Unicode
[၁]
မိုးကုတ်စက်၀ိုင်းရှိနောက်ဆုံးနေ၀င်ချိန်သည် ထိုနေရာဒေသရှိ ကုန်းမြေပတ်လည်နှင့်သဲကန္ဒာရအား အတိုင်းအဆမရှိအကန့်အသတ်မဲ့စွာဖြင့် မီးလောင်တိုက်သွင်းလို့ အနက်ရောင်မီးခိုးမှုံများဖြင့်လွှမ်းခြုံစေလျက်ရှိ၏။
တန်လင်းသည်ငွေတန်ဆာများဖြင့်တစ်ယောက်တည်းလမ်းလျှောက်ခဲ့သည်။ တန်လင်းက သူ့ပစ္စည်းကိုခိုးယူလိုသူနဲ့ နှောင့်နှေးစေသူ နှစ်ဦးကို ဂရုစိုက်ခဲ့သည်။
ထို့ကြောင့် သူမှလွဲ၍ လမ်းပေါ်တွင် မည်သူမှမရှိပေ။ တန်လင်းဟာ ချန်းကျီသေတ္တာ[လက်နက်]ကို ကြည့်လိုက်ပြီး သူနည်းနည်း စိတ်လှုပ်ရှားနေခဲ့သည်။
မကြာသေးမီက လုံမန်းကန္တာရတွင် ရာဇဝတ်သားများပေါ်ပေါက်လာခဲ့သည်။ ထိုသူတို့က သယ်ယူပို့ဆောင်သူများနှင့် တစ်ဦးတည်းခရီးသွားလာသူတို့ကို အဓိကပစ်မှတ်ထားခဲ့သည်။
သူက မကြာသေးခင်ကမှ လူအများစုတွေ့ကြုံရသည်ဟု ကြားမိသည်။
တန်လင်းသက်ပြင်းချပြီး လုယန်အနားမှာ နေရင်ကောင်းမယ်လို့ သူထင်ခဲ့သည်။ စန်းရှန်သစ်ပင်၏ ရှုခင်းကိုငေးကြည့်ရင်း သူ လုယန်နှင့်တွေ့ဆုံခဲ့သည်။ သူတို့နှစ်ယောက်စလုံး ကောင်းစွာလုပ်ဆောင်ကြပြီး ပုံမှန်အားဖြင့် အတူတကွ လုပ်ဆောင်တတ်ကြသည်။
ကုန်ပစ္စည်းများကို သယ်ဆောင်လာချိန်ဆို လုယန်က တန်လင်း အနားတွင် ပုန်းနေရခြင်းကို သဘောကျခဲ့သည်။ တကယ်လို့များ တစ်စုံတစ်ယောက်က တန်လင်းကိုအား ခိုးကြောင်ခိုးဝှက်တိုက်ခိုက်လျှင် လုယန်က ရုတ်တရက်ပေါ်လာပြီး တိုက်ခိုက်သူအား အံ့သြစေလိမ့်မည်။
ထို့နောက်သူသည် ပစ္စည်းလုယူသူများကို ဖမ်းဆီးပြီး တန်လင်းဆီ ပေးလိမ့်မည်။ လုယန်သည် Mandarin ဘာသာစကားကို ကောင်းကောင်း မပြောတတ်ပါ။တန်လင်းက သူ့ကို စကားလုံးအချို့သင်ပေးဖို့ တွေးခဲ့သည်။သို့သော်လွန်ခဲ့သောရက်အနည်းငယ်က လုယန်သည် မျက်နှာနီနီနှင့် ရုတ်တရက်ရောက်လာသည်။
သူက တန်လင်းအား "မြို့တော်က လူတွေက လက်ထပ်ချင်ကြရင် ဘယ်လိုဖွင့်ပြောကြလဲ"
တန်လင်းက သူ့ကိုအံ့သြစွာကြည့်လိုက်ပြီး: " မင်းက လက်ထပ်ပြီး ဇနီးလိုချင်နေပြီလား"
လုယန်က သူ့ခေါင်းကို ကုတ်လိုက်ပြီး: "အင်း"
တန်လင်းကအတန်ကြာ တိတ်ဆိတ်သွားခဲ့ပြီး : "..သူမ လက်ခံပါ့မလား"
ဲ
လုယန်က ရှက်ရွံနေသော အပြုံးဖြင့်: " ငါမသိသေးဘူး" ဟုသာဖြေ၏။
တန်လင်း မျက်လုံးတွေက သူ့ဆီရောက်လာပြီး: "ငတုံး"
လုယန်မျက်နှာက တည်ကြည်နေပြီး: " သူမ လက်ခံမှာပါ "
[၂]
တန်လင်းက ထိုအကြောင်းကိုတွေးလိုက်ပြီး: " ဒါဆို သူ့ကိုဒီလိုပြော..'ငါမင်းကို ကြိုက်တယ်..ငါ့ကိုလက်ထပ်ပါ[wð]"
လုယန်က ထပ်ရွတ်၏: "ငါ မင်းကိုကြိုက်တယ် အသိုက်ကို လက်ထပ်ပါ[wð]"
တန်လင်း: " အဲ့တာက ငါ ဖြစ်ရမှာကွ..အသိုက်မဟုတ်ဘူး"
လုယန်က တည်တည်ငြိမ်ငြိမ်နှင့်: "ငါ မင်းကိုကြိုက်တယ် ငါ့ကိုလက်ထပ်ပါ"
တန်လင်းက သူ့ကိုကြည့်လိုက်ပြီး: "အင်း"
လုယန်ကမျက်လုံးပြာပြာမျာဖြင့် သူ့ကိုကြည့်ရင်း..
"တန်လင်း"
တန်လင်းကအကြည့်လွဲလိုက်ပြီး: "သူမကို အဲ့ဒီလိုပြောလိုက်"
လုယန်က အနည်းငယ်ပြုံးလိုက်သည်။ သူ့မျက်လုံးများက ရေကန်ကဲ့သို့ တောက်ပနေသည်။
"ကောင်းပြီ"
တန်လင်းက သူ့ကိုကြည့်လိုက်သည်။ သူ့မျက်လုံးထဲ ရုတ်တရက် သဝန်တိုမှုကို ခံစားလိုက်ရသည်။ သူက အမြန် ခေါင်းငုံ့ချလိုက်ပြီး လက်ထဲက ချန်းကျီသေတ္တာကို ဆော့နေလိုက်သည်။
"မင်းဘာလို့ ဒီမှာအရူးလို ရပ်နေတာလဲ? နည်းနည်းထပ်ပြောကြည့်ပါ..ပြီးတော့ အသိုက်မဟုတ်ဘူး ငါနော်.. အသိုက်လို့ သွားပြောမိရင် သူမရယ်နေလိမ့်မယ်"
လုယန်က နာခံပြီး နံရံဘက်လှည့်လိုက်ကာ သူ့အသံလှိုင်းများကို ညှိလိုက်သည်။ သူက တစ်ခါတစ်ရံ 'အသိုက်' ဟုပြောတတ်ပြီး တစ်ခါတစ်ရံ 'ငါ' လို့ ပြောခဲ့သည်။
တန်လင်းက ကြားလေလေ ပျော်ရွှင်လာလေလေ။ အမျိုးအမည်မသိတဲ့ ကျေနပ်မှုတွေခံစားနေရသည်။ သူသည် ခြံဝင်းအတွင်းတွင်သာ သစ်သားတိုင်များနှင့် လေ့ကျင့်လိုက် စာငှက်ကလေးများဖြင့် လေ့ကျင့်လို့ နေသည်။
[၃]
ညကားမှောင်မိုက်နေပြီး လကို မိုးတိမ်များကဖုံးလွှမ်းနေသည်။ ခရမ်းရောင်မိုးတိမ်များက သားရဲကဲ့သို့ မဲမှောင်နေသော မိုးကောင်းကင်ပေါ် လွင့်မျောနေသည်။
သဲကန္တာရကို ဖြတ်လျှောက်ရသည် ဖြစ်သောကြောင့် လမ်းဟာမရေမရာဖြစ်နေပြီး မြင်နိုင်ရန်ခက်ခဲသည်။ အဆိုးဆုံးကတော့ တန်လင်းသည်သူ့ပတ်ဝန်းကျင်တွင် ထူးခြားသောအသံများ ကြားရသည်ဟု ခံစားရခြင်းဖြစ်သည်။
သူသည်လုပ်ကြံသတ်ဖြတ်ခြင်းကို လေ့ကျင့်ခံခဲ့ရသောကြောင့် သူ၏နားများသည် အထူးပါးလျသည်။ သူကြားလိုက်ရတဲ့အသံတွေက ခြေသံတွေလိုပဲ။
ထို့အပြင် ခြေသံများသည် လူတစ်ယောက်၊နှစ်ယောက်လောက်သာ မဖြစ်နိုင်။ တန်လင်းသည် လမ်းတစ်လျှောက်လုံး ကြောက်ရွံနေသည်။
သူလအတော်ကြာ မမြင်ခဲ့ရသော လုယန်အကြောင်း စဉ်းစားမိ၏။ သူနှလုံးသား နည်းနည်းချဉ်သလို ခံစားလိုက်ရသည်။ လုယန်သည် ထိုမိန်းကလေးကို ရှာရန်ထွက်သွားခြင်း ဖြစ်ရမည်။
တန်လင်း၏ နှလုံးသားတွင် အမည်မသိမီးတစ်ခု တောင်လောင်နေသည်။ သူက ချန်းကျီသေတ္တာကို ဆုပ်ကိုင်ပြီး နောက်ကိုကြည့်လိုက်သည်။
သူမှမပုန်းနိုင်ပဲ၊ သူကောင်းကောင်း တိုက်ခိုက်နိုင်မှာပါ။
ဒါပေမဲ့ နောက်တွင် ဘယ်သူမှရှိမနေ။အဲ့ဒီအချိန်မှာ တိမ်တွေနောက်မှာ ဖုံးကွယ်ထားတဲ့ မျက်နှာ တစ်ဝက်ကို ဖော်ပြလာသည်။
လရောင်သည် ဆီးနှင်းများဖုံးလွမ်းနေတဲ့ မြေပြင်ပေါ် ဖြာကျနေပြီး တန်လင်းရဲ့နောက်မှ ထင်ရှားနေသော ခြေရာများကို ပြသခဲ့သည။ ဤခြေရာများကား အဆက်မပြတ်ရွေ့လျားခဲ့သည်။
ဒါပေမဲ့ လရောင်က သူတို့ရဲ့တည်နေရာကို ဖော်ပြသည့်အခါ လုံးဝရပ်တန့်သွားသည်။တန်လင်း၏နှလုံးသည်အေးခဲလာသည်။
[၄]
ယခုအချိန်တွင် အသံသည် ငြိမ်သက်ခြင်းကို ပြိုကွဲစေသည်။ ဤခြေရာရှင်အချို့က အမိန့်ကို လက်ခံရရှိထားပြီး သူ့အားဝိုင်းရံထားသလိုပင်။
တန်လင်း ရေတွက်လိုက်သည်။ လူသုံးဆယ်ရှိ၏။ သူက အရမ်းအံ့သြသွားသည်။လူသုံးဆယ်နှင့် လူတစ်ဦး နှိုင်းယှဉ်လျှင် ဘယ်လိုဖြစ်နိုင်မလဲ။
ထိုခြေရာတို့သည် ရပ်တန့်သွားပြီးနောက် တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာကြသည်။ ထိုသူတို့ကား ဖြောင့်မတ်သောဂိုဏ်းရဲ့ တပည့်များဖြစ်သည်။
သူတို့သည် တန်လင်း မတုံ့ပြန်နိုင်ခင်မှာ သူတို့အားလုံးက ကခုန်ခြင်းနှင့် သီဆိုခြင်းတွေကို စတင်လုပ်ခဲ့ကြသည်။
လူသူကင်းမဲ့နေသော သဲကန္တာရတစ်ခုလုံးဟာ အလင်းရောင်ကြောင့် အရာအားလုံး တောက်ပနေသည်။
အလင်းရောင်ကြောင့် မရေတွက်နိုင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့သည်။ လုယန်သည် အလင်းရောင်များအလယ် ရုတ်တရက် ထင်ထင်ရှားရှား ထွက်ပေါ်လာခဲ့သည်။
တန်လင်းကရုတ်တရက် အံ့သြသွားပြီး သူ့ကို လူတွေဝန်းရံနေသည်က ကြောက်ရွံစေခဲ့သည်။ တန်လင်းရဲ့ပေါင်ကို သန်မာသောလက်များဖြင့် ဆုတ်ကိုင်ကာ မြှောက်ချီလိုက်သည်။
သူသည် တန်လင်းကို ကလေးဘဝတုန်းကလို ဆန်းကျယ်တဲ့ လောကကြီးထဲ သူတို့ တီထွင်တဲ့ အကအခုန်နဲ့ ပျော်မွေ့စေခဲ့သည်။
တန်လင်းက လုယန်ရဲ့ပခုံးပေါ်မှာ ထိုင်နေသည်။
"မင်း ဒီလို လုပ်ခဲ့တာလား"
လုယန်က မော့ကြည့်လိုက်တဲ့အခါမှာ တောက်ပလွန်းတဲ့ လရောင်က သူ့ရဲ့နူးညံ့တဲ့အပြုံးကို ထင်ဟပ်ပြနေသည်။
"အင်း"
တန်လင်းက သူ့ကို ရိုက်လိုက်ပြီး: " မင်း ငါ့ကို လန့်ပြီးသေအောင်လုပ်နေတာပဲ!"
လုယန်က အပြာရောင်မျက်လုံးများနှင့် တန်းလင်ရဲ့မျက်လုံးကို အလေးအနက်ကြည့်လိုက်သည်။
သူက "ငါ မင်းကို ကြိုက်တယ်..အသိုက်ကို လက်ထပ်ပါ "
ဖြောင့်မတ်သောဂိုဏ်းရဲ့ တပည့်တွေက အော်ကြသည်။ "အသိုက်ကို လက်ထပ်လိုက်ပါ အစ်ကိုကြီး"
တန်လင်း သူဟာ အလွန်မိုက်မဲခဲ့တာပဲ။ တစ်ချိန်တည်း ငိုလည်းငိုချင်သလို၊ ရယ်လည်းရယ်ချင်နေသည်။
"အဲ့တာ ငါပေါ့! ငတုံးကောင်"
လုယန်က ပြုံးပြီး ဖက်လိုက်သည်။
"ဒါဆို မင်း လက်ခံရဲ့လား"
တန်လင်းက လည်ပင်းကို ဖက်လိုက်ရင်း တိုးတိုးပြောသည်။
"ငါ လက်ခံတာပေါ့"
[၅]
ငါအဲ့နေ့တည်းက လက်ခံခဲ့တာ မဟုတ်လား?
ငတုံးကောင်။
Thank You
4,4,2020

Коментарі