Mya Thadan Sein
2020-10-28 18:22:11
လွမ်းဆွတ်ခြင်းရာသီရဲ့ ဥပ္ပဒါန်
Новини
မတွေ့ဖြစ်ကြတဲ့ ကာလတွေဆီမှာ
ငါတယောက်တည်း အရူးလိုလွမ်း
အရူးလိုငိုနေခဲ့မိတာပေါ့
ကျေနပ်ရပါတယ်
မေ့ပစ်တဲ့ ခေါင်းစဉ်တွေအောက်မှာ
သတိရခြင်းဆိုတဲ့ အဆိပ်တွေကို
ဝိုင်တခွက်လို မြည်းနေမိတယ်
နာကျင်ရတာပေါ့
ဝမ်းနည်းရတာက ပိုပါတယ် ကို'
အတိတ်ဆိုတာ ခမ်းနားမှုမရှိခဲ့ပေမဲ့
သိမ်းထားစရာ အခိုက်အတန့်လေးတွေတော့
ရှိခဲ့ကြဘူးတယ်မလားကွယ် 😣😣