1 . Zawgyi
ဘဝနွံ
........ အပိုင်း - ၁
``အမလေး ... နာလိုက်တာ ´´
``အား...´´
ဒိန်းဒလိန်းဂျိမ်း.....!!!
``အမေရယ်.....အား....´´
`` ကို မြသာရယ် .... ကျွန်မသေပါပြီ တော်ရဲ့ ´´
``အား....´´
မိုးကြီးကလည်း သဲကြီးမဲကြီးရွာချနေပုံများ မသိရင် ကောင်း
ကင်ကြီးတစ်ခုလုံးတောင် ပြိုကျလာနေသလား အောင့်မေ့ရသည်။ ဒီကြားထဲ မိုးသံ
လေသံများ ကြားထဲမှာမှ ကိုမြသာ အိမ်မှာ ရှိမနေခဲ့ပါ။ မိုးကြီးလေကြီးထဲ
ဒေါ် နှင်းဆီတစ်ယောက် ကလေးမျက်နှာမြင်ဖို့ အားကြိုးမာန်တက် ကြိုးစားနေရ
သည်မှာ ဘယ်လောက်တောင် ခက်လိုက်မလဲ။
``ဟေ ဒီ မိုးကလည်းနော် မရွာရင်လည်း မရွာလိုက်နဲ့ ရွာပြီဆိုပြန်တော့လဲသဲကြီး မဲကြီးနဲ့တော် ... တစ်ချက်ကလေးမှကို မနားတာ ...´´
ဒီန်းဒလိန်းဂျိမ်း....!!!
``အမလေးဟေ့ မြတ်စွာဘုရား ...အိုတော် ´´
ကြီးမြတစ်ယောက် ဘုရားရေ သပ္ပါယ်ဖို့ လုပ်ရင်း မိုးအကြောင်း
ကိုညဉ်းလိုက်တာပါ။ မိုးက ရွာရုံမှ မကသေး လျှပ်စီးလက်ပြီး မိုးကြိုးကြီးပါ ပစ်ချ
လိုက်တော့ ကြီးမြခမျာ တော်တော်လေးကို လန့်သွားသည်။
``ဘုးရား ဘုရား သတ္တ၀ါတွေ အားလုံး ကျမ္မာကြပါစေ ၊ ချမ်းသာကြပါစေ ။ အခုပစ်လိုက်တဲ့ မိုးကြိုး သတ္တာဝါတွေ အားလုံးအပေါ် မကျရောက်ပါစေနဲ့ အရှင်ဘုရား´´
ရေချမ်းကပ်လျူရင်း ကြီးမြ ပို့သလိုက်တဲ့ မေတ္တာစကားတွေပါ။
``ဟင်း....´´
ကြီးမြ ဘုရားကို ရှေ့ခိုးဦးချပြီးပြီးချင်း သက်ပြင်းတစ်ချက် ချရင်း
ကိုယ်ခန္ဒာက ၀နေလေတော့ ထိုင်ရ ထရ တော်တော်လေးကို ခက်သည်ပင်။ ကြီးမြဒူး
ကိုထောက်ရင်း ခန္ဒာကိုယ်ကို မတ်မတ်လုပ်ကာ အသာလေးထလိုက်သည်။ ဒီတော့ မိုး
သံလေသံကြောင့် ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေတာကို ကြီးမြ တစ်ချက် အလေး
ထားကြည့်ရင်း အိမ်ပြတင်း တံခါးတွေကို လိုက်လံ ပိတ်နေခါမှ ကြီးမြ သတိတစ်ချက်
ရသလိုနှင့် အိမ်နှင့် ဘေးချင်းကပ်ရပ် တစ်ဘက်ခြံဘက်ကို မျက်စွေတစ်ချက်ပစ်လိုက်
မိသည်။
``ဘုရားရေ ... နှင်းဆီ ...´´
ညနေတုန်းက မြသာ လယ်ကွင်းဆင်းတာကို ကြီးမြ မြင်လိုက်
သည်။
``မြသာ ပြန်ရောက်နေပြီလား... ဒါမှမဟုတ် နှင်းဆီ တစ်ယောက်တည်းပဲရှိတာလား´´
နှုတ်ကပြောရင်း ပြတင်းတံခါးကနေ သူမတို့အိမ်ကို အသေအ
ချာလေးနားစစ်ထောင်မိသည်။ ဒါပေမယ့် ဘာမှထူးမလာခဲ့ပါ။.မိုးသံလေသံ မိုးခြိမ်းသံ
တို့က ဒလဟော တိုက်စစ်ဆင်နေကြတာမို့ ပတ်ဝန်းကျင် အသံကို ဘာမှ ထူးထူးခြား
ခြား မကြားရ။
နှစ်အိမ့်တစ်အိမ်က မိသားစုအရင်းရှာလို နေလာခဲ့ကြတာဆိုတော့
ဒီအတိုင်း မျက်ကွယ်ပြုနေလို့မှ မရတာ။ မြသာ နဲ့ ကြီးမြ တို့ဆိုတာက ကိုင်းကျွမ်းမှီ
ကျွမ်းကိုင်းမှီ နေလာကြတာဆိုတော့ ဘာအကြောင်းဖြစ်ဖြစ် ဒီနှစ်အိမ်က အမြဲနီးနီး
ကပ်ကပ်ပင်။ ကြီးမြ က တစ်ကိုယ်တည်း တစ်ယောက်တည်း နေတဲ့ အပျို ကြီး ဆို
တော့ ဘာအကြောင်းဖြစ်ဖြစ် မြသာ တို့ရဲ့ အကူအညီကို လိုနေတာပင်။ အခုတော့
မြသာ လယ်ကွင်း ဆင်းတာ သိနေတော့ အိမ်မှာ ကျန်နေရစ်ခဲ့တာက နှင်းဆီပင်။ နှင်းဆီ က မပေါ့မပါးနဲ့ နေ့စေ့လစေ့ ပင် ။ ဒီတော့ ကိုယ်ဝန်ဆောင် မိန်းကလေးတစ်
ယောက်ကို အခုလို အချိန်မှာ ကြီးမြအနေနဲ့ မျက်ကွယ်ပြု နေနိုင်မည်တဲ့လား။
``မဖြစ်သေးပါဘူး ၊ ငါသွားကြည့်မှပဲ ... တော်ကြာ ကလေးမလေးက နေ့စေ့လစေ့နဲ့´´
ပြောရင်း အသင့်ခေါက်ထားတဲ့ ထီးကို ကြီးမြ ဘီရိုပေါ်က လှမ်းယူ
ရင်း ဖွင့်ဆောင်းကာ တစ်ဖက်ခြံကို ရောက်ဖို့အရေး ကြိုးစားတော့သည်။
``အမလေး တော်ရဲ့..... ဟီး ... အမလေး သေပါပြီ ၊ ကြီးမြရယ် ကယ်ပါဦး´´
``ဟင်...´´
ခြံထဲကိုဝင်ရင်း ခြေလှမ်းတို့ကို ခပ်ကျဲကျဲလျှောက်လာလိုက်တာ အိမ်
နားနီးတော့ ကလေးမ အော်သံကို ကြီးမြ သဲသဲကွဲကွဲကြားလိုက်ရသည်။
``ဟောတော့ ဒါနှင်းဆီ အော်သံပဲ ... ဘုရား.ဘုရား ´´
နှုတ်က ဘုရားတရင်း မိုးမစိုစေဖို့ ထမိန်ကို ခြေသလုံးလောက်
အထိမတင်ထားရင်းကနေ သူမ ခြေလှမ်းတို့ကို ကျဲသထက်ကျဲအောင် အမြန်လျှောက်လှမ်းလာရင်း အိမ်ပေါ်ကို တက်လှမ်းလိုက်တော့သည်။
``အမေရယ်....´´
``ဟဲ့ ဟဲ့ နှင်းဆီ ၊ အို ...´´
အိမ်ထဲခန်းကနေ အော်သံကို ကြားတော့ ကြီးမြ ဧည့်ခန်းဘက်မှာရှိ
နေတာကို ဒီအတိုင်းတုန့်ဆိုင်းမနေပဲ နှင်းဆီ ရှိတဲ့ အခန်းကို ဒုန်းစိုင်းပြေးဝင်လိုက်တော့နှင်းဆီ ရဲ့ အခြေအနေက အတော်လေးကို ဆိုးနေသည်။
``နှင်းဆီ ... အို ... ဘာဖြစ်တာတုန်း´´
``ဗိုက် ဗိုက် ဗိုက်နာနေတာ ကြီးမြ ... လုပ်ပါဦး´´
``ဟေ ဗိုက်နာနေတာ ဟုတ်လား၊ မြသာကောဟင် မြသာ ပြန်မရောက်သေးဘူးလား´´
``မရောက်သေးဘူး´´
`` ဟင် ဒုက္ခပါပဲ နှင်းဆီရယ် ... ငါလည်း ဒီကိစ္စတွေနဲ့ အတွေ့အကြုံမရှိဘူး တစ်ခုခုဖြစ်သွားရင်မှပဲ...´´
ပြောရင်း ကြီးမြ က နှင်းဆီ ဘေးနားမှာ ၀င်ထိုင်သည်။
``ဟဲ့ ရေတွေပါလား ´´
``အဲ့တာ ရေ ရေမဟုတ်ဘူး ... ရေမွှာပေါက်နေ တာ...´´
``ရေမွှာတောင် ပေါက်နေပြီဟုတ်လား၊ ဟေ မြတ်စွာဘုရား ငါဘာဆက်လုပ်ရ
မလဲ နှင်းဆီ ... ငါဘာလုပ်ပေးရမလဲ... ဟို ငါ ငါ ရွာတောင်ပိုင်းက ဆေးဆရာကိုသွားပင့်လိုက်မယ် နင် ခဏစောင့်နော် ´´
``ကြီးမြ...´´
ဖျက်ခနဲ ထရပ်သွားမယ်လုပ်ကာမှ နှင်းဆီ ကြီးမြ လက်ကို လှမ်းဆွဲ
လိုက်သည်။
``အေ...´´
ကြီးမြ ပြန်ငုံ့ကြည့်တော့ နှင်းဆီ ခေါင်းခါပြလိုက်သည်။
``မသွားပါနဲ့ ... ကျွန်မ ကျွန်မတစ်ယောက်တည်း မနေရဲဘူး´´
``ဒါဆို ဘယ်လို လုပ်ကြမလဲ နှင်းဆီ ၊ ငါလည်းဘာမှလုပ်တတ်ကိုင်တတ်တာမဟုတ်ဘူးရယ် ... ပြီးတော့ မြသာရှိရင်လည်း တစ်မျိုး´´
``မမှီ တော့ဘူး ကြီးမြ ကျွန်မ မွေးတော့မယ်´´
``ဒုက္ခပါပဲ နှင်းဆီရယ်... ဟူး ..ဘယ်တတ်နိုင်မလဲ မီးစင်ကြီး ကြည့်ကရတာပေါ့´´
`` ကဲကဲ ဒါဆို တတ်သလောက် မှတ်သလောက်လေး လုပ်ပေးမယ်အေ ´´
``ကြီးမြ နာတယ် ဟီး.... အီး....´´
``ညှစ်ထား နှင်းဆီရယ် ညှစ်ထား ´´
``အီး...´´
``အားတင်းပြီး အားရပါးရ ညှစ်ထားနော် ၊ မကြာတော့ဘူးသိလား မွေးတော့မယ်ထင်တယ်´´
``ညှစ်ထား ..´´
``အီ...´´
``ဟုတ်ပြီ ညှစ်ထား...´´
``ခေါင်းထွက်လာနေပြီ နှင်းဆီ အားတင်းပြီး ညှစ်နော် ... အသက်ကိုလည်း ပြင်းပြင်းရှူ´´
``အမလေး... အား.....အီး...´´
``ဟုတ်ပြီ မွေးတော့မယ် မွေးတော့မယ် အားတင်းပြီး ညှစ်ချပစ်လိုက် ´´
``အား.........................´´
``အူဝဲ အူဝဲ အူဝဲ..........´´
``မွေးပြီ မွေးပြီဟ .... နှင်းဆီ ညဉ်းမွေးပြီ သိလား...´´
``အင်း ကြီးမြ ဘာလေးလဲ ကြည့်လိုက်ပါဦး´´
``အေးဟုတ်တယ် ... ဟေ ... နှင်းဆီ ယောကျာ်းလေးဟဲ့ ၊ ကလေးက တစ်လုံးတစ်ခဲနဲ့ချစ်စရာလေးဟယ်...´´
``ယောကျာ်းလေးလား ´´
``ဟုတ်တယ် သားယောကျာ်းရတနာလေး မွေးတယ်´´
``ကြီးမြ အချင်းကြိုးဖြတ်ကြရအောင်´´
``ဟေ အဲ့ဒါမှ အကြီးကြီးဒုက္ခပဲ... ငါ ငါမလုပ်တတ်ဘူးဟ´´
``ဒါဆို ကျွန်မ ပြောသလိုပဲ လိုက်လုပ်ကြီးမြ ၊ ဘရိတ်ဓားသွားယူချည်´´
``ဘရိတ်ဓားလား´´
``ဟုတ်တယ် ´´
``ဘယ်ကသွားယူရမလဲ ... ဒါမှမဟုတ်ဆိုင်ကနေ သွားဝယ်ရမှာလား´´
``သွားဝယ်စရာမလိုပါဘူး ကြီးမြ နောက်ဖေးခန်းမှာ ရေနွေးအိုးလုပ် ထားတယ် ၊ အဲ့ဒီအိုးထဲက ရေနွေးကို ဇလုံမှာထည့် ပြီးရင် အိုးထဲက ဘရိတ်ဓားကို ဆယ်ယူလာခဲ့´´
``ဟေ နင်ဒါတွေအကုန်လုပ်ပြီးမှ...´´
ကြီးမြက မျက်လုံးပြူးမျက်ဆံပြူးနဲ့မေးတော့...
``ဟုတ်တယ် ကျွန်မ အကုန်လုံးအဆင်သင့် လုပ်ထားလိုက်တာ ... ကိုမြသာ ပြန်ရောက်ရင် ဆရာပင့်လာချိန် အကုန်အဆင်သင့် ဖြစ်နေအောင်လို့ လုပ်ထားလိုက်တာပါ´´
``သြော် အေးအေး ၊ ငါသွားယူလိုက်မယ်နော်´´
``ရပြီ ရပြီ ´´
``ရေအေးနဲ့ စပ်လာခဲ့လား ကြီးမြ ´´
``အေးအေး စပ်လာခဲ့တယ် နှင်းဆီ ၊ အနေတော်ပဲ ´´
``ဒါဆိုဖြတ်လိုက်တော့ ´´
``ဟဲ့ ငါမလုပ်တတ်ပါဘူး ဆိုမှ´´
`` ချက်ကြောကို ၀မ်းဗိုက်နဲ့ ကြီးမြလက်နဲ့ လက်သုံးစေ့လောက်တိုင်း ပြီးရင် ချည်လိုက် ပြီးရင်ကြိုးချည်ထားတဲ့ နေရာ အနားကနေ ဖြတ်ချလိုက်တော့ ကြီးမြ´´
``သေချာလို့လားအေ´´
``သေချာပါတယ် ကြီးမြရယ် ... မလုပ်ရင်မပြီးဘူး ၊ ဒီအတိုင်း ရှည်နေရင် ကလေးအအေးပတ်သွားလိမ့်မယ် မြန်မြန်လေးလုပ်ပါ´´
``ဟေ. ဟုတ်လား ကဲ ချည်ပြီအေ ....´´
``ရပြီလား သေသေချာချာလေး ချည်နော်´´
``ရပြီ´´
``ဒါဆိုဖြတ်ချလိုက်တော့´´
``အူဝဲ အူဝဲ အူဝဲ....´´
``ဟဲ့ကလေးက ငိုနေပါလား´´
``ရတယ် ကြီးမြ ၊ ကလေးကို သေသေချာချာလေး ဆေးကြောပေးပါဦး ပြီးရင် လေအနှီးလေးနဲ့ သေချာ ပတ်ပေးပါ´´
``အေးအေး ´´
ကြီးမြက ကလေးကို အနှီးထည်လေးနှင့် ရစ်ပတ်ကာ ဒူးတစ်စုံကို
စုံဆန့်လိုက်သည်။ ပြီးတော့ ကလေးကို သေသေချာချာလေး ခြေသလုံးတစ်စုံကြား
မှာတင်ရင်း ခုဏက ယူလာခဲ့တဲ့ ရေဇလုံထဲက ရေနွေးနှင့် သေချာသန့်ရှင်းအောင်
ဆေးကြောပေးနေလိုက်သည်။ ပြီးတာနှင့် အနီးအနားက အနှီးထည်ကောက်ယူကာ
သေသေချာချာလေးပတ်ပြီး နှင်းဆီ လဲလျှောင်းနေတဲ့ သူမအနားမှာ သေသေသပ်သပ်လေးချလိုက်သည်။
``ပြီးပြီလား ကြီးမြ´´
``အင်း ပြီးပြီ´´
``ဒါဆိုရင် ကျွန်မကို ရှူထုပ်လေး စည်းပေးပါဦးကြီးမြ´´
``အေးအေး´´
အိပ်ခန်းထဲမှာ စုစည်းချထားသည့် အထဲမှ ကြီးမြသည် လောလော
ဆယ် ဇာတဗိုလ်သီး တစ်လုံးကို နှင်းဆီကို ကမ်းပေးသည်။ ပြီးတာနှင့် နှမ်းထုပ်လေး
ထုပ်လိုက်ကာ နှင်းဆီကို ရှူစေသည်။
``ကလေးက မိန်းကလေး ဖြစ်သွားရင်သိပ်ကောင်းမှာပဲဟေ နှင်းဆီ´´
ကလေးမျက်နှာလေးကို သေချာစွာကြည့်ရင်း ကြီးမြ ပြုံးရွှင်စွာပြော
နေတဲ့စကားပင်။
``ဘာလို့လဲ ကြီးမြ၊ သားယောကျာ်းလေးဆိုတော့ ပိုမကောင်းဘူးလား´´
``မသိပါဘူးအေ ... ငါက မိန်းကလေးတွေဆိုရင် မနေနိုင်အောင်ကို ချစ်တာ ၊ ညဉ်း
ကိုလည်း သမီးမိန်းကလေးပဲ မွေးစေချင်တာ သိလား ... ပြီးတော့လေ ငါ ဘုရားမှာ
နေ့တိုင်း ဆုတောင်းနေတာ ...´´
ပြောရင်း ကြီးမြ မျက်နှာက ညိုးနွှမ်းသယောင်နှင့်...
``ဘယ်တတ်နိုင်ပါ့မလဲ ၊ သားသမီးရတနာ ဆိုတာက ပေးတုန်းယူထားရတာပဲမို့
လား...´´
``ဘာဖြစ်ဖြစ် ကိုယ့်သားသမီးပဲ ဥစ္စာ´´
ပြောရင်း ကိုယ့်ကိုယ်ကို တစ်ယောက်တည်း မှတ်ချက်တွေချက်နေ
သူက ကြီးမြဖြစ်သည်။ နှင်းဆီကတော့ ကြီးမြ ပြောသမျှကို ပြုံးပြုံးလေးနှင့်နားစွန့်
ထောင်ရင်း ကလေးမျက်နှာလေးကို သေချာစွာကြည့်ကာ အမောဖြေနေခဲ့သည်။
``ကလေး မျက်နှာမြင်ခါနီးမှတော် မြသာတစ်ယောက်ကလည်း လယ်ထဲဆင်းရတယ်လို့´´
ကလေးအကြောင်းပြောဖြစ်နေရင်းကနေ ကြီးမြ စကားက မြသာ
ဘက်ကို မြှားဦးလှည့်လိုက်တော့သည်။
``စပါးသီးက ရင့်မှည့်နေပြီမို့ပါ ၊ ရေလမ်းမဖွင့်ရင် စပါးပင်တွေ အကုန်လုံးလဲလျှောင်းကုန်မှာပေါ့ ကြီးမြ ´´
``အင် ဟုတ်တော့ဟုတ်ပါတယ်လေ ... တို့တောင်သူတွေက ဒီ စပါးနဲ့ပဲ အသက်ဆက်ရှင်နေရတာ ၊ သီးချိန်ရိတ်ချိန်တန်လို့မှ အထွက်မကောင်းရင် ငတ်ပြတ်ကုန်ကြမှာ´´
ဘေးနားမှာ ထိုင်နေရင်း ဟိုဟိုဒီဒီလျှောက်ပြောကာ နှင်းဆီ
ကိုအဖော်လုပ်ပေးနေတာပင်။ ဒီအချိန်ကြီး မီးယပ်ကင်းစ ဖြစ်နေတဲ့ သူမကိုတစ်
ယောက်တည်း ထားပစ်ခဲ့ဖို့က ဘယ်နည်းနဲ့မှ မသင့်တော်ဘူးလေ....။
``မိုးတော့ စွေပြီ ထင်တယ် နော်´´
``လာလောက်ပြီ နေမှာ´´
``သူမြန်မြန်လာမှဟဲ့ အိမ်တစ်ဆောင်လုံးကို ဒီအတိုင်း ဘုရားဆီမီး သပ္ပါယ်ရင်းထားခဲ့ရတာ စိတ်မချဘူး´´
ပြောရင်း မတ်တတ်ထရပ်လိုက်သည်။ ပြီးတော့ တစ်ဖက်ခြံက
ကြီးမြ ကိုယ့်အိမ်ကို မျက်လုံးပြူးတူးကြီးနှင့် ငေးကြည့်လိုက်သည်။ မိုးကအရမ်းကြီးငြိမ်းသွားတာမဟုတ်ပေမယ့် ခပ်စွေစွေတော့ ရှိနေသေးသည်။
``မီးငြိမ်းပြီထင်တယ် ´´
``ဘုရားမီးကိုကော သေချာထွန်းခဲ့ရဲ့လား ကြီးမြ´´
``အင် စိတ်ချရတဲ့ အခြေအနေပါအေ ၊ ဆီမီးတိုင်အောက်က ကျောက်ပြားကြီးခံပြီးနေ့တိုင်းထွန်းနေတာ´´
ပြောရင်း ပြတင်းနားကနေ အိပ်ခန်းထဲ နှင်းဆီအနားမှာ ထိုင်လိုက်
သည်။
``မိုးလည်း တော်တော်လေး စွေနေပြီ´´
``အင်´´
``ကဲကဲ ညဉ်းလည်းပင်ပန်းနေတာဆိုတော့ နားလိုက်၊ ငါ မြသာပြန်ရောက်လာတဲ့အချိန်အထိ စောင့်ပေးနေမယ်´´
ပြောရင်း ကြီးမြက နှင်းဆီလဲလျှောင်းနေတဲ့ နေရာနားမှာ
ကပ်လဲရင်း ကလေးမျက်နှာလေးကို သေချာစွာငေးကြည့်နေသည်။ နှင်းဆီလည်း
ကြီးမြ တစ်ယောက်လုံးအနားမှာ ရှိနေတာမို့ စိတ်ချစွာ အိပ်ဖို့ကြိုးစားလိုက်တော့
သည်။
``နှင်းဆီ ... ဗျို့ နှင်းဆီ ...´´
``ဟေ ...´´
ညကြီးအချိန်မတော် အိမ်ရှေ့ကနေ လှမ်းအော်သံက တ
ကယ်ကို စိုးထိတ်စရာအသံပါ။
ကြီးမြ က အလန့်တကြားနဲ့ ခေါ်နေတဲ့ အသံကြောင့် ဖျက်ခနဲ
မှေးထားတဲ့မျက်လုံးကို ဖွင့်လိုက်ပြီး လဲနေတာကနေ ထထိုင်လိုက်သည်။ နှင်းဆီ
လည်း နိုးနေတာပင်။
``ကြီးမြ ခြံရှေ့မှာ လူခေါ်သံကြားတယ်´´
``အေးအေး ငါ သွားကြည့်လိုက်မယ်´´
ပြောရင်း ခပ်သွက်သွက်လေး အခန်းအပြင်ကို ကြီးမြ ထွက်သွား
တော့ အခန်းထဲမှာ ကျန်နေခဲ့သည့် နှင်းဆီလည်း အပြင်က အသံကို နားစွန့်ထောင်
လိုက်သည်။
ပျဉ်ထောင်အိမ် အဟောင်းလေးက သိပ်ပြီး ကြီးကျယ်ခမ်းနားတဲ့
တည်ဆောက်ထားပုံမျိုးမဟုတ်တော့ အပြင်က ပြောသံ ဆိုသံ တိုင်းကအစ သူမအ
လုံးစုံကြားနိုင်လေတော့....
``ဟဲ့ ဘယ်သူတုန်း...´´
အပြင်ခန်းကို ရောက်တော့ တံခါးဝကနေပြီး ခြံရှေ့ကို လှမ်းကြည့်
ရင်း လှမ်းအော်လိုက်တော့...
``ကြီးမြလား ´´
``အေး ဟုတ်တယ် ၊ ဘယ်သူတုန်း ´´
``ကျွန်တော် ဖိုးသာပါ ကြီးမြ ´´
``ဝင်ခဲ့ဟေ့ တံခါးက စေ့ထားရုံလေးပဲ´´
ရပ်ထဲရွာထဲက လူဆိုတော့ ကြီးမြလည်း စိတ်ချရသည့်အနေအ
ထားမို့ အိမ်ထဲဝင်ဖို့ လှမ်းပြောသည်။
``ဘာတုန်း ´´
ခြံထဲကို အပြေးလေး လှမ်းဝင်လာတဲ့ ဖိုးသာက ကြီးမြ အနားကို
ရောက်ရောက်ချင်းမှာပဲ ကြီးမြက သိချင်ဇောနဲ့ လှမ်းမေးသည်။
``ကို မြသာ မိုးကြိုးထိလို့ ဆုံးပြီဗျ ...´´
``ဟေ....´´
ရုတ်တရက်ကြားလိုက်ရတဲ့ စကားမို့ ကြီးမြမှာ ဒီအတိုင်းပါးစပ်
အဟောင်းသားနှင့်ဖြစ်သွားရသည်။
``နှင်းဆီကောဟင် ဒီအကြောင်းကို နှင်းဆီသိအောင်လာပြောတာ´´
ရုတ်တရက်ကြားလိုက်ရတဲ့စကားကြောင့် ရင်ခွင်တစ်ခုလုံးပြောင်း
ဆန်လာရသလိုနှယ်။ ဒီတော့ သူမချက်ချင်းပဲ လှဲနေရာက ထထိုင်လိုက်တော့...
``အား...´´
ရုတ်တရက်ကြီးထထိုင်လိုက်တာမို့ ခေါင်းက မှေးခနဲဖြစ်ကာ မူး
နောက်သွားတာမို့ နှင်းဆီ နားထင်ကို လက်နှင့်ဖိထားလိုက်သည်။ ကြီးတော့ ဒီအတိုင်းရပ်မနေပဲ အခန်းအပြင်ဘက်ကို ထွက်ဖို့ကြိုးစားလိုက်တော့....
``ရှိတယ် ဟဲ့၊ သူကလေးမျက်နှာမြင်နေတာ ´´
``ဒုက္ခပါပဲ ဒီအချိန်ကြီးကျမှ တော်...´´
ကြီးမြက ပြာပြာသလဲ့နှင့် ဘာလုပ်လို့ဘာကိုင်ရမယ်မှန်းမသိ
ဖြစ်သွားကာ လိုက်သွားဖို့ကလည်းအဆင်မပြေတော့တာမို့ ဒီအတိုင်းကြီးစဉ်းစားရ
ခက်နေခဲ့သည်။ ဒီတော့
``ဘယ်လိုလုပ်ကြမလဲ ကြီးမြ´´
``ဘယ်လိုလုပ်ရမလဲ အလောင်းကို သယ်လာရမှာပေါ့၊ ရွာက လူကြီးတွေသွားခေါ်
ပြီး နင်ပဲ ကြည့်လုပ်လိုက်တော့ ဖိုးသာရယ် ... ငါသေသာသေလိုက်ချင်တော့တယ်´´
``ဟုတ်ကဲ့ ကြီးမြ´´
ကြီးမြ နှုတ်က စကားတွေက စိုးရိမ်စိတ် ဝမ်းနည်းစိတ် ကြောက်
လန့်စိတ်တွေနဲ့ စိုးထိတ်နေခဲ့ကာ ဖိုးသာ နဲ့ စကားပြီးဆုံးပြီး ဒီအတိုင်း အပူတွေကမ
ငြိမ်းနိုင်စွာနှင့် တရွေ့ရွေ့နှင့် လျှောက်သွားတဲ့ ဖိုးသာ ကြောပြင်ကြီးကို ဒီအတိုင်းထွေ
ထွေကြီး ငေးကြည့်နေမိတော့သည်။
``ကြီးမြ ....အား....´´
``ဟင်....´´
အနောက်ဘက်ကနေ မမျှော်ဘဲ ကြားလိုက်ရတဲ့ ခေါ်သံကြောင့် ကြီးမြ
စိုးရိမ်တကြီးနှင့် လှမ်းငေးကြည့်လိုက်တော့....
``ဟဲ့ ဟဲ့ နှင်းဆီ .... အမလေးကိုယ်ကျိုးတွေတော့ နည်းကုန်ပြီထင်ပါတယ်´´
``ဟဲ့ နှင်းဆီ ....သမီးလေး...´´
လှမ်းခေါ်ရင်း သူမအနားကို ပြေးသွားလိုက်တော့ နှင်းဆီက
ငြိမ့်ငြိမ့်လေးပဲ အိပ်ခန်းဝနားမှာ မေ့မျှောစွာလဲလျှောင်းနေတော့သည်။
ဆက်ရန်~~~~
Коментарі