Intro
Intro
ZAWGYI...



"ကဲကွာ.. သွားစမ်း"

*ဝုန်း* *ဒုန်း*





******************


UNICODE...

ZAWGYI...

"ဟား.... စိတ်တိုစရာကောင်းလိုက်တာ.. နိုင်ငံခြားကို ပညာတော်သင်သွားမယ့် ချစ်သူဆီကရတဲ့ နှုတ်ဆက်လက်ဆောင်က အနမ်းတစ်ပွင့်မဟုတ်ဘဲ ယုန်တစ်ကောင်တဲ့လား... ချီးပဲ.. ငါက ဒီယုန်စုတ်ကို ဘာလုပ်ရမှာလဲ.. ဘာတဲ့ ချစ် ပြန်လာတဲ့အချိန် white ကလေး မရှိရင် မောင်နဲ့ ချစ်နဲ့ အပြတ်ပဲတဲ့.. အဲ့တော့ ငါက ဒီယုန်စုတ်ကို ကောင်းကောင်းမွန်မွန် ကျွေးမွေးပြီး ပြုစုစောင့်ရှောက်ရမယ်ပေါ့.. ဟာသပဲ သေတောင် မကျွေးဘူး..."

စိတ်အလိုမကျမှုများနဲ့အတူ သူု့လက်ထဲတွင်ကိုင်ထားသည့် ယုန်လှောင်အိမ်လေးအား တစ်ချက်မြှောက်ကြည့်ပြီးနောက်..

"ကဲကွာ.. သွားစမ်း"

*ဝုန်း* *ဒုန်း*

ကျယ်လောင်သော အသံနှင့်အတူ အခန်းထောင့်တစ်နေရာသို့ အရှိန်ဖြင့် လွှင့်ပစ်ခံလိုက်ရပါသော လှောင်အိမ်လေး။

ထို့နောက် တစ်ချက်ကလေးမှ နောက်လှည့်မကြည့်ဘဲ အခန်းပြင်သို့ ထွက်သွားပါသော လူသား။

ကြောက်စိတ်နှင့်အတူ အပြာရောင်လှောင်အိမ်ထောင့်တစ်နေရာ၌ နားရွက်လေး နှစ်ဖက်ထောင်ကာ တိုးကပ်နေပါသော ယုန်ငယ်လေး၏ အနီရောင်မျက်ဝန်းနှစ်ဖက်မှာတော့ မျက်ရည်စတို့ ရစ်သိုင်းလျက်ရှိ၏။

ထို့ပြင် ယုန်လေးတွေရဲ့သဘာဝ အသည်းငယ်တတ်သည့် စိတ်လေးကြောင့် လှောင်အိမ်ရဲ့ သံတိုင်လေးတွေကို ခြေသည်းများဖြင့် ကုတ်ထားသည်မှာ လွတ်ထွက်သွားမှာစိုးသည့်အတိုင်း။

******************

ကံတရားရဲ့ ကျီစယ်မှုတစ်ခုကြောင့် ဖြစ်တည်လာရတဲ့ ယုန်ငယ်လေးဘဝကနေ လူသားဘဝကို ပြန်လည်ရရှိတဲ့ တစ်နေ့မှာတော့...









© Kout Tay,
книга «ယုန်ဖြူလေးရဲ့ ကိုကို».
Коментарі