Видалити публікацію?
Moon
24.11.20, 13:14
Новини
Hi!! Nice to meet you guys! ကျွန်တော် အရင်က Blog လေးမရေးဖူးဘူးပေါ့နော် ဒီနေ့တော့ အပြောင်းလဲလေးဖြစ်အောင် စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတစ်ခုလောက် တင်ဆက်ပါရစေ....အဲ့အကြောင်းအရာလေးကတော့...အောက်မှာ ဆက်ဖတ်ပေးပါ 😊😊 ခင်ဗျားတို့ ချစ်ဖူးကြလားဗျ ခင်ဗျားတို့တော့ မသိဘူး ကျွန်တော်တော့ မချစ်ဖူးဘူး အဲ့ချိန် ခင်ဗျားတို့ စိတ်ထဲ ကျွန်တော် နှောက်နေတာလား မချစ်ဖူးဘဲနဲ့ အချစ်ကဗျာတွေ ရေးတတ်ပါ့မလားပေါ့ ဟဲ... ဟဲ ဟုတ်တယ်မလား😁 အမှန်ပါဗျ ကျွန်တော် မချစ်ဖူးဘူး အချစ်ဦးရှိခဲ့ဖူးလား မေးရင်တော့ တစ်ခဏတာ စိတ်ကစားတာကို အချစ်လို့ထင်မှတ်ခဲ့တာတော့ ရှိခဲ့တာပေါ့ဗျာ အခု ကျွန်တော်ပြောချင်တာက ခင်ဗျား အပြင်မှာ တစ်ခါမှ မတွေ့မမြင်ဖူးတဲ့ လူတစ်ယောက်ကို စိတ်ထဲစွဲနေတာမျိုးပေါ့ဗျာ ဖြစ်ဖူးကြလား... ကျွန်တော်တော့ ဖြစ်ဖူးတယ်ဗျ အိမ်မက်မက်ပြီး နိုးလာရင်တော့ အဲ့လူနဲ့ ပက်သက်တာ တစ်ခုမှ မမှတ်မိတာပဲ ခက်သားပါ ဒါပေမယ့် စိတ်ထဲတော့ စွဲနေတာပဲ အဲ့လူနဲ့ ပက်သက်ပြီး မက်တာ ၁ ခါမကရှိပြီ မက်ပြီးနိုးလာတိုင်းလည်း တစ်ခုမှကို မမှတ်မိတာ ခင်ဗျားတို့မှာလည်း ဖြစ်ဖူးတယ်ဆို cmt လေးမှာ အကြောင်းအရာလေးတွေ ပြောပြခဲ့ပါ ဒီနေ့တော့ ဒီလောက်ပါပဲ..😁 နောက်ထပ်လည်း စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေ သီချင်းအကြောင်းတွေ အထင်ကရသမိုင်းအကြောင်းတွေ ကျွန်တော် သိသလောက် Blog လေးရေးပေးသွားပါ့မယ် တစ်ခုခုပြောချင်လို့ တိုင်ပင်ချင်လို့ရှိရင် ကျွန်တော့်ရဲ့ acc လေးက အမြဲ welcome ပါ အားလုံးပဲ နှုတ်ဆက်ပါတယ် See you later bye bye #Moon
28