Mya Thadan Sein
2020-10-20 13:13:29
အတိတ်ရဲ့ ကောက်ကြောင်း
Новини
"အတိတ်ရဲ့ ကောက်ကြောင်းများ"
အချစ်က ခါးတယ်..
ကိုယ့်အတွက် တကယ်ခါးတယ်
သိတတ်စအရွယ်မှာ အဖေမရှိဘူး။
ကိုယ့်နှလုံးသားထဲ ရိုက်သွင်းခံရတဲ့ သံမှိုက အချစ်က မယုံရဘူး၊ ခါးတယ် ၊နာကျင်ရတယ် ။
ကိုယ့်ရဲ့ အနီးကပ်ဆုံးသူတွေကပြောတယ်
နင့်မှာ ချစ်တတ်တဲ့ နှလုံးသားမရှိဘူးတဲ့။
ဟုတ်မှာပါ ကိုယ်ကြီးပြင်းရာ နယ်မြေက အချစ်ရဲ့အဆိပ်သင့် နယ်မြေထဲမို့ အချစ်က ကိုယ့်အတွက် ကြောက်စရာကောင်းတဲ့ black hole တခုလိုပဲ ..
လက်ရှိက အကျိုးဖြစ်တယ်ဆိုရင် အတိတ်မှာ အကြောင်းရှိခဲ့လို့ပါပဲ။။။ ကိုယ့် အချစ်တွေ ဘယ်လိုခါးခဲ့ပါလိမ့်????