Note And Blurb
Prologue
Prologue
Scroll down for Unicode

မွတ္​ခ်က္​(Comment)တစ္​ခုက လူတစ္​​ေယာက္​၏ ဘဝကို​ေအာက္​​ေျခထ​ိ​ေရာက္​​ေအာင္​ ဆြဲခ်ႏုိင္​လိမ္​့ဟု သင္​ထင္​ပါသလား။
သဘာဝလြန္​ဝတၳဳမ်ားကို ​ေရးသား​ေသာ နာမည္​ႀကီး စာ​ေရးဆရာ  Xiao Zhan တစ္​​ေယာက္​ လိင္​တူလက္​ထပ္​ပြဲတစ္​ခုအ​ေၾကာင္​း​ကိုေဖာ္​ျပ​ေရးသားထား​ေသာ LGBTဆိုင္​ရာ သတင္​းရင္​း​ျမစ္​တစ္​ခု​ေအာက္​၌ မွတ္​ခ်က္​(Comment)ဝင္​​ေရးမိရာကစသည္​။ ထိုမွတ္​ခ်က္​က အ​ေတာ္​​ေလး ျပင္​းထန္​သြားပံုရသည္​။

သတင္​းထဲမွ လိင္​တူစံုတြဲက​ေတာင္​ စိတ္​မ​ေကာင္​းဘူး ဘာညာသာရကာႏွင္​့ သူတို႔၏ Social media ၌ လူသနား​ေအာင္​ ငိုခ်င္​းခ်ဇာတ္​ကျပလာသည္​။

အမွန္​ဆို Comment တစ္​ခု​ေလးသာ။ ဘာ​ေၾကာင္​့​ေရးႀကီးခြင္​က်ယ္​​ေတြလုပ္​​ေနၾကပါလိမ္​့။

ယခုဆို Social Media တခြင္​ သူ၏မ်က္​ႏွာႀကီးကိုျပတ္​သား​ ႐ွင္​းလင္​းေန​ေအာင္​ ျမင္​ရ​ေသာ ဓာတ္​ပံု​ေပါင္​း တစ္​​​ေသာင္​း​ေျခာက္​​ေထာင္​ကို ခ်က္​ခ်င္​းပင္​ ပစ္​​လဲ​ေသခ်င္​စရာ​ေကာင္​း​ေသာ ​ေခါင္​းစဥ္​အမ်ိဳးမ်ိဳးတြဲလ်က္​ ​ေတြ႔​ေနရသည္​။

ႏွစ္​​ေပါင္​းမ်ားစြာ ထိန္​းသိမ္​းလာခဲ့ရ​ေသာ စာ​ေရးဆရာ​Xiao Zhan ဆို​သည္​့ဂုဏ္​ႀကီးကို ဘယ္​​ေခ်ာင္​ လိုက္​႐ွာ၍ ဘယ္​နာလိုက္​ႏႈိက္​ရမည္​မွန္​းမသိ​ေတာ့။ ကယ္​တင္​ၾကပါ။

စားဖို႔​ေသာက္​ဖို႔ အျပင္​ထြက္​ရ​ေသာ အခ်ိန္​က​ေလးအတြင္​း၌ ​တီးတိုး​ေျပာသံမ်ားက Xiao Zhan ကို ​ေရမ႐ွိ​ေသာ​ေခ်ာင္​း၌ ႏွာ​ေခါင္​း​ေဖာ္​​ေသခ်င္​​ေလာက္​​ေအာင္​ ျဖစ္​​ေစသည္​။ လမ္​း​ေပၚမွလူမ်ားကလည္​း သူ႔ကို နာမည္​ႀကီးပုဂၢိဳလ္​တစ္​​ေယာက္​ ႂကြျမန္​းလာသလိုပံုစံႏွင္​့ ျပဴးၾကည္​့ၾက​ေလသည္​။ ႏွစ္​လိုဖြယ္​​ေကာင္​း​ေသာ မ်က္​လံုးမ်ားႏွင္​့​​ေတာ့မဟုတ္​။

အမဲဖ်က္​ခါနီး သားသတ္​သမားမ်ားကဲ့သို႔ အစိမ္​းလိုက္​သတ္​စားခ်င္​သည္​့ မ်က္​လံုးမ်ားႏွင္​့ သူ႔ကိုဝိုင္​းၾကည္​့ၾကသည္​။

ဒီကလူငယ္​​ေလးက အသဲငယ္​ပါတယ္​ဆိုကာမွ။

Xiao Zhan သြား​ေသာ စတိုးဆိုင္​မွ ​ေကာင္​မ​ေလးကအစ သူ႔အ​ေၾကာင္​းသိပံုရသည္​။ ဆိုင္ထဲမွ ႐ွိ႐ွိသမွ်ပစၥည္​းမ်ားႏွင္​့ ​ေကာက္​​ေပါက္​​ေတာ့မလို မ်က္​ႏွာထားႏွင္​့။

လိုအပ္​​ေသာအရာကိုသာ ဝယ္​ယူ၍ အိမ္​သို႔ျမန္​ျမန္​ျပန္​​ေျပးခဲ့ရသည္​။ မဟုတ္​လွ်င္​ အ႐ုိးအသားခြဲခံရမည္​့ကိန္​းဆိုက္​​​ေတာ့မည္​။

" ဂူထဲက ခုမွထြက္​လာတဲ့အစ္​ကိုႀကီး "

" လူငယ္​ခႏၶာနဲ႔သက္​ႀကီးဦး​ေဏွာက္​ "

" သူလိုလူမ်ိဳး ခပ္​ၾကမ္​းၾကမ္​း Gong တစ္​​ေယာက္​နဲ႔​​ေတြ႔မွမွတ္​မွာ "

" ခပ္​​ေတာင္​​့​ေတာင္​့ Gong အစ္​ကိုႀကီးတစ္​​ေယာက္​​ေလာက္​ သူ႔ကို အရသာသိသြား​ေအာင္​ အိပ္​ရာ​ေပၚ ဆြဲ​ေခၚသြားလိုက္​ပါ ျမန္​ျမန္​​ေလး " စသည္​့ Comment မ်ားကို ဖတ္​ရင္​း Xiao Zhan ​ေဇာ​ေခြၽးမ်ားျပန္​လာသည္​။ စားလက္​စ ​ေခါက္​ဆြဲဘူး​ေလးပင္​ အရသာမ႐ွိ​​ေတာ့သလို။

ယခု​ေခတ္​ႀကီးက ဒီ​ေလာက္​​ေတာင္​ ပြင္​့လင္​းျမင္​သာ​​ေနတာ။ ဒီႏႈန္​းအတိုင္​းသာဆို ဘယ္​ကိုသြားသြား ႐ွိသမွ် LGBT supporter မ်ား၏ တိတ္​တဆိတ္​​ေတာင္​မဟုတ္​ ၊ ေပၚတင္​ လုပ္​ၾကံျခင္​းကိုပင္​ခံရႏုိင္​သည္​။

" တင္​း! "

Xiao Zhan ၏​ Phone ထဲသို႔ ​ေမးလ္​တစ္​​ေစာင္​​ေရာက္​လာသည္​။ သို႔​ေသာ္​ Xiao Zhan ဖြင္​့မၾကည္​့မိ။ အျခား​ေန႔မ်ားကဲ့သို႔ က်ိန္​စာ​ေမးလ္​မ်ား​ေရာက္​ျခင္​းသာ ျဖစ္​မည္​ဟု ​ေတြးလိုက္​သည္​။

က်ိန္​စာတိုက္​ထားတာကမွမ်ိဳးစံု။ ​Xiao Zhan နားမလည္​​ေသာ ၿဂိဳလ္​သားစာမ်ားႏွင္​့ပါပို႔လာတတ္​သည္​။

" တင္​း "

" တင္​း"

"တင္​း "

"တင္​း...တင္​း...တင္​း...တင္​း ~ "

အဆက္​မျပတ္​​ေရာက္​လာ​ေသာ ​ေမးလ္​မ်ား​ေၾကာင္​့ Xiao Zhanစိတ္​ပ်က္​လာသည္​။ ထို႔​ေၾကာင္​့ စားလက္​စ​ေခါက္​​ဆြဲဘူး​ေလးကို ခဏထားၿပီး​ေနာက္​ Phone ကိုဖြင္​့ၾကည္​့မိလိုက္​သည္​။

ဘုရား​ေရ။ မ်ားလိုက္​တဲ့ ​ေမးလ္​​ေတြ။

Xiao Zhan စစ္​ၾကည္​့လိုက္​​ေတာ့ ​ေမးလ္​အားလံုးက iamgod@heaven.com ကပို႔ထား​ေသာ mail မ်ားသာျဖစ္​သည္​။

" စာ​ေရးဆရာ Xiao Zhan သင္​အခက္​အခဲျဖစ္​​ေနတယ္​လို႔ ကြၽန္​ပ္​သိထားပါတယ္​။ ဒီအခက္​အခဲ​ေတြက​ေနလြတ္​​ေျမာက္​ဖို႔ သင္​့ကို အခြင္​့အ​ေရး​ေပးမယ္​။ အျခား Reality တစ္​ခုကိုသြားခ်င္​လား? ဆႏၵ႐ွိလား? လက္​ခံတယ္​ဆိုရင္​​ေတာ့ သင္​အျခား Reality က Xiao Zhan အျဖစ္​႐ွင္​သန္​ခြင္​့ရမွာပါ။ သင္​လက္​ခံလိုက္​တာနဲ႔ လက္​႐ွိ Reality က Xiao Zhan က​​ေတာ့ ​ေသဆံုးသြားမွာျဖစ္​ၿပီး သင္​့အ​ေနနဲ႔ လက္​႐ွိ Reality ကိုျပန္​လာလို႔ရ​ေတာ့မွာမဟုတ္​ပါဘူး။ သင္​အျခား Reality ကိုသြားခ်င္​လား။ Reply လုပ္​​ေပးပါ "

Xiao Zhan တစ္​ခ်က္​ရယ္​လိုက္​မိသည္​။ စိတ္​ညစ္​​ေနတဲ့သူ႔ကို ဘယ္​သူကမ်ား ရယ္​စရာ​ေကာင္​းတဲ့ ​ေမးလ္​ကိုပို႔လိုက္​ပါလိမ္​့။

ဒါက​ေတာ့ စိတ္​ညစ္​​ေန​ေသာ သူ႔ကို တစ္​​ေယာက္​​ေယာက္​က ​ေပ်ာ္​သြား​ေအာင္​ စ​ေနာက္​ပံုရသည္​။

Xiao Zhan ဖုန္​း၏ Keyboard ​ေပၚ၌ လက္​ေခ်ာင္​းမ်ား​ကိုလႈပ္​႐ွားလိုက္​ၿပီး​ေနာက္​ " ျဖစ္​ႏုိင္​ရင္​သြားခ်င္​တယ္​ကြာ " လို႔သာ ျပန္​​ေရးလိုက္​​ေပးလိုက္​သည္​။ Xiao Zhan က ျပန္​စ​ေနာက္​​ေသာ သ​ေဘာႏွင္​့သာ ​ေရးလိုက္​ျခင္​းျဖစ္​သည္​။

ဘယ္​သူသိမွာလဲ။

လက္​႐ွိ Reality က Xiao Zhan တစ္​​ေယာက္​ သူ႔အလုပ္​ခန္​းထဲမွာ ႏွလံုးရပ္​ၿပီး ​ေသ​ေနမယ္​လို႔။

မည္​သူတစ္​ဦးတစ္​​ေယာက္​မွ သူဘာ့​ေၾကာင္​့​ေသဆံုးသြားသလဲဆိုတာ စဥ္​းစားမိမွာမဟုတ္​ပါဘူး။

​ေနာက္​တစ္​​ေန႔သတင္​းစာ၏ ​ေခါင္​းႀကီးပိုင္​း၌ပါလာ​ေသာ " နာမည္​ပ်က္​ႏွင္​့စာ​ေရးဆရာ သူ၏အလုပ္​ခန္​းတြင္​ ​ေသဆံုးလ်က္​​ေတြ႔ " ​ဆို​သည္​့ ​ေခါင္​းစဥ္​ႏွင္​့ ​ေဆာင္​းပါးအ​ေၾကာင္​းကို Xiao Zhan ဘယ္​​ေသာအခါမွ သိ​ေတာ့မည္​မဟုတ္​​ေပ။
_________________________________

Unicode

Scroll down for Unicode

မှတ်​ချက်​(Comment)တစ်​ခုက လူတစ်​​ယောက်​၏ ဘဝကို​အောက်​​ခြေထ​ိ​ရောက်​​အောင်​ ဆွဲချနိုင်​လိမ်​့ဟု သင်​ထင်​ပါသလား။
သဘာဝလွန်​ဝတၳုများကို ​ရေးသား​သော နာမည်​ကြီး စာ​ရေးဆရာ  Xiao Zhan တစ်​​ယောက်​ လိင်​တူလက်​ထပ်​ပွဲတစ်​ခုအ​ကြောင်​း​ကိုဖော်​ပြ​ရေးသားထား​သော LGBTဆိုင်​ရာ သတင်​းရင်​း​မြစ်​တစ်​ခု​အောက်​၌ မှတ်​ချက်​(Comment)ဝင်​​ရေးမိရာကစသည်​။ ထိုမှတ်​ချက်​က အ​တော်​​လေး ပြင်​းထန်​သွားပုံရသည်​။

သတင်​းထဲမှ လိင်​တူစုံတွဲက​တောင်​ စိတ်​မ​ကောင်​းဘူး ဘာညာသာရကာနှင်​့ သူတို့၏ Social media ၌ လူသနား​အောင်​ ငိုချင်​းချဇာတ်​ကပြလာသည်​။

အမှန်​ဆို Comment တစ်​ခု​လေးသာ။ ဘာ​ကြောင်​့​ရေးကြီးခွင်​ကျယ်​​တွေလုပ်​​နေကြပါလိမ်​့။

ယခုဆို Social Media တခွင်​ သူ၏မျက်​နှာကြီးကိုပြတ်​သား​ ရှင်​းလင်​းနေ​အောင်​ မြင်​ရ​သော ဓာတ်​ပုံ​ပေါင်​း တစ်​​​သောင်​း​ခြောက်​​ထောင်​ကို ချက်​ချင်​းပင်​ ပစ်​​လဲ​သေချင်​စရာ​ကောင်​း​သော ​ခေါင်​းစဉ်​အမျိုးမျိုးတွဲလျက်​ ​တွေ့​နေရသည်​။

နှစ်​​ပေါင်​းများစွာ ထိန်​းသိမ်​းလာခဲ့ရ​သော စာ​ရေးဆရာ​Xiao Zhan ဆို​သည်​့ဂုဏ်​ကြီးကို ဘယ်​​ချောင်​ လိုက်​ရှာ၍ ဘယ်​နာလိုက်​နှိုက်​ရမည်​မှန်​းမသိ​တော့။ ကယ်​တင်​ကြပါ။

စားဖို့​သောက်​ဖို့ အပြင်​ထွက်​ရ​သော အချိန်​က​လေးအတွင်​း၌ ​တီးတိုး​ပြောသံများက Xiao Zhan ကို ​ရေမရှိ​သော​ချောင်​း၌ နှာ​ခေါင်​း​ဖော်​​သေချင်​​လောက်​​အောင်​ ဖြစ်​​စေသည်​။ လမ်​း​ပေါ်မှလူများကလည်​း သူ့ကို နာမည်​ကြီးပုဂ္ဂိုလ်​တစ်​​ယောက်​ ကြွမြန်​းလာသလိုပုံစံနှင်​့ ပြူးကြည်​့ကြ​လေသည်​။ နှစ်​လိုဖွယ်​​ကောင်​း​သော မျက်​လုံးများနှင်​့​​တော့မဟုတ်​။

အမဲဖျက်​ခါနီး သားသတ်​သမားများကဲ့သို့ အစိမ်​းလိုက်​သတ်​စားချင်​သည်​့ မျက်​လုံးများနှင်​့ သူ့ကိုဝိုင်​းကြည်​့ကြသည်​။

ဒီကလူငယ်​​လေးက အသဲငယ်​ပါတယ်​ဆိုကာမှ။

Xiao Zhan သွား​သော စတိုးဆိုင်​မှ ​ကောင်​မ​လေးကအစ သူ့အ​ကြောင်​းသိပုံရသည်​။ ဆိုင်ထဲမှ ရှိရှိသမျှပစ္စည်​းများနှင်​့ ​ကောက်​​ပေါက်​​တော့မလို မျက်​နှာထားနှင်​့။

လိုအပ်​​သောအရာကိုသာ ဝယ်​ယူ၍ အိမ်​သို့မြန်​မြန်​ပြန်​​ပြေးခဲ့ရသည်​။ မဟုတ်​လျှင်​ အရိုးအသားခွဲခံရမည်​့ကိန်​းဆိုက်​​​တော့မည်​။

" ဂူထဲက ခုမှထွက်​လာတဲ့အစ်​ကိုကြီး "

" လူငယ်​ခန္ဓာနဲ့သက်​ကြီးဦး​ဏှောက်​ "

" သူလိုလူမျိုး ခပ်​ကြမ်​းကြမ်​း Gong တစ်​​ယောက်​နဲ့​​တွေ့မှမှတ်​မှာ "

" ခပ်​​တောင်​​့​တောင်​့ Gong အစ်​ကိုကြီးတစ်​​ယောက်​​လောက်​ သူ့ကို အရသာသိသွား​အောင်​ အိပ်​ရာ​ပေါ် ဆွဲ​ခေါ်သွားလိုက်​ပါ မြန်​မြန်​​လေး " စသည်​့ Comment များကို ဖတ်​ရင်​း Xiao Zhan ​ဇော​ချွေးများပြန်​လာသည်​။ စားလက်​စ ​ခေါက်​ဆွဲဘူး​လေးပင်​ အရသာမရှိ​​တော့သလို။

ယခု​ခေတ်​ကြီးက ဒီ​လောက်​​တောင်​ ပွင်​့လင်​းမြင်​သာ​​နေတာ။ ဒီနှုန်​းအတိုင်​းသာဆို ဘယ်​ကိုသွားသွား ရှိသမျှ LGBT supporter များ၏ တိတ်​တဆိတ်​​တောင်​မဟုတ်​ ၊ ပေါ်တင်​ လုပ်​ကြံခြင်​းကိုပင်​ခံရနိုင်​သည်​။

" တင်​း! "

Xiao Zhan ၏​ Phone ထဲသို့ ​မေးလ်​တစ်​​စောင်​​ရောက်​လာသည်​။ သို့​သော်​ Xiao Zhan ဖွင်​့မကြည်​့မိ။ အခြား​နေ့များကဲ့သို့ ကျိန်​စာ​မေးလ်​များ​ရောက်​ခြင်​းသာ ဖြစ်​မည်​ဟု ​တွေးလိုက်​သည်​။

ကျိန်​စာတိုက်​ထားတာကမှမျိုးစုံ။ ​Xiao Zhan နားမလည်​​သော ဂြိုလ်​သားစာများနှင်​့ပါပို့လာတတ်​သည်​။

" တင်​း "

" တင်​း"

"တင်​း "

"တင်​း...တင်​း...တင်​း...တင်​း ~ "

အဆက်​မပြတ်​​ရောက်​လာ​သော ​မေးလ်​များ​ကြောင်​့ Xiao Zhanစိတ်​ပျက်​လာသည်​။ ထို့​ကြောင်​့ စားလက်​စ​ခေါက်​​ဆွဲဘူး​လေးကို ခဏထားပြီး​နောက်​ Phone ကိုဖွင်​့ကြည်​့မိလိုက်​သည်​။

ဘုရား​ရေ။ များလိုက်​တဲ့ ​မေးလ်​​တွေ။

Xiao Zhan စစ်​ကြည်​့လိုက်​​တော့ ​မေးလ်​အားလုံးက iamgod@heaven.com ကပို့ထား​သော mail များသာဖြစ်​သည်​။

" စာ​ရေးဆရာ Xiao Zhan သင်​အခက်​အခဲဖြစ်​​နေတယ်​လို့ ကျွန်​ပ်​သိထားပါတယ်​။ ဒီအခက်​အခဲ​တွေက​နေလွတ်​​မြောက်​ဖို့ သင်​့ကို အခွင်​့အ​ရေး​ပေးမယ်​။ အခြား Reality တစ်​ခုကိုသွားချင်​လား? ဆန္ဒရှိလား? လက်​ခံတယ်​ဆိုရင်​​တော့ သင်​အခြား Reality က Xiao Zhan အဖြစ်​ရှင်​သန်​ခွင်​့ရမှာပါ။ သင်​လက်​ခံလိုက်​တာနဲ့ လက်​ရှိ Reality က Xiao Zhan က​​တော့ ​သေဆုံးသွားမှာဖြစ်​ပြီး သင်​့အ​နေနဲ့ လက်​ရှိ Reality ကိုပြန်​လာလို့ရ​တော့မှာမဟုတ်​ပါဘူး။ သင်​အခြား Reality ကိုသွားချင်​လား။ Reply လုပ်​​ပေးပါ "

Xiao Zhan တစ်​ချက်​ရယ်​လိုက်​မိသည်​။ စိတ်​ညစ်​​နေတဲ့သူ့ကို ဘယ်​သူကများ ရယ်​စရာ​ကောင်​းတဲ့ ​မေးလ်​ကိုပို့လိုက်​ပါလိမ်​့။

ဒါက​တော့ စိတ်​ညစ်​​နေ​သော သူ့ကို တစ်​​ယောက်​​ယောက်​က ​ပျော်​သွား​အောင်​ စ​နောက်​ပုံရသည်​။

Xiao Zhan ဖုန်​း၏ Keyboard ​ပေါ်၌ လက်​ချောင်​းများ​ကိုလှုပ်​ရှားလိုက်​ပြီး​နောက်​ " ဖြစ်​နိုင်​ရင်​သွားချင်​တယ်​ကွာ " လို့သာ ပြန်​​ရေးလိုက်​​ပေးလိုက်​သည်​။ Xiao Zhan က ပြန်​စ​နောက်​​သော သ​ဘောနှင်​့သာ ​ရေးလိုက်​ခြင်​းဖြစ်​သည်​။

ဘယ်​သူသိမှာလဲ။

လက်​ရှိ Reality က Xiao Zhan တစ်​​ယောက်​ သူ့အလုပ်​ခန်​းထဲမှာ နှလုံးရပ်​ပြီး ​သေ​နေမယ်​လို့။

မည်​သူတစ်​ဦးတစ်​​ယောက်​မှ သူဘာ့​ကြောင်​့​သေဆုံးသွားသလဲဆိုတာ စဉ်​းစားမိမှာမဟုတ်​ပါဘူး။

​နောက်​တစ်​​နေ့သတင်​းစာ၏ ​ခေါင်​းကြီးပိုင်​း၌ပါလာ​သော " နာမည်​ပျက်​နှင်​့စာ​ရေးဆရာ သူ၏အလုပ်​ခန်​းတွင်​ ​သေဆုံးလျက်​​တွေ့ " ​ဆို​သည်​့ ​ခေါင်​းစဉ်​နှင်​့ ​ဆောင်​းပါးအ​ကြောင်​းကို Xiao Zhan ဘယ်​​သောအခါမှ သိ​တော့မည်​မဟုတ်​​ပေ။
© Nomyn Tarcea,
книга «Sugar And Brownies».
Коментарі