EP(1)(Z+U)
Zawgyi
လေသည်။
"အာ....ဝူး.....ဝူး.....ဝူး...''
"အူး.....အူး...''
"အေးပါကွာ''
*****
မပေါ်ပေ။
လိုက်သည်။
"ကိုကြီး...ကျနော်ဒီမှာ..''
ကိုယူလိုက်ပြီး
"Omm''
မိသည်။
"အဆင်ပြေပါတယ်ဖေဖေ..''
*****************************************
Unicoad
"မလုပ်ပါနဲ့ တောင်း..တောင်းပန်ပါတယ် သမီးကိုဒီလိုမလုပ်နဲ့...တောင်းပန်ပါတယ်...ဟီးအီး...''
ထိုကောင်မလေးရဲ့တောင်းပန်စကားကိုလျစ်လျူရှု့ကာသူတို့လုပ်စရာရှိတာသာဆက်လုပ်နေလေသည်။နာကျင်လွန်းလို့
အော်ဟစ်နေတဲ့ထိုသနားစရာကောင်မလေးကို မေမေလေး ဆိုတဲ့အမျိုးသမီးက ဝိုင်သောက်ရင်းဇိမ်ခံပြီးထိုင်ကြည့်နေ
လေသည်။
"မေမေလေး..တောင်းပန်ပါတယ် သမီးကိုလွတ်ပေးပါနော်''
ထိုမိန်းမပျိုလေးရဲ့စကားကိုလျစ်လျူရှု့ကာထိုအမျိုးသမီးကဝိုင်သောက်ရင်းဖြစ်ပင်ထိုမိန်းမပျိုနားကဗလကြီးကြီးနဲ့ယောက်ျားလေးနှစ်ယောက်ကိုကြည့်ကာ
"မင်းတို့နှစ်ယောက်လုပ်စရာရှိတာမြန်မြန်လုပ်ပြီးရင်လက်စပါ
တစ်ခါတည်းဖျောက်လိုက်''
ထိုအမျိုးသမီးထိုသိုဆိုကာမျက်ရည်အဝိုင်းသားနဲ့သနားစရာဖြင့်သူ့ကိုကြည့်နေတဲ့မိန်းမပျိုကိုတချက်ကြည့်ပြီးအခန်းပြင်ထွက်သွားလိုက်သည်။
ထွက်သွားတဲ့ထိုအမျိုးသမီးရဲ့နောက်ကျောကိုကြည့်ပြီးထိုမိန်းမပျိုလေးရဲ့ပါးပြင်တွင်မျက်ရည်တစ်ချို့ကျခဲ့သည်။
ထိုနေ့ညတွင်နှင်းစံအိမ်တော်ရဲ့မြေအောက်ခန်းတွင်ကောင်မလေးတစ်ယောက်စူးစူးဝါးဝါးအော်သံနှင့်အတူသွေးအိုင်တွင်အသက်ပျောက်နေပြီးဖြစ်တဲ့အမဖြစ်သူကိုကြည့်ကာအသက်၈နှစ်အရွယ်ကလေးတစ်ယောက်သည်ထိုနှင်းစံအိမ်တော်နှင့်ဝေးရာကိုထွက်ပြေးလာမိသည်။
မျက်လုံးထဲထိုထိန့်လန့်စရာမြင်ကွင်းကိုပြန်မြင်ယောင်ရင်းထိုကလေးသည်အကြောက်လွန်ကာထိုအဝေးပြေလမ်းမကြီးဘေးတွင်သာသတိမေ့ခဲ့သည်။
ထို့လပြည့်ညတွင်နှင်းစံအိမ်တော့ရဲ့အနောက်ဘက်၌လူနှစ်ယောက်သည်တွင်းတူနေလေသည်။ပြင်ဦးလွင်မြို့ရဲ့ဒီဇင်ဘာလမှာလူတိုင်းအေးနေကြပေမဲ့ထိုလူနှစ်ယောက်ကတောတစ်ကိုယ်လုံးချွေးတွေစိုစွဲနေလေသည်။
ထိုဘေးနားတွင်တော့ပိတ်စအဖြူဖြင့်အသေအချာဖုံးထားတဲ့မိန်းကလေးတစ်ယောက်ရဲ့အလောင်းလဲရှိနေသည်။
အရင်နေတွေတွင်တိတ်ဆိတ်နေတတ်တဲ့ထိုပတ်ဝန်းကျင်ကယနေ့ညတွင်တော့ခွေးအူသံများသာကြားနေရသည်။
"အာ....ဝူး.....ဝူး.....ဝူး...''
"အူး.....အူး...''
တစ်ခုခုကိုဆွဲဆွဲငင်ငင်အူနေတဲ့ခွေးအူသံကြောင့်ထိုလူနှစ်ယောက်သည်တွင်းတူတာကိုခနရပ်ကာပတ်ဝန်းကျင်အခြေအနေကိုအကဲခတ်ကြည့်နေလေသည်။ထို့နောက်အရပ်နည်းနည်းပုတဲ့တစ်ယောက်ကကျန်တစ်ယောက်ကိုကြည့်ကာ
"ဟျောင့်...အခုအခြေအနေကသိပ်မကောင်းသလိုဘဲနော်ခွေးတွေစူးစူးဝါးဝါးအူနေတယ်..ငါ့အထင်တော့..
ထိုလူထိုသို့ပြောကာစကားကိုတစ်ဝက်ဖြတ်ပြီးဘေးနားကအဝတ်ဖြူနဲ့အုပ်ထားတဲ့ကောင်မလေးရဲ့အလောင်းကိုလှည့်ကြည့်လိုက်တာကြောင့်ကျန်တစ်ယောက်လဲ
"မဟုတ်တာမပြောနဲ့ဟျောင့်မြန်မြန်လုပ်တော်ကြာမမကြီးလာလို့မပြီးရင်ငါတို့ပါသေလိမ့်မယ်ကွ''
"အေးပါကွာ''
ထို့နောက်သူတို့နှစ်ယောက်လည်းအမြန်ပင်တွင်းကိုတူးပြီးထိုမိန်းကလေးအလောင်းကိုထိုတွင့်ထဲချကာမြေကြီးကိုသေသေချာချာပြန်ဖုံးပြီးထိုမြေပုံပေါ်တွင်လူမရိပ်မိအောင်ခုံတန်းလျားရှည်ပါတင်ထားလိုက်သည်။
အကုန်လုံးလုပ်ပြီးသည်နှင့်သူတို့နှစ်ယောက်လဲအမြန်ပင်ထိုနေရာကနေထွက်ခွာသွားလေသည်။ထွက်ခွာသွားတဲ့သူတို့ရဲ့နောက်ကျောကိုတစ်စုံတစ်ယောက်ကစိုက်ကြည့်နေတာကိုသူတို့နှစ်ယောက်ကတော့သတိထားမိမယ်မထင်။
ဆယ့်သုံးနှစ်ခန့်ကြာသော်>>>
*****
မင်္ဂလာဒုံလေဆိပ်တွင်>>>
ပြည်ပအသွားအပြန်လေယာဉ်တစ်စီးသည်အရှိန်ကိုတဖြည်းဖြည်းလျော့ကာမြေပေါ်သို့ဆင်းသက်လာလေသည်။
မြန်မာနိုင်ငံမြေပေါ်တွင်ခြေချရင်းကောင်လေးတစ်ယောက်အသက်ကိုပြင်းပြင်းရှူကာ
"ဝါး..မြန်မာနိုင်ငံရဲ့လေထုကြီးကလတ်ဆတ်လိုက်တာကွာ''
ထိုသိုရေရွတ်လိုက်ပြီးဘေးနားတွင်ချထားတဲ့laggageကိုယူကာသူ့ကိုလာကြိုတဲ့မိသားစုလေးထံသို့လျှောက်လာလေသည်။
အရပ်6'2လောက်ရှိပြီးရှပ်အဖြူနဲ့လည်သာကုပ်အမဲကိုလိုက်ဖက်စွာတွဲဝတ်ထားတဲ့ထိုကောင်လေးသည်လေဆိပ်ကလူတွေရဲ့အာရုံကိုဖမ်းစားထားသလိုအကုန်လုံးကသူ့ကိုကြည့်နေသည်။ထိုကောင်လေးကတောအဲ့လူတွေရဲ့အာရုံကိုဂရုစိုက်ပုံ
မပေါ်ပေ။
မြန်မာနိုင်ငံတွင် နာမည်ကြီးဆေးရုံဖြစ်တဲ့ Yugo Family Hospital ရဲ့ပိုင်ရှင်ဖြစ်တဲ့ ဦးမင်းဓန နှင့် ဒေါ်မေသန်း တို့ဧ။်သားကြီး မင်းခန့်ထည်ဝါ သာဖြစ်သည်။
မင်းခန့်ထည်ဝါ လဲလေဆိပ်ကလူတွေရဲ့အကြည့်ကိုလျစ်လျူ
ရှု့ပြီးလျှောက်လာလိုက်သည်။အနားရောက်တော့ကောင်လေး
တစ်ယောက်ကသူ့ကိုလက်ယက်ခေါ်နေတာကြောင့် မင်းခန့်
ထည်ဝါ လဲထိုကောင်လေးလှမ်းခေါ်တဲ့နေရာကိုသာသွား
လိုက်သည်။
"ကိုကြီး...ကျနော်ဒီမှာ..''
မင်းခန့်ထည်ဝါ လဲ ညီဖြစ်သူလက်ယက်ခေါ်တဲ့နေရာကိုသာ
ခပ်တည်တည်နဲ့လျှောက်လာလေသည်။အနားရောက်တော့
ညီဖြစ်သူသည် မင်းခန့်ထည်ဝါ ရဲ့လက်ထဲကLaggage
ကိုယူလိုက်ပြီး
"လာကိုကြီးအိမ်ပြန်ကြမယ်.. ။အိမ်မှာမေမေတို့စောင့်နေတယ် ''
"Omm''
ထို့နောက်ညီအကိုနှစ်ယောက်လဲလေဆိပ်အပြင်ထွက်လာကာစံအိမ်သို့သာပြန်လာခဲ့သည်။စံအိမ်ရောက်သောအခါတွင်
အိမ်စေများသည် မင်းခန့်ထည်ဝါ ရဲ့ပြန်အလာကိုစောင့်ကာ
အိမ်ရှေ့အဝင်ပေါက်တွင်ရပ်နေကြသည်။
ကားရပ်လိုက်သည်နှင့် မင်းခန့်ထည်ဝါ လဲကားပေါ်ကဆင်း
ကာအိမ်ထဲသို့ဝင်လာခဲ့သည်။ မင်းခန့်ထည်ဝါ အိမ်ထဲဝင်လာ
သည်ကိုတွေ့သည်နှင့် မိခင်ဖြစ်သူ ဒေါ်မေသန်း ကသားဖြစ်
သူကိုအားရပါးရ ဆီးကြိုနေလေသည်။
Mom - '' ကြည့်ပါဦးကွယ် မေမေသားကြီးက ပိန်လာလိုက်တာကွယ်..။''
မိခင်ဖြစ်သူရဲ့ရဲ့စကားကို မင်းခန့်ထည်ဝါ အပြင်အနောက်မှာရပ်နေတဲ့အဖေနဲ့ညီမလေးကပါရယ်လိုက်
မိသည်။
ဒေါ်မေသန်းသည်သားဖြစ်သူဘယ်လောက်ဘဲအရွယ်ရောက်နေသည်ဖြစ်စေသူ့မျက်လုံးထဲတွင်တော့ကလေးသာသာအရွယ်သာဖြစ်သည်။
Mom -''ဟိုမှာနေမကောင်းလို့လားသားရဲ့ ကြည့်ပါဦးအရင်ကထက်ပိန်လာလိုက်တာကွယ်''
"မပိန်ပါဘူးမေမေရဲ့ မေမေစိတ်ထင်လို့ပါ''
မိခင်ဖြစ်သူရဲ့စကားကသူထို့သို့သာပြန်တုံ့ပြန်လိုက်သည်။
Dad -''သားကြီးဘယ်လိုလဲဟိုမှာနေရတာအဆင်ပြေလား''
"အဆင်ပြေပါတယ်ဖေဖေ..''
ဘရဏီ - ''ထမင်းစားရအောင်လေဗိုက်ဆာနေပြီး''
မေဘရဏီထိုသို့ဝင်ပြောမှအကုန်လုံးကရယ်ကာစကားဖြတ်ပြီးထမင်းစားဖို့ထမင်းစားခန်းထဲဝင်သွားကြသည်။
ထမင်းစားခန်းစားပွဲပေါ်တွင်တော့ဟင်းမျိုးစုံချထားသည်ကိုတွေ့ရသည်။
အကုန်လုံးကလဲသူတို့ထိုင်သည့်ခုံတွင်အသီးသီးဝင်ထိုင်ကြသည်။
Mom -''ဒေါ်နုရေ ထမင်းခူးလို့ရပြီး''
ဒေါ်မေသန်း စကားကြောင့်အိမ်စေတစ်ယောက်ကထမင်း
အုပ်ကိုင်ကာအကုန်လုံးကိုထမင်းထည့်ပေးနေသည်။ထို့နောက်အသီးသီးလဲထမင်းစားကြသည်။
Dad -''omm...သားကြီးအခုဆရာဝန်ဘွဲ့လဲရပြီးဆိုတော့
ဖေဖေတို့ပြင်ဦးလွင်ကဆေးရုံကိုသားဘဲဦးစီးရတော့မှာပေါ့''
ဖခင်ဖြစ်သူစကားကြောင့် မင်းခန့်ထည်ဝါ လဲထမင်းစားနေရင်းဖြင့်ပင် ဖခင်ဖြစ်သူကိုမော့ကြည့်ကာ
"ကျနော်ဟိုမှာနေကတည်းကပြင်ဦးလွင်မှာနေဖို့ဆုံးဖြတ်ထားပြီးသားပါဖေဖေ''
သူ့စကားကြားတော့ဖခင်ဖြစ်သူကခေါင်းတငြိမ့်ငြိမ့်လုပ်နေသည်။
"ပြီးတော့ကျနော်အဲ့မှာအိမ်တစ်လုံးဝယ်မယ်ဖေဖေ''
မင်းခန့်ထည်ဝါ စကားကြောင့်ညီဖြစ်သူ မင်းသော်စံ လဲထမင်းစားနေရင်းဖြင့်ပင် ဝင်ပြောလေသည်။
"အာ့ဆိုကောင်းတယ်ကိုကြီး ကျနော်လဲလဲအဲ့မှာသွားနေမယ်''
Mom - ''အေးကွယ်သားနှစ်ယောက်က အားကိုးရပါတယ်မိခင်အနားတစ်ယောက်မှမနေကြဘူး''
မိခင်ဖြစ်သူထိုသို့ပြောလိုက်တော့အကုန်လုံးကရယ်ကြသည်။
"အဲ့လိုမဟုတ်ပါဘူးမေမေရယ်ကျနော်အားရင်မေမေဆီပြန်လာမယ်လေ..ပြီးတော့ကျနော်သာပြင်ဦးလွင်မှာအိမ်ဝယ်လိုက်ရင် ပြင်ဦးလွင်မှာရှိတဲ့မေ့မေ့ခြံတွေကိုလဲတစ်ပတ်တစ်
သွားကြည့်လို့ရတာပေါ့ဗျာ''
Mom -''ဟုတ်ပါပြီးကွယ် ဟုတ်ပါပြီး''
ဘရဏီ - '' သမီးလဲ ပြင်ဦးလွင်မှာ Blue Day Cafe
ဆိုင်ခွဲဖွင့်မယ်လို့ဆုံးဖြတ်ထားတယ်အခုတော့ဆိုင်ကဆောက်နေပြီးမကြာခင်တော့ပြီးတော့မှာပါဒါနဲ့ကိုကြီးဝယ်မဲ့အိမ်ကဘယ်နားမှာလဲ''
"ပွဲစားတစ်ယောက်ပြောတာတော့ပြင်ဦးလွင်မြို့စွန်းမှာဘဲသိပ်ပြီးတော့မသေချာသေးဘူးမနက်ဖြန်ကျရင်တော့အဲ့အိမ်ကိုသွားကြည့်မယ်..''
Dad---''သားငယ်ကောအခုပြတိုက်အခြေအနေကဘယ်လိုလဲ''
သော်စံ--''အခုကကျနော်ပန်းချီဆရာရှာနေတာအခုတွေ့တဲ့ပန်းချီဆရာတွေရဲ့လက်ယာကလဲကျနော်စိတ်တိုင်းမကျလို့''
Mom---''ကဲ~~စီးပွားရေးသားအဖတွေထမင်းအရင်စားကြပါဦးအလုပ်ကိစ္စနောက်မှပြောကြတာပေါ့ကွယ်''
ထို့နောက်သူတို့လဲစကားကိုလက်စဖြတ်ကာထမင်းကိုသာဆက်စားလိုက်ကြသည်။ထမင်းစားပြီးနောက်အကုန်လုံးကဧည့်ခန်းတွင်ထိုင်နေကြသည်။ မင်းခန့်ထည်ဝါ ကတော့ပင်ပန်းနေတာကြောင့်အပေါ်
ထပ်ရှိမိမိအခန်းသို့သာတတ်လာခဲ့လိုက်သည်။
Boyloveပါဘဲနော်ဖတ်ပေးကြဖို့မျော်လင့်ပါတယ်