P.I.E.C.E.S
Думки вголос
မင်းလေးဆီက 'ကိုကို' လို့ တစ်ခါခေါ်လိုက်တိုင်း စစ်မထွက်ခင်တည်းက ညွှန့်ချင်နေတဲ့ ကိုယ့်နှလုံးသားက အရှုံးပေးပြီးသားပါ ကလေး.....
သူရဲကောင်းဟာ အဲ့လိုတစ်ခါခေါ်လိုက်တိုင်း စစ်မထွက်ခင်တည်းက ကျရှုံးနေပြီးသား မင်းလေး ကိုယ့်နှလုံးသားကို မြင်အောင်ကြည့်လှည့်ပါ.....
ရိုမီယိုနဲ့ဂျုးယိယက် ကအဆိပ်ကြောင့် သေခဲ့ရသလို ဒီလူကြီးဟာလည်း မင်းစကားတစ်ခွန်းတည်းနဲ့တင် အကြိမ်ကြိမ် သေခဲ့ပြီးသားပါ အချစ်ရယ်......
မင်းသာ လိမ်မာရင် အရာအားလုံးက မင်းအတွက်ချည်းပဲ baby ကိုယ့်နှလုံးသား အပါဝင်ပေါ့....
ကမ်ဘာပေါ်မှာ ကျုးလစ်ပန်းတွေဟာ အလှဆုံးလို့ ကိုယ်ထင်ခဲ့ဖူးတယ် မင်းနဲ့ မတွေ့ခင်ထိပေါ့
ကိုယ် ပြတိုက်မရောက်ခဲ့ဖူးထင်ပါရဲ့ မင်းလေးရဲ့အပြုံးလောက် အသက်ဝင်လှတဲ့ ပန်းချီကား တစ်ချပ်ကို မတွေ့ဖူးလို့... ဟင့်အင်း..မဟုတ်ဘူး..... ကမ်ဘာပေါ်မှာ ရှိတဲ့ ဘယ်ပန်းချီကားချပ်ကမှ မင်းရဲ့ အပြုံးကို မလိုက်မှီတာပါကွာ
မင်းလေး တစ်ချက်လောက် ပြုံးလိုက်ရင် မိုနာလီဇာတောင် ထိုင်ငိုသွားရမယ့် မင်းဟာ ကိုယ့်ရဲ့ Angel လေးပါ
#Moon