စစ်ပွဲတွေက အခုဖြစ်နေပြီ အဲ့ကလေး ကို ဘယ်သူကမွေးပြီး ဘယ်မှာ သွားရှာရမှာလဲ ကလေးတယောက် အရွယ်ရောက်ဖို့ ခဏလေးနဲ့ ဖြစ်လာမှာမှ မဟုတ်ပဲ "

"ဒါက မင်းရဲ့အမြင်လေ "

မရှင်းလင်းသော အဖိုးအိုရဲ့စကားကို မာယာအရှင်မ သိပ်ဘဝင်မကျလှ ။

"မင်းပျောက်သွားခဲ့ချိန်တုန်းက ဘယ်တွေရောက်နေခဲ့လဲ ဘာတွေဖြစ်ခဲ့လဲ ၊ မင်းမေ့ထားတဲ့ အချိန်ခဏလေးက မင်းအဖြေပြန်ရှာကြည့်ပါ "

အဖိုးအိုက ဘာကိုပြောချင်တာပါလဲ ။ ပြောချင်တာရှိရင် ဒဲ့ပြောသင့်တယ်မဟုတ်လား ။

"ကလေးက အရွယ်ရောက်နှင့်နေပါပြီ "

"ကျွန်မမှာ အချိန်ဘယ်လောက်ကျန်လဲ "

"အချိန်ကို မင်းကန့်သတ်လို့ရတာ မေ့နေပြီလား ၊
ဒါပေမဲ့ အမှန်တရားကိုတော့ ဖြေရှင်းလို့မရဘူး ။
မင်းအချိန်ကို ကန့သတ်လို့ရပေမယ့် စေတန်တွေ ရန်က လွတ်အောင်မလုက်နိုင်ဘူး။
မင်းအချိန်တစ်ခုသတ်မှတ်လိုက်ပါ ။ အဲ့အချိန်အတွင်းမှာ မင်းလူသားကိုရှာရမယ်။ ဒါပေမဲ့ ရှာလို့မရခဲ့ရင်တော့...."

စကားကို ဆုံးအောင်မပြောပဲ လောင်ကျွမ်းသွားသော မြင်ကွင်း လေးတခုက လေထဲတွင် အစိတ်စိတ်အမြွှာမြွှာ ။
မာယာ အရှင်မ တခုခုကို သဲကြီးမဲကြီး စဥ်းစားနေသည် ။

" အာဗာဿ ကို အခုချက်ချင်း ဆင့်ခေါ် စမ်း "

ဆုံးဖြတ်ချက်တခု ချပြီးသည့်နောက် မာယာအရှင်မဆီမှ ထွက်ပေါ်လာသည့်စကား ။ အာဗာဿ ဆိုသည်မှာ မာယာအရှင်မဘေးက ကိုယ်ရံတော်ပြီးလျင် အားအကိုးရဆုံးသော သူတယောက် ဆိုလျင်လည်းမမှား ။ တစ်ခုခုဆို စဥ်းစားတွေးခေါ်နိုင်သူတစ်ဦး ။ လက်ရုံးရည် လည်း ထူးချွန် သောသူတစ်ယောက်၊
မာယာအရှင်မ အယုံကြည်ရဆုံးသော ဒုတိယမြောက်သူတစ်ဦး။

"အမိန့်ကို နာခံလျက်ပါ အရှင်မ "

သူမရှေ့ ကို ချက်ချင်းဆိုသလို ပေါ်လာသော လူတဦး ။ ပထမဆုံး ဝင်လာသော သူနည်းတူ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရှည်လျားသော ဆံပင်တို့ဟာ နီညိုရောင်ဖြစ်သည် ။
ဆံပင်များ အပေါ်တဝက်ကို စည်းထားပြီး ကျန်တဝက်ကို ဖြန့်ချထား၏။
ဝတ်ရုံကို သေသပ်စွာဝတ်ဆင်ထားကာ စစ်မြေပြင်သို့ အခုသွားပါဆိုလျင်တောင် အသင့်ဖြစ်နေသည့်သူတဦးပမာ ။ ဒါတွေဟာပဲ မာယာအရှင်မ သဘောကျရဆုံး ။

"အာဗာဿ"

"ကျွန်တော်မျိုး နားထောင်နေပါတယ် အရှင်မ "

"ဒေဗောရ"

နောက်ထပ်အမည်နာမတစ်ခု နှင့်အတူ
  အရှင်မဘေးက ရပ်နေသော ကိုယ်ရံတော် က ဒူးထောက်ချကာ ဦးညွတ်လိုက်၏ ။
ဒါပါပဲ ။
ထို ဒေဗောရ ဆိုသူ ဟာ မလိုအပ်လျင် စကားမပြော ။

"မင်းတို့နှစ်ယောက် ကို တာဝန်တခုပေးမယ် "

"...."

"ကမ္ဘာ ပေါ်သွားပြီး လူတယောက်ကို ရှာလာခဲ့ ရမယ် အဲ့ လူကပဲ ဒီစစ်ပွဲ ကြီးကို အဆုံးသတ်ပေးနိုင်မယ် "

"ကျွန်တော်မျိုးတို့ သွားဖို့က ဖြစ်ပေမယ့် အရှင်မ အတွက် .."

"စိတ်မပူပါနဲ ဒေ  ။ တို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပါတယ် "

အရှင်မဟာ မာကျောပေမယ့် နူးညံ့တဲ့နှလုံးသားရှိသူဆိုတာ ဗီနပ်စ်တို့အားလုံးအသိ။
အရှင်မ သူ့ဗီးနပ်စ်တို့အား စိတ်ပူသည့်အချိန်မျိုး ၊ ကြင်နာသည့်အခါတိုင်းတွင် နာမည် အဖျားစွတ်၍ခေါ်တက်သည်။

ဥပမာ  - ဒေဗောရ အား ဒေ ဟုခေါ်တက်တာမျိုး။
အာဗာဿ အား R ဟုပင် ခေါ်တက်တာမျိုးပေါ့။

"ဒါပေမယ့် .."

"တို့မှာ ရွေးချယ်စရာမရှိတော့ဘူး ။ နောက်ပြီး တခြားတယောက်ကို တာဝန်ပေးဖို့ တို့စိတ်မချဘူး"

"ဒါဆို ကမ္ဘာ ပေါ်မှာ အဲ့လူကို ဘယ်လို ရှာတွေ့နိုင်မှာ လဲ"

ရွှင်းးးး။
လင်းလက်သွားသော ရောင်ခြည်တန်းတခု ။ အလင်းရောင်တွေ အားလုံး စုပြီးရောက်လာသလို သံဇဥ်ဟာလည်း သိမ်မွေ့ နေသည် ။
နှစ်လိုဖွယ်ကောင်း၏။
ထိုနောက် ထို ရောင်ခြည်တန်းလေး နှစ်ခု ကွဲကာ တခုက အရှင်မရှေ့တွင် ဒူးထောက်နေသည့်
အာဗာဿ‌၏ ဘယ်လက် လက်ကောက်ဝတ် တွင် ရစ်ပတ်လျက် ။ နောက်တခုက အရှင်မ၏ ဘေးက ‌
ဒေဗောရ  က ညာလက်တွင် ရစ်ပတ်သွားသည် ။

"အ... အရှင်မ  ဒါက "

"သန့်စင်တဲ့ နဂါးဖြူခေါင်းနဲ့ တံဆိတ်တော်ပဲ၊
ဒါက အဲ့လူသားနဲ့ဆုံတဲ့အခါ မင်းတို့ကို ချက်ချင်း သိရအောင် အချက်ပြပေးလိမ့်မယ်၊ အချိန်မရှိတော့တာမို့ အခုပဲ တာဝန်ကို စတင်ဖို့ တို့အမိန့်ပေးတယ် မင်းတို့ ကမ္ဘာ့ပေါ်က အချိန်နဲ့ ၆လ အချိန်ရတယ် "

သူတို့နှစ်ဦးသည် အထွန့်မတက်။
အရှင်မအား အရိုအသေပြုလိုက်၏။

"ဗီးနပ်စ် တို့ရဲ့ အရှင်မ အသက်ရှည်ပါစေ "

"ဗီးနပ်စ်တို့ရဲ့အရှင်မ အသက်ရှည်ပါစေ"

နှစ်ဦးပြိုင်တူ တောင်းဆုခြွေပြီးနောက် ဂူထဲက ထွက်ဖို့ ပြင်နေစဥ် .....

"မင်းတို့ သိထားရမှာ ရှိတယ် "

အရှင်မ ၏ အသံကြောင့် ပြန်လှည့်ကာ နာခံနေကြရပြန်သည် ။

"မင်းတို့ဟာ လူသားတွေအဖြစ်နဲ့ ဟန်ဆောင်နေရမယ် ။ ဗီးနပ်စ် တွေပါဆိုတာကို အဲ့ လူကို ရှာမတွေ့မချင်း ဘယ်သူမှမသိစေရဘူး ။ နောက်ပြီး
ဒေဗောရ ဟာ ခေါင်းဆောင်ပဲ ဖြစ်တယ် ၊သူ့ရဲ့အမိန့်ကို ငါ့အမိန့်လို သဘောထားပြီး နာခံပါ အာဗာဿ ။ နောက်ထပ်အရေးကြီးတာတခုက လူသားတွေနဲ့ ပတ်သက်လို့ မင်းတို့မှာ ခံစားချက်မရှိရဘူး ။
လူသားတွေဟာ မင်းတို့နဲ့ ဘာမှမဆိုင်ဘူးဆိုတာ သိထားပါ "

သူမ စကား ဆုံးသည်နှင့် ရုတ်ချည်း ပျောက်ကွယ်သွားကြသည် ။
ထိုအချင်းရာကို ပထမဆုံးဝင်လာကာ အသိပေးသူ တဦးက ငေးကြည့်နေရုံမှတပါး ။

"မင်းသွားလို့ရပြီ "

အရှင်မရဲ့ အမိန့်ပေးသံအဆုံးမှာ ထိုလူကလည်း ပြန်ထွက်လာခဲ့ လေတော့သည် ။
သူဟာ စစ်သည် တဦး ဖြစ်တာမို့ တခြား စစ်သည်တွေနည်းတူ စေတန်တို့အား တိုက်ခိုက်ရန်ပင် ဖြစ်သည် ။

"ရှု မ ဝါ "

"အရှင်မ၏ ဘေးမှာ အမြဲတမ်း အသင့်ရှိကြောင်းပါ "

အဖြူရောင် ဝတ်ရုံရှည်နှင့် ကျောလယ်ထက် ဝဲကျနေသော ဆံနွယ်တို့ဟာ ပျော့ပျောင်း အိခွေနေသည် ။ သူမ ရှု မ ဝါ ဆိုသူကတော့ အရှင်မ၏ အနားတွင် အချိန်တိုင်းရှိနေတက်သော မင်းသမီး တပါးပင် ။ မင်းသမီး ဆိုပေမယ့် အရှင်မ၏ သမီးတော်တော့မဟုတ်ပေ။
အရှင်မဘေးတွင် ခစားကြသော မင်းသမီး များအနက် သူမက ဉာဏ်ရည်အထက်မြက်ဆုံးနဲ့ အပြက်သားဆုံးသူ။
အတိကျဆုံးသူ။
သူမတွင် တည်ကြည်ပြီး လေးနက်သော မျက်ဝန်းများနှင့် အရှင်မ မှလွဲရင် ဘယ်အရာ ကိုမှ သူမ မကြောက်ပေ။
သူမဟာ အရှင်မ၏ တတိယမြောက် အယုံကြည်အားကိုးရဆုံးသူ။

"သူတို့နှစ်ယောက်အနောက်ကိုလိုက်သွားပါ၊  အကူအညီလိုတဲ့အခါ အဆင်သင့်ဖြစ်နေပါစေ "

"အရှင်မရဲ့ အမိန့်တော်အတိုင်းပါ "

ရှု မ ဝါ မင်းသမီးငယ်လေးဟာ သူမ၏ နားထင်ကို လက်ညှိုး သေးသေးလေးဖြင့် ထောက်ရင်း ထွက်သွားသော ဒေဗောရ တို့နှစ်ယောက်အား ခြေရာခံစေလိုက်ပြီး လိုက်သွားရန်ပြင်၏။

မြန်ဆန်လွန်းသော ဒေဗောရ တို့နှစ်ဦးဟ ကမ္ဘာ ပေါ်တောင်ရောက်သွားကြချေပြီ ။

**********

Zawgyi



စၾကဝဠာ ႀကီးထဲတြင္ ၿဂိဳဟ္ႀကီး ကိုးလုံး ရွိသည္ အနက္
ကမာၻေပၚတြင္ လူသား မ်ားရွိေနၾကသလို
အျခားေသာ ၿဂိဳဟ္မ်ားတြင္လည္း အသီးသီးေသာ ၿဂိဳဟ္သားမ်ား ေနထိုင္ၾကသည္ ။

လြန္ခဲ့ေသာ ႏွစ္ေပါင္း ငါးရာ ခန့္က ေစတန္ ၿဂိဳဟ္ သားေတြဟာ ေသြးကြဲၿပီး တျခားၿဂိဳဟ္ေတြကို ဝင္ေရာက္ တိုက္ခိုက္ခဲ့ၾကၿပီးေနာက္
တခ်ိဳ႕က ဒဏ္ရာေတြ ရၾက ၊ တခ်ိဳ႕က အသက္ေတြ ဆုံးရႈံး သြားၾကသည္အထိပင္ ေစတန္ဟာ အလြန္ပင္ ေၾကာက္စရာ ေကာင္းေလာက္ေအာင္ ရိုင္းစိုင္း ခဲ့သည္ ။
ေစတန္ႏွင့္ ဗီးနပ္စ္ ၿဂိဳဟ္ တိုက္ခိုက္ မႈ ျဖစ္ပြားေနစဥ္အတြင္း ဗီးနပ္ၿဂိဳဟ္မွ ဘုရင္၏ သမီးေတာ္ မာယာ ဒဏ္ရာ ရသြားခဲ့ၿပီး အခ်ိန္အေတာ္ၾကာ ေပ်ာက္ဆုံးေနခဲ့သည္ ။

ဗီးနပ္စ္ ၿဂိဳလ္ သိမ္းပိုက္ခံ ရေတာ့မည့္အေၾကာင္း အျခားၿဂိဳဟ္ေတြက ၾကားေတာ့ အင္အားျဖည့္ကာ ဝင္ကူေစခဲ့သည္ ။ အဆုံးမွာေတာ့ ေစတန္တို႔ ေနာက္ဆုတ္သြားခဲ့ရသည္ ။ ဘုရင္ႀကီးဟာလည္း တိုက္ပြဲမွ ပင္ပန္းသည့္ဒဏ္ရယ္ သမီးျဖစ္သူ ေပ်ာက္ဆုံး ေနသည္တို႔ေၾကာင့္ ပူေဆြး ေသာကေရာက္ကာ အသက္ဆုံးပါးသြားခဲ့ရသည္ ။
အခ်ိန္ေတြ ႏွစ္ေတြ အေတာ္ၾကာမွ ဘုရင့္သမီးေတာ္
မာယာ ဟာ က်မ္းမာစြာ ျဖင့္ ျပန္ေပၚလာခဲ့သည္ ။ ဘုရင္မ မာယာ အျဖစ္ စိုးစံၿပီး ယေန႕အခ်ိန္ထိ ဗီးနပ္စ္ၿဂိဳဟ္၏ အရွင္မအျဖစ္ ရပ္တည္ေနခဲ့သည္ ။

ေစတန္ ႏွင့္ ကမာၻ မွ လြဲရင္ တျခား ၿဂိဳလ္ ႀကီး ၆ လုံးႏွင့္ မိတ္ဖြဲ႕ခဲ့ၾကၿပီး အျပန္အလွန္ ကူညီေဖးမခဲ့ၾကသည္ ။
ေစတန္၏ ေၾကာက္မက္ဖြယ္ရာ လုပ္ရပ္မ်ားေၾကာင့္ ဖယ္က်ဥ္ ခံထားရသလို ကမာၻ ၿဂိဳဟ္ ဟာေတာ့ လုပ္ရပ္မ်ားေၾကာင့္မဟုတ္ ။ သူတို႔ ဘာသာ သီးသန့္ ေနတက္ၿပီး တကိုယ္ေကာင္းဆန္ေသာေၾကာင့္ဟု မာယာ အရွင္မက အမိန့္ ျပန္ခဲ့ ၏ ။

********

ဝတ္႐ုံ အျဖဴနဲ႕ လူတေယာက္ အသက္လုေျပးလႊားေနရသည္ ၊
သူေသဆုံးခဲ့မည္ဆိုလ်င္ေတာင္ ဦးတည္ထားေသာေနရာသို႔ေရာက္ေအာင္ သြားမည္ဟု ဆုံးျဖတ္ခ်က္ ခ်ထားသည့္ဟန္ ။

သစ္ပင္ ၿခဳံႏြယ္ေတြ ေက်ာက္ေဆာင္ေတြၾကား အျဖဴေရာင္ ဝတ္႐ုံဟာ သန့္ရွင္းေတာက္ေျပာင္မေနေတာ့ ။
ထိုေက်ာက္ေဆာင္ေတြအလယ္ တည့္တည့္မွ အလြန္တရာ ႀကီးမားေသာ သစ္ပင္ႀကီး တပင္ရွိသည္ ။

သစ္ပင္ႀကီး ေရွ႕ တည့္တည့္ မတ္တတ္ ရပ္ေနၿပီး တြဲေလာင္း က်ေနေသာ အပ္ခ်ည္မွ်င္မွ် ေလာက္သာ ရွိသည့္ ႏြယ္ပင္ေလး တခုအား အသာ ေလး ဆြဲခ်လိဳက္သည္ႏွင့္..

ေဝါ....

ႏွစ္ျခမ္းကြဲသြားေသာ သစ္ပင္ႀကီး အထဲသို႔ ဝင္သြားလိုက္သည္ ။
ျဖာက်ေနေသာ အလင္းေရာင္ေတြ ေနေရာင္ျခည္လို လင္းထိန္ေနေပမယ့္ ပူေလာင္ျခင္းတို႔မရွိသည့္တိုင္ ေအးခ်မ္းသည္ ။

ထိုလူအထဲသို႔ ေရာက္ သည့္အခ်ိန္ သစ္ပင္ႀကီးဟာလည္း ျပန္လည္ ေစ့သြားခဲ့ၿပီး ဘာမွမျဖစ္ခဲ့သလို သာမန္ အတိုင္းသာ ။

"အ... အရွင္မ "

ႀကီးမားေသာ ေက်ာက္ေဆာင္ ဂူႀကီးအထဲတြင္ ထိုလူကဲ့သို႔ပင္ အျခားေသာ သူမ်ားကလည္း အျဖဴေရာင္ဝတ္႐ုံမ်ား ဝတ္ဆင္ထားၾကသည္ ။
အေရွ႕ဆုံးက အျမင့္ဆုံးတြင္ရွိေသာ ေက်ာက္ေဆာင္ ပုလႅင္ ႀကီးေပၚတြင္ ထိုင္ေနေသာ အရွင္မ ဆိုသူက ထိုလူ၏ ေခၚသံေၾကာင့္ မ်က္လုံးဖြင့္ၾကည့္လာသည္ ။

"ဘာကိစၥ !"

မာယာ အရွင္မ... ။
ဗီးနပ္စ္တို႔၏ ဘုရင္မ။
အရွင္မ၏ ဘယ္ဘက္တြင္ ေတာင့္တင္းသည္ ခႏၶာ ႏွင့္ ပုခုံးေပၚဝဲက်ေနေသာ လိမ္ေကာက္ေကာက္ဆံပင္ျဖဴမ်ားအား နဖူးတြင္ အဝတ္ျဖဴႏွင့္ စည္းထားေသး၏။
အျဖဴေရာင္ ဝတ္႐ုံကို သူမ်ားေတြဝတ္ဆင္ထားေပမယ့္  ဝတ္ဆင္ထားျခင္းမရွိေသာ ထိုသူက လိုအပ္သည္မ်ားကိုသာ  ဖုံးကြယ္ထားၿပီး အရွင္မ၏ အားအႀကီးဆုံးေသာ ကိုယ္ရံေတာ္ တဦး။
သူသည္ အၿပဳံးအရယ္မရွိ ေက်ာက္႐ုပ္တ႐ုပ္အလား ရပ္ေန၏ ။
တစ္ခ်က္ေလးမွ်ပင္ တြန့္၍မသြား လႈပ္၍မသြား ၊
ၿငိမ္သက္ေနသည္။
သူသည္ အရွင္မ၏ ပထမဆုံး ယုံၾကည္အားကိုး အေလးထားရေသာသူ၊

အျခားေသာ မိန္းမပ်ိဳေလးေတြ လည္း ပလႅင္ ေအာက္တြင္ ရပ္ကာ အရွင္မအား ခစားေနၾကသည္။။

ေက်ာက္ေဆာင္ ဂူႀကီးျဖစ္တာေၾကာင့္လား အရွင္မ ဆိုသူ၏ ေအးစက္စက္ အသံေၾကာင့္လားမသိ ထိုလူမွာ ေျပာစရာစကားတို႔ ေမ့ေပ်ာက္ သြားခ်င္ရသည္ ။

"ေစ.. ေစတန္ေတြ "

လက္ညွိုး ျဖင့္ အေနာက္ကို ၫႊန္ျပ မိေတာ့ အရွင္မ ဆိုသူက သူမ၏ ဝတ္႐ုံအျဖဴေရာင္ ၾကားထဲကေန ေသးသြယ္ၿပီး ပိုးသားေလးလို ႏူးညံ့ ေခ်ာေမြ႕ေနသည့္ လက္ေလးျဖင့္ ေလေတြ တခ်က္ ေဝ့ရမ္း လိုက္သည္၊
ႏူးညံ့သည့္ ဝတ္႐ုံျဖဴႏွင့္ အိညက္ေနေသာ အရွင္မ၏ အသားအေရ ၊မ်က္ႏွာ ပုံပန္း သဏၭာန္ မွာ ခက္ထန္ေနပါေသာ္ညား ေပ်ာ့ေပ်ာင္း ၿပီး ျမန္ဆန္သည့္ အရွင္မ၏ လႈပ္ရွားမႈ သည္ ျမင္ရသူအဖို႔ နတ္သမီးတစ္ပါးအလား ၊
ဒါေၾကာင့္လည္း ဗီးနပ္စ္ တို႔၏ သခင္မ ျဖစ္ေနခဲ့တာ ၊
သူမ ေရွ႕ တြင္ ဂူ၏ အျပင္ဘက္ ေနရာတခုလုံး တနည္းအားျဖင့္ ၿဂိဳဟ္ႀကီး တခုလုံးကို ျမင္ေနရသည္ ။

"ေစတန္ေတြ? "

"ဟုတ္ ဟုတ္ပါတယ္ အရွင္မ က်ဴးေက်ာ္လာတာ ၾကာေနၿပီ ကြၽန္ေတာ္မ်ိဳးတို႔ ခုခံ ခဲ့ၾကေပမယ့္ သူတို႔ဘက္က အရမ္းအင္အား မ်ားေနတယ္ "

ေပ်ာက္ပ်က္မသြားေသးေသာ ပုံရပ္တို႔ကို အရွင္မက နာၾကည္း စြာ ၾကည့္ေနသည္ ။

"ငါတို႔ ၿဂိဳဟ္ကို ကာကြယ္ဖို႔ တက္နိုင္သေလာက္ အေကာင္းဆုံး လုပ္ရမယ္ "

အရွင္မက မတ္တတ္ထရပ္လိုက္ေတာ့ ထိုလူက ဦးၫႊတ္လိုက္သည္ ။ ေဘးနားက အၿခံရံေတြအပါအဝင္ ကိုယ္ရံေတာ္ ျဖစ္သူကပါ အရွင္မအား ဦးၫႊတ္ၾကေနၾက၏ ။

"အ. အရွင္မ"

"အေၾကာင္းရွိေသးတာလား"

"ေစတန္က အခုခ်ိန္မွာ အရမ္း အင္အား ႀကီး ေနၿပီ ။ ကမာၻ နဲ႕ ဗီးနပ္စ္ ကလြဲၿပီး တျခားၿဂိဳဟ္ေတြအားလုံး သိမ္းပိုက္ၿပီးသြားၿပီ ေတာ္လြန္းတဲ့ စစ္သည္တခ်ိဳ႕လည္း က်ဆဳံးခဲ့ၿပီ ။ ေက်းဇူး ျပဳၿပီး အရွင္မ ဒီထဲက မထြက္ပါနဲ႕ ဒီမွာ လုံၿခဳံ တယ္ "

အရွင္မက ထို၏ စကားကို မယုံနိုင္ဖြယ္ လွန္းလို႔ၾကည့္သည္ ။

"တို႔ကို အမိန့္ျပန္ေပးေနတာလား "

"မ. မ.. မဟုတ္ရပါဘူး အရွင္မ ။ ကြၽန္ေတာ္မ်ိဳးက အရွင္မကို စိုးရိမ္လို႔ ..."

ဒူးေထာက္ကာ ေခါင္းႏွင့္ၾကမ္းျပင္ ထိတိုက္ေတာ့ မလားေအာက္ေမ့ရေလာက္ေအာင္ ထိုလူက အရွင္မအား ေတာင္းပန္လိုက္၏။

စိတ္ပူလို႔ပါအရွင္မ။

တီး.. တီး.. ။
ထိုလူ၏ စကားမဆုံးလိုက္ခင္မွာပင္ တျခား ၿဂိဳဟ္မ်ားႏွင့္ ဆက္သြယ္သည့္ အခ်က္ေပးသံက ေအာ္ျမည္ လာတာေၾကာင့္ အရွင္မ ေနာက္တႀကိမ္ လက္ျဖင့္ ေဝ့ရမ္းလိုက္႐ုံနဲ႕ တဘက္ကို ျမင္ရကာ မ်က္ႏွာခ်င္းဆိုင္ စကားေျပာရနိုင္သည္ ။

"မာယာ အရွင္မ ၊ ေနေကာင္းပါစ "

တဘက္က သာေၾကာင္းမာေၾကာင္းေမးသည္ကို အရွင္မက ေခါင္းညိတ္ျပ႐ုံသာ ။

"အခု မာယာ အရွင္မ ဘယ္လို ေန,ေန လဲေတာ့ မသိေပမယ့္ အဲ့ေနရာမွာပဲ ဆတ္ေနေစခ်င္တယ္ ။ အခုေတာင္ ကြၽန္ေတာ္တို႔ဘက္က ခိုးဆက္သြယ္ေနရတာ ေစတန္ေတြ အခ်ိန္အၾကာႀကီး ၿငိမ္သြားခဲ့ၿပီးမွာ က်ဳပ္တို႔ အလစ္မွာ ဝင္တိုက္သြားခဲ့တာပဲ၊ မာယာ အရွင္မရဲ႕ ၿဂိဳဟ္နဲ႕ ကမာၻ ၿဂိဳလ္ကလြဲရင္ က်န္တာေတြ အားလုံး ေစတန္လက္ထဲေရာက္ကုန္ၾကၿပီ "

"သူတို႔ ဘယ္ေလာက္ေတာင္ အင္အား မ်ားလဲ "

"ျမင္ေနရတယ္၊ မာယာ အရွင္မတို႔ဆီက သိပ္ ထက္ျမက္တဲ့ စစ္သည္ တမန္ေတာ္ေတြေတာင္ က်ဆဳံးခဲ့ၿပီဆိုေတာ့ အရွင္မ ေတြးၾကည့္နိုင္မွာပါ ။ ၾကည့္ရတာ ကမာၻ ကို အကူအညီေခၚဖို႔ လိုၿပီထင္တယ္ "

သူမ တခ်က္ၿငိမ္သက္သြားသည္ ။ လုံးဝ မပတ္သက္ခ်င္ေသာ ကမာၻ ကို သူမ နည္းနည္းေလးမွ အကူအညီသြားမေတာင္းလိုခ်င္ ။

"ဒါပဲ အရွင္မ သူတို႔လာေနၾကၿပီ "

တြီးးးတြီးးးး

ပ်က္ေတာက္သြားေသာ ႐ုပ္သံလိုင္းေတြဟာ ေလထဲမွာ လြင္ေမ်ာသြားခဲ့ၿပီ ျဖစ္သလို မာယာ အရွင္မသည္လည္း အ႐ုပ္ႀကိဳးျပတ္ ။

ေစတန္ေတြကိုနိုင္ဖို႔ သူမ ဘာမွ မလုပ္နိုင္ေတာ့ဘူးလား ။

ဝွီးးးးး ဝွီးးးးးးး။

သူမအေရွ႕တြင္ ပုစဥ္း ေကာင္မွ်ေလာက္သာရွိေသာ Venus Fairy ေလး တေကာင္ ။

"အိုး အရွင္မ "

မာယာအရွင္မအား ေလထဲ ဝဲေနေသာ ထိုVFေလးက ဦးၫြတ္လိုက္၏ ။

"အရွင္တကာတို႔ရဲ႕အရွင္ ဘုရင္တကာတို႔ရဲ႕ဘုရင္ ေလာကမွာ အသန့္ရွင္းအမြန္ျမတ္ဆုံး ရွိတဲ့ VFတို႔ရဲ႕ သခင္ႀကီး ဆီက စာလႊာပါးလိုက္ပါတယ္ "

Vfေလး လက္ထဲက တုတ္တံေလးကို မာယာ အရွင္မေရွ႕ စက္ဝိုင္းပုံ ေဝ့ရမ္းလိုက္သည္။

"ေလးစားလ်က္ပါ မာယာ၊ အခုခ်ိန္ဟာ အရမ္းကို အေရးႀကီးတဲ့အခ်ိန္ျဖစ္ေနၿပီ "

"ေစတန္ေတြကို ဘယ္လို အနိုင္ယူလို႔ရနိုင္လဲ "

"မာယာ ,မာယာ မင္းက တဖက္ကို ဘယ္ေတာ့ မွ မေလးစားတက္ေသးဘူးပဲ "

မာယာ၏ ေမးခြန္းကို တဖက္က မုတ္ဆိတ္ျဖဴနဲ႕ အျဖဴေရာင္ဝတ္႐ုံ အဖိုးအို သက္ျပင္းခ်၏ ။
သူ႕အား မာယာမွလြဲရင္ က်န္တဲ့သူအားလုံးက ရိုေသ ၊ေလးစား ေၾကာက္႐ြံ႕ ၾကသည္ခ်ည္း ။
မာယာကေတာ့ ေခါင္းမာသည္။

"ေလးစားလ်က္ပါ Fairyတို႔ရဲ႕ အရွင္"

သူမက ပုလႅင္ ေပၚမွ ထရပ္ကာ ဦးေခါင္းကို ၫႊတ္ရင္း
ဆို၏ ။ အေဖမွ လြဲရင္ ဘယ္သူကိုမွ သူမ မေလးစား နိုင္ ။ ေခါင္းမာလြန္းေသာ မာယာ ဟာ ေခါင္းေဆာင္ ျဖစ္ဖို႔လည္း ထိုက္တန္ သည္ေၾကာင့္ အားလုံးက ဗီးနပ္စ္၏ အရွင္မ အရာ၌ ဆက္လက္ တည္ၿမဲေနေစ ျခင္းလည္းျဖစ္သည္ ။

"ကြၽန္မ ဘာလုပ္သင့္လဲ "

"မင္း ကမာၻ နဲ႕ ဆက္ႏြယ္  ရလိမ့္မယ္ ၊ မဟုတ္ဘူး လြန္ခဲ့တဲ့ ႏွစ္ ငါးရာ ထဲက မင္း ဆက္ႏြယ္ခဲ့ၿပီးသားပဲ "

"ဘာကို ဆိုလိုတာ လဲ "

အဖိုးအို VF အရွင္၏ စကားကို သူမ နားမလည္ ။
အစထဲက ကမာၻ နဲ႕ မပတ္သက္ခ်င္လို႔ ေမ့ထားခဲ့ၿပီမဟုတ္ပါလား ။

"ကမာၻလူသားေတြက ခြန္အားႀကီးတယ္ ၊ ဗီးနပ္စ္တို႔က သန့္ရွင္းမြန္ျမတ္ၾကတယ္ ။
လူသားနဲ႕ ဗီးနပ္စ္ ေပါင္းစပ္ၿပီး ေမြးဖြားလာမယ့္ ကေလးဟာ ေလာကမွာ ဘယ္သူမွ မယွဥ္ၿပိဳင္နိုင္တဲ့ ၿပိဳင္ဘက္ကင္း သူရဲေကာင္းေမွာ္ဆရာ တဦးျဖစ္လာလိမ့္မယ္ "

"အဲ့ေတာ့ "

"အဲ့ကေလး ကပဲ ေစတန္ေတြကို အနိုင္တိုက္ နိုင္လိမ့္မယ္ ။ အဲ့ကေလးက ဗီးနပ္စ္ အနာဂတ္ ရဲ႕ အရွင္ တပါးလည္း ျဖစ္လာလိမ့္မယ္"

"ဒါက ဘယ္လို ျဖစ္နိုင္မွာလဲ စစ္ပြဲေတြက အခုျဖစ္ေနၿပီ အဲ့ကေလး ကို ဘယ္သူကေမြးၿပီး ဘယ္မွာ သြားရွာရမွာလဲ ကေလးတေယာက္ အ႐ြယ္ေရာက္ဖို႔ ခဏေလးနဲ႕ ျဖစ္လာမွာမွ မဟုတ္ပဲ "

"ဒါက မင္းရဲ႕အျမင္ေလ "

မရွင္းလင္းေသာ အဖိုးအိုရဲ႕စကားကို မာယာအရွင္မ သိပ္ဘဝင္မက်လွ ။

"မင္းေပ်ာက္သြားခဲ့ခ်ိန္တုန္းက ဘယ္ေတြေရာက္ေနခဲ့လဲ ဘာေတြျဖစ္ခဲ့လဲ ၊ မင္းေမ့ထားတဲ့ အခ်ိန္ခဏေလးက မင္းအေျဖျပန္ရွာၾကည့္ပါ "

အဖိုးအိုက ဘာကိုေျပာခ်င္တာပါလဲ ။ ေျပာခ်င္တာရွိရင္ ဒဲ့ေျပာသင့္တယ္မဟုတ္လား ။

"ကေလးက အ႐ြယ္ေရာက္ႏွင့္ေနပါၿပီ "

"ကြၽန္မမွာ အခ်ိန္ဘယ္ေလာက္က်န္လဲ "

"အခ်ိန္ကို မင္းကန့္သတ္လို႔ရတာ ေမ့ေနၿပီလား ၊
ဒါေပမဲ့ အမွန္တရားကိုေတာ့ ေျဖရွင္းလို႔မရဘူး ။
မင္းအခ်ိန္ကို ကန႕သတ္လို႔ရေပမယ့္ ေစတန္ေတြ ရန္က လြတ္ေအာင္မလုက္နိုင္ဘူး။
မင္းအခ်ိန္တစ္ခုသတ္မွတ္လိုက္ပါ ။ အဲ့အခ်ိန္အတြင္းမွာ မင္းလူသားကိုရွာရမယ္။ ဒါေပမဲ့ ရွာလို႔မရခဲ့ရင္ေတာ့...."

စကားကို ဆုံးေအာင္မေျပာပဲ ေလာင္ကြၽမ္းသြားေသာ ျမင္ကြင္း ေလးတခုက ေလထဲတြင္ အစိတ္စိတ္အႁမႊာႁမႊာ ။
မာယာ အရွင္မ တခုခုကို သဲႀကီးမဲႀကီး စဥ္းစားေနသည္ ။

" အာဗာႆ ကို အခုခ်က္ခ်င္း ဆင့္ေခၚ စမ္း "

ဆုံးျဖတ္ခ်က္တခု ခ်ၿပီးသည့္ေနာက္ မာယာအရွင္မဆီမွ ထြက္ေပၚလာသည့္စကား ။ အာဗာႆ ဆိုသည္မွာ မာယာအရွင္မေဘးက ကိုယ္ရံေတာ္ၿပီးလ်င္ အားအကိုးရဆုံးေသာ သူတေယာက္ ဆိုလ်င္လည္းမမွား ။ တစ္ခုခုဆို စဥ္းစားေတြးေခၚနိုင္သူတစ္ဦး ။ လက္႐ုံးရည္ လည္း ထူးခြၽန္ ေသာသူတစ္ေယာက္၊
မာယာအရွင္မ အယုံၾကည္ရဆုံးေသာ ဒုတိယေျမာက္သူတစ္ဦး။

"အမိန့္ကို နာခံလ်က္ပါ အရွင္မ "

သူမေရွ႕ ကို ခ်က္ခ်င္းဆိုသလို ေပၚလာေသာ လူတဦး ။ ပထမဆုံး ဝင္လာေသာ သူနည္းတူ အျဖဴေရာင္ ဝတ္႐ုံကို ဝတ္ဆင္ထားၿပီး ရွည္လ်ားေသာ ဆံပင္တို႔ဟာ နီညိုေရာင္ျဖစ္သည္ ။
ဆံပင္မ်ား အေပၚတဝက္ကို စည္းထားၿပီး က်န္တဝက္ကို ျဖန့္ခ်ထား၏။
ဝတ္႐ုံကို ေသသပ္စြာဝတ္ဆင္ထားကာ စစ္ေျမျပင္သို႔ အခုသြားပါဆိုလ်င္ေတာင္ အသင့္ျဖစ္ေနသည့္သူတဦးပမာ ။ ဒါေတြဟာပဲ မာယာအရွင္မ သေဘာက်ရဆုံး ။

"အာဗာႆ"

"ကြၽန္ေတာ္မ်ိဳး နားေထာင္ေနပါတယ္ အရွင္မ "

"ေဒေဗာရ"

ေနာက္ထပ္အမည္နာမတစ္ခု ႏွင့္အတူ
  အရွင္မေဘးက ရပ္ေနေသာ ကိုယ္ရံေတာ္ က ဒူးေထာက္ခ်ကာ ဦးၫြတ္လိုက္၏ ။
ဒါပါပဲ ။
ထို ေဒေဗာရ ဆိုသူ ဟာ မလိုအပ္လ်င္ စကားမေျပာ ။

"မင္းတို႔ႏွစ္ေယာက္ ကို တာဝန္တခုေပးမယ္ "

"...."

"ကမာၻ ေပၚသြားၿပီး လူတေယာက္ကို ရွာလာခဲ့ ရမယ္ အဲ့ လူကပဲ ဒီစစ္ပြဲ ႀကီးကို အဆုံးသတ္ေပးနိုင္မယ္ "

"ကြၽန္ေတာ္မ်ိဳးတို႔ သြားဖို႔က ျဖစ္ေပမယ့္ အရွင္မ အတြက္ .."

"စိတ္မပူပါနဲ ေဒ  ။ တို႔ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္နိုင္ပါတယ္ "

အရွင္မဟာ မာေက်ာေပမယ့္ ႏူးညံ့တဲ့ႏွလုံးသားရွိသူဆိုတာ ဗီနပ္စ္တို႔အားလုံးအသိ။
အရွင္မ သူ႕ဗီးနပ္စ္တို႔အား စိတ္ပူသည့္အခ်ိန္မ်ိဳး ၊ ၾကင္နာသည့္အခါတိုင္းတြင္ နာမည္ အဖ်ားစြတ္၍ေခၚတက္သည္။

ဥပမာ  - ေဒေဗာရ အား ေဒ ဟုေခၚတက္တာမ်ိဳး။
အာဗာႆ အား R ဟုပင္ ေခၚတက္တာမ်ိဳးေပါ့။

"ဒါေပမယ့္ .."

"တို႔မွာ ေ႐ြးခ်ယ္စရာမရွိေတာ့ဘူး ။ ေနာက္ၿပီး တျခားတေယာက္ကို တာဝန္ေပးဖို႔ တို႔စိတ္မခ်ဘဴး"

"ဒါဆို ကမာၻ ေပၚမွာ အဲ့လူကို ဘယ္လို ရွာေတြ႕နိုင္မွာ လဲ"

႐ႊင္းးးး။
လင္းလက္သြားေသာ ေရာင္ျခည္တန္းတခု ။ အလင္းေရာင္ေတြ အားလုံး စုၿပီးေရာက္လာသလို သံဇဥ္ဟာလည္း သိမ္ေမြ႕ ေနသည္ ။
ႏွစ္လိုဖြယ္ေကာင္း၏။
ထိုေနာက္ ထို ေရာင္ျခည္တန္းေလး ႏွစ္ခု ကြဲကာ တခုက အရွင္မေရွ႕တြင္ ဒူးေထာက္ေနသည့္
အာဗာႆ‌၏ ဘယ္လက္ လက္ေကာက္ဝတ္ တြင္ ရစ္ပတ္လ်က္ ။ ေနာက္တခုက အရွင္မ၏ ေဘးက ‌
ေဒေဗာရ  က ညာလက္တြင္ ရစ္ပတ္သြားသည္ ။

"အ... အရွင္မ  ဒါက "

"သန့္စင္တဲ့ နဂါးျဖဴေခါင္းနဲ႕ တံဆိတ္ေတာ္ပဲ၊
ဒါက အဲ့လူသားနဲ႕ဆုံတဲ့အခါ မင္းတို႔ကို ခ်က္ခ်င္း သိရေအာင္ အခ်က္ျပေပးလိမ့္မယ္၊ အခ်ိန္မရွိေတာ့တာမို႔ အခုပဲ တာဝန္ကို စတင္ဖို႔ တို႔အမိန့္ေပးတယ္ မင္းတို႔ ကမာၻ႔ေပၚက အခ်ိန္နဲ႕ ၆လ အခ်ိန္ရတယ္ "

သူတို႔ႏွစ္ဦးသည္ အထြန့္မတက္။
အရွင္မအား အရိုအေသျပဳလိုက္၏။

"ဗီးနပ္စ္ တို႔ရဲ႕ အရွင္မ အသက္ရွည္ပါေစ "

"ဗီးနပ္စ္တို႔ရဲ႕အရွင္မ အသက္ရွည္ပါေစ"

ႏွစ္ဦးၿပိဳင္တူ ေတာင္းဆုေႁခြၿပီးေနာက္ ဂူထဲက ထြက္ဖို႔ ျပင္ေနစဥ္ .....

"မင္းတို႔ သိထားရမွာ ရွိတယ္ "

အရွင္မ ၏ အသံေၾကာင့္ ျပန္လွည့္ကာ နာခံေနၾကရျပန္သည္ ။

"မင္းတို႔ဟာ လူသားေတြအျဖစ္နဲ႕ ဟန္ေဆာင္ေနရမယ္ ။ ဗီးနပ္စ္ ေတြပါဆိုတာကို အဲ့ လူကို ရွာမေတြ႕မခ်င္း ဘယ္သူမွမသိေစရဘူး ။ ေနာက္ၿပီး
ေဒေဗာရ ဟာ ေခါင္းေဆာင္ပဲ ျဖစ္တယ္ ၊သူ႕ရဲ႕အမိန့္ကို ငါ့အမိန့္လို သေဘာထားၿပီး နာခံပါ အာဗာႆ ။ ေနာက္ထပ္အေရးႀကီးတာတခုက လူသားေတြနဲ႕ ပတ္သက္လို႔ မင္းတို႔မွာ ခံစားခ်က္မရွိရဘူး ။
လူသားေတြဟာ မင္းတို႔နဲ႕ ဘာမွမဆိုင္ဘူးဆိုတာ သိထားပါ "

သူမ စကား ဆုံးသည္ႏွင့္ ႐ုတ္ခ်ည္း ေပ်ာက္ကြယ္သြားၾကသည္ ။
ထိုအခ်င္းရာကို ပထမဆုံးဝင္လာကာ အသိေပးသူ တဦးက ေငးၾကည့္ေန႐ုံမွတပါး ။

"မင္းသြားလို႔ရၿပီ "

အရွင္မရဲ႕ အမိန့္ေပးသံအဆုံးမွာ ထိုလူကလည္း ျပန္ထြက္လာခဲ့ ေလေတာ့သည္ ။
သူဟာ စစ္သည္ တဦး ျဖစ္တာမို႔ တျခား စစ္သည္ေတြနည္းတူ ေစတန္တို႔အား တိုက္ခိုက္ရန္ပင္ ျဖစ္သည္ ။

"ရႈ မ ဝါ "

"အရွင္မ၏ ေဘးမွာ အၿမဲတမ္း အသင့္ရွိေၾကာင္းပါ "

အျဖဴေရာင္ ဝတ္႐ုံရွည္ႏွင့္ ေက်ာလယ္ထက္ ဝဲက်ေနေသာ ဆံႏြယ္တို႔ဟာ ေပ်ာ့ေပ်ာင္း အိေခြေနသည္ ။ သူမ ရႈ မ ဝါ ဆိုသူကေတာ့ အရွင္မ၏ အနားတြင္ အခ်ိန္တိုင္းရွိေနတက္ေသာ မင္းသမီး တပါးပင္ ။ မင္းသမီး ဆိုေပမယ့္ အရွင္မ၏ သမီးေတာ္ေတာ့မဟုတ္ေပ။
အရွင္မေဘးတြင္ ခစားၾကေသာ မင္းသမီး မ်ားအနက္ သူမက ဉာဏ္ရည္အထက္ျမက္ဆုံးနဲ႕ အျပက္သားဆုံးသူ။
အတိက်ဆဳံးသူ။
သူမတြင္ တည္ၾကည္ၿပီး ေလးနက္ေသာ မ်က္ဝန္းမ်ားႏွင့္ အရွင္မ မွလြဲရင္ ဘယ္အရာ ကိုမွ သူမ မေၾကာက္ေပ။
သူမဟာ အရွင္မ၏ တတိယေျမာက္ အယုံၾကည္အားကိုးရဆုံးသူ။

"သူတို႔ႏွစ္ေယာက္အေနာက္ကိုလိုက္သြားပါ၊  အကူအညီလိုတဲ့အခါ အဆင္သင့္ျဖစ္ေနပါေစ "

"အရွင္မရဲ႕ အမိန့္ေတာ္အတိုင္းပါ "

ရႈ မ ဝါ မင္းသမီးငယ္ေလးဟာ သူမ၏ နားထင္ကို လက္ညွိုး ေသးေသးေလးျဖင့္ ေထာက္ရင္း ထြက္သြားေသာ ေဒေဗာရ တို႔ႏွစ္ေယာက္အား ေျခရာခံေစလိုက္ၿပီး လိုက္သြားရန္ျပင္၏။

ျမန္ဆန္လြန္းေသာ ေဒေဗာရ တို႔ႏွစ္ဦးဟ ကမာၻ ေပၚေတာင္ေရာက္သြားၾကေခ်ၿပီ ။

........

© Hsu Mi Ko,
книга «Guardian of Venus».
Коментарі