Episode 01
Episode 02
Episode 03
Episode 04
Episode 05
Episode 06
Episode 07
Episode 08
Episode 09
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 09
1).

"Castiel, သခင္မေလးကို သြားေခၚလိုက္ပါ။ ငါေခၚခိုင္းတာ မလာဘူး။ ဘာေတြစိတ္ေကာက္ျပန္ၿပီလဲမသိဘူး။"

အသက္ဆယ့္ေျခာက္ႏွစ္ျပည့္ေမြးေန႔အလြန္ ေနာက္တစ္ရက္တြင္ သခင္မေလး Meg တစ္ေယာက္ အခန္းတံခါးပိတ္ကာ စိတ္ေကာက္ေနသည္ဟူသည့္စကားက ခရီးမွျပန္လာသည့္နယ္စားမင္းကို လွပစြာဆီးႀကိဳေနခဲ့သည္။ ထိုစဥ္က Castiel မွာ အသက္ႏွစ္ဆယ့္တစ္ႏွစ္သာ ရွိေသးသည္။ နယ္စားမင္းသြားေလရာ တေကာက္ေကာက္ပါ၍ နယ္စားမင္းအတြက္လည္း လြန္စြာမွအားကိုးလာရၿပီျဖစ္သည္။

Meg ၏အခန္းေရွ႕သို႔ Castiel ေရာက္သည့္အခါ အခန္းဝတြင္ရပ္ေနသည့္အထိန္းေတာ္ႀကီးမွာ စိတ္ညစ္ညဴးေနဟန္ပင္။

"ဘာျဖစ္တာလဲ အထိန္းေတာ္ႀကီး။"

"Castiel. ေမာင္ရင္ေရာက္လာတာ အေတာ္ပဲကြယ္။ သခင္မေလးက ဘယ္သူ႔ကိုမွ အခန္းထဲအဝင္မခံဘူး။ သူလည္း အျပင္မထြက္ဘူး။ ညကေတာ့ စိတ္ဆိုးၿပီးေသာင္းက်န္းေနတာပဲ။ အဲဒီေတာ့ ဘယ္သူမွလည္း အတင္းအၾကပ္မလုပ္ရဲဘူးကြယ္။"

"ဟုတ္ကဲ့"

Castiel တံခါးကိုေခါက္၍

"သခင္မေလး၊ ကၽြန္ေတာ္ Castiel ပါ။ နယ္စားမင္းက သခင္မေလးကို ေခၚခိုင္းလိုက္လို႔ပါ။"

မည္သည့္အသံကိုမၽွမၾကားရေပ။ ထို႔ေၾကာင့္ တံခါးကိုထပ္ေခါက္၍

"သခင္မေလးအတြက္ဆိုၿပီး အဲဒီနယ္က ရွားပါးပန္းပင္မ်ိဳးစိတ္ကို နယ္စားမင္းက ေသခ်ာရွာဝယ္လာေပးတာ။ ခရီးကေဝးေတာ့ အဲဒီအပင္ကို ေတာ္ေတာ္ေလးဂရုတစိုက္သယ္လာရတယ္။ သခင္မေလးလာၾကည့္မွျဖစ္မယ္။ ေတာ္ၾကာ အပင္ေသသြားရင္ ႏွေျမာစရာႀကီး။ ကၽြန္ေတာ္လည္း ဘာမွမလုပ္တတ္လို႔။"

သူတို႔၏သခင္မေလး မျမင္ႏိုင္ေသာ္လည္း အထိန္းေတာ္ႀကီးကပါ ေခါင္းညိတ္ေနမိသည္။ သို႔ေသာ္ တံု႔ျပန္သံမရွိ။

"သခင္မေလး တံခါးဖြင့္မေပးရင္ ကၽြန္ေတာ္တို႔ အတင္းဖြင့္ဝင္လာရပါလိမ့္မယ္။"

ဤစကားကိုၾကားသည့္အခါတြင္ေတာ့ ေခါင္းညိတ္ေထာက္ခံေနသည့္ အထိန္းေတာ္ႀကီးမွာ Castiel ကိုလွမ္းၾကည့္မိေလသည္။ စိတ္ဆိုးေနသည့္သခင္မေလး၏ အခန္းတံခါးကို ဖ်က္ဝင္မည္ဆိုလၽွင္ ထိုသူထံ ေဒါသတို႔ကပံုက်လာေတာ့မည္။ အထိန္းေတာ္ႀကီးမွာ ေတြးပူေနေသာ္လည္း Castiel ကေတာ့ တံခါးကို ပခံုးျဖင့္တိုက္ဖြင့္ရန္ျပင္ေနေလၿပီ။

"Castiel. ျဖစ္ပါ့မလား။"

"ဒီတိုင္းထားမလို႔လား အထိန္းေတာ္ႀကီးရဲ႕။"

ဤသို႔လည္းမျဖစ္၊ ထိုသို႔လည္းမျဖစ္ႏွင့္ အထိန္းေတာ္ႀကီးမွာ မည္သို႔မၽွမေျပာတတ္ေတာ့ၿပီျဖစ္၍

"ဖြင့္လိုက္ပါေတာ့ကြယ္။"

ဝုန္းခနဲအသံႏွင့္အတူ တံခါးပြင့္သြားၿပီး Castiel အခန္းတြင္းသို႔ေရာက္သြားေလသည္။ အထိန္းေတာ္ႀကီးႏွင့္အတူ ေနာက္လိုက္မိန္းကေလးႏွစ္ဦးပါ အခန္းထဲသို႔ဝင္လာခဲ့ၾက၏။ သို႔္ေသာ္လည္း အခန္းအတြင္း၌ သခင္မေလး Meg ၏အရိပ္အေယာင္ကိုပင္ မေတြ႕ရပါေခ်။ ပြင့္ေနသည့္ျပတင္းတံခါးအနီး Castiel အေျပးသြားၾကည့္လိုက္ၿပီး အထိန္းေတာ္ႀကီးဘက္သို႔လွည့္၍

"ကၽြန္ေတာ္ လိုက္သြားလိုက္ဦးမယ္။"

အထိန္းေတာ္ႀကီးေခါင္းညိတ္လိုက္စဥ္တြင္ပင္ Castiel မွာ ျပတင္းေပါက္မွခုန္ထြက္သြားခဲ့ၿပီျဖစ္သည္။

2).

"သခင္မေလး"

လယ္ကြင္းမ်ားအလြန္ သစ္ပင္တန္းမ်ားရွိရာသို႔ Castiel ေရာက္ေနခဲ့ျခင္းျဖစ္သည္။ လယ္ထဲမွအလုပ္သမားအခ်ိဳ႕က မနက္ပိုင္းတြင္ သခင္မေလးကိုႏႈတ္ဆက္လိုက္ေသးသည္ဟု ဆိုလာၾကသည္။ ထို႔ေၾကာင့္ Meg ထြက္သြားရာ ထိုေနရာသို႔ Castiel ေရာက္လာခဲ့ျခင္းပင္။ ႏႈတ္မွလည္းေခၚလ်က္ မ်က္စိကိုလည္းအလုပ္ေပးလ်က္ႏွင့္ Castiel ရွာေနစဥ္

"Castiel? Castiel လား။"

တိုးလ်သည့္အသံငယ္ေလးေၾကာင့္ Castiel ၏ေျခလွမ္းတို႔ရပ္သြားၿပီး

"သခင္မေလး ဘယ္မွာလဲ။ သခင္မေလး။"

"Cas ..."

ကုန္းေလ်ာေနရာတစ္ခု၏ ေျမနိမ့္ပိုင္းေအာက္ေျခဆီမွ လႈပ္ရွားသံအခ်ိဳ႕ၾကားရၿပီး ေခၚသံတိုးလ်လ်ကိုလည္း ၾကားမိသည္ေၾကာင့္ အပင္မ်ားၾကားမွ ထိုကုန္းေလ်ာေလးေအာက္သို႔ Castiel ဆင္းသြားလိုက္သည္။ အပင္မ်ားဖံုးေန၍ ထိုေနရာတြင္ ေလ်ာေစာက္ျဖစ္ေနသည္ကို ေသခ်ာစြာမျမင္ႏိုင္ေပ။ ထိုေအာက္ဘက္မွ အသံငယ္ေလးတစ္ခုကိုလည္း ၾကားေနရေသးသည္။

"သခင္မေလး"

Meg သည္ အပင္မ်ားၾကား ထိုင္လ်က္သားႏွင့္ တစ္စံုတစ္ခုကိုလည္း ေပြ႕ပိုက္ထားပါေသးသည္။

"Castiel"

မ်က္စိကိုပြတ္၍ ေခၚလိုက္သည့္အသံတို႔မွာ အနည္းငယ္တုန္ယင္ေနသည္ဟု Castiel ထင္မိ၏။ အနီးသို႔ကပ္သြားသည့္အခါမွ မ်က္ဝန္းအစံုမွာနီရဲ၍ ငိုထားဟန္ပင္။

"သခင္မေလး ဘာျဖစ္တာလဲ။"

"သူ႔အသံၾကားလို႔လိုက္ရွာရင္း ဒီထဲဆင္းေတာ့ ေျခေခ်ာ္က်တာ။ မထႏိုင္ေတာ့ဘူး။ ေျခေထာက္အရမ္းနာတယ္။"

ထိုအခါမွ Meg ၏ရင္ခြင္ထဲတြင္ ေပြ႕ခ်ီထားသည့္ အေကာင္ငယ္ေလးတစ္ေကာင္ကို Castiel သတိထားမိေတာ့သည္။

"ေျမေခြးေပါက္ေလးထင္တယ္။"

"သူ႔လက္မွာလည္း ဒဏ္ရာနဲ႔။"

Castiel ဘာေျပာရမည္မသိျဖစ္သြားသည္။ ယခုက ေျခေထာက္ဒဏ္ရာရေနသည့္ တစ္ေကာင္ႏွင့္တစ္ေယာက္ကို အေပၚသို႔ျပန္တင္ရန္သာ ရွိေတာ့သည္။

"သခင္မေလး ေျခေထာက္က ဘာျဖစ္တာလဲ။"

ေျခေထာက္တစ္ဖက္ေရွ႕ထုတ္လာ၍ ၾကည့္လိုက္ရာ အနည္းငယ္ေရာင္ရမ္းေနသည္ကို ေတြ႕လိုက္ရသည္။

"တစ္ခ်က္ၾကည့္မယ္ေနာ္။"

Meg ေခါင္းညိတ္လိုက္သည္။

"ေျခက်င္းဝတ္လည္သြားတာ။ ဒါနဲ႔ ဒီေပါက္စကို ဒီမွာပဲ တစ္ေကာင္တည္းေတြ႕တာလား။"

"ဟုတ္တယ္။ အီေနတဲ့အသံေလးၾကားလို႔ ဒီထဲဆင္းၾကည့္တာ။ ဒဏ္ရာနဲ႔မို႔ သူလမ္းမေလၽွာက္္ႏိုင္ဘူးထင္ပါရဲ႕။"

"သခင္မေလးလည္း အတူတူပဲေလ။"

"အဲဒါေၾကာင့္ အေပၚျပန္တက္လို႔မရတာေပါ့။ မဟုတ္ရင္ အိမ္ျပန္ေရာက္ေနၿပီ။"

"အိမ္ေတာ္မွာ နယ္စားမင္းက သခင္မေလးကိုေခၚခိုင္းလို႔ ကၽြန္ေတာ္လိုက္ရွာေနတာ။"

Meg ၏ေျခေထာက္တစ္ဖက္ကို ခပ္ဖြဖြကိုင္ထားလ်က္မွ Castiel ကေျပာေနသည္ကို Meg က ျပန္ေျဖေနျခင္းပင္။

"ဟြန္႔၊ ဒီေန႔မွျပန္ေရာက္လာေတာ့ ဘာလုပ္ရမွာလဲ။ ေသေသခ်ာခ်ာမွာတယ္။ မေန႔က အခ်ိန္မီျပန္ေရာက္မလာဘူး။ ညအထိ ... အား ....."

သူ၏ေမြးေန႔အမီျပန္ေရာက္မလာသည့္ ဖခင္ျဖစ္သူအား မေက်မနပ္ေျပာေနသည့္ Meg အာရံုေျပာင္းခ်ိန္တြင္ သူ၏ေျခက်င္းဝတ္ကို Castiel ဆြဲတည့္လိုက္၍ Meg ေအာ္ပစ္လိုက္ျခင္းပင္။

3).

သခင္မေလး Meg Masters ကို ေက်ာပိုး၍ နယ္စားမင္းအိမ္ေတာ္သို႔ Castiel ျပန္ေခၚလာရေလသည္။ Meg ၏ လက္တစ္ဖက္တြင္ အေကာင္ငယ္ေလးကိုလည္း ေပြ႕ထားပါေသးသည္။ အိမ္ေတာ္ဝင္းအတြင္းသို႔ ဝင္လိုက္သည္ႏွင့္ အထိန္းေတာ္ႀကီးအေျပးေရာက္လာၿပီး

"သခင္မေလး ဘာျဖစ္လာတာလဲ။"

"ေျခက်င္းဝတ္လည္သြားတာပါ။ ကၽြန္ေတာ္ ျပန္တည့္ေပးခဲ့ပါၿပီ။ နာေနတဲ့ဒဏ္ေလးရွိလို႔ ေဆးနည္းနည္းလိမ္းေပးလိုက္ရင္ သက္သာသြားပါလိမ့္မယ္။"

Meg ၏အခန္းဆီ ဦးတည္သြားေနလ်က္မွ Castiel ျပန္ေျဖေနရပါေသးသည္။

"အထိန္းေတာ္ႀကီး သူ႔ကိုလည္း ေဆးထည့္ဖို႔လုပ္ေပးပါဦး။"

Meg ၏လက္ထဲမွ အေကာင္ေပါက္ေလးကို အကူမိန္းကေလးတစ္ဦးက လက္လႊဲယူလိုက္ရ၏။
အခန္းသို႔ေရာက္သည္အထိ သူကယ္လာသည့္အေကာင္ေလးကို စိတ္မခ်ႏိုင္ဘဲ တတြတ္တြတ္မွာေနသည့္ Meg ေၾကာင့္ အကူမိန္းကေလးမ်ား အလုပ္႐ႈပ္ကုန္ၾကေလသည္။ Meg မွာ အခန္းထဲမွခံုတြင္ထိုင္မွပင္

"ေျခေထာက္က တည့္သြားၿပီဆို ဘာလို႔နာေနေသးတာလဲ။"

မ်က္ႏွာေလးမဲ့၍ဆိုသည့္အခါ အထိန္းေတာ္ႀကီးမွာ ပ်ာပ်ာသလဲႏွင့္ ေဆးမ်ားေျပးယူေတာ့၏။

"ခ်က္ခ်င္းမတည့္မိေတာ့ အဲဒီအရွိန္ေလးေတာ့ က်န္တာေပါ့။"

"သိပ္အၾကာႀကီးေတာ့ မနာဘူးမဟုတ္လား။ ေနာက္ႏွစ္ရက္ဆို Cathy မဂၤလာေဆာင္ကို သြားရဦးမွာေလ။"

အစ္မဝမ္းကြဲေတာ္စပ္သူ၏ မဂၤလာပြဲအတြက္လည္း လွမ္း၍ပူရပါေသး၏။

"ေကာင္းသြားမွာပါ သခင္မေလး။ သိပ္မၾကာပါဘူး။"

"အြန္း။ ဟာ၊ အထိန္းေတာ္ႀကီး။ ေပး၊ ေပး၊ ကိုယ့္ဘာသာလိမ္းမယ္။ ေျခေထာက္မွာကို လူႀကီးနဲ႔မျဖစ္ပါဘူး။ ထပါ။"

ထိုင္ခ်ကာ ေဆးလိမ္းေပးမည့္အထိန္းေတာ္ႀကီးကို Meg က အတင္းထခိုင္းေန၍ Castiel တြဲထူလိုက္ၿပီး

"ကၽြန္ေတာ္လုပ္ေပးပါ့မယ္။ ကၽြန္ေတာ့္ကိုေပးပါ။"

"ေနပါေစ။"

"ရပါတယ္။"

Meg ၏ေရွ႕တြင္ Castiel မုဆိုးဒူးေထာက္ထိုင္ခ်ကာ ေဆးလိမ္းေပးရန္ ေျခေထာက္ကိုအသာမယူလိုက္သည္။

"သမီးငယ္၊ ကေလး၊ ဘာျဖစ္လာတာလဲ။ ဒဏ္ရာရလို႔ဆို။"

နယ္စားမင္းဝင္လာၿပီး စိုးရိမ္တႀကီးဆိုေလသည္။

"ဒဏ္ရာမဟုတ္ပါဘူး။ ေျခက်င္းဝတ္လည္တာတဲ့။ ျပန္တည့္သြားၿပီ၊ သူလုပ္ေပးတာ။"

ေဆးလိမ္းေပးေနသည့္ Castiel ကို နယ္စားမင္းက ငံု႔ၾကည့္လာ၍

"ဟုတ္ပါတယ္ နယ္စားမင္း။ ေနာက္ေန႔ေလာက္ဆို ေကာင္းသြားမွာပါ။"

4).

"ဟြန္႔ ၊ ဒါေလာက္နဲ႔ေက်နပ္ရမွာလား။"

"ကဲ၊ ေျပာ။ ဘယ္ေလာက္ဆို ေက်နပ္မွာလဲ။"

"ဘာလို႔ မေန႔ကျပန္မေရာက္တာလဲလို႔။ ဒီသမီးေလးတစ္ေယာက္တည္းရွိတာကို ေမြးေန႔မွာရွိမေနေပးဘူး။"

"အေရးႀကီးကိစၥေလးေပၚလာလို႔ ေနာက္က်သြားတာပါကြယ္။ ေဟာ၊ ဒီေန႔ျပန္ေရာက္ေတာ့ သမီးငယ္ကမရွိဘူး။ ဒီၾကားထဲ ဒဏ္ရာရတယ္ဆိုလို႔ ဘယ္ေလာက္စိတ္ပူသြားရသလဲ။ ေနာက္ဆို အခုလိုေတြ ..."

"ရၿပီ၊ ရၿပီ။ အဲဒါနဲ႔ ေက်နပ္ၿပီ။ Castiel, အဲဒါကို ဟိုျပတင္းအျပင္နားေလးမွာ စင္ေလးနဲ႔ထားေပးေနာ္။"

Meg တစ္ေယာက္မွာေတာ့ နယ္စားမင္းမွ ဆူပူရန္ျပင္သည္ႏွင့္ ခ်က္ခ်င္းပင္စိတ္ေကာက္ေျပ၍ Castiel ကိုင္ထားသည့္ နယ္စားမင္းယူလာေပးသည္ဆိုေသာ အပင္အိုးေလးကိုလက္ညႇိဳးထိုးကာ စကားလမ္းေၾကာင္းလႊဲပါေတာ့သည္။

ထို႔ေနာက္တြင္ေတာ့ အျပင္ဘက္တြင္စင္လုပ္ေပးေနေသာ Castiel ကို ျပတင္းဝတြင္ထိုင္ကာ အမ်ိဳးမ်ိဳးအမိန္႔ေပးေနသည့္ သခင္မေလး Meg Masters ကို ေတြ႕ရမည္ျဖစ္ေလသည္။

5).

"ဘဝအဆက္ဆက္တြင္ ခ်စ္ရေသာသူႏွင့္ေကြကြင္းရျခင္းမွ ကင္းေဝးပါရေစ။"

ကုန္းျမင့္ေလးေပၚမွ သစ္ပင္ႀကီးတစ္ပင္ေအာက္တြင္ တစ္ေယာက္တည္းထိုင္ေနသည့္ သခင္မေလး Meg သည္ အတိတ္မွအေၾကာင္းအရာမ်ားကို ျပန္ျမင္ေယာင္ေနရာမွ အသိစိတ္တို႔ ပစၥဳပၸန္သို႔ျပန္ေရာက္လာသည့္အခါ ဆုေတာင္းတစ္ခုကိုျပဳမိျခင္းပင္။

"မခ်စ္မႏွစ္သက္သူနဲ႔ပါ ထပ္ေပါင္းရဦးမယ့္ဘဝက မလြယ္ပါဘူး။ ဆုေတာင္းေနလည္း အပိုပဲ။ ငါကေရာ ဘာလုပ္ႏိုင္မွာမွတ္လို႔။ ငါ့ဘာသာတစ္ေယာက္တည္း အေတြးမ်ားေနတာ။"

မိမိကိုယ္ကို မေက်မနပ္ေရရြတ္ေနသည့္ သခင္မေလး Meg ၏ စိတ္အစံုတို႔မွာ အတိတ္တြင္သာ ထာဝရရွိေနလိုေတာ့သည့္အလား။

by Demon

6)

" မင္းသမီးေလး ... ဘာျဖစ္လို႔လဲ မ်က္ႏွာလည္းမေကာင္းပါလား "

ဟူေသာ ေမးခြန္းကို အထိန္းေတာ္ႀကီးက စိုးရိမ္စြာေမးလာသျဖင့္ Lisa အထိန္းေတာ္ႀကီးကို ႏူးညံ့စြာၿပဳံးျပလိုက္ၿပီး

" ေနာက္ႏွစ္ရက္ေနရင္ နန္းေတာ္ထဲကိုၾကင္ဖက္ေတြ႕ဖို႔သြားရေတာ့မယ္ အထိန္းေတာ္ႀကီးရယ္ "

ဟု ေျပာလိုက္သည္ ။ ဤစကားအဆုံးတြင္ အထိန္းေတာ္ႀကီးက ေႏြးေထြးစြာၿပဳံး၍

" မင္းသမီးေလးေဘးမွာ ကြၽန္ေတာ္မ်ိဳးမတို႔လည္းအတူပါလာမွာမို႔လို႔ အားမငယ္ပါနဲ႔ "

ဟု ေျပာသည္ ။ အထိန္းေတာ္ႀကီးေျပာသလို မိမိတစ္ေယာက္တည္းသြားရမည္မဟုတ္မွန္းကိုသိေသာ္လည္း ဤကိစၥအဆင္ေျပသြားသည္ႏွင့္ မိမိသည္ ထိုႏိုင္ငံမွလူျဖစ္သြားေတာ့မည့္အျပင္ မိမိႏွင့္ တစ္ႀကိမ္တစ္ခါမွ မေတြ႕ဖူးေသာလူ၏ ဇနီးမယားပါျဖစ္သြားေပေတာ့မည္ ။

သို႔ေသာ္ ....
ဤကိစၥကိုေတြးၿပီး စိတ္ညစ္ေန၍မရ ။ ဤကိစၥသည္ ႏွစ္ႏိုင္ငံၿငိမ္းခ်မ္းေရးအတြက္ အလြန္အေရးႀကီးသည့္အျပင္ မိမိတို႔ႏိုင္ငံအတြက္ ေကာင္းက်ိဳးမ်ားစြာရမည့္ကိစၥပါျဖစ္ေသာေၾကာင့္ ေလပူတစ္ခ်က္မႈတ္ထုတ္လိုက္ၿပီး ေခါင္းညိတ္လိုက္ကာ

" ဒီဘဝမွာေမြးဖြားလာမွေတာ့ ဘာေ႐ြးခ်ယ္စရာရွိေတာ့မွာလဲ အထိန္းေတာ္ႀကီးရယ္ ... အကုန္လုံးကို မီးစင္ၾကည့္ကရေတာ့မွာေပါ့ "

ဟု ခပ္တိုးတိုးေျပာလိုက္သည္ ။

7)

" ဒီေလာက္ေတာ္တဲ့ ငါ့ႏွမေတာ္ေလးကို ဘာဆုခ်ရမလဲေျပာ "

ဟူေသာ စကားကို Dean ေပ်ာ္႐ႊင္စြာျဖင့္ Charlie အား ေျပာလိုက္သည္ ။ Charlie က ေက်နပ္စြာၿပဳံး၍

" အဲ့ဒါေၾကာင့္ ညီမကိုဘာမွလၽွိဳမထားပါနဲ႔လို႔ေျပာတာေပါ့ "

ဟု ဤစကားကို ျပန္တုံ႔ျပန္သျဖင့္ Charlie ပခုံးကိုဖက္လိုက္ကာ

" အင္း .... ေနာက္တစ္ခါဘာကိစၥရွိရွိ ငါ့ႏွမေတာ္ေလးကိုအရင္ေျပာျပမယ္လို႔ကတိေပးတယ္ "

ဟူေသာ ကတိကိုေပးလိုက္သည္ ။ Charlie က ေခါင္းညိတ္၍

" ဒါဆိုလည္းၿပီးေရာ ... ကိုယ့္ကတိနဲ႔ကိုယ္ေနာ္ "

ဟု ေျပာၿပီး အေရွ႕တြင္လွမ္းျမင္ေနရေသာ စားေသာက္ဆိုင္တစ္ဆိုင္ကို လက္ညွိဳးထိုးျပကာ

" ဗိုက္ဆာတယ္ တစ္ခုခုစားရေအာင္ "

ဟူ၍ ေျပာကာ စားေသာက္ဆိုင္ဆီသို႔ ေျပးသြားသျဖင့္ Charlie အေနာက္မွ ေျပးလိုက္သြားလိုက္သည္ ။

8)

Charlie က စားေသာက္ဆိုင္ထဲသို႔ေရာက္သည္ႏွင့္

" ကဲ ဘာစားမလဲ "

ဟု ေမးသျဖင့္ Dean စားပြဲထိုးေကာင္ေလးအား

" ဒီဆိုင္မွာရွိတဲ့ နာမည္ႀကီးစားစရာအကုန္ခ်ေပး "

ဟူ၍ ေျပာလိုက္သည္ ။ ဤစကားကိုၾကားေသာအခါ Charlie က မ်က္လုံးျပဴး၍

" ဒီေလာက္အမ်ားႀကီးကို ဘာလုပ္မလို႔လဲ Dean "

ဟု ေျပာသည္ ။ ထို႔ေၾကာင့္ ၿပဳံးလိုက္ၿပီး

" ငါစားမလို႔မဟုတ္ဘူး .... ငါ့ရဲ႕ေတာ္လြန္းတဲ့ညီမေလးကို ဆုခ်ေပးဖို႔ "

ဟု အေျဖေပးလိုက္သည္ ။ ၿပီးမွ

" ေနာက္ထပ္ေရာ ဘာထပ္လိုခ်င္တာရွိေသးလဲ ... ဒီအစ္ကိုက ေဟာဒီကႏွမေလးလိုခ်င္သမၽွကို ဒီေန႔တစ္ေန႔လုံးလိုက္ေလ်ာေပးမယ္ "

ဟု ေျပာလိုက္သည္ ။ ထိုအခါ Charlie က ေက်နပ္စြာၿပဳံး၍

" ကိုယ့္စကားနဲ႔ကိုယ္ေနာ္ ၿပီးမွမငိုနဲ႔ "

ဟု ေျပာသည္ ။ ဟုတ္မွန္ေၾကာင္း ေခါင္းညိတ္ျပလိုက္ေသာအခါ Charlie က ခပ္လွမ္းလွမ္းမွ စားပြဲထိုးေကာင္ေလးအား လက္ျပ၍လွမ္းေခၚသည္ ။

9)

မိမိထက္ပင္ အရက္ႀကိဳက္ေသာ Charlie တစ္ေယာက္ ေန႔လယ္စာစစားကတည္းက အရက္ေသာက္ေနသည္မွာ ညေနေစာင္းပင္ေရာက္ေနၿပီျဖစ္ေသာေၾကာင့္ Dean စားပြဲထိုးေကာင္ေလးအား အရက္ထပ္မခ်ေပးေတာ့ရန္ လက္ဟန္ျဖင့္ျပလိုက္ၿပီး Charlie ကို

" ညေနေစာင္းေနၿပီ Charlie ... ျပန္ၾကရေအာင္ "

ဟု ေျပာကာ Charlie လက္ထဲမွ အရက္အိုးကိုယူလိုက္သည္ ။

သို႔ေသာ္ ....
Charlie က အရက္အိုးကိုမေပး ။

" ေျပာေတာ့ တစ္ေနကုန္အလိုလိုက္မယ္ဆို ... အခုက်ေတာ့ျပန္မယ္တဲ့လား "

ဟု အာေလးလၽွာေလးျဖင့္ရစ္သည္ ။ ထို႔ေၾကာင့္ ေခါင္းကုတ္လိုက္ၿပီး

" မဟုတ္ဘူးေလ Charlie ရဲ႕ ... အခုကမိုးခ်ဳပ္ေနၿပီမို႔လို႔ေျပာတာပါ ... ဒီထက္ပိုေနရင္ အိမ္ျပန္ဖို႔ညအရမ္းနက္သြားလိမ့္မယ္ "

ဟု ေခ်ာ့၍ေျပာလိုက္သည္ ။ ဤစကားကိုၾကားေသာအခါ Charlie က

" ဒါျဖင့္ ဟိုတစ္ညကဘာျဖစ္လို႔နန္းေတာ္ထဲျပန္မလာဘဲ ေဂဟာမွာအိပ္တာလဲ "

ဟု ေျပာသည္ ။ Charlie တစ္ေယာက္ေႏွာက္၍ မၾကာခင္မွာပင္ မိမိ၏ဘဝအမွန္ ေပၚေပါက္ေတာ့မည္ျဖစ္ေၾကာင္းကို ေတြးမိသျဖင့္ Charlie ပါးစပ္ကို လက္ျဖင့္အလ်င္အျမန္အုပ္လိုက္ၿပီး

" ထ "

ဟု ေျပာကာ Charlie ကို ဆြဲထူလိုက္သည္ ။

10)

Dean တစ္ေယာက္ တစ္လမ္းလုံး Charlie ၏ မူး႐ူးကာေျပာေသာစကားမ်ားကို နားေထာင္လာရသည့္အျပင္ လမ္းတစ္ဝက္တြင္ အႏွီမယ္မင္းႀကီးမေလးက

" အန္ခ်င္တယ္ "

ဟု ေျပာသျဖင့္ မိမိ၏ေက်ာေပၚမွ ထိုမယ္မင္းႀကီးမေလးအား ေျမႀကီးေပၚသို႔ဆင္းေစၿပီး အလြယ္တကူအန္ႏိုင္ရန္ ကူညီေပးရေသးသည္ ။ ထို႔ေၾကာင့္ စိတ္ထဲမွ

" သင္းငါ့ကိုကူညီတာက တစ္ခု .... ငါကျပန္ကူညီရတာ ဆယ္ခုေလာက္ရွိတယ္ "

ဟု မေက်မနပ္ ေရ႐ြတ္လိုက္သည္ ။ ထိုစဥ္

" စုံစမ္းေရးမႉး "

ဟု ေခၚလိုက္ေသာအသံက ေနာက္ေက်ာဘက္ဆီမွ ထြက္ေပၚလာသည္ ။ တပ္မႉး Castiel ၏ အသံျဖစ္ေသာေၾကာင့္ အသံလာရာဆီသို႔ လွည့္ၾကည့္လိုက္သည္ ။ Castiel ႏွင့္အတူ အျခားလူႏွစ္ဦးကိုပါ ေတြ႕လိုက္ရသျဖင့္ ပါးစပ္အေဟာင္းသားျဖစ္ကာ မတ္တပ္ထရပ္လိုက္သည္ ။

by the_richone_IX

■■■ Episode (10) ဆက္ရန္ ■■■

1).

"Castiel, သခင်မလေးကို သွားခေါ်လိုက်ပါ။ ငါခေါ်ခိုင်းတာ မလာဘူး။ ဘာတွေစိတ်ကောက်ပြန်ပြီလဲမသိဘူး။"

အသက်ဆယ့်ခြောက်နှစ်ပြည့်မွေးနေ့အလွန် နောက်တစ်ရက်တွင် သခင်မလေး Meg တစ်ယောက် အခန်းတံခါးပိတ်ကာ စိတ်ကောက်နေသည်ဟူသည့်စကားက ခရီးမှပြန်လာသည့်နယ်စားမင်းကို လှပစွာဆီးကြိုနေခဲ့သည်။ ထိုစဉ်က Castiel မှာ အသက်နှစ်ဆယ့်တစ်နှစ်သာ ရှိသေးသည်။ နယ်စားမင်းသွားလေရာ တကောက်ကောက်ပါ၍ နယ်စားမင်းအတွက်လည်း လွန်စွာမှအားကိုးလာရပြီဖြစ်သည်။

Meg ၏အခန်းရှေ့သို့ Castiel ရောက်သည့်အခါ အခန်းဝတွင်ရပ်နေသည့်အထိန်းတော်ကြီးမှာ စိတ်ညစ်ညူးနေဟန်ပင်။

"ဘာဖြစ်တာလဲ အထိန်းတော်ကြီး။"

"Castiel. မောင်ရင်ရောက်လာတာ အတော်ပဲကွယ်။ သခင်မလေးက ဘယ်သူ့ကိုမှ အခန်းထဲအဝင်မခံဘူး။ သူလည်း အပြင်မထွက်ဘူး။ ညကတော့ စိတ်ဆိုးပြီးသောင်းကျန်းနေတာပဲ။ အဲဒီတော့ ဘယ်သူမှလည်း အတင်းအကြပ်မလုပ်ရဲဘူးကွယ်။"

"ဟုတ်ကဲ့"

Castiel တံခါးကိုခေါက်၍

"သခင်မလေး၊ ကျွန်တော် Castiel ပါ။ နယ်စားမင်းက သခင်မလေးကို ခေါ်ခိုင်းလိုက်လို့ပါ။"

မည်သည့်အသံကိုမျှမကြားရပေ။ ထို့ကြောင့် တံခါးကိုထပ်ခေါက်၍

"သခင်မလေးအတွက်ဆိုပြီး အဲဒီနယ်က ရှားပါးပန်းပင်မျိုးစိတ်ကို နယ်စားမင်းက သေချာရှာဝယ်လာပေးတာ။ ခရီးကဝေးတော့ အဲဒီအပင်ကို တော်တော်လေးဂရုတစိုက်သယ်လာရတယ်။ သခင်မလေးလာကြည့်မှဖြစ်မယ်။ တော်ကြာ အပင်သေသွားရင် နှမြောစရာကြီး။ ကျွန်တော်လည်း ဘာမှမလုပ်တတ်လို့။"

သူတို့၏သခင်မလေး မမြင်နိုင်သော်လည်း အထိန်းတော်ကြီးကပါ ခေါင်းညိတ်နေမိသည်။ သို့သော် တုံ့ပြန်သံမရှိ။

"သခင်မလေး တံခါးဖွင့်မပေးရင် ကျွန်တော်တို့ အတင်းဖွင့်ဝင်လာရပါလိမ့်မယ်။"

ဤစကားကိုကြားသည့်အခါတွင်တော့ ခေါင်းညိတ်ထောက်ခံနေသည့် အထိန်းတော်ကြီးမှာ Castiel ကိုလှမ်းကြည့်မိလေသည်။ စိတ်ဆိုးနေသည့်သခင်မလေး၏ အခန်းတံခါးကို ဖျက်ဝင်မည်ဆိုလျှင် ထိုသူထံ ဒေါသတို့ကပုံကျလာတော့မည်။ အထိန်းတော်ကြီးမှာ တွေးပူနေသော်လည်း Castiel ကတော့ တံခါးကို ပခုံးဖြင့်တိုက်ဖွင့်ရန်ပြင်နေလေပြီ။

"Castiel. ဖြစ်ပါ့မလား။"

"ဒီတိုင်းထားမလို့လား အထိန်းတော်ကြီးရဲ့။"

ဤသို့လည်းမဖြစ်၊ ထိုသို့လည်းမဖြစ်နှင့် အထိန်းတော်ကြီးမှာ မည်သို့မျှမပြောတတ်တော့ပြီဖြစ်၍

"ဖွင့်လိုက်ပါတော့ကွယ်။"

ဝုန်းခနဲအသံနှင့်အတူ တံခါးပွင့်သွားပြီး Castiel အခန်းတွင်းသို့ရောက်သွားလေသည်။ အထိန်းတော်ကြီးနှင့်အတူ နောက်လိုက်မိန်းကလေးနှစ်ဦးပါ အခန်းထဲသို့ဝင်လာခဲ့ကြ၏။ သို့်သော်လည်း အခန်းအတွင်း၌ သခင်မလေး Meg ၏အရိပ်အယောင်ကိုပင် မတွေ့ရပါချေ။ ပွင့်နေသည့်ပြတင်းတံခါးအနီး Castiel အပြေးသွားကြည့်လိုက်ပြီး အထိန်းတော်ကြီးဘက်သို့လှည့်၍

"ကျွန်တော် လိုက်သွားလိုက်ဦးမယ်။"

အထိန်းတော်ကြီးခေါင်းညိတ်လိုက်စဉ်တွင်ပင် Castiel မှာ ပြတင်းပေါက်မှခုန်ထွက်သွားခဲ့ပြီဖြစ်သည်။

2).

"သခင်မလေး"

လယ်ကွင်းများအလွန် သစ်ပင်တန်းများရှိရာသို့ Castiel ရောက်နေခဲ့ခြင်းဖြစ်သည်။ လယ်ထဲမှအလုပ်သမားအချို့က မနက်ပိုင်းတွင် သခင်မလေးကိုနှုတ်ဆက်လိုက်သေးသည်ဟု ဆိုလာကြသည်။ ထို့ကြောင့် Meg ထွက်သွားရာ ထိုနေရာသို့ Castiel ရောက်လာခဲ့ခြင်းပင်။ နှုတ်မှလည်းခေါ်လျက် မျက်စိကိုလည်းအလုပ်ပေးလျက်နှင့် Castiel ရှာနေစဉ်

"Castiel? Castiel လား။"

တိုးလျသည့်အသံငယ်လေးကြောင့် Castiel ၏ခြေလှမ်းတို့ရပ်သွားပြီး

"သခင်မလေး ဘယ်မှာလဲ။ သခင်မလေး။"

"Cas ..."

ကုန်းလျောနေရာတစ်ခု၏ မြေနိမ့်ပိုင်းအောက်ခြေဆီမှ လှုပ်ရှားသံအချို့ကြားရပြီး ခေါ်သံတိုးလျလျကိုလည်း ကြားမိသည်ကြောင့် အပင်များကြားမှ ထိုကုန်းလျောလေးအောက်သို့ Castiel ဆင်းသွားလိုက်သည်။ အပင်များဖုံးနေ၍ ထိုနေရာတွင် လျောစောက်ဖြစ်နေသည်ကို သေချာစွာမမြင်နိုင်ပေ။ ထိုအောက်ဘက်မှ အသံငယ်လေးတစ်ခုကိုလည်း ကြားနေရသေးသည်။

"သခင်မလေး"

Meg သည် အပင်များကြား ထိုင်လျက်သားနှင့် တစ်စုံတစ်ခုကိုလည်း ပွေ့ပိုက်ထားပါသေးသည်။

"Castiel"

မျက်စိကိုပွတ်၍ ခေါ်လိုက်သည့်အသံတို့မှာ အနည်းငယ်တုန်ယင်နေသည်ဟု Castiel ထင်မိ၏။ အနီးသို့ကပ်သွားသည့်အခါမှ မျက်ဝန်းအစုံမှာနီရဲ၍ ငိုထားဟန်ပင်။

"သခင်မလေး ဘာဖြစ်တာလဲ။"

"သူ့အသံကြားလို့လိုက်ရှာရင်း ဒီထဲဆင်းတော့ ခြေချော်ကျတာ။ မထနိုင်တော့ဘူး။ ခြေထောက်အရမ်းနာတယ်။"

ထိုအခါမှ Meg ၏ရင်ခွင်ထဲတွင် ပွေ့ချီထားသည့် အကောင်ငယ်လေးတစ်ကောင်ကို Castiel သတိထားမိတော့သည်။

"မြေခွေးပေါက်လေးထင်တယ်။"

"သူ့လက်မှာလည်း ဒဏ်ရာနဲ့။"

Castiel ဘာပြောရမည်မသိဖြစ်သွားသည်။ ယခုက ခြေထောက်ဒဏ်ရာရနေသည့် တစ်ကောင်နှင့်တစ်ယောက်ကို အပေါ်သို့ပြန်တင်ရန်သာ ရှိတော့သည်။

"သခင်မလေး ခြေထောက်က ဘာဖြစ်တာလဲ။"

ခြေထောက်တစ်ဖက်ရှေ့ထုတ်လာ၍ ကြည့်လိုက်ရာ အနည်းငယ်ရောင်ရမ်းနေသည်ကို တွေ့လိုက်ရသည်။

"တစ်ချက်ကြည့်မယ်နော်။"

Meg ခေါင်းညိတ်လိုက်သည်။

"ခြေကျင်းဝတ်လည်သွားတာ။ ဒါနဲ့ ဒီပေါက်စကို ဒီမှာပဲ တစ်ကောင်တည်းတွေ့တာလား။"

"ဟုတ်တယ်။ အီနေတဲ့အသံလေးကြားလို့ ဒီထဲဆင်းကြည့်တာ။ ဒဏ်ရာနဲ့မို့ သူလမ်းမလျှောက်နိုင်ဘူးထင်ပါရဲ့။"

"သခင်မလေးလည်း အတူတူပဲလေ။"

"အဲဒါကြောင့် အပေါ်ပြန်တက်လို့မရတာပေါ့။ မဟုတ်ရင် အိမ်ပြန်ရောက်နေပြီ။"

"အိမ်တော်မှာ နယ်စားမင်းက သခင်မလေးကိုခေါ်ခိုင်းလို့ ကျွန်တော်လိုက်ရှာနေတာ။"

Meg ၏ခြေထောက်တစ်ဖက်ကို ခပ်ဖွဖွကိုင်ထားလျက်မှ Castiel ကပြောနေသည်ကို Meg က ပြန်ဖြေနေခြင်းပင်။

"ဟွန့်၊ ဒီနေ့မှပြန်ရောက်လာတော့ ဘာလုပ်ရမှာလဲ။ သေသေချာချာမှာတယ်။ မနေ့က အချိန်မီပြန်ရောက်မလာဘူး။ ညအထိ ... အား ....."

သူ၏မွေးနေ့အမီပြန်ရောက်မလာသည့် ဖခင်ဖြစ်သူအား မကျေမနပ်ပြောနေသည့် Meg အာရုံပြောင်းချိန်တွင် သူ၏ခြေကျင်းဝတ်ကို Castiel ဆွဲတည့်လိုက်၍ Meg အော်ပစ်လိုက်ခြင်းပင်။

3).

သခင်မလေး Meg Masters ကို ကျောပိုး၍ နယ်စားမင်းအိမ်တော်သို့ Castiel ပြန်ခေါ်လာရလေသည်။ Meg ၏ လက်တစ်ဖက်တွင် အကောင်ငယ်လေးကိုလည်း ပွေ့ထားပါသေးသည်။ အိမ်တော်ဝင်းအတွင်းသို့ ဝင်လိုက်သည်နှင့် အထိန်းတော်ကြီးအပြေးရောက်လာပြီး

"သခင်မလေး ဘာဖြစ်လာတာလဲ။"

"ခြေကျင်းဝတ်လည်သွားတာပါ။ ကျွန်တော် ပြန်တည့်ပေးခဲ့ပါပြီ။ နာနေတဲ့ဒဏ်လေးရှိလို့ ဆေးနည်းနည်းလိမ်းပေးလိုက်ရင် သက်သာသွားပါလိမ့်မယ်။"

Meg ၏အခန်းဆီ ဦးတည်သွားနေလျက်မှ Castiel ပြန်ဖြေနေရပါသေးသည်။

"အထိန်းတော်ကြီး သူ့ကိုလည်း ဆေးထည့်ဖို့လုပ်ပေးပါဦး။"

Meg ၏လက်ထဲမှ အကောင်ပေါက်လေးကို အကူမိန်းကလေးတစ်ဦးက လက်လွှဲယူလိုက်ရ၏။
အခန်းသို့ရောက်သည်အထိ သူကယ်လာသည့်အကောင်လေးကို စိတ်မချနိုင်ဘဲ တတွတ်တွတ်မှာနေသည့် Meg ကြောင့် အကူမိန်းကလေးများ အလုပ်ရှုပ်ကုန်ကြလေသည်။ Meg မှာ အခန်းထဲမှခုံတွင်ထိုင်မှပင်

"ခြေထောက်က တည့်သွားပြီဆို ဘာလို့နာနေသေးတာလဲ။"

မျက်နှာလေးမဲ့၍ဆိုသည့်အခါ အထိန်းတော်ကြီးမှာ ပျာပျာသလဲနှင့် ဆေးများပြေးယူတော့၏။

"ချက်ချင်းမတည့်မိတော့ အဲဒီအရှိန်လေးတော့ ကျန်တာပေါ့။"

"သိပ်အကြာကြီးတော့ မနာဘူးမဟုတ်လား။ နောက်နှစ်ရက်ဆို Cathy မင်္ဂလာဆောင်ကို သွားရဦးမှာလေ။"

အစ်မဝမ်းကွဲတော်စပ်သူ၏ မင်္ဂလာပွဲအတွက်လည်း လှမ်း၍ပူရပါသေး၏။

"ကောင်းသွားမှာပါ သခင်မလေး။ သိပ်မကြာပါဘူး။"

"အွန်း။ ဟာ၊ အထိန်းတော်ကြီး။ ပေး၊ ပေး၊ ကိုယ့်ဘာသာလိမ်းမယ်။ ခြေထောက်မှာကို လူကြီးနဲ့မဖြစ်ပါဘူး။ ထပါ။"

ထိုင်ချကာ ဆေးလိမ်းပေးမည့်အထိန်းတော်ကြီးကို Meg က အတင်းထခိုင်းနေ၍ Castiel တွဲထူလိုက်ပြီး

"ကျွန်တော်လုပ်ပေးပါ့မယ်။ ကျွန်တော့်ကိုပေးပါ။"

"နေပါစေ။"

"ရပါတယ်။"

Meg ၏ရှေ့တွင် Castiel မုဆိုးဒူးထောက်ထိုင်ချကာ ဆေးလိမ်းပေးရန် ခြေထောက်ကိုအသာမယူလိုက်သည်။

"သမီးငယ်၊ ကလေး၊ ဘာဖြစ်လာတာလဲ။ ဒဏ်ရာရလို့ဆို။"

နယ်စားမင်းဝင်လာပြီး စိုးရိမ်တကြီးဆိုလေသည်။

"ဒဏ်ရာမဟုတ်ပါဘူး။ ခြေကျင်းဝတ်လည်တာတဲ့။ ပြန်တည့်သွားပြီ၊ သူလုပ်ပေးတာ။"

ဆေးလိမ်းပေးနေသည့် Castiel ကို နယ်စားမင်းက ငုံ့ကြည့်လာ၍

"ဟုတ်ပါတယ် နယ်စားမင်း။ နောက်နေ့လောက်ဆို ကောင်းသွားမှာပါ။"

4).

"ဟွန့် ၊ ဒါလောက်နဲ့ကျေနပ်ရမှာလား။"

"ကဲ၊ ပြော။ ဘယ်လောက်ဆို ကျေနပ်မှာလဲ။"

"ဘာလို့ မနေ့ကပြန်မရောက်တာလဲလို့။ ဒီသမီးလေးတစ်ယောက်တည်းရှိတာကို မွေးနေ့မှာရှိမနေပေးဘူး။"

"အရေးကြီးကိစ္စလေးပေါ်လာလို့ နောက်ကျသွားတာပါကွယ်။ ဟော၊ ဒီနေ့ပြန်ရောက်တော့ သမီးငယ်ကမရှိဘူး။ ဒီကြားထဲ ဒဏ်ရာရတယ်ဆိုလို့ ဘယ်လောက်စိတ်ပူသွားရသလဲ။ နောက်ဆို အခုလိုတွေ ..."

"ရပြီ၊ ရပြီ။ အဲဒါနဲ့ ကျေနပ်ပြီ။ Castiel, အဲဒါကို ဟိုပြတင်းအပြင်နားလေးမှာ စင်လေးနဲ့ထားပေးနော်။"

Meg တစ်ယောက်မှာတော့ နယ်စားမင်းမှ ဆူပူရန်ပြင်သည်နှင့် ချက်ချင်းပင်စိတ်ကောက်ပြေ၍ Castiel ကိုင်ထားသည့် နယ်စားမင်းယူလာပေးသည်ဆိုသော အပင်အိုးလေးကိုလက်ညှိုးထိုးကာ စကားလမ်းကြောင်းလွှဲပါတော့သည်။

ထို့နောက်တွင်တော့ အပြင်ဘက်တွင်စင်လုပ်ပေးနေသော Castiel ကို ပြတင်းဝတွင်ထိုင်ကာ အမျိုးမျိုးအမိန့်ပေးနေသည့် သခင်မလေး Meg Masters ကို တွေ့ရမည်ဖြစ်လေသည်။

5).

"ဘဝအဆက်ဆက်တွင် ချစ်ရသောသူနှင့်ကွေကွင်းရခြင်းမှ ကင်းဝေးပါရစေ။"

ကုန်းမြင့်လေးပေါ်မှ သစ်ပင်ကြီးတစ်ပင်အောက်တွင် တစ်ယောက်တည်းထိုင်နေသည့် သခင်မလေး Meg သည် အတိတ်မှအကြောင်းအရာများကို ပြန်မြင်ယောင်နေရာမှ အသိစိတ်တို့ ပစ္စုပ္ပန်သို့ပြန်ရောက်လာသည့်အခါ ဆုတောင်းတစ်ခုကိုပြုမိခြင်းပင်။

"မချစ်မနှစ်သက်သူနဲ့ပါ ထပ်ပေါင်းရဦးမယ့်ဘဝက မလွယ်ပါဘူး။ ဆုတောင်းနေလည်း အပိုပဲ။ ငါကရော ဘာလုပ်နိုင်မှာမှတ်လို့။ ငါ့ဘာသာတစ်ယောက်တည်း အတွေးများနေတာ။"

မိမိကိုယ်ကို မကျေမနပ်ရေရွတ်နေသည့် သခင်မလေး Meg ၏ စိတ်အစုံတို့မှာ အတိတ်တွင်သာ ထာဝရရှိနေလိုတော့သည့်အလား။

by Demon

6)

" မင်းသမီးလေး ... ဘာဖြစ်လို့လဲ မျက်နှာလည်းမကောင်းပါလား "

ဟူသော မေးခွန်းကို အထိန်းတော်ကြီးက စိုးရိမ်စွာမေးလာသဖြင့် Lisa အထိန်းတော်ကြီးကို နူးညံ့စွာပြုံးပြလိုက်ပြီး

" နောက်နှစ်ရက်နေရင် နန်းတော်ထဲကိုကြင်ဖက်တွေ့ဖို့သွားရတော့မယ် အထိန်းတော်ကြီးရယ် "

ဟု ပြောလိုက်သည် ။ ဤစကားအဆုံးတွင် အထိန်းတော်ကြီးက နွေးထွေးစွာပြုံး၍

" မင်းသမီးလေးဘေးမှာ ကျွန်တော်မျိုးမတို့လည်းအတူပါလာမှာမို့လို့ အားမငယ်ပါနဲ့ "

ဟု ပြောသည် ။ အထိန်းတော်ကြီးပြောသလို မိမိတစ်ယောက်တည်းသွားရမည်မဟုတ်မှန်းကိုသိသော်လည်း ဤကိစ္စအဆင်ပြေသွားသည်နှင့် မိမိသည် ထိုနိုင်ငံမှလူဖြစ်သွားတော့မည့်အပြင် မိမိနှင့် တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးသောလူ၏ ဇနီးမယားပါဖြစ်သွားပေတော့မည် ။

သို့သော် ....
ဤကိစ္စကိုတွေးပြီး စိတ်ညစ်နေ၍မရ ။ ဤကိစ္စသည် နှစ်နိုင်ငံငြိမ်းချမ်းရေးအတွက် အလွန်အရေးကြီးသည့်အပြင် မိမိတို့နိုင်ငံအတွက် ကောင်းကျိုးများစွာရမည့်ကိစ္စပါဖြစ်သောကြောင့် လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး ခေါင်းညိတ်လိုက်ကာ

" ဒီဘဝမှာမွေးဖွားလာမှတော့ ဘာရွေးချယ်စရာရှိတော့မှာလဲ အထိန်းတော်ကြီးရယ် ... အကုန်လုံးကို မီးစင်ကြည့်ကရတော့မှာပေါ့ "

ဟု ခပ်တိုးတိုးပြောလိုက်သည် ။

7)

" ဒီလောက်တော်တဲ့ ငါ့နှမတော်လေးကို ဘာဆုချရမလဲပြော "

ဟူသော စကားကို Dean ပျော်ရွှင်စွာဖြင့် Charlie အား ပြောလိုက်သည် ။ Charlie က ကျေနပ်စွာပြုံး၍

" အဲ့ဒါကြောင့် ညီမကိုဘာမှလျှိုမထားပါနဲ့လို့ပြောတာပေါ့ "

ဟု ဤစကားကို ပြန်တုံ့ပြန်သဖြင့် Charlie ပခုံးကိုဖက်လိုက်ကာ

" အင်း .... နောက်တစ်ခါဘာကိစ္စရှိရှိ ငါ့နှမတော်လေးကိုအရင်ပြောပြမယ်လို့ကတိပေးတယ် "

ဟူသော ကတိကိုပေးလိုက်သည် ။ Charlie က ခေါင်းညိတ်၍

" ဒါဆိုလည်းပြီးရော ... ကိုယ့်ကတိနဲ့ကိုယ်နော် "

ဟု ပြောပြီး အရှေ့တွင်လှမ်းမြင်နေရသော စားသောက်ဆိုင်တစ်ဆိုင်ကို လက်ညှိုးထိုးပြကာ

" ဗိုက်ဆာတယ် တစ်ခုခုစားရအောင် "

ဟူ၍ ပြောကာ စားသောက်ဆိုင်ဆီသို့ ပြေးသွားသဖြင့် Charlie အနောက်မှ ပြေးလိုက်သွားလိုက်သည် ။

8)

Charlie က စားသောက်ဆိုင်ထဲသို့ရောက်သည်နှင့်

" ကဲ ဘာစားမလဲ "

ဟု မေးသဖြင့် Dean စားပွဲထိုးကောင်လေးအား

" ဒီဆိုင်မှာရှိတဲ့ နာမည်ကြီးစားစရာအကုန်ချပေး "

ဟူ၍ ပြောလိုက်သည် ။ ဤစကားကိုကြားသောအခါ Charlie က မျက်လုံးပြူး၍

" ဒီလောက်အများကြီးကို ဘာလုပ်မလို့လဲ Dean "

ဟု ပြောသည် ။ ထို့ကြောင့် ပြုံးလိုက်ပြီး

" ငါစားမလို့မဟုတ်ဘူး .... ငါ့ရဲ့တော်လွန်းတဲ့ညီမလေးကို ဆုချပေးဖို့ "

ဟု အဖြေပေးလိုက်သည် ။ ပြီးမှ

" နောက်ထပ်ရော ဘာထပ်လိုချင်တာရှိသေးလဲ ... ဒီအစ်ကိုက ဟောဒီကနှမလေးလိုချင်သမျှကို ဒီနေ့တစ်နေ့လုံးလိုက်လျောပေးမယ် "

ဟု ပြောလိုက်သည် ။ ထိုအခါ Charlie က ကျေနပ်စွာပြုံး၍

" ကိုယ့်စကားနဲ့ကိုယ်နော် ပြီးမှမငိုနဲ့ "

ဟု ပြောသည် ။ ဟုတ်မှန်ကြောင်း ခေါင်းညိတ်ပြလိုက်သောအခါ Charlie က ခပ်လှမ်းလှမ်းမှ စားပွဲထိုးကောင်လေးအား လက်ပြ၍လှမ်းခေါ်သည် ။

9)

မိမိထက်ပင် အရက်ကြိုက်သော Charlie တစ်ယောက် နေ့လယ်စာစစားကတည်းက အရက်သောက်နေသည်မှာ ညနေစောင်းပင်ရောက်နေပြီဖြစ်သောကြောင့် Dean စားပွဲထိုးကောင်လေးအား အရက်ထပ်မချပေးတော့ရန် လက်ဟန်ဖြင့်ပြလိုက်ပြီး Charlie ကို

" ညနေစောင်းနေပြီ Charlie ... ပြန်ကြရအောင် "

ဟု ပြောကာ Charlie လက်ထဲမှ အရက်အိုးကိုယူလိုက်သည် ။

သို့သော် ....
Charlie က အရက်အိုးကိုမပေး ။

" ပြောတော့ တစ်နေကုန်အလိုလိုက်မယ်ဆို ... အခုကျတော့ပြန်မယ်တဲ့လား "

ဟု အာလေးလျှာလေးဖြင့်ရစ်သည် ။ ထို့ကြောင့် ခေါင်းကုတ်လိုက်ပြီး

" မဟုတ်ဘူးလေ Charlie ရဲ့ ... အခုကမိုးချုပ်နေပြီမို့လို့ပြောတာပါ ... ဒီထက်ပိုနေရင် အိမ်ပြန်ဖို့ညအရမ်းနက်သွားလိမ့်မယ် "

ဟု ချော့၍ပြောလိုက်သည် ။ ဤစကားကိုကြားသောအခါ Charlie က

" ဒါဖြင့် ဟိုတစ်ညကဘာဖြစ်လို့နန်းတော်ထဲပြန်မလာဘဲ ဂေဟာမှာအိပ်တာလဲ "

ဟု ပြောသည် ။ Charlie တစ်ယောက်နှောက်၍ မကြာခင်မှာပင် မိမိ၏ဘဝအမှန် ပေါ်ပေါက်တော့မည်ဖြစ်ကြောင်းကို တွေးမိသဖြင့် Charlie ပါးစပ်ကို လက်ဖြင့်အလျင်အမြန်အုပ်လိုက်ပြီး

" ထ "

ဟု ပြောကာ Charlie ကို ဆွဲထူလိုက်သည် ။

10)

Dean တစ်ယောက် တစ်လမ်းလုံး Charlie ၏ မူးရူးကာပြောသောစကားများကို နားထောင်လာရသည့်အပြင် လမ်းတစ်ဝက်တွင် အနှီမယ်မင်းကြီးမလေးက

" အန်ချင်တယ် "

ဟု ပြောသဖြင့် မိမိ၏ကျောပေါ်မှ ထိုမယ်မင်းကြီးမလေးအား မြေကြီးပေါ်သို့ဆင်းစေပြီး အလွယ်တကူအန်နိုင်ရန် ကူညီပေးရသေးသည် ။ ထို့ကြောင့် စိတ်ထဲမှ

" သင်းငါ့ကိုကူညီတာက တစ်ခု .... ငါကပြန်ကူညီရတာ ဆယ်ခုလောက်ရှိတယ် "

ဟု မကျေမနပ် ရေရွတ်လိုက်သည် ။ ထိုစဉ်

" စုံစမ်းရေးမှူး "

ဟု ခေါ်လိုက်သောအသံက နောက်ကျောဘက်ဆီမှ ထွက်ပေါ်လာသည် ။ တပ်မှူး Castiel ၏ အသံဖြစ်သောကြောင့် အသံလာရာဆီသို့ လှည့်ကြည့်လိုက်သည် ။ Castiel နှင့်အတူ အခြားလူနှစ်ဦးကိုပါ တွေ့လိုက်ရသဖြင့် ပါးစပ်အဟောင်းသားဖြစ်ကာ မတ်တပ်ထရပ်လိုက်သည် ။

by the_richone_IX

■■■ Episode (10) ဆက်ရန် ■■■
© Demon ,
книга «Fall for His Majesty».
Коментарі