Intro
Story part 1
Story part 1
Unicode
ချိန်းထားသော ဆိုင်ရှေ့အရောက် လွန်းမြတ်ကျော် ခြေလှမ်းတို့ ခဏရပ်တန့်သွားသည်။ ဆိုင်အတွင်းဘက် ထောင့်စားပွဲတွင် ငြိမ်သက်စွာထိုင်နေသော သူကို တွေ့လိုက်သောအခါ လွန်းမြတ်ကျော် ပြုံးလိုက်မိသည်။ သူတို့ မတွေ့တာ တလခန့်ပင်ရှိပြီဖြစ်သည်။
အစိုးရဝန်ထမ်းဖြစ်သော မင်းခန့်မောင်က များသောအားဖြင့် နယ်ဘက်တွင်တာဝန်ထမ်းဆောင်ရပြီး သူ့က အခုချိန်မှာ မဂ်လာဆောင်ရာသီ အလုပ်ရှုပ်နေသောကြောင့် သိပ်မတွေ့ဖြစ်ကြ။ မင်းခန့်မောင်က နယ္တခါ ဆင်းခါနီးမှသာ သူ့ကို လာတွေ့တတ်သည်။
"ကိုမင်း ဒီတခေါက် ပြန်လာတာ မကြာသလိုပဲနော် အလုပ်တွေကော အဆင်ပြေရဲ့လား ခါတိုင်းလို ဆိုင်ကို လာလဲရရဲ့သားနဲ့ "
ရှေ့မှ ခုံကို ဆြဲယူကာ ထိုင်ပြီး ပြောလိုက်သော စကားကြောင့် မင်းခန့်မောင် အသိပြန်ဝင်လာသည်။ လွန်းမြတ်ကျော်သည် ရောက်လာထဲက အခုထိ ငြိမ်သက်နေသော ကိုမင်းကို တချက်အကဲခတ်မိသည်။ မှာထားပြီး သောက်ထားခြင်းလဲမရှိသော ကော်ဖီခွက်ကို စူးစိုက်ကြည့်နေသော မင်းခန့်မောင်ပုံက တခုခုကို ပြောရန် အားယူနေပုံရသည်။
"ကိုမင်း ပြောစရာရှိတယ်ဆို "
"အွန်း ...လွန်း ကိုယ် လက်ထပ်တော့မယ်"
ရုတ်တရတ် မထင်ထားသော စကားကြောင့် လွန်းမြတ်ကျော် ဘာပြန်ပြောရမှန်းမသိ။ အချစ်ဆိုတာထက် သံယောဇဉ်သာ ကျန်နေသော သူတို့ ဆက်ဆံရေးက အေးစက်နေတာ ကြာခဲ့ပြီ။ နောက်ဆုံးတခေါက် တွေ့ခဲ့ချိန်တုန်းကတောင် အဆင်ပြေနေသေးသည်မဟုတ်လား။
"ကိုမင်း ခဏေလး ကျွန်တော် နားလည်အောင်ပြောပေးပါလား ကိုမင်း လက်ထပ်တော့မယ်ဆိုတာ..."
"ဟုတ်တယ် ......ကို ဒီတခေါက် ပြန်လာတာ မဂ်လာကိစ္စ အတွက်ပဲ"
လွန်းမြတ်ကျော် ကိုယ့်နားကိုပင်မယုံနိုင်တော့။ အခု သူ သစ္စာဖောက်ခံရတာလား အထားခံရတာလား မသိတော့သော အတွေးတို့ကြောင့် ခေါင်းတခုလုံး လည်နေသည်။ မင်းခန့်မောင် ပြောင်းလဲနေသည် သူသိသော်လည်း အလုပ်မအားတာကြောင့် ပင်ပန်းနေတာကြောင့် သူ့ကို အချိန်မေပးနိုင်တာ ဖြစ်လိမ့်မည်ပဲ ထင်နေခဲ့မိ၏။လွန်းမြတ်ကျော် သူ့ဘက်က စဆက်သွယ်ရင် မအားသည့်အချိန်နှင့်တိုက်ခဲ့လျှင် စိတ်အနှောင့်အယှက် ဖြစ်မည်စိုးသောကြောင့် မဆက်သွယ်ဖြစ်ခဲ့။
လွန်းမြတ်ကျော် ဒီနေရာကနေ အမြန်ထွက်သွားဖို့ပြင်လိုက်မိသည်။ သူ၏ ပျော့ညံ့သော ပုံစံအား ကိုမင်းအား မမြင်စေလို။ အနည်းဆုံးတော့ သူကြောင့် ကိုမင်းအား စိတ်အနှောင့်မယှက်မဖြစ်စေချင်တော့။ ကောင်းသော လမ်းခွဲခြင်းပဲ ဖြစ်စေချင်သည်။ ဤသည်မှာ ကိုမင်းအတွက် သူ့နောက်ဆုံးလက်ဆောင်ပင်။
"ကျွန်တော် အရင်ပြန်တော့မယ် ဆိုင်မှာ ကလေးတွေနဲ့ ထားခဲ့တာ စိတ်မချလို့ မဂ္လာပြဲကို ဂုဏ်ယူပါတယ် ပျော်ရွှင်ပါစေ ကိုမင်း "
ပြောပြီး ချက်ချင်း လွန်းမြတ်ကျော် ထထွက်သွားသည်။
မင်းခန့်မောင် ထြက္သြားသူကို ကြည့်ရင်း အဆင်ပြေမှာပါ လွန်း မင်းက အရင်ထဲက ချစ်မှမချစ်တတ်တာ ချစ်သူသက်တမ်း ၃နှစ်ကျော်တွင် သူ သိလာရသည်မှာ လွန်းသည် အလွန် အသည်းမာသော သူဖြစ်သည်။
သူနယ်ရောက်နေသော ကာလတွင်တောင် သူ့ဘက်ကတခါမှ ဆက်သွယ်ခြင်းမရှိ။
ယောက်ျားချင်းတွဲပြီး ဒါတွေ လိုလို့လား မေးသူကို သူပြန်မေးချင်သည်။ သူ့အချစ်တွင် ယောက်ျား မိန်းမ ခွဲခြားမှုမရှိ။ ထိုကြောင့် သူ လွန်းနှင့် သူ လက်တွဲရန်အထိ ရည်စူးဖူးခဲ့သည်။ သို့သော် သူချစ်သော လွန်းသည် လွမ်းသည်တခါမှမပြောဖူး ။ သူချစ်တယ် ပြောတိုင်းလဲ ခေါင်းပဲ ညိတ်ပြပြီး ပြုံးပြနေတတ်သည်။ လွန်းမှာ သူ့အတွက် အချစ်ကော ရှိသေးရဲ့လား သံသယဝင်မိတဲ့အထိ သူဖြစ်ဖူးသည်။
သူ့ဘဝထဲ ခင်ရူပ ဆိုသည့် အမျိုးသမီး ဝင်လာသောအခါ အရာအားလုံးက သေချာသွားပြီ။ တချိန်လုံး သူ့ကို ဂရုစိုက်ပေးသော ခင့်ကို ခင်တွယ်လာသည်။ ခင့်ကို သူလက်လွှတ်မခံနိုင် ပြတ်သားစွာ ဆုံးဖြတ်ပြီးနောက်တွင် သူနောင်တတရားတို့ မရွိ။
ကားထဲရောက်မှ လမ်းတလျှောက်လုံး ထိန်းထားသမျှ လွန်းမြတ်ကျော် ငိုချမိလိုက်သည်။ မဟုတ္ဘူး သူလဲ ချစ်ခဲ့တာပဲ ဘာလို့ မမြင်နိုင်ခဲ့တာလဲ။
***
" လွန်းရေ မနက္ကပဲ ကိုမင်း လာသွားတယ် ဆရာ့အတွက် ဖိတ်စာလာပို့တာတဲ့ ကျွန်မ ဒီနားပဲ ထားခဲ့မယ်နော်"
ဆိုင်သို့ ရောက်ရောက်ချင်း အမ မသီတာ စကားကြောင့် သူ ကမ်ဘာ တခဏ ရပ်တန့်သွားသည်။ အမကေတာ့ သူ့အရိပ်အကဲ ကြည့်ပြီး တခါးပြန်ပိတ်ပေးကာ အပြင်သို့ ထွက်သွားသည်။
"အမ ဆရာ အဆင်ပြေရဲ့လား ကိုယ့် ရည်းစားတယောက်လုံး အိမ်ထောင်ပြုတာဘယ်အဆင်ပြေပါ့မလဲနော် အဲ့ဒီ ကိုမင်းခန့်မောင်ကို ကြည့်လို့ကိုမရဘူး ဆရာ သူ့ဘဝနဲ့သူနေနေတာကို သူပဲ အတင်းလိုက်ကပ်ပြီး အခုမွ သစ်စိမ်းချိုးချတာ ယောက်ျားတွေ ကောင်းကို မကောင်းဘူး "
အင်မတန်စကားများနေသော ပပကို မသီတာ ခေါင်း ဂြက္ခနဲ ခေါက်လိုက်သည်။ ပပက ခေါင်းပွတ်ပြီး နှုတ်ခမ်းကို ဆူစောင့်ကာ
"အမကလဲ ပပကိုပဲ လာရိုက်နေတယ် ပပ ပြောတာ ဘာမှားနေလို့လဲ "
"အမေလး ဟုတ်ပါပြီ မယ်မင်းကြီးမရယ် ညည်းတနေ့တနေ့ အာ့လို သူများကိစ္စတွေ စိတ်ဝင်တစားပြောမဲ့အစား pattern ပဲ ထိုင်ဆွဲပြီးလေ့ကျင့်နေရင် အခုချိန် တော်တော် တတ်နေပြီသိလား "
"ကြည့်နေ ပပ မွာသာ မောင်လေးရှိရင် ဆရာနဲ့ သေဘာတူမွာ ရုပ်လဲချော သဘောလဲကောင်း အလုပ်အကိုင်လဲ အတည်အကျနဲ့ ဘာပြစ်ချက်မှ မရွိတာကို "
ပပမွာ မသီတာ ဆူနေသည့်ကြားမှ သူ့စိတ်ကူးများကို ပွစိပွစိဖြင့်ပြောပြီး မပြီးသတ်နေသော သူ့လက်ထဲမှ pattern တွေကို ဆက်ဆွဲနေသည်။ မသီတာ ကိုမင်းခန့်မောင်အား အမြင်မကြည်သော်လည်း အခုချိန်မှာတော့ လွန်းကို ဒီစကားတွေ မကြားစေချင်။
****
"ဒါကေတာ့ မင်းခန့်မောင်က သက္သက္လုပ္တာ ငလွန်း မင်းသွားမနေနဲ့ကွာ အစထဲက မိန်းမပဲ ယူမယ္ဆိုလဲ ဘာလို့ မင်းကို လာကြိုက်နေသေးလဲ "
ဉာဏ်လင်းက ဒေါသတကြီးပြောကာ ရှေ့မှရေခွက်ကို မော့သောက်ချလေသည်။ ကိုမင်းက သူတို့ကိုလဲ ဖိတ်စာပို့ထားသောကြောင့် သူ့ဆီ နှစ်ယောက်လုံးရောက်ချလာခြင်းပင်။ သော်ဒီက သူ့ကျောပြင်အား စာအုပ်ဖြင့်ကောက်ကာငင်ကာ ထရိုက်လိုက်သောကြောင့်
"ဖြည်းဖြည်းရိုက်ပါ ဒီဒီရာ နင့်အားက ယောက်ျားထက်တောင်ပိုသာနေတာ "
"နင်အဲ့လို မထုံတတ်တေး လုပ်နေလို့ ခံရတာ အာ့အကောင် နောက်မီးလင်းနေတာတောင် မရိပ္မိဘူးလား အာ့လောက်တုံးရလားနင်"
ပြောပြီး သော်ဒီက ဒေါသထပ်မထိန်းနိုင်ပဲ သူ့ခေါင်းကို ထပ်ခေါက်ရန်ပြင်နေသောကြောင့်
"ဒီဒီ တော်ပြီနော် နင် နာပါတယ္ဆိုတာဟာ ငါလဲ မသိလို့ပေါ့ သိရင်တောင် ဘာလုပ်လို့ရမှာလဲ သူမွ ငါ့မချစ်တော့တာ ကိုမင်း ပျော်နေရင်ကို ငါ ကျေနပ်ပါတယ်"
သူ့စကား၏ အကျိုးဆက်မှာ အပြောထက် လက်မြန်သော သော်ဒီလက်က အခုမွ သူ့ခေါင်းနှင့် မိတ်ဆက်သွားခြင်းပင်။
"ငဉာဏ်ရေ ကယ်ပါဦးဟ မင်းကလဲ ကြည့်ကောင်းလို့ ကြည့်နေတာလား တော်ကြာ အသဲကွဲလို့မသေဘဲ သူငယ်ချင်းရိုက်သတ်လို့ သေတယ်ဆိုပြီး သတင်းစာထဲ ပါရင် လူကြားမကောင်းဘူး "
ဉာဏ်လင်းက သူလဲ မနိုင်ဘူးဆိုသည့်သဘောဖြင့် ပခုံးသာ တွန့်ပြသည်။
"အေ့ အာ့လို မနာတတ်လို့ ဟိုက ပြန်ချော့တိုင်း အမှီးတနန့်နန့်နဲ့ ပါသြားတာ မှတ်ပြီလား အခုထိကို မနာနိုင်သေးဘူး တော်တော် ချစ်တတ်နေ သေနာကောင် "
ထိုစဉ် ပပ က လက်ဖက်သုပ်နှင့် ရေနွေးကြမ်းအိုး ကိုင်ကာ ဝင်လာပြီး
"သမီးကေတာ့ အဲ့ဒီကိုမင်းခန့်မောင်ကို လုံးဝ မေက်နပ္ဘူး မမဒီ ဆရာ့ကို ကစားစရာလို သေဘာထားသြားတာ "
"ဟုတ္ပ အရင်က ဒီငလွန်းမှ မရရင် သေတော့မလို ဖြစ်နေလို့ ငါ လွှတ်ပေးထားတာ အာ့အကောင်ဒီဇာတ်ခင်းမယ်ဆိုတာ သိရင် အာ့ထဲက လက်မခံခဲ့ဘူး
ဒီအကောင်ကလဲ ဟိုကဘာပြောပြော ယုံနေတာလေ ခေါင်းလေးတညိတ်ညိတ်နဲ့ ငါလေ... နင့်ပဲ သတ်ချင်တယ် အေးတိအေးစက်နဲ့ မခ်စ္တာလဲ မဟုတ်ပဲ "
"ပပ နင့်ကို ဘယ္သူ လက်ဖက်သုပ်လာခိုင်းလို့လဲ ဒီလ စရိတ်ချွေတာမယ်ဆိုမှ Customer မဟုတ်ရင် ဘာမွ မကျွေးနဲ့ လက်ဖက်ခြောက်ဖိုးကော အကုန် နင့်လစာထဲက ဖြတ်မယ် "
"အခုမွ တော်တော်ချွေတာတက်နေ နင့် ကိုမင်းကို ဝယ်ပေးတာသာ စုထားရင် အခုချိန် သူဌေးဖြစ်နေလောက်ပြီ ပပ ကို ဘာမွ မဲစရာမလိုဘူး "
ပပ ဘာမွ ဝင်မပြောပဲ ဇက္ကေလးသာ ပုနေသည်။ ဒီဒီကေတာ့ လက်ဖက်သုပ်ရောက်လာတော့ သူ့ကိုပင်အာရုံမစိုက်တော့ဘဲ ပုစွန်ခြောက် ကြီးကြီးတွေ လိုက်ရွေးစားနေသည်။
မိဘေတြ ဆုံးပြီးထဲက တကောင်ကြွက်ဖြစ်သော သူ့ဘဝတွင် ဒီသူငယ်ချင်း နှစ်ယောက်သာ မိသားစုဖြစ်ခဲ့သည်။ ဒီဒီက အပြောဆိုးသလောက် စိတ်ရင်းကောင်းပြီး သူ့ကို မောင်လေးတယောက်လို ကာကွယ်ပေးရမည် ခံယူထားသူ။ သူ gay တယောက်ဖြစ်ကြောင်း ဝန်ခံခဲ့တုန်းကလဲ သူ့ကို နားလည်ပေးတာ သူတို့နှစ်ဦးသာ။
*****
'လာမိတာမ်ား မှားပြီလား'
အေတြးက ဝင်လာကြောင့် ခြေလှမ်းတို့က တန့်သွားသည်။ အေနာက္က ပါလာသော သော်ဒီက
" ဘာလဲ ခုမွ လှည့်ပြန်ဖို့လား နင်ပဲ လာချင်လွန်းတယ်ဆိုလို့ ရောက်မှတော့ ဝင်မယ်လေ ငါ့မွာ ဒီအကောင့်မျက်ခွက် ဘယ်လောက်ပြောင်လဲ သိချင်လို့သာ လိုက္လာတာ က်က္သေရကို တုန်းတယ် "
သူ့လက်မောင်းမှ ဆြဲကာ ခန်းမထဲ ဝင်သွားသည်။
"ဒီဒီ မိန်းကလေးဖြစ်ပြီး ပါးစပ္က ကြမ်းလိုက်တာ နင့်ရုပ်လဲ နင်ကြည့်ဦး မသိရင် နင့်ရည်းစား မဂ်လာဆောင်လာပြီး လူသတ်တော့မလို့ပဲ "
"ကဲ ရပြီလား အရမ်းဝမ်းသာနေတဲ့ပုံပေါ်လား အခု"
ဒီဒီက ကြောက်စရာကောင်းအောင်ပြုံ;လိုက္ကာ ခန်းမအလယ်ထိ သူ့ကို ခေါ်လာသည်။ သူတို့ရောက်ချိန်က ပွဲချိန် နောက်ပိုင်းဖြစ်သောကြောင့် ရင်းနှီးသော လူတချို့သာ ကျန်နေသည်။ ခန်းမအလယ်တွင် လိုက္လံ နှုတ်ဆက်နေသော စုံတြဲက တကယ်ပင် လိုက်ဖက်သည်။
ကိုမင်းက သူ့ကို မြင်သွားပုံပင် သူ့ဆီ လျှောက်လာနေသည်။
" လွန်း အခုမွေရာက္တာလား ။ခင် ဒါက ကို့ သူငယ်ချင်း လွန်းမြတ်ကျော် တဲ့ ဒီဘက္က သော်ဒီဇော်တဲ့"
" တွေ့ရတာ ဝမ်းသာပါတယ် ကို လွန်းမြတ်ကျော် ခင်တို့ပွဲကို လာပေးလို့လဲ ကျေးဇူးတင်ပါတယ်ရှင့်"
" ဟုတ်ကဲ့ပါခင်ဗျ "
"တွေ့ရတာ ဝမ်းသာပါတယ်ရှင့် ကိုကို အဲ ကိုမင်းကို ရတာ အရမ်းကံကောင်းတဲ့ မိန်းကလေးဖြစ်မှာပါ "
ဒီဒီ၏ ကိုကို ဆိုသော စကားကြောင့် ခင်ရူပ မျက်နှာ တချက်ပျက်သွားပြီး ချက်ချင်း ပြန်ပြုံးလိုက်သည်။
"အခုလို တက်ရောက်ပေးတာ ကျေးဇူးတင်ပါတယ် မသော်ဒီဇော်"
ဒီဒီကို တံတောင်ဖြင့်တွတ်ကာ တားလိုက်ရသည်။ ငါသူ့ကို ဘာတွေ ယုံပြီး ဒီပြဲကို ခေါ်လာမိတာလဲ လွန်းမြတ်ကျော် သူ့ကိုသူသာ အပြစ်တင်လိုက်သည်။
" နိုင်ရေ ဒီဝိုင်းပဲ လာထိုင်လိုက်လေ "
ပြောပြီး ခင်ရူပက သူတို့ဝိုင်းကို အမျိုးသားတစ်ဦးကို ဆွဲခေါ်လာသည်။
"နင်လဲနော် အခုမှပဲပေါ်လာတော့တယ်နော်မေသူ ဒီမှာမရှိတာနဲ့ ငါ့ကိုပါအဆက်အသွယ်တွေဖြတ်ပြီး တော်တော် ပျော်နေတယ်ပေါ့ "
" မဟုတ်ပါဘူးဟာ မမခင်ကလဲ သိသားနဲ့ ကျွန်တော်အလုပ်ကလဲ နယ်ပဲ ထွက်နေရလို့ အခုတောင် ရန်ကုန်ရောက်တုန်း ဖေဖကေ အမwedding ဖိတ်ထားတယ်ပြောလို့ "
" အေ့ပါ ဘာကြောင့်ပဲ ရောက်လာလာ အေးဆေးမှ ပြန်ရမယ်နော် ခဏေနဦး ငါ ဟိုဘက်ဝိုင်း ခဏ သွားနှုတ်ဆက်ဦးမယ် "
သတို့သမီးက ပြောပြီး ထိုအမျိုးသားကို သူတို့ဝိုင်းတွင် ထားကာ ထွက်သွားသည်။ထို နိုင်ဟုခေါ်သော အမျိုးသားငယ်က သူ့ကို ကြည့်နေသည်ဟု ခံစားရသောကြောင့် လွန်းမြတ်ကျော် စားသောက်နေရာမှ မော့ကြည့်လိုက်လျှင် ပါးချိုင့်နှစ်ဖက် ခွက်နေအောင် ပြုံးပြနေသောကြောင့် သူ ပြန်ပြုံးပြလိုက်မိသည်။စိတ်ထဲတွင်တော့ သူတို့ တမျိုးလုံး ကျပ်ကောပြည့်လား မသိဘူး အူကြောင်ကြောင်နဲ့ မသိပဲ လာပြုံးပြနေတယ်!
ခဏအကြာတွင် သော်ဒီက ထိုင်နေသော သူ့ကို အတင်း ဆွဲခေါ်ကာ လူအနည်းငယ်စုနေပြီဖြစ်သော စင်ရှေ့နားသို့ ခေါ် သွားသည်။
" ဘာလုပ်ဖို့လဲ ဒီဒီရာ အေးဆေးကို မေနရဘူး"
" ငါ ပန်းစည်းဖမ်းမလို့လေ မဂ်လာဆောင်က သတို့သမီး ပန်းစည်းရရင် ၆လအတွင်း လက်ထပ်ရတယ်တဲ့ ကဲ မြန်မြန်လာလေ နင်ကြောင့် ရှေ့မရောက်တော့ဘူး "
"ဒီဒီမ နင်စောနကပဲ ကိုမင်းကို ပုလင်းချိတ်ပေးလိုက်ပြီး အခု သူ့သတို့သမီး ပန်းစည်း ဖမ်းမလို့လား"
"ဘာဖြစ်လဲ ဒီလောက်က ပါးပါးလေးပဲ ရှိသေးတာ နင့်ပြောရတာနဲ့ ဟိုရှေ့က လူ ပိုများနေပြီ မြန်မြန်လာ"
ပါးစပ္ကလဲ ပွစိပွစိပြောပြီး စင်ရှေ့ရောက်လာခဲ့သည်။
'လင်ရဖို့ဆို ဒီပန်းစည်း မဖမ်းပဲလေ နင့်အကျင့်ကို အရင်ပြင်ရမှာ '
စကားကိုတော့ အထုခံရမည်စိုး၍ စိတ်ထဲကသာ ပြောလိုက်သည်။
" ခင်ရေ ဒီဘက်ပစ်နော် "
" မမေရ သမီးတို့ဘက်နော်"
အမျိုးသမီးလေးတစ်စုမှာတော့ လက်ကိုင်ပန်း ဖမ်းရန် တာဆူနေကြသည်။
ဘေးက သော်ဒီကလဲ ဝတ်လာသော မြန်မာဝတ်စုံမှ အားမနာ ပန်းစည်းဖမ်းမည့်ပုံက တကယ်ပင်ကို့ရို့ကားရား။ ဒီပုံနဲ့သာဆို ငါတကယ် ရင်လေးတယ် ဒီဒီရေ..
"တစ်... နှစ်... သုံး...."
အောက်က လူစုက timing ခေါ်ပေးပြီးနောက် သတို့သမီးက ပန်းစည်းကို နောက်ပြန်ပစ်လိုက်သည်။
ကံကြမ္မာဆရာက ဘယ္လို လှည့်စားလိုက်လဲမသိ။ အရှေ့က တစ်အုပ်စုလုံးကျော်ပြီး သူ့ဘေးက ကွင်းထဲမှ ဂိုးသမားတယောက်ပုံစံဖြင့် ဖမ်းဖို့ပြင်နေသော ဒီဒီကိုပါ ကျော်ကာ လွန်းမြတ်ကျော်ရှေ့ တည့်တည့်ကျလာသည်။သူလဲ ယောင်အအဖြင့် ကောက်ဖမ်းလိုက်ပြီးမှ အကုန်လုံးအကြည့်က သူ့ဆီရောက်လာသောကာမှ ခေါင်းမှ အချက်ပေးချက် ကျယ်လောင်စွာ ထွက်လာသည်။ ငါတော့မှားပြီ ။
******
Zawgyi
မင်းခန့်မောင် ထြက်သြားသူကို ကြည့်ရင်း အဆင်ပြေမှာပါ လွန်း မင်းက အရင်ထဲက ချစ်မှမချစ်တတ်တာ ချစ်သူသက်တမ်း ၃နှစ်ကျော်တွင် သူ သိလာရသည်မှာ လွန်းသည် အလွန် အသည်းမာသော သူဖြစ်သည်။
***
****
"ဒါကေတာ့ မင်းခန့်မောင်က သက်သက္လုပ္တာ ငလွန်း မင်းသွားမနေနဲ့ကွာ အစထဲက မိန်းမပဲ ယူမယ်ဆိုလဲ ဘာလို့ မင်းကို လာကြိုက်နေသေးလဲ "
"ဒီဒီ တော်ပြီနော် နင် နာပါတယ်ဆိုတာဟာ ငါလဲ မသိလို့ပေါ့ သိရင်တောင် ဘာလုပ်လို့ရမှာလဲ သူမွ ငါ့မချစ်တော့တာ ကိုမင်း ပျော်နေရင်ကို ငါ ကျေနပ်ပါတယ်"
"ပပ နင့်ကို ဘယ်သူ လက်ဖက်သုပ်လာခိုင်းလို့လဲ ဒီလ စရိတ်ချွေတာမယ်ဆိုမှ Customer မဟုတ်ရင် ဘာမွ မကျွေးနဲ့ လက်ဖက်ခြောက်ဖိုးကော အကုန် နင့်လစာထဲက ဖြတ်မယ် "
*****
" ဘာလဲ ခုမွ လှည့်ပြန်ဖို့လား နင်ပဲ လာချင်လွန်းတယ်ဆိုလို့ ရောက်မှတော့ ဝင်မယ်လေ ငါ့မွာ ဒီအကောင့်မျက်ခွက် ဘယ်လောက်ပြောင်လဲ သိချင်လို့သာ လိုက္လာတာ က်က်သေရကို တုန်းတယ် "
" ဟုတ်ကဲ့ပါခင်ဗျ "
" မဟုတ်ပါဘူးဟာ မမခင်ကလဲ သိသားနဲ့ ကျွန်တော်အလုပ်ကလဲ နယ်ပဲ ထွက်နေရလို့ အခုတောင် ရန်ကုန်ရောက်တုန်း ဖေဖေက အမwedding ဖိတ်ထားတယ်ပြောလို့ "
" ခင်ရေ ဒီဘက်ပစ်နော် "
" မမေရ သမီးတို့ဘက်နော်"
"တစ်... နှစ်... သုံး...."
*****
© suesuena 123,
книга «PRIZE (ဆု)».
Коментарі