Episode(1)(Unicode+Zawgyi)
Unicode..
ခရစ်နှစ် ၂၀၀၀ ပြည့်နှစ်၊အောက်တိုဘာလ ၂၄ ရက်၊သောကြာနေ့......
မန္တလေးဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ခွဲစိတ်ဆရာဝန်ကြီးဒေါက်တာဦးကောင်းမြတ်နှင့်မျက်စိအထူးကုဆရာဝန်ကြီးဒေါက်တာဒေါ်မေမိုးသာတို့၏သား မောင်ကောင်းမြတ်သာလေး လူ့လောကထဲသို့ စတင်ဝင်ရောက်လာလေသည်။မောင်ကောင်းမြတ်သာသည် ငယ်စဉ်ကတည်းက အသားဖြူဖြူ၊ နှာတံစင်းစင်း၊ မျက်လုံးဝိုင်းဝိုင်း၊ ပါးဖောင်းဖောင်းလေးနှင့် အလွန်ပင်ချစ်စရာကောင်းလှသည်။ငယ်စဉ်ကတည်းက အနေအေးသည့်အတွက် ငိုသံဟူ၍သိပ်မကြားရ။မိဘများကလည်းဆေးရုံ၊ဆေးခန်းများနှင့်သာ အချိန်ကုန်နေကြ၍ သားလေးအားအချိန်မပေးနိုင်။ထို့ကြောင့် မောင်ကောင်းမြတ်သာသည် ငယ်စဉ်ကတည်းက အိမ်ထိန်း ဒေါ်ချိုထံတွင်သာကြီးပြင်းခဲ့ရသည်။ဒေါ်ချိုသည်လည်း မောင်ကောင်းလေးအား မိမိသားလေးအရင်းသဖွယ် ရင်ဝယ်မခြား စောင့်ရှောက်လာခဲ့တာ ယခုဆို မောင်ကောင်းတောင် တက္ကသိုလ်ဝင်တန်းတက်ရောက်နေလေပြီ။မောင်ကောင်းသည် စာတော်သလို အရမ်းလည်းစာကြိုးစားသောကြောင့် ကျောင်းတွင်အမြဲအဆင့်တစ်သာရသည်။တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုလည်း ချောချောမွေ့မွေ့ဖြေဆိုနိုင်ခဲ့လေသည်။
၂၀၁၆ ခုနှစ်၊ဇူလိုင်လ ၁၈ ရက်.....
တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထွက်တော့မည်။မောင်ကောင်းတို့တစ်အိမ်လုံး ညကတည်းက အိပ်မရနိုင်။တလှုပ်လှုပ်တရွရွနှင့် အားလုံးယောက်ယက်ခတ် စိတ်လှုပ်ရှားနေကြသည်။မိမိဖြေနိုင်သည်ကိုသိသော်လည်း အောင်စာရင်းထွက်ခါနီးတွင်မူ စိုးရိမ်စိတ်ပေါင်းစုံနှင့် စိတ်ပူနေမိသည်...
*တီ..တီ..တီ*
အိမ်ရှေ့မှ ဉီးကောင်းမြတ်၏ ကားဟွန်းတီးသံကြားသည်နှင့် တစ်အိမ်လုံးအလောတကြီး အိမ်ရှေ့ပြေးထွက်ကြလေသည်...
'ဖေဖေ...အခြေအနေဘယ်လိုရှိလဲ သား ဂုဏ်ထူးဘယ်နှခုပါလဲ'
'ငါ့သားကြီး အောင်တယ်ကွ ဂုဏ်ထူးငါးခုတောင်ပါတယ် ဒါမွငါ့သားကြ '
"ရေးးးး ငါသားလေးအောင်တယ်?? အေမလး အမေ့သားလေးကတော်လိုက်တာ"
ကြီးကြီးချိုမှာလည်း ပျော်လွန်းလိို့ ငိုတောင်ငိုသည်။
မောင်ကောင်းမှာလည်း အပျော်လွန်ပြီး မှင်သက်နေလေသည်...
ကောင်းမြတ်သာ....
ဂုဏ်ထူးငါးခုနှင့်အမှတ်ပေါင်း ၅၂၀ ကျော်ရသော်လည်း သူများတွေလို ဆရာဝန်၊အင်ဂျင်နီယာအလုပ်များကို ဝါသနာမပါ။မိမိငယ်စဉ်ကတည်းက ဝါသနာမြာ စာရေးဆရာ ဖြစ်သည့်အတွက် မြန်မာစာမေဂျာ ယူရန်သာဆုံးဖြတ်ထားသည်...
မေမေတို့ကိုပြောကြည့်တော့ ဖေဖေရော မေမေရောလက်မခံ..
"သားလေးရယ်..ဆေးကျောင်းပဲတက်ပါလား။စာရေးဆရာအလုပ်ဆိုတာ သားလေးဘဝအတွက်အာမခံချက် နည်းတယ်သားရဲ့။သားလေးဘဝအာမခံချက်မရှိရင် မေမေတို့ကတော့ ဘာမှမလုပ်စေချင်ဘူး။'
"ဟုတ္သားပဲ သားကြီးရာ။ဆရာဝန်လုပ်ပြီးမှ စာရေးဆရာပါတွဲလုပ်ပေါ့ကွ။ဖေဖေ့သူငယ်ချင်းတွေလည်း အဲ့လိုပဲ။ဆရာဝန်နဲ့စာရေးဆရာအလုပ်ကို တွဲလုပ်နေကြတာ။"
ဒီလိုနဲ့ မိဘတွေရဲ့ဆန္ဒကို လိုက်လျောပြီး ဆေးတက္ကသိုလ်တက်ရောက်လိုက်ရသည်။
မန္တလေးဆေးတက္ကသိုလ်....
ကောင်းမြတ်သာ မန္တလေးမှာမွေး မန္တလေးမှာကြီးပြင်းပေမယ့် ဆေးတက္ကသိုလ်ကိုတော့ မြင်တောင်မမြင်ဖူးပေ။အခုတော့ လက်တွေ့တက်ရောက်ရတော့မည်။အဝင်ဝတွင် မန္တလေးဆေးတက္ကသိုလ်ဟူသည့် စာတန်းကြီးက ထင်ထင်ရှားရှား...ကျောင်းဝန်းထဲ ဝင်လိုက်ကတည်းက ကားတွေ၊ဆိုင်ကယ်တွေ၊ကျောင်းသားကျောင်းသူတွေနဲ့ ကျောင်းကြီးကသက်ဝင်လှုပ်ရှားလျက်ရှိသည်။မိမိမှာ သူငယ်ချင်းလည်းမရှိ၊ဤကျောင်းမှာလည်း သိတဲ့သူမပြောနဲ့ မြေကြီးကိုတောင်အခုမှနင်းဖူးခြင်း...အဆောင်တွေကလည်း အများကြီး။ဘယ်အဆောင်မှာ သင်ရမလဲကမသိ။
"ဟူးးးးး စိတ်ညစ်တော့တာပဲ။ဖေဖေတို့ကလဲ အရေးပေါ်လူနာပေါ်လာလို့ လိုက်မပို့နိုင်။ငါနဲ့အသိကလဲမရှိ။အခုဘယ်က ဘယ္လိုသြားရမွာလဲ"
ကောင်းမြတ်သာတစ်ယောက်တည်း ယောင်လည်လည်ဖြစ်နေစဉ် အနောက်မှခေါ်သံတစ်ခုကြားလိုက်ရသည်။
"ညီလေး... ညီလေး.."
"အော်... ဟုတ်ကဲ့ဗျ"
"ငါ့ညီက ကျောင်းသားသစ်ထင်တယ် အဆောင်ရှာမတွေ့လို့လား"
"ဟုတ်တယ် အကို ကျွန်တော်ကဒီနေ့မှ စတက်မှာ အဲတာအခု ဘယ်အဆောင်သွားရမှန်းမသိလို့"
"First year တွေကို ဇီဝကစာသင်ဆောင်မှာ သင်တယ်ကွ။ဒီကနေ တည်တည့်သွားပြီး ညာဖက်ကိုချိုးလိုက်ရင် ရောက်တယ်။"
"ဟုတ်ကဲ့ အကိုကျေးဇူးပါနော်။ တကယ်ကျေးဇူးတင်ပါတယ်"
"ရပါတယ္ကြာ တစ်ကျောင်းတည်းသားတွေပဲ ကူညီပေးရမှာပေါ့"
"ဒါနဲ့ အစ်ကို့နာမည်က"
"အော်.. အကို့နာမည်က နေထွဋ်အောင်။4th M.B က။နောက်အကူအညီလိုရင်လည်း ပြောပေါ့ကွာ"
"ဟုတ်ကဲ့ပါ အကို...ကျွန်တော့နာမည်က ကောင်းမြတ်သာပါ...အခုကူညီပေးတာ ကျေးဇူးပါနော်အစ်ကို...ကျွန်တော့ကို သွားခွင့်ပြုပါဦးဗျ.."
"Okay Okay အကိုလည်း သွားတော့မယ်"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပထမဦးဆုံးမရေးတတ်ရေးတတ် ရေးထားသည့် fic ဖြစ်သည့်အတွက်အမှားပါပါက သည်းခံပေးကြပါနော်။ဝါသနာရှင်အဆင့်ဖြစ်သည့်အတွက် အရေးအသားညံ့ခြင်း၊ မတိမကျဖြစ်ခြင်းများကို နားလည်ခွင့်လွှတ်ပေးကြပါ။ဖတ်ပြီးဝေဖန်ပေးကြပါဦးနော်။
Reader ရဲ့ Vote တစ်ချက်ဟာ Author အတွက်အားဆေးတစ်လုံးပါ...ဒါကြောင့် fic လေးကိုဖတ်ပြီး vote & feedback လေးတွေ ကူညီ မ စပေးကြပါဦးနော်....
Zawgyi...
*တီ..တီ..တီ*
"ရေးးးး ငါသားလေးအောင်တယ်?? အမေလး အမေ့သားလေးကတော်လိုက်တာ"
ကြီးကြီးချိုမှာလည်း ပျော်လွန်းလို့ ငိုတောင်ငိုသည်။
ကောင်းမြတ်သာ....
မန္တလေးဆေးတက္ကသိုလ်....
"ညီလေး... ညီလေး.."
"အော်... ဟုတ်ကဲ့ဗျ"
"ဒါနဲ့ အစ်ကို့နာမည်က"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~