Part1(U+Z)
Part2(U+Z)
Part1(U+Z)
သောကြာနေ့ ညနေခင်း ၆နာရီ ဝန်းကျင်ခန့် ။

အိုမင်းဟောင်းနွမ်းနေပြီဖြစ်သော နှစ်ထပ်အိမ်ကြီး ကို သူမနဲ့အတူ တေးသွားမောင် ဟူသော သူမ၏ ချစ်ရသူ မောင်ရယ် ၊ တိမ်လွှာငယ် ဟူသော နှစ်ယောက်မရှိနိုင်တဲ့ အချစ်ရဆုံးသော မောင်လေးရယ် မော့ကြည့်မိသည် ။

အိမ်ကြီးက အပြင်ပိုင်းက ကြည့်နေရသည်မှာ မကြာမီအတွင်းမှာပင် ပြိုကျတော့မည့်ပုံ ။

"အိမ်က ကြီးလိုက်တာ ပြီးတော့ ခြံကလည်း ကျယ်လား မကျယ်လား ခြံဝကနေ အိမ်ရှေ့ထိကို ကားနဲ့လာတာတောင် 15မိနစ် မကလောက်ဘူးထင်တယ် နော် မမ "

မောင်လေး စကားကို သူမ ပြုံးပြ လို့ အဖြေပေးလိုက်သည် ။ အသက် ၁၉ နှစ်ခန့် ရှိနေပြီ ဖြစ်သော်လည်း နုဖက်နေသည့် မောင်လေးက ၁၃နှစ်အရွယ် ကလေး ငယ်နှင့် ပိုတူနေသည် ။

"ဝင်ကြရအောင်လေ ကြယ်စင် "

"ဟုတ်ကဲ့ပါ မောင် "

မောင်က နောက်လဆိုရင် ကြယ်စင် ဆိုသော သူမနဲ့ လက်ထပ် ကြတော့မည် ဖြစ်သည် ။ လက်ထပ်ပြီး အတူနေရန် ထိုအိမ်အား စျေးသက်သက်သာသာနှင့် ရခဲ့သည်ကြောင့် မကြာသေးခင်ကမှ ငွေချေခဲ့ပြီးလည်း ဖြစ်သည် ။

ဧက၁၀၀ခန့်လောက်မျှ ကျယ်ဝန်းသော အိမ်နှင့် ခြံကို တန်လွန်းသည်ထက်ပိုသော စျေးနှင့် ရခဲ့သည်က အနည်းငယ် အံ့အားသင့်မိပေမယ့် မောင်ကော သူမကောပါ သဘောကျသည်မို့ ဝယ်ဖြစ်ခဲ့သည် ။

ထို့အပြင် လက်မထပ်ခင် တယောက်နှင့်တယောက် လေ့လာချင်သေးတာကြောင့် ခရီးထွက်ဖို့စီစဥ်ရင်းမှ ထို အသစ်စက်စက်ဖြစ်သည့် ဟောင်းနွမ်း နေသော အိမ်ကြီးဆီ အားလပ်ရက် စနေနှင့်တနင်္ဂနွေ လာရောက်ခဲ့ခြင်းလည်းဖြစ်သည် ။ ရက်များများ နေရဖို့ သောကြာနေ့ညကတည်းက လာခဲ့ဖြစ်ကြသည် ။

ဝုန်း... ။ အ.... အ... အ။

မောင်က ပိတ်ထားသော တံခါးဟောင်းကြီးကို တွန်းဖွင့်တော့ အိမ်ထဲမှ ကျီးအ တအုပ်က ထပျံပြေးသွားကြသည်ကြောင့် သူတို့သုံးယောက်လုံး ခေါင်းများအနည်းငယ် ငုံပေးလိုက်ကြရသေးသည် ။

"အို့ နံလိုက်တာ "

"သန့်ရှင်းရေးမလုပ်တာကြာလို့နေမှာပါ ငယ်ရဲ့ "

အမေးမဟုတ်သော်လည်း မောင်လေးရဲ့ အာမေဍိတ် ကို မောင်က အဖြေရှာပေးသည် ။
အိမ်ထဲဝင်လျှင် ဝင်ချင်း ပုတ်အဲ့အဲ့ အနံ့က ထောင်းခနဲ ။နှာခေါင်းတို့ကို အတင်း. ပိတ်ရပြန်သည် ။
အပြင်ကကြည့်တော့သာ အိုမင်းနေပေမယ့်အတွင်းဘက်ကတော သစ်လွင်တောက်ပြောင်နေသည်က ရှောင်းဟောင်း အမွေအနှစ် ဆိုင်ရာ ခင်းကျင်း ပြသထားသည့် ပြခန်းကြီးတခုသဖွယ် ။

မျက်နှာကျက်တွင် တပ်ဆင်ထားသော မီးဆိုင်ကြီးတွေက နန်းတော်ကြီးတခုအလား ။ ထို့နောက် အပေါ်ထပ် တက်ရန် လက်ကိုင်တန်းလျားတွေကို ကနုတ်ပန်းများရေးထိုးထားသည်က လှပသေသပ်လွန်းသည်ထက် ပိုသည် ။ အိမ်ကြီးရဲ့အလှတရားကို ငေးမော ကြည့်ရှုနေရင်း အပုတ်နံ့ မနံတော့သည်ကို သူမ သတိထားမိလာသည် ။

"အနံ့တွေမရှိတော့ဘူး"

"ဟုတ်သားပဲ ၊ သြော် ဒါနဲ့ ကြယ်စင်ရေ မောင်တို့ အခန်းတွေ အရင်ကြည့်ရအောင်လေ ကားအကြာကြီးစီးလာရတာဆိုတော့ ကြယ်စင်ကော ငယ်ကော ပင်ပန်းနေကြတော့ စောစောနားလို့ရတာပေါ့ "

မောင့်ကို ခေါင်းညိတ် ပြပြီး အပေါ်ထပ် တက်ခဲ့ကြသည် ။ တခုသတိထားမိတာက ဒီအိမ်မှာ ဓာတ်ပုံတွေ ပန်းချီ ကားတွေတော့ ရှိမနေတာပဲ ။
တိုက်တိုက်ဆိုင်ဆိုင် အခန်းသုံးခုက မျက်နှာချင်းဆိုင် သူမတို့သုံးယောက်အား ဆီးကြိုနေသည် ။

"အခန်းတွေအားလုံးတော့ အဆင်ပြေနေတာပဲ ဒီအခန်းနဲ့ ဟိုဘက်အခန်းတခုက မိန်းကလေး သုံးဖြစ်မယ်ထင်တယ် "

သပ်သပ်ရပ်ရပ်နဲ့ နေချင်စဖွယ် ဝရန်တာ ပါသော အခန်းနှစ်ခု နဲ့ နောက်တခုက သိပ်မကျယ်ဝန်းသော်လည်း လူတယောက် လုံလုံလောက်လောက်နေဖို့ အဆင်ပြေသည့် ယောကျ်ားလေး အခန်း တခု ။ ပြင်ဆင်ထားပုံက ကြည့်ရုံနှင့် သိနိုင်သည် ။

မိန်းကလေး အခန်းနှစ်ခုတွင်တော့ အလှပစ္စည်းများထားစရာနေရာ အဝတ်ဗီဒိုနှင့် အိပ်ယာခင်းကအစ မိန်းကလေး သဘောကျနိုင်သည့် ဝက်ဝံ ပုံနှင့် ချစ်စဖွယ် ပြင်ဆင်ထားသည် ။ လူမနေတာကြာပြီ ဟု ပြောသံကြားပေမယ့် အိပ်ယာတွေ ဘယ်သူက ပြင်ဆင်ထားသည်လဲတော့ စဥ်းစားမနေချင်တော့ ။
ပင်ပန်းနေပြီမို့ သူတို့အားလုံး အနားယူချင်ပြီ ဖြစ်သည် ။

"အဲ့တော့ ကြယ်စင်က ဒီအခန်းမှာနေပြီး ဟိုတခန်းကိုက ငယ်နေလိုက်ပေါ့ မောင်က တော့ ကျန်တဲ့အခန်းကိုယူလိုက်မယ် ဘယ်လိုလဲ အဆင်ပြေရဲ့လား "

မောင့်ရဲ့ ခွဲဝေမှုကို အားလုံးက သဘောတူ ခေါင်းညိတ်သည် ။ မောင်တို့ နှစ်ယောက်က သူတို့အခန်းတွေဆီ ပြန်သွားကြတော့ ကြယ်စင်လည်း ပါလာသော အိတ်ထဲက ပစ္စည်းများထုပ်ကာ နေရာအရင်ချသည် ။ အဝတ်အစားများကို ဗီဒိုထဲ ထည့်လိုက်ပြီး ချိတ်ဖြင့်ချိတ်သင့်တာချိတ်လိုက်သည် ။

ထို့နောက် သူမရယ် မောင်ရယ် မောင်လေးရယ် ရိုက်ထားသော ဓာတ်ပုံလေးအား အိပ်ယာ ကုတင်ထက် ထိုင်ကာ ငေးကြည့်မိသည် ။

အဲ့နေ့က မှတ်မှတ်ရရ မောင်လေး ဆယ်တန်းအောင်တဲ့အထိမ်းအမှတ်နဲ့ မောင်က အပြင်မှာ မုန့်လိုက်ကြွေးခဲ့ခြင်းပင် ။ ပြီးတော့ နေရာစုံအောင်လည်း လျှောက်လည်ဖြစ်ကြသေးသည် ။

ငယ်ငယ်လေးထဲက မိဘတွေ အတူဆုံးသွားပြီးတဲ့နောက်ပိုင်း ကြယ်စင်ကပဲ မောင်လေးကို အမေလိုတမျိုး အဖေလိုတမျိုး စောင့်ရှောက်ပေးခဲ့သည် ။ ဆယ်တန်းရောက်တော့ ဂိုက်ဆရာတယောက်ဖစ်တဲ့ တေးသွားမောင် နဲ့ ကြယ်စင်တို့ မေတ္တာ မျှခဲ့ကြသည် ။ မောင်လေးအတွက် ဆရာကောင်းတယောက်ဖြစ်သလို သူမအပေါ်လည်း ကြင်နာတက်သည့် မောင့်ကို ကြယ်စင် သိပ်ချစ်မိသွားခဲ့သည် ။

ဓာတ်ပုံလေးကို မှန်တင်ခုံ ထက်တင်ရင်း အတွေးတို့ကို လက်စသတ် ရပြန်သည် ။

ရေချိုးခန်းသုံးပစ္စည်းများကိုလည်း ရေချိုးခန်းထဲတွင် နေရာ သွားချလိုက်သည် ။ ထို့နောက် ရေလဲ အဝတ်အစားတချို့ယူကာ ရေချိုးရန် ရေချိုးခန်းထဲ ဝင်လိုက်ပြီး ရေချိုးခန်း တံခါးကို ပိတ်လိုက်သည် ။
မှန်ရှေ့မှာ ဆံပင်တွေ ရေမစိုစေရန် ခပ်မြင့်မြင့်စုချည်လိုက်သည် ။

"ဟင် ဆံပင်ရှည်တွေ !"

ထူးဆန်းသည် ။ ဘေစင်ထဲမှာ ကျွတ်ကျနေသော ဆံပင်ရှည်တွေက ကျောလယ်လောက်သာရှိသော သူမဆံပင်တွေ၏ နှစ်ပြန်စာလောက်ရှိမည် ။

ကျွီ..... ။
တံခါးဖွင့်သံကြောင့်လှည့်ကြည့်လိုက်တော့ ရေချိုးခန်းတံခါးက အနည်းငယ် ပွင့်ဟနေသည် ။

"ခုနက သေသေချာချာ ပိတ်ထားခဲ့လားလို့ "

အမှတ်မှားတာနေမှာပါဟု ထင်လိုက်ပြီး တံခါးကို နောက်တကြိမ် စောင့်ပိတ်လိုက်သည် ။

သူမ ရေစချိုးရန် ရေဗန်းအောက်သို့အသွား

"အမလေး .."

ရေဗန်းအောက်က တစက် တစင် ပြုတ်ကျနေသော ရေစက်များနှင့် စိုရွှဲ နေသည့် ကြမ်းပြင် ။ မကြာသေးခင်ကမှ တစုံတယောက်ရေချိုးထားသည့် ပုံစံ ။

အိမ်ထဲမှာ တယောက်ယောက်ရှိနေတာလား ။

သူမတွေဝေသွားသည် ။

ခွမ်း ။
ဝုန်း ။

"မောင်လေးလား "

"မောင် "

အခန်းထဲက ဆူညံသံတွေကြောင့် မောင်နဲ့ မောင်လေး တယောက်ယောက်ဟု ထင်ကာ အော်ခေါ်တော့ ပြန်ထူးသံမကြား ။
တခါးဖွင့်ကာ ခေါင်းပြူထွက်ပြီး ချောင်းကြည့်တော့ ဘာသံမှ မကြားတော့ ၊

နားကြားမှားတာပဲဖြစ်မှာပါ ။

တံခါးပြန်ပိတ်ဖို့လုပ်တော့ မျက်စိရှေ့ ရောက်လာသော မှန်ကွဲစတခု ။
ရေချိုးခန်းထဲက ထွက်လာကာ တလှမ်းစီ သွားရင်း သူမ အံ့သြစွာပင် မှင်သတ်လို့သွားရသည် ။

ခုဏလေးကမှ တင်ထားသော ဓာတ်ပုံက ကြမ်းပြင်ပေါ်တွင် တစစီ ကြေကွဲ ပျက်စီးလျက် ။ ဒါတင်မကသေး ပွင့်ဟနေသော အဝတ်ဗီဒို နှင့် ရှုပ်ပွနေသော သူမအဝတ်အစားများ ။ ပို၍ထူးဆန်းသည်က သူမ၏ အဝတ်အစား တွေပေါ်တွင် အနီရောင် အရည်တို့ စွန်းထင်းနေပြီး တစက်စီ အောက်သို့ ပြုတ်ကျနေသည် ။
ထို အနီစက်တို့ကို လက်နဲ့ ထိတွေ့မိတော့ သွေးညှီနံ့က သူမနှာခေါင်းထဲ အလုံးလိုက်အခဲလိုက် ဝင်လာသည် ။

တကယ်ပဲ တယောက်ယောက်ရှိနေတာလား ။

တခြားအရာတွေလို့ တွေးထင်မိချင်ပေမယ့် သူမ အယုံအကြည်မရှိ။

အခန်းတခုလုံးကို ဝေ့ကြည့်လိုက်သည် ။

ဂျိန်း ..
ဘုန်း .... ။

သူမ မျက်အလွဲမှာ သူ့အလိုလို ပိတ်သွားသော ဗီဒိုတံခါး ၊ ဖင်ထိုင်လျက်သား လဲကျသွားသည့် သူမကကော တစုံတယောက်က တွန်းလှဲလိုက်တာလား ၊လန့်သွားပြီး လဲကျခဲ့တာလား သူမကိုယ်တိုင်တောင်မသေချာ ။

မဟုတ်ဘူး ကြယ်စင် ၊ နင်အတွေးတွေ လွန်နေပြီ။

အတွေးတို့ကိုစုစည်းကာ စိတ်ငြိမ်အောင်အရင်ပြန်ထားလိုက်သည် ။ မဖြစ်နိုင်ဘူးဟု ကိုယ့်ကိုယ်ကိုယ် သတိပေးရင်း မျက်စိတို့ကို တင်းတင်းမှိတ်ကာ ခေါင်းတချက်ရမ်းရင်း ခပ်ပေါပေါ အတွေးတို့ကို ခါထုတ်လိုက်သည် ။

ခေါင်းအောက်ငုံ့ထားရာကနေ ရုတ်တရက် သူမ နားခေါင်းထဲ ဆိုးရွား လွန်းသော အနံတခု ရလိုက်သည်ကြောင့်မျက်စိတို့ကို ဖြည်းဖြည်းချင်းဖွင့်မိတော့ ပထမဆုံး အမြင်အာရုံထဲ ဝင်လာသည်က ဖြူဖွေးနုရွနေသော ခြေဖမိုး တစုံ ။ ခြေမျက်စိထိသာ မြင်နေရပြီး အဖြူရောင် ဂါဝတ်ရှည်ကို ဝတ်ဆင်ထားပုံရသည် ။
ကြည့်နေရင်းမှ ထိုခြေတစုံဟာ သူမအခန်း၏ ဝရန်တာ ဘက် လျှောက်သွားနေသည်အထိ လိုက်ကြည့်မိသည် ။ သေးသွယ်သော ခန္ဓာ နှင့် ဖြူနုနေသော လက်ချောင်းသွယ်သွယ်တို့ ပေါင်လယ်လောက်ရှိသည့် နက်မှောင်သော ဆံကေသာတို့က အနောက်ကကြည့်နေရုံနှင့် သိပ်လှသော မိန်းကလေး တယောက်ဖြစ်မည်ဟု သူမ တပ်အပ် ပြောနိုင်သည် ။

"ရှင် ရှင်ဘယ်သူလဲ "

ဝရန်တာဘက်ကို သွားနေတဲ့ ခြေလှမ်း တွေ ရပ်တန့်သွား၏ ။ တဖြည်းဖြည်းချင်း ကြယ်စင်ဘက်ကို လှည့်ကြည့်လာသည် ။ အနောက်ကကြည့်တော့ သိပ်လှတဲ့ ကောင်မလေးတယောက်ဟု ကြယ်စင် သုံးသပ်ခဲ့မိတာ မှားသွားသည် ။ ဘယ်ဘက်ကို အနည်းငယ် ခေါင်းစောင်းကျနေကာ လည်ပင်းက လှီးဖြတ်ခြင်း ခံထားရသော ကြက် လည်ပင်းလို တိုးလိုးတန်းလန်း ။ မျက်လုံးတို့က မျက်ရည်တို့ စီးကျနေသည် ။ ထူးဆန်းသည်က ထိုမျက်ရည်တို့မှာ အနီရောင်သွေးတွေပင်ဖြစ်သည် ။
ကြယ်စင် အံ့သြလွန်း၍ပင် ကြောက်ဖို့တောင်မေ့သွားရသည် ။

ကြည့်နေရင်းမှာပင် ပြတ်ကျလုဆဲဆဲ ခေါင်းက လေအလွင့်မှာ သစ်ရွက်ကလေး လွင့်ကျလာသလို ကြယ်စင့်ဆီ လွင့်မျောလာသည် ။ ရှည်လျားသော ဆံပင်တွေကြား ကြောက်မက်ဖွယ်ရာ မျက်နှာက ကြယ်စင့်အား အော်ဖို့ပင် သတိမရချေ ။ ကြယ်စင် မျက်နှာအနား ဝဲနေသော ထို ခေါင်းပြတ် ကြီးက ဆိုးရွားသော အနံ့တခုကို ရလာပြန်သည်။ ကြယ်စင် နှုခေါင်းနှစ်ဖက်ကို လက်ဖြင့် ဖိပိတ်လိုက်တော့ ထို ခေါင်းပြတ်ကြီးက သွားတွေ ပေါ်လာသည်အထိ ဟက်ဟက်ပက်ပက် ပြုံးရယ်လာသည် ။

ကြယ်စင် နှာခေါင်းတွေသာမက ပါးစပ်တို့ မျက်စိတို့ပါ ပိတ်လိုက်ရသည် ။ အကြောင်းမှာ ပြုံးရယ်လာသော ထိုခေါင်းပြတ်ကြီး၏ ပါးစပ် အထဲတွင် အမည်းရောင် သွားများကြားထဲက အမည်းရောင် အရည်တို့ က စီးကျလာပြီး ရွံစရာကောင်းသော အနံ့အသက် တို့က ထိုပါးစပ်ထဲက ဟုပင် ကြယ်စင် တွေးစရာမလိုတော့ ။
တွေးရင်းဖြင့်ပင် အော်ဂလီဆန် လာသည် ။

"မလာနဲ့ သွား မလာနဲ့ ငါ့အနားကို မလာနဲ့ "

ထိုခေါင်းပြတ်ကြီးက လေထဲမှ ဟိုဟိုသည်သည် ပျံဝဲ နေပြီး ကြယ်စင့်ဆံပင်နှင့်မျက်နှာအနား ဖျပ်ဖျပ်လူး နေပြန်၏ ။

ထို့နောက် ကြယ်စင့်နားရွက်ဘေး ဖြတ်ပြေးသွားသည့် ထိုခေါင်းပြတ်ကြီးထံမှ စကားတခွန်းကို ပြတ်ပြတ်သားသား ကြားလိုက်ရသည် ။

"ပျော်စရာကောင်းတဲ့ weekend လေးဖြစ်ပါစေ သခင်မ "

"အားးးးးးးးး! "

"မမ မမ "

"ကြယ်စင် ကြယ်စင် သတိထားလေ ကြယ်စင် "

သူမ မျက်လုံးတို့ကိုဖွင့်ကြည့်လိုက်တော့ လက်ထဲတွင် သူတို့သုံးယောက်ရိုက်ထားသော ဓာတ်ပုံလေးက အတိုင်းသား ။
မောင်နဲ့ မောင်လေးတို့က စိတ်ပူစွာ ငေးကြည့်နေကြ၏။

သူမ အိပ်ပျော်သွားခဲ့တာပဲ ။
ဒါပေမယ့် ဘာလို့ တကယ်အတိုင်းခံစားနေရတာလဲ ။

အခန်းထဲ ဝေ့ကြည့်လိုက်တော့ ပစ္စည်းတွေက သူမ နေရာချထားတဲ့အတိုင်း မပြောင်းလဲ ။

"မမ အဆင်ပြေရဲ့လာ မမအသံကြားလို့ ငယ်တို့ပြေးလာခဲ့တာ "

"အဆင်ပြေပါတယ် အိပ်ပျော်သွားလို့ "

"ကြယ်စင်ကတော့ ဖြစ်ရမယ် ခရီးပန်းလာလို့နေမှာ ရေချိုးလိုက်တော့လေ ခဏနေရင် မောင် ညစာပြင်ထားပေးမယ် ဒီနေ့တော့ ခေါက်ဆွဲ နဲ့ပဲ နှစ်ပါးသွားလိုက်ကြတာပေါ့ နောက်နေ့မှ သေချာလေး ချက်ပြုတ်စားကြမယ်"

မောင့်ကို ပြုံးသာပြလိုက်ပြီး မောင်တို့အခန်းထဲက ထွက်သွားသည်အထိ ကြယ်စင်အတွေးတို့က ပြန့်လွင့် နေခဲ့သည် ။ ရေချိုးပြီးတော့ အောက်ထပ်ကို ဆင်းလာခဲ့ချိန်
‌‌ေမာင်နဲ့ မောင်လေးတို့က ခေါက်ဆွဲ ပြုတ်ရန် ပြင်ဆင်နေကြပြီ ။

"မမလာပြီပဲ ဒီမှာ ထိုင်နေမမ ဗိုက်ဆာနေပြီလား "

မောင်လေးကိုပြုံးကာ ခေါင်းရမ်းပြလိုက်သည် ။

"ခဏနေရင် ခေါက်ဆွဲ ရပြီ သုံးမိနစ်ပဲစောင့်မမ"

ခေါက်ဆွဲ ချဥ်စပ်ကို ရေနွေးနဲ့ဖျော်ပြီး မောင်လေးပြောသလို သုံးမိနစ်အကြာမှာ ပန်းကန်လုံးသုံးလုံးနဲ့ ထည့်ကာ တခုစီလာချသည် ။

"အပင်ပန်းခံလို့ကွယ် ဒါတွေ မိန်းကလေးဖြစ်တဲ့ မမက လုပ်ရမှာမဟုတ်ဘူးလား"

"ဘယ်ဟုတ်မလဲ ကြယ်စင်ရဲ့ မိန်းကလေးပဲ ချက်ပြုတ်ရမယ်လို့ ဘယ်ဥပဒေမှာမှ မရှိဘူး ။ မောင်တို့က မကြာခင် မိသားစုဝင်တွေဖြစ်တော့မှာပဲ တက်နိုင်တဲ့ဘက်က မောင် လည်း ဝင်ကူရမှာပေါ့ ပြီးတော့ ကြယ်စင်က ပင်ပန်းနေတာလေ "

အဲ့လို နားလည်မှု တွေ အများကြီး ပေးတက်တဲ့ မောင့်ကို ကြယ်စင် လက်လွတ်မခံနိုင်ပါ ။ သူမအပေါ် အများကြီး ကောင်းပေးသလို မောင်လေးအပေါ်လည်း ညီအရင်းတယောက် ချစ်တယ်ဆိုတာ သူမ ယုံကြည်ထားပြီးသား ။

ခေါက်ဆွဲ ပြုတ်ကို သူတို့သုံးယောက် စကားတွေပြောရင်း စားဖြစ်ကြသည် ။ သို့သော် ကြယ်စင့်အတွေးထဲတွင် အိမ်မက်ထဲက အကြောင်းတခုက ဖျောက်ဖျက် လို့မရနိုင်ခဲ့ ။

"ဟာ မမ ပြီးသွားပြီလား "

"အင်းမောင်လေး မမ ဗိုက်ပြည့်ပြီ တခါထဲ မောင်လေးတို့နှစ်ယောက်ကို ပန်းကန်တွေဆေးဖို့ ထားခဲ့လိုက်တော့မယ် မမနည်းနည်း ပင်ပန်းလာလို့"

"ကြယ်စင် အဆင်ပြေရဲ့လား မျက်နှာက ဖြူဖပ်ဖြူရော် နဲ့ "

"အင်း ဘာမှမဖြစ်ပါဘူးမောင် ဒီည စောစော နားလိုက်ရင် ကောင်းသွားမှာပါ "

မောင်တို့ကို ထားခဲ့လိုက်ပြီး အပေါ်တက်ကာ သူမအခန်းထဲဝင်ရင်း တခုခုက သူမကို စောင့်ကြည့်နေသလို ချောက်ချားနေမိသည် ။

သူမ အရမ်းတွေးနေမိတာပဲ ။

ကိုယ့်ကိုယ်ကိုယ် သတိပေးရင်း အိပ်ယာထက်လှဲချလိုက်သည် ။ မနက်ဖြန် ကျရင် အဆင်ပြေသွားမှာ ။

"ပျော်စရာကောင်းတဲ့ weekend လေးဖြစ်ပါစေ သခင်မ"

နားထဲမှာ ကြားလိုက်ရတဲ့ စကားတခွန်းက သူမကို ကောင်းကောင်း အိပ်မပျော်စေဖို့ အနှောက်အယှက် ပေးသည်။

ခေါင်းတလုံးနဲ့ နားကိုဖိပိတ်ကာ မျက်လုံးတို့ကို တင်းတင်းမှိတ်ရင်း အိပ်စက်ခြင်းဆီသို့ ။

🧟‍♀️🧟‍♀️🧟‍♀️🧟‍♀️🧟‍♀️🧟‍♀️🧟‍♀️🧟‍♀️🧟‍♀️🧟‍♀️🧟‍♀️🧟‍♀️🧟‍♀️🧟‍♀️🧟‍♀️

Zawgyi




ေသာၾကာေန႕ ညေနခင္း ၆နာရီ ဝန္းက်င္ခန့္ ။

အိုမင္းေဟာင္းႏြမ္းေနၿပီျဖစ္ေသာ ႏွစ္ထပ္အိမ္ႀကီး ကို သူမနဲ႕အတူ ေတးသြားေမာင္ ဟူေသာ သူမ၏ ခ်စ္ရသူ ေမာင္ရယ္ ၊ တိမ္လႊာငယ္ ဟူေသာ ႏွစ္ေယာက္မရွိနိုင္တဲ့ အခ်စ္ရဆုံးေသာ ေမာင္ေလးရယ္ ေမာ့ၾကည့္မိသည္ ။

အိမ္ႀကီးက အျပင္ပိုင္းက ၾကည့္ေနရသည္မွာ မၾကာမီအတြင္းမွာပင္ ၿပိဳက်ေတာ့မည့္ပုံ ။

"အိမ္က ႀကီးလိုက္တာ ၿပီးေတာ့ ၿခံကလည္း က်ယ္လား မက်ယ္လား ၿခံဝကေန အိမ္ေရွ႕ထိကို ကားနဲ႕လာတာေတာင္ 15မိနစ္ မကေလာက္ဘူးထင္တယ္ ေနာ္ မမ "

ေမာင္ေလး စကားကို သူမ ၿပဳံးျပ လို႔ အေျဖေပးလိုက္သည္ ။ အသက္ ၁၉ ႏွစ္ခန့္ ရွိေနၿပီ ျဖစ္ေသာ္လည္း ႏုဖက္ေနသည့္ ေမာင္ေလးက ၁၃ႏွစ္အ႐ြယ္ ကေလး ငယ္ႏွင့္ ပိုတူေနသည္ ။

"ဝင္ၾကရေအာင္ေလ ၾကယ္စင္ "

"ဟုတ္ကဲ့ပါ ေမာင္ "

ေမာင္က ေနာက္လဆိုရင္ ၾကယ္စင္ ဆိုေသာ သူမနဲ႕ လက္ထပ္ ၾကေတာ့မည္ ျဖစ္သည္ ။ လက္ထပ္ၿပီး အတူေနရန္ ထိုအိမ္အား ေစ်းသက္သက္သာသာႏွင့္ ရခဲ့သည္ေၾကာင့္ မၾကာေသးခင္ကမွ ေငြေခ်ခဲ့ၿပီးလည္း ျဖစ္သည္ ။

ဧက၁၀၀ခန့္ေလာက္မွ် က်ယ္ဝန္းေသာ အိမ္ႏွင့္ ၿခံကို တန္လြန္းသည္ထက္ပိုေသာ ေစ်းႏွင့္ ရခဲ့သည္က အနည္းငယ္ အံ့အားသင့္မိေပမယ့္ ေမာင္ေကာ သူမေကာပါ သေဘာက်သည္မို႔ ဝယ္ျဖစ္ခဲ့သည္ ။

ထို႔အျပင္ လက္မထပ္ခင္ တေယာက္ႏွင့္တေယာက္ ေလ့လာခ်င္ေသးတာေၾကာင့္ ခရီးထြက္ဖို႔စီစဥ္ရင္းမွ ထို အသစ္စက္စက္ျဖစ္သည့္ ေဟာင္းႏြမ္း ေနေသာ အိမ္ႀကီးဆီ အားလပ္ရက္ စေနႏွင့္တနဂၤေႏြ လာေရာက္ခဲ့ျခင္းလည္းျဖစ္သည္ ။ ရက္မ်ားမ်ား ေနရဖို႔ ေသာၾကာေန႕ညကတည္းက လာခဲ့ျဖစ္ၾကသည္ ။

ဝုန္း... ။ အ.... အ... အ။
ေမာင္က ပိတ္ထားေသာ တံခါးေဟာင္းႀကီးကို တြန္းဖြင့္ေတာ့ အိမ္ထဲမွ က်ီးအ တအုပ္က ထပ်ံေျပးသြားၾကသည္ေၾကာင့္ သူတို႔သုံးေယာက္လုံး ေခါင္းမ်ားအနည္းငယ္ ငုံေပးလိုက္ၾကရေသးသည္ ။

"အို႔ နံလိုက္တာ "

"သန့္ရွင္းေရးမလုပ္တာၾကာလို႔ေနမွာပါ ငယ္ရဲ႕ "

အေမးမဟုတ္ေသာ္လည္း ေမာင္ေလးရဲ႕ အာေမဍိတ္ ကို ေမာင္က အေျဖရွာေပးသည္ ။ အိမ္ထဲဝင္လွ်င္ ဝင္ခ်င္း ပုတ္အဲ့အဲ့ အနံ႕က ေထာင္းခနဲ ။ႏွာေခါင္းတို႔ကို အတင္း. ပိတ္ရျပန္သည္ ။ အျပင္ကၾကည့္ေတာ့သာ အိုမင္းေနေပမယ့္အတြင္းဘက္ကေတာ သစ္လြင္ေတာက္ေျပာင္ေနသည္က ေရွာင္းေဟာင္း အေမြအႏွစ္ ဆိုင္ရာ ခင္းက်င္း ျပသထားသည့္ ျပခန္းႀကီးတခုသဖြယ္ ။

မ်က္ႏွာက်က္တြင္ တပ္ဆင္ထားေသာ မီးဆိုင္ႀကီးေတြက နန္းေတာ္ႀကီးတခုအလား ။ ထို႔ေနာက္ အေပၚထပ္ တက္ရန္ လက္ကိုင္တန္းလ်ားေတြကို ကႏုတ္ပန္းမ်ားေရးထိုးထားသည္က လွပေသသပ္လြန္းသည္ထက္ ပိုသည္ ။ အိမ္ႀကီးရဲ႕အလွတရားကို ေငးေမာ ၾကည့္ရႈေနရင္း အပုတ္နံ႕ မနံေတာ့သည္ကို သူမ သတိထားမိလာသည္ ။

"အနံ႕ေတြမရွိေတာ့ဘူး"

"ဟုတ္သားပဲ ၊ ေၾသာ္ ဒါနဲ႕ ၾကယ္စင္ေရ ေမာင္တို႔ အခန္းေတြ အရင္ၾကည့္ရေအာင္ေလ ကားအၾကာႀကီးစီးလာရတာဆိုေတာ့ ၾကယ္စင္ေကာ ငယ္ေကာ ပင္ပန္းေနၾကေတာ့ ေစာေစာနားလို႔ရတာေပါ့ "

ေမာင့္ကို ေခါင္းညိတ္ ျပၿပီး အေပၚထပ္ တက္ခဲ့ၾကသည္ ။ တခုသတိထားမိတာက ဒီအိမ္မွာ ဓာတ္ပုံေတြ ပန္းခ်ီ ကားေတြေတာ့ ရွိမေနတာပဲ ။
တိုက္တိုက္ဆိုင္ဆိုင္ အခန္းသုံးခုက မ်က္ႏွာခ်င္းဆိုင္ သူမတို႔သုံးေယာက္အား ဆီးႀကိဳေနသည္ ။

"အခန္းေတြအားလုံးေတာ့ အဆင္ေျပေနတာပဲ ဒီအခန္းနဲ႕ ဟိုဘက္အခန္းတခုက မိန္းကေလး သုံးျဖစ္မယ္ထင္တယ္ "

သပ္သပ္ရပ္ရပ္နဲ႕ ေနခ်င္စဖြယ္ ဝရန္တာ ပါေသာ အခန္းႏွစ္ခု နဲ႕ ေနာက္တခုက သိပ္မက်ယ္ဝန္းေသာ္လည္း လူတေယာက္ လုံလုံေလာက္ေလာက္ေနဖို႔ အဆင္ေျပသည့္ ေယာက်္ားေလး အခန္း တခု ။ ျပင္ဆင္ထားပုံက ၾကည့္႐ုံႏွင့္ သိနိုင္သည္ ။

မိန္းကေလး အခန္းႏွစ္ခုတြင္ေတာ့ အလွပစၥည္းမ်ားထားစရာေနရာ အဝတ္ဗီဒိုႏွင့္ အိပ္ယာခင္းကအစ မိန္းကေလး သေဘာက်နိဳင္သည့္ ဝက္ဝံ ပုံႏွင့္ ခ်စ္စဖြယ္ ျပင္ဆင္ထားသည္ ။ လူမေနတာၾကာၿပီ ဟု ေျပာသံၾကားေပမယ့္ အိပ္ယာေတြ ဘယ္သူက ျပင္ဆင္ထားသည္လဲေတာ့ စဥ္းစားမေနခ်င္ေတာ့ ။
ပက္ပန္းေနၿပီမို႔ သူတို႔အားလုံး အနားယူခ်င္ၿပီ ျဖစ္သည္ ။

"အဲ့ေတာ့ ၾကယ္စင္က ဒီအခန္းမွာေနၿပီး ဟိုတခန္းကိုက ငယ္ေနလိုက္ေပါ့ ေမာင္က ေတာ့ က်န္တဲ့အခန္းကိုယူလိုက္မယ္ ဘယ္လိုလဲ အဆင္ေျပရဲ႕လား "

ေမာင့္ရဲ႕ ခြဲေဝမႈကို အားလုံးက သေဘာတူ ေခါင္းညိတ္သည္ ။ ေမာင္တို႔ ႏွစ္ေယာက္က သူတို႔အခန္းေတြဆီ ျပန္သြားၾကေတာ့ ၾကယ္စင္လည္း ပါလာေသာ အိတ္ထဲက ပစၥည္းမ်ားထုပ္ကာ ေနရာအရင္ခ်သည္ ။ အဝတ္အစားမ်ားကို ဗီဒိုထဲ ထည့္လိုက္ၿပီး ခ်ိတ္ျဖင့္ခ်ိတ္သင့္တာခ်ိတ္လိုက္သည္ ။

ထို႔ေနာက္ သူမရယ္ ေမာင္ရယ္ ေမာင္ေလးရယ္ ရိုက္ထားေသာ ဓာတ္ပုံေလးအား အိပ္ယာ ကုတင္ထက္ ထိုင္ကာ ေငးၾကည့္မိသည္ ။

အဲ့ေန႕က မွတ္မွတ္ရရ ေမာင္ေလး ဆယ္တန္းေအာင္တဲ့အထိမ္းအမွတ္နဲ႕ ေမာင္က အျပင္မွာ မုန့္လိုက္ေႂကြးခဲ့ျခင္းပင္ ။ ၿပီးေတာ့ ေနရာစုံေအာင္လည္း ေလွ်ာက္လည္ျဖစ္ၾကေသးသည္ ။

ငယ္ငယ္ေလးထဲက မိဘေတြ အတူဆုံးသြားၿပီးတဲ့ေနာက္ပိုင္း ၾကယ္စင္ကပဲ ေမာင္ေလးကို အေမလိုတမ်ိဳး အေဖလိုတမ်ိဳး ေစာင့္ေရွာက္ေပးခဲ့သည္ ။ ဆယ္တန္းေရာက္ေတာ့ ဂိုက္ဆရာတေယာက္ဖစ္တဲ့ ေတးသြားေမာင္ နဲ႕ ၾကယ္စင္တို႔ ေမတၱာ မွ်ခဲ့ၾကသည္ ။ ေမာင္ေလးအတြက္ ဆရာေကာင္းတေယာက္ျဖစ္သလို သူမအေပၚလည္း ၾကင္နာတက္သည့္ ေမာင့္ကို ၾကယ္စင္ သိပ္ခ်စ္မိသြားခဲ့သည္ ။

ဓာတ္ပုံေလးကို မွန္တင္ခုံ ထက္တင္ရင္း အေတြးတို႔ကို လက္စသတ္ ရျပန္သည္ ။

ေရခ်ိဳးခန္းသုံးပစၥည္းမ်ားကိုလည္း ေရခ်ိဳးခန္းထဲတြင္ ေနရာ သြားခ်လိဳက္သည္ ။ ထို႔ေနာက္ ေရလဲ အဝတ္အစားတခ်ိဳ႕ယူကာ ေရခ်ိဳးရန္ ေရခ်ိဳးခန္းထဲ ဝင္လိုက္ၿပီး ေရခ်ိဳးခန္း တံခါးကို ပိတ္လိုက္သည္ ။
မွန္ေရွ႕မွာ ဆံပင္ေတြ ေရမစိုေစရန္ ခပ္ျမင့္ျမင့္စုခ်ည္လိုက္သည္ ။

"ဟင္ ဆံပင္ရွည္ေတြ !"

ထူးဆန္းသည္ ။ ေဘစင္ထဲမွာ ကြၽတ္က်ေနေသာ ဆံပင္ရွည္ေတြက ေက်ာလယ္ေလာက္သာရွိေသာ သူမဆံပင္ေတြ၏ ႏွစ္ျပန္စာေလာက္ရွိမည္ ။

ကြၽီ..... ။
တံခါးဖြင့္သံေၾကာင့္လွည့္ၾကည့္လိုက္ေတာ့ ေရခ်ိဳးခန္းတံခါးက အနည္းငယ္ ပြင့္ဟေနသည္ ။

"ခုနက ေသေသခ်ာခ်ာ ပိတ္ထားခဲ့လားလို႔ "

အမွတ္မွားတာေနမွာပါဟု ထင္လိုက္ၿပီး တံခါးကို ေနာက္တႀကိမ္ ေစာင့္ပိတ္လိုက္သည္ ။

သူမ ေရစခ်ိဳးရန္ ေရဗန္းေအာက္သို႔အသြား

"အမေလး .."

ေရဗန္းေအာက္က တစက္ တစင္ ျပဳတ္က်ေနေသာ ေရစက္မ်ားႏွင့္ စို႐ႊဲ ေနသည့္ ၾကမ္းျပင္ ။ မၾကာေသးခင္ကမွ တစုံတေယာက္ေရခ်ိဳးထားသည့္ ပုံစံ ။

အိမ္ထဲမွာ တေယာက္ေယာက္ရွိေနတာလား ။

သူမေတြေဝသြားသည္ ။

ခြမ္း ။
ဝုန္း ။

"ေမာင္ေလးလား "

"ေမာင္ "

အခန္းထဲက ဆူညံသံေတြေၾကာင့္ ေမာင္နဲ႕ ေမာင္ေလး တေယာက္ေယာက္ဟု ထင္ကာ ေအာ္ေခၚေတာ့ ျပန္ထူးသံမၾကား ။
တခါးဖြင့္ကာ ေခါင္းျပဴထြက္ၿပီး ေခ်ာင္းၾကည့္ေတာ့ ဘာသံမွ မၾကားေတာ့ ၊

နားၾကားမွားတာပဲျဖစ္မွာပါ ။

တံခါးျပန္ပိတ္ဖို႔လုပ္ေတာ့ မ်က္စိေရွ႕ ေရာက္လာေသာ မွန္ကြဲစတခု ။
ေရခ်ိဳးခန္းထဲက ထြက္လာကာ တလွမ္းစီ သြားရင္း သူမ အံ့ၾသစြာပင္ မွင္သတ္လို႔သြားရသည္ ။

ခုဏေလးကမွ တင္ထားေသာ ဓာတ္ပုံက ၾကမ္းျပင္ေပၚတြင္ တစစီ ေၾကကြဲ ပ်က္စီးလ်က္ ။ ဒါတင္မကေသး ပြင့္ဟေနေသာ အဝတ္ဗီဒို ႏွင့္ ရႈပ္ပြေနေသာ သူမအဝတ္အစားမ်ား ။ ပို၍ထူးဆန္းသည္က သူမ၏ အဝတ္အစား ေတြေပၚတြင္ အနီေရာင္ အရည္တို႔ စြန္းထင္းေနၿပီး တစက္စီ ေအာက္သို႔ ျပဳတ္က်ေနသည္ ။
ထို အနီစက္တို႔ကို လက္နဲ႕ ထိေတြ႕မိေတာ့ ေသြးညွီနံ႕က သူမႏွာေခါင္းထဲ အလုံးလိုက္အခဲလိုက္ ဝင္လာသည္ ။

တကယ္ပဲ တေယာက္ေယာက္ရွိေနတာလား ။

တျခားအရာေတြလို႔ ေတြးထင္မိခ်င္ေပမယ့္ သူမ အယုံအၾကည္မရွိ။

အခန္းတခုလုံးကို ေဝ့ၾကည့္လိုက္သည္ ။

ဂ်ိန္း ..
ဘုန္း .... ။

သူမ မ်က္အလြဲမွာ သူ႕အလိုလို ပိတ္သြားေသာ ဗီဒိုတံခါး ၊ ဖင္ထိုင္လ်က္သား လဲက်သြားသည့္ သူမကေကာ တစုံတေယာက္က တြန္းလွဲလိုက္တာလား ၊လန့္သြားၿပီး လဲက်ခဲ့တာလား သူမကိုယ္တိုင္ေတာင္မေသခ်ာ ။

မဟုတ္ဘူး ၾကယ္စင္ ၊ နင္အေတြးေတြ လြန္ေနၿပီ။

အေတြးတို႔ကိုစုစည္းကာ စိတ္ညိမ္ေအာင္အရင္ျပန္ထားလိုက္သည္ ။ မျဖစ္နိုင္ဘူးဟု ကိုယ့္ကိုယ္ကိုယ္ သတိေပးရင္း မ်က္စိတို႔ကို တင္းတင္းမွိတ္ကာ ေခါင္းတခ်က္ရမ္းရင္း ခပ္ေပါေပါ အေတြးတို႔ကို ခါထုတ္လိုက္သည္ ။

ေခါင္းေအာက္ငုံ႕ထားရာကေန ႐ုတ္တရက္ သူမ နားေခါင္းထဲ ဆိုး႐ြား လြန္းေသာ အနံတခု ရလိုက္သည္ေၾကာင့္မ်က္စိတို႔ကို ျဖည္းျဖည္းခ်င္းဖြင့္မိေတာ့ ပထမဆုံး အျမင္အာ႐ုံထဲ ဝင္လာသည္က ျဖဴေဖြးႏု႐ြေနေသာ ေျခဖမိုး တစုံ ။ ေျခမ်က္စိထိသာ ျမင္ေနရၿပီး အျဖဴေရာင္ ဂါဝတ္ရွည္ကို ဝတ္ဆင္ထားပုံရသည္ ။
ၾကည့္ေနရင္းမွ ထိုေျခတစုံဟာ သူမအခန္း၏ ဝရန္တာ ဘက္ ေလွ်ာက္သြားေနသည္အထိ လိုက္ၾကည့္မိသည္ ။ ေသးသြယ္ေသာ ခႏၶာ ႏွင့္ ျဖဴႏုေနေသာ လက္ေခ်ာင္းသြယ္သြယ္တို႔ ေပါင္လယ္ေလာက္ရွိသည့္ နက္ေမွာင္ေသာ ဆံေကသာတို႔က အေနာက္ကၾကည့္ေန႐ုံႏွင့္ သိပ္လွေသာ မိန္းကေလး တေယာက္ျဖစ္မည္ဟု သူမ တပ္အပ္ ေျပာနိုင္သည္ ။

"ရွင္ ရွင္ဘယ္သူလဲ "

ဝရန္တာဘက္ကို သြားေနတဲ့ ေျခလွမ္း ေတြ ရပ္တန့္သြား၏ ။ တျဖည္းျဖည္းခ်င္း ၾကယ္စင္ဘက္ကို လွည့္ၾကည့္လာသည္ ။ အေနာက္ကၾကည့္ေတာ့ သိပ္လွတဲ့ ေကာင္မေလးတေယာက္ဟု ၾကယ္စင္ သုံးသပ္ခဲ့မိတာ မွားသြားသည္ ။ ဘယ္ဘက္ကို အနည္းငယ္ ေခါင္းေစာင္းက်ေနကာ လည္ပင္းက လွီးျဖတ္ျခင္း ခံထားရေသာ ၾကက္ လည္ပင္းလို တိုးလိုးတန္းလန္း ။ မ်က္လုံးတို႔က မ်က္ရည္တို႔ စီးက်ေနသည္ ။ ထူးဆန္းသည္က ထိုမ်က္ရည္တို႔မွာ အနီေရာင္ေသြးေတြပင္ျဖစ္သည္ ။
ၾကယ္စင္ အံ့ၾသလြန္း၍ပင္ ေၾကာက္ဖို႔ေတာင္ေမ့သြားရသည္ ။

ၾကည့္ေနရင္းမွာပင္ ျပတ္က်လဳဆဲဆဲ ေခါင္းက ေလအလြင့္မွာ သစ္႐ြက္ကေလး လြင့္က်လာသလို ၾကယ္စင့္ဆီ လြင့္ေမ်ာလာသည္ ။ ရွည္လ်ားေသာ ဆံပင္ေတြၾကား ေၾကာက္မက္ဖြယ္ရာ မ်က္ႏွာက ၾကယ္စင့္အား ေအာ္ဖို႔ပင္ သတိမရေခ် ။ ၾကယ္စင္ မ်က္ႏွာအနား ဝဲေနေသာ ထို ေခါင္းျပတ္ ႀကီးက ဆိုး႐ြားေသာ အနံ႕တခုကို ရလာျပန္သည္။ ၾကယ္စင္ ႏႈေခါင္းႏွစ္ဖက္ကို လက္ျဖင့္ ဖိပိတ္လိုက္ေတာ့ ထို ေခါင္းျပတ္ႀကီးက သြားေတြ ေပၚလာသည္အထိ ဟက္ဟက္ပက္ပက္ ၿပဳံးရယ္လာသည္ ။

ၾကယ္စင္ ႏွာေခါင္းေတြသာမက ပါးစပ္တို႔ မ်က္စိတို႔ပါ ပိတ္လိုက္ရသည္ ။ အေၾကာင္းမွာ ၿပဳံးရယ္လာေသာ ထိုေခါင္းျပတ္ႀကီး၏ ပါးစပ္ အထဲတြင္ အမည္းေရာင္ သြားမ်ားၾကားထဲက အမည္းေရာင္ အရည္တို႔ က စီးက်လာၿပီး ႐ြံစရာေကာင္းေသာ အနံ႕အသက္ တို႔က ထိုပါးစပ္ထဲက ဟုပင္ ၾကယ္စင္ ေတြးစရာမလိုေတာ့ ။
ေတြးရင္းျဖင့္ပင္ ေအာ္ဂလီဆန္ လာသည္ ။

"မလာနဲ႕ သြား မလာနဲ႕ ငါ့အနားကို မလာနဲ႕ "

ထိုေခါင္းျပတ္ႀကီးက ေလထဲမွ ဟိုဟိုသည္သည္ ပ်ံဝဲ ေနၿပီး ၾကယ္စင့္ဆံပင္ႏွင့္မ်က္ႏွာအနား ဖ်ပ္ဖ်ပ္လူး ေနျပန္၏ ။

ထို႔ေနာက္ ၾကယ္စင့္နား႐ြက္ေဘး ျဖတ္ေျပးသြားသည့္ ထိုေခါင္းျပတ္ႀကီးထံမွ စကားတခြန္းကို ျပတ္ျပတ္သားသား ၾကားလိုက္ရသည္ ။

"ေပ်ာ္စရာေကာင္းတဲ့ weekend ေလးျဖစ္ပါေစ သခင္မ "

"အားးးးးးးးး! "

"မမ မမ "

"ၾကယ္စင္ ၾကယ္စင္ သတိထားေလ ၾကယ္စင္ "

သူမ မ်က္လုံးတို႔ကိုဖြင့္ၾကည့္လိုက္ေတာ့ လက္ထဲတြင္ သူတို႔သုံးေယာက္ရိုက္ထားေသာ ဓာတ္ပုံေလးက အတိုင္းသား ။
ေမာင္နဲ႕ ေမာင္ေလးတို႔က စိတ္ပူစြာ ေငးၾကည့္ေနၾက၏။

သူမ အိပ္ေပ်ာ္သြားခဲ့တာပဲ ။
ဒါေပမယ့္ ဘာလို႔ တကယ္အတိုင္းခံစားေနရတာလဲ ။

အခန္းထဲ ေဝ့ၾကည့္လိုက္ေတာ့ ပစၥည္းေတြက သူမ ေနရာခ်ထားတဲ့အတိုင္း မေျပာင္းလဲ ။

"မမ အဆင္ေျပရဲ႕လာ မမအသံၾကားလို႔ ငယ္တို႔ေျပးလာခဲ့တာ "

"အဆင္ေျပပါတယ္ အိပ္ေပ်ာ္သြားလို႔ "

"ၾကယ္စင္ကေတာ့ ျဖစ္ရမယ္ ခရီးပန္းလာလို႔ေနမွာ ေရခ်ိဳးလိုက္ေတာ့ေလ ခဏေနရင္ ေမာင္ ညစာျပင္ထားေပးမယ္ ဒီေန႕ေတာ့ ေခါက္ဆြဲ နဲ႕ပဲ ႏွစ္ပါးသြားလိုက္ၾကတာေပါ့ ေနာက္ေန႕မွ ေသခ်ာေလး ခ်က္ျပဳတ္စားၾကမယ္"

ေမာင့္ကို ၿပဳံးသာျပလိုက္ၿပီး ေမာင္တို႔အခန္းထဲက ထြက္သြားသည္အထိ ၾကယ္စင္အေတြးတို႔က ျပန့္လြင့္ ေနခဲ့သည္ ။ ေရခ်ိဳးၿပီးေတာ့ ေအာက္ထပ္ကို ဆင္းလာခဲ့ခ်ိန္
‌‌ေမာင္နဲ႕ ေမာင္ေလးတို႔က ေခါက္ဆြဲ ျပဳတ္ရန္ ျပင္ဆင္ေနၾကၿပီ ။

"မမလာၿပီပဲ ဒီမွာ ထိုင္ေနမမ ဗိုက္ဆာေနၿပီလား "

ေမာင္ေလးကိုၿပဳံးကာ ေခါင္းရမ္းျပလိုက္သည္ ။

"ခဏေနရင္ ေခါက္ဆြဲ ရၿပီ သုံးမိနစ္ပဲေစာင့္မမ"

ေခါက္ဆြဲ ခ်ဥ္စပ္ကို ေရေႏြးနဲ႕ေဖ်ာ္ၿပီး ေမာင္ေလးေျပာသလို သုံးမိနစ္အၾကာမွာ ပန္းကန္လုံးသုံးလုံးနဲ႕ ထည့္ကာ တခုစီလာခ်သည္ ။

"အပင္ပန္းခံလို႔ကြယ္ ဒါေတြ မိန္းကေလးျဖစ္တဲ့ မမက လုပ္ရမွာမဟုတ္ဘူးလား"

"ဘယ္ဟုတ္မလဲ ၾကယ္စင္ရဲ႕ မိန္းကေလးပဲ ခ်က္ျပဳတ္ရမယ္လို႔ ဘယ္ဥပေဒမွာမွ မရွိဘူး ။ ေမာင္တို႔က မၾကာခင္ မိသားစုဝင္ေတြျဖစ္ေတာ့မွာပဲ တက္နိုင္တဲ့ဘက္က ေမာင္ လည္း ဝင္ကူရမွာေပါ့ ၿပီးေတာ့ ၾကယ္စင္က ပင္ပန္းေနတာေလ "

အဲ့လို နားလည္မႈ ေတြ အမ်ားႀကီး ေပးတက္တဲ့ ေမာင့္ကို ၾကယ္စင္ လက္လြတ္မခံနိုင္ပါ ။ သူမအေပၚ အမ်ားႀကီး ေကာင္းေပးသလို ေမာင္ေလးအေပၚလည္း ညီအရင္းတေယာက္ ခ်စ္တယ္ဆိုတာ သူမ ယုံၾကည္ထားၿပီးသား ။

ေခါက္ဆြဲ ျပဳတ္ကို သူတို႔သုံးေယာက္ စကားေတြေျပာရင္း စားျဖစ္ၾကသည္ ။ သို႔ေသာ္ ၾကယ္စင့္အေတြးထဲတြင္ အိမ္မက္ထဲက အေၾကာင္းတခုက ေဖ်ာက္ဖ်က္ လို႔မရနိုင္ခဲ့ ။

"ဟာ မမ ၿပီးသြားၿပီလား "

"အင္းေမာင္ေလး မမ ဗိုက္ျပည့္ၿပီ တခါထဲ ေမာင္ေလးတို႔ႏွစ္ေယာက္ကို ပန္းကန္ေတြေဆးဖို႔ ထားခဲ့လိုက္ေတာ့မယ္ မမနည္းနည္း ပင္ပန္းလာလို႔"

"ၾကယ္စင္ အဆင္ေျပရဲ႕လား မ်က္ႏွာက ျဖဴဖပ္ျဖဴေရာ္ နဲ႕ "

"အင္း ဘာမွမျဖစ္ပါဘူးေမာင္ ဒီည ေစာေစာ နားလိုက္ရင္ ေကာင္းသြားမွာပါ "

ေမာင္တို႔ကို ထားခဲ့လိုက္ၿပီး အေပၚတက္ကာ သူမအခန္းထဲဝင္ရင္း တခုခုက သူမကို ေစာင့္ၾကည့္ေနသလို ေခ်ာက္ခ်ားေနမိသည္ ။

သူမ အရမ္းေတြးေနမိတာပဲ ။

ကိုယ့္ကိုယ္ကိုယ္ သတိေပးရင္း အိပ္ယာထက္လွဲခ်လိဳက္သည္ ။ မနက္ျဖန္ က်ရင္ အဆင္ေျပသြားမွာ ။

"ေပ်ာ္စရာေကာင္းတဲ့ weekend ေလးျဖစ္ပါေစ သခင္မ"

နားထဲမွာ ၾကားလိုက္ရတဲ့ စကားတခြန္းက သူမကို ေကာင္းေကာင္း အိပ္မေပ်ာ္ေစဖို႔ အေႏွာက္အယွက္ ေပးသည္။

ေခါင္းတလုံးနဲ႕ နားကိုဖိပိတ္ကာ မ်က္လုံးတို႔ကို တင္းတင္းမွိတ္ရင္း အိပ္စက္ျခင္းဆီသို႔ ။

© ဆုနွယ်မေ ,
книга «Forever Weekend».
Коментарі