Part( 2)
Unicode
ငါးနှစ်ကြာပြီးနောက်.
တက္ကသိုလ်ပရဝုဏ်အတွင်း မိန်းအဆောက်အဦးမှ ကျောပိုးအိတ်အညိုရောင်လေးကိုလွယ်ကာ လက်တစ်ဖက်၌ laptop အိတ်ကို ဆွဲကာ ပြေးထွက်လာသောမိန်းကလေးတစ်ယောက်။ တစ်လက်မမြင့်သောဒေါက်ဖိနပ်ကြောင့် သူမပြေးလိုက်တိုင်း ဖိနပ်နှင့်ကြမ်းခင်းတို့ထိသည့်အသံတို့ညံနေလေသည်။မိန်းဆောင်၏လှေကားရင်း၌ ထိုင်ပြီးစကားဖောင်ဖွဲ့နေကြသော ကျောင်းသူတစ်ချို့မှာ သူမကိုလှည့်ကြည့်လာလေသည်။ ကာယကံရှင်သူမမှာတော့ မည်သူ့ကိုမျှ ဂရုမထားနိုင်။ မကြာခဏ ချော်လဲနေကျ မိန်းလှေကားမှာတော့ သူမအရှိန်လျော့လိုက်ရပေသည်။ လှေကားဆင်းပြီးသည်နှင့် အရှိန်တင်ရင်း ပြေးရလေတော့သည်။ ဘေးဘီကိုလည်းမကြည့်နိုင်တော့သလို အရှေ့သို့သာရှေးရှုပြေးနေရတော့သည်။ သူမရဲ့ဝဲဘက်ကနေ လူတစ်ယောက်မှာ အနောက်ဘက်ကိုစကားလှည့်ပြောရင်းပြေးလာသော လူတစ်ယောက်နှင့် လမ်းဆုံတွင် ဝင်တိုက်မိတော့သည်။ ဝင်တိုက်မိသောလူက သူမကိုဖေးမပေးနေပေမဲ့ သူမဘာကိုမျှဂရုမစိုက်နိုင်တော့ပေ။
"မင်းအဆင်ပြေရဲ့လား ငါမမြင်..."
စကားတစ်ခွန်းမျှပင်ပြန်မပြောနိုင်လောက်အောင် သူမအလျင်လိုနေတာကြောင့် ဘေးတွင်ကျနေသောlaptop အိတ်ကိုဆွဲကာ ပြေးရပြန်တော့သည်။
နောက်ဆုံးမှာတော့ သူမအတန်းထဲကို အချိန်မီရောက်ခဲ့ပြီဖြစ်သည်။ နေရာတွင် ဝင်ထိုင်ရင်းအမောဖြေနေမိသည်။ သူမအမောဖြေနေစဥ် သူငယ်ချင်း နေမင်းဆက်၏ စကားကြောင့် အမောပိုရတော့သည်။
"ဆရာမနင့်roll နံပါတ်ကို ခေါ်တာကျော်သွားပြီ နင် absence ဘဲ"
" တကယ်လား"
"ငယ် နင်ဘာလို့သူ့စကားကိုသွားယုံနေရတာလဲ အခုလည်းသူ့စနက်ကြောင့် နင်မိန်းဆောင်ကနေပြေးလာရပြီမလား "
သက်ထားမေပြောတော့မှ အကျီစားသန်လွန်းသည့် နေမင်းဆက်အကြောင်းကို အခုမှ သတိပြုမိတော့သည်။
"ငယ်ကလည်း စိတ်ဆိုးမဆိုးပါနဲ့ Poweroint အဆင်ပြေလား နင်ပင်ပန်းသွားပြီ presentation အတွက်စိတ်မပူနဲ့ အကိုကြီးနေမင်းဆက်က အတန်းသားတွေကို ဝိုးခနဲနေအောင်ဖြစ်သွားတဲ့အထိရှင်းပြလိုက်မယ်"
သက်ထားမေကတော့ မလွယ်ဘူးဟူသည့် အကြည့်ဖြင့် မျက်စောင်းထိုးလေတော့သည်။ ပြောနေသူ နေမင်းဆက်မှာတော့ သက်ထားမေရဲ့ မျက်စောင်းကိုမြင်တာတောင်မမှုဘဲ ဆက်လက်လေပေါနေတော့သည်။ သူတို့နှစ်ယောက်ကိုကြည့်ရင်း အရယ်မပျက်နိုင်တော့ပေ။
အတန်းချိန်ပြီးသည်နှင့် ကန်တင်းသို့ ဆင်းလာခဲ့တော့သည်။ ခုံနေရာရွေးရင်း လူတစ်ယောက်ရဲ့ အော်ခေါ်သံကြောင့် လန့်သွားမိသည်။ အသံလာရာနောက်ဘက်သို့ လှမ်းကြည့်တော့ သူတို့ဘေးက ဝိုင်းကို လာထိုင်ဖို့ညွှန်ပြနေလေသည်။ မသွားဖို့ သက်ထားမေကိုပြောမည်ဟု ရှေ့ကိုပြန်လှည့်လိုက်သော်လည်း ချစ်ရသော သူငယ်ချင်းနှစ်ယောက်မှာ မိမိကိုထားခဲ့ပြီး သူ့ထက်ငါအရင် ပြေးတော့သည်။ ထိုသူက ဘယ်သူမှန်းမသိပေမဲ့ သက်ထားမေတို့တော့သိမည်ထင်သောကြောင့် သူတို့နဲ့အတူ ထိုလူစိမ်းခေါ်သည့် ဝိုင်းတွင်နေရာယူလိုက်တော့သည်။
"မေ ငါတို့ကိုလှမ်းခေါ်တဲ့အကိုကြီးဘေးမှာ ထိုင်နေတဲ့သူက နာမည်ကြီးနေတဲ့ အကိုကြီးမလား"
"နေနေ နင်ကလည်း ငြိမ်ငြိမ်ထိုင်စမ်းပါဟဲ့ လက်မှတ်တောင်းကြမလား"
"ဟဲ့မေ သူက အနုပညာရှင်မှမဟုတ်တာ ဘယ်လိုလုပ်လက်မှတ်ထိုးပေးမှာလဲ ငတုံးမေ"
"နေနေကလည်း "
သူငယ်ချင်းနှစ်ယောက်ရဲ့ တိုးတိုးနဲ့တွတ်ထိုးနေသည်မှာ စားပွဲထိုးပင်ပြန်တော့ပေမည်။ ထို့ကြောင့် သူငယ်ချင်းကောင်းပီသစွာနဲ့ဘဲစားနေကြသာ မှာလိုက်ရတော့သည်။သို့သော်လည်း အစားအစာ ရောက်သည်ကိုတောင်မသိသည်အထိ ငေးကောင်း တွတ်ထိုးလို့ကောင်းနေသည့် သူငယ်ချင်းနှစ်ယောက်အား
"နေနေ နဲ့ မေ စားကြဦးမှာလား"
အစားအသံကြားမှသာ နှစ်ယောက်လုံး တစ်ဘက်ဝိုင်းကိုကြည့်နေသောအကြည့်တို့ကိုရုတ်လိုက်တော့သည်။ အစားအစာ အဆင်သင့်ရောက်နေတာတောင် မကျေနပ်နိုင်ကျသည့် သူတို့နှစ်ယောက်မှာတော့ သူတို့တွတ်ထိုးနေတာကိုနှောင့်ယှက်ခံရသောကြောင့် သူတို့ရှေ့ရောက်နေသည့် ထမင်းကြော်ကို ရန်သူအလားကြည့်ကာ စားနေတော့သည်။ နှစ်ယောက်မှာ ပုံမှန်အချိန်သာမတည့် အဆင်လေးတွေငေးမည်ဆိုရင် တည့်တတ်ကြသည်သာ။
"Hi"
နေမင်းဆက်မှာ မိမိကောင်ချောလေးတွေကိုငေးရင်း အတင်းပြောနေရာမှ ငယ်ကြောင့် ထမင်းလှည့်စားနေရပေသည်။ သိပ်ကျေနပ်သည်မဟုတ်။ ထိုစဥ် ငယ်ဘေးဘက်မှ ခုံဆွဲသံနှင့်အတူ နှုတ်ဆက်သံကြောင့် နေမင်းဆက် ဒေါသထွက်ပြီးရန်တွေ့ဖို့ပြင်ရင်း လှမ်းအကြည့်
"မင်း.."
". ..."
"အာ ကိုမောင်ဖုန်းခန့်ထည်သော် "
နေမင်းဆက်မှာ အံ့သြသည်လည်းအံ့သြရင်း ဘေးက သက်ထားမေကို တံတောင်ဖြင့်ထိုးဖို့လည်းမမေ့ပေ။
"အကိုဖုန်းခန့်ထည်သော် ဘာများဖြစ်လို့လဲဟင်"
နေနေမှာ ဆက်တိုက် မေးနေသော်လည်း ဖုန်းခန့်ထည်သော်မှာ သူ့ဘက်သို့တစ်ချက်ပင် အကြည့်မရောက်ပေ။ ထမင်းကြော်စားနေသော သူမကိုသာ နက်ရှိုင်းနက်မှောင်သော အကြည့်တို့ဖြင့် စိုက်ကြည့်နေတာကြောင့်
"အကို ညီမကိုပြောစရာများရှိလို့လား"
"မင်းနာမည် ငါ့ကိုပြောပြ"
"ဟုတ် ညီမက ဆူးလင်းလက် ပါ ပထမနှစ် စာရင်းအင်းမေဂျာကပါ"
စကားဆုံးသည်နှင့် ရုတ်တရက်ပြုံးလာသော ထိုလူ၏အပြုံးမှာ သိပ်ကိုလှပလင်းလက်လွန်းသည်။ သို့ပေမဲ့ ထိုအထဲတွင် သိပ်ကိုလျှို့ဝှက်နက်နဲလွန်းသော အရာတစ်ခုလည်းပါနေပေသည်။
သေချာအကဲခတ်နေသော ရှေ့မှကောင်မလေးကိုကြည့်ပြီး ဖုန်းခန့်စနောက်ချင်လာပေသည်။
"အကိုက ဖုန်းခန့်ထည်သော်ပါ တတိယနှစ် စာရင်းအင်းမေဂျာကဘဲ"
စာရင်းအင်းဆိုသည့် စကားကြားသည်နှင့် မျက်လုံးများဝိုင်းစက်သွားသည့် ထိုကလေးမလေးက ယခင်က သံသယမျက်ဝန်းများပင် ပျောက်ကွယ်သွားလုသည့်တိုင်ပင်
"အကိုက စာရင်းအင်းလား ကောင်းလိုက်တာ"
သူတကယ်နားမလည်နိုင်တော့ပါ။ ဒီကောင်မလေးဘာကြောင့် မေဂျာအကြောင်းသိတာနဲ့ ဒီလောက်ထိ ပြောင်းသွားတာပါလိမ့်။
"ညီမတို့သူငယ်ချင်းတချို့က မေဂျာပြောင်းလျှောက်လို့ရတယ်ဆိုလို့ လျှောက်ချင်နေကြတာ စာရင်းအင်းကတအားခက်တယ်ဆိုလို့ ဒါပေမဲ့ ညီမက စာရင်းအင်းအကြောင်းတောင်သေချာမသိဘဲ မပြောင်းချင်လို့ အကို့ကို အဲ့မေဂျာအကြောင်းမေးလို့ရမလားဟင် "
ဒီကောင်မလေး သူမဟုတ်သလိုပင် စကားတွေအများကြီးကို မနားဘဲ စိတ်လှုပ်ရှားနေသည့် ပုံစံဖြင့်ဆက်တိုက်ပြောသွားခဲ့သော်လည်း တက်ကြွပျော်ရွှင်နေပုံရသည့် ကလေးဆန်ဆန်မျက်လုံးလက်လက်လေးကိုသာ ကျွန်တော်အာရုံရောက်နေမိသည်။
"ရတာပေါ့"
"တကယ်လား ညီမ အချိုရည်ဝယ်တိုက်မယ်လေ အကိုကြိုက်တာမှာနော်"
နေမင်းဆက်မှာ ငယ့်ရဲ့ပုံစံပြောင်းသွားသည်ကို အစအဆုံးဘေးမှကြည့်နေခဲ့သည်။ မနေနိုင်တော့တာကြောင့်
"မေ ငယ့်ကိုဘယ်လိုလုပ်မလဲ အကိုဖုန်းခန့်မို့ ဒီတိုင်းလွှတ်ထားလို့ရပေမဲ့ တခြားမကောင်းတဲ့ကောင်တွေကသာ ငါတို့ငယ်လေးကို အဲ့လိုလာရောရင် ပြဿနာဘဲ "
နေနေပြောသည်မှာမမှား။ ငယ်က သိပ်ကိုရိုးလွန်းတယ်။ ရည်းစားတစ်ယောက်တောင်မထားဖူးတဲ့ငယ်က သူ့ကိုကြိုက်တဲ့လူမရှိလို့ဟုသာ သိနေသူ။ အမှန်က သူ့ကိုလာကြိုက်တဲ့ကောင်တွေက ငယ့်ကို မာနကြီးလွန်းလို့ဟု ငယ့်အကြောင်းမကောင်းတာအကုန် မဟုတ်မမှန်ချဲ့ထွင်ပြီး ရပ်သွားကြသည်သာ။ တချို့မှာ ငယ့်ကိုအပုတ်ချဖို့သက်သက်ဖြင့် ချည်းကပ်လာကြသည်သာ။ ထို့ကြောင့်ငယ့်ကိုစိတ်ပူနေသည့် နေနေကို မေနားလည်နိုင်သည်။
"နေနေ ငါတို့ အကိုဖုန်းခန့်အကြောင်းသေချာထပ်စုံစမ်းထားတာကောင်းမယ်"
"အေး ငါလည်းအဲ့လိုတွေးတယ် ငယ်က ဒီအတိုင်းဘဲ သူမသိချင်တာရှိလို့စကားပြောလိုက်ပေမယ့် ဟိုက ရေလာမြောင်းပေးတယ်လို့ထင်သွားရင် ငယ့်အတွက်မကောင်းဘူး "
ဖုန်းခန့်မှာ မေးခွန်းတွေတစ်ခုပြီးတစ်ခုဆက်တိုက်မေးနေသော ကောင်မလေးကြောင့်
"နောက်အပတ်ကျရင် major welcome ရှိတယ် အဲ့မှာ မေဂျာအကြောင်းဆရာမတွေပြောလိမ့်မယ် အဲ့ဒါကိုနားထောင်ပြီးညီမ မရှင်းရင် အကို့ကိုထပ်မေးပေါ့ "
"ဟုတ်"
အခုလိုပြောပြပေးမယ့်သူတွေ့တော့ စိတ်ထဲအတော်ပျော်နေမိတာအမှန်ပင်။ မိမိရွေးချယ်မှုမမှားတာ တစ်ဝက်သေချာနေပေပြီ။ ကျန်တစ်ဝက်ကိုတော့ မေဂျာဝဲလ်ကမ်းအပြီးမှ ဆုံးဖြတ်လည်း နောက်မကျသေးပေ။
"အကိုဘာမှ မမှာတော့ဘူးလား"
မေးချင်ရာမေးပြီးနောက်မှာတော့ အလှဆုံးပြုံးပျော်နေတဲ့ ထိုကောင်မလေးက ချောမောလှပနေသာ့် မိန်းမပျိုတစ်ယောက်မဟုတ်ပေမယ့်လည်း သူမပုံစံလေးနှင့် သူမ ချစ်စရာကောင်းပေသည်။
"မမှာတော့ပါဘူး "
အခုမှ သတိရမိတာကြောင့် ချက်ချင်းမေးမည်ပြင်လိုက်သော်လည်း နေနေက အရင်မေးလိုက်သည်ကြောင့်
"အကိုဖုန်းခန့် လာရင်းကိစ္စကဘာများလဲဗျ အခုငယ်ကဘဲ မေးခွန်းတွေမေးနေတော့ အကို့ကိုအားနားလို့ပါဗျ"
ဖုန်းခန့် ထိုကောင်လေးကိုကြည့်ရင်း အပြုံးဖြင့်သာဆိုလိုက်သည်။ စကားကိုကြည့်ကောင်းအောင်ပြောလိုက်ပေမယ့် တကယ်ကအဲ့လိုမဟုတ်တာကို အတပ်သိပါသည်။
"အကိုက ဆူးလင်းလက်ကို အဆင်ပြေရဲ့လားလို့မေးချင်လို့ပါ"
ဘာကြောင့် အခုလိုမေးချင်တာလဲမသိပေမဲ့ အကိုဖုန်းခန့်ရဲ့စကားကိုတကယ်နားမလည်ပေ။
"ဟို ဘာကိုလဲဟင်"
"အာ မမှတ်မိဘူးထင်တယ် မနက်က မိန်းဆောင်လမ်းမှာ ဝင်တိုက်မိတယ်လေ အကိုကဘာမှမဖြစ်ပေမဲ့ မင်းများ တစ်ခုခုဖြစ်သွားသေးလားလို့ ကိုယ်မေးတာပြန်မဖြေသွားဘဲအလျင်လိုနေလို့လေ"
မနက်ကဝင်တိုက်တာ ဒီအကိုဖြစ်နေသည်ပင်။ ဟိုကစကားပြောတာကိုတောင် ပြန်မဖြေခဲ့မိတာနဲ့ပင် ရိုင်းရာကျသွားပြီ၊ အခုတော့စီနီယာဖြစ်နေပြီဆိုတော့။ တကယ်ကို အပြစ်သားကြီးဖြစ်နေပြီ။တကယ်လို့မကျေနပ်လို့လာတာဆိုရင် ဒုက္ခဘဲ။ဘယ်လိုလုပ်ရပါ့မလဲ။
"အယ် ဟို ညီမကအဆင်ပြေပါတယ် စကားပြန်မပြောခဲ့တာက ပြေးလာရတော့မောနေတာကော နောက်ကျနေလို့ အလျင်လိုနေတာကောကြောင့်ပါနော် ညီမ ရိုင်းသွားရင်ခွင့်လွှတ်ပါနော်"
ချက်ချင်းကို ငြိုးငယ်ကြောက်ရွံ့သွားသည့် သူမပုံစံလေးက ခုဏက ယုံကြည်မှုအပြည့်နဲ့ ပျော်နေပြုံးနေသည်နှင့် လုံးဝတခြားစီပင်။ အပြစ်သားတစ်ယောက်လို လုံးဝကြောက်ရွံ့နေပြီး အပြစ်ပေးမည်ကို တအားကြောက်နေသည့်ပုံပင်။ ထိုကောင်မလေးရဲ့ ယခုလိုပုံစံကိုသူလုံးဝမကြိုက်ပါ။ သူမလေးကို ယခုလိုမဖြစ်စေချင်ပေ။
"ရပါတယ်ဗျာ အဲ့လောက်ထိမလိုပါဘူး အကို့အမှားလည်းပါတာကို ညီမဘက်ကဘဲမှားတာမဟုတ်တာကြောင့် အဲ့လောက်ထိမလိုဘူးနော် ဟုတ်ပြီလား"
"ဟုတ်"
နေနေမှာတော့ သက်ထားမေရဲ့ အထုထောင်းကိုခံလိုက်ရပေပြီ။ သူ့ရဲ့စနက်ကြောင့် ငယ်အခုလိုဖြစ်ခဲ့ရတာကို နည်းနည်းလေးမှ မရိုက်လိုက်ရရင် မေငယ့်ရဲ့သူငယ်ချင်းမဖြစ်ထိုက်ဘူး။ ကြာရင် ငယ်ပိုပြီးမနေတတ်ဖြစ်တော့မှာသိတာကြောင့်
"ကျွန်တော်တို့သွားတော့မယ်နော် အကိုဖုန်းခန့်"
"အင်း ဘိုင့်ဘိုင်"
ပိုက်ဆံအမြန်ရှင်းပြီး ထိုကောင်မလေးကိုဆွဲခေါ်သွားသည့် သူငယ်ချင်းနှစ်ယောက်မှာ ယခုထိတိုင် ဆွဲလိုက် ရန်ဖြစ်လိုက်နဲ့ပင်။တကယ်ကိုလိုက်ဖက်သည့် သူငယ်ချင်းသုံးယောက်ပင်။
"ဟေ့ကောင် ငဖုန်း မင်းဂျူနီယာလေးကိုသွားကြောင်နေတာလား"
Zawgyi
ငါးနှစ်ကြာပြီးနောက်.
" တကယ်လား"
"နေနေကလည်း "
"Hi"
"မင်း.."
". ..."
"ရတာပေါ့"
"ဟုတ်"
"မမှာတော့ပါဘူး "
"ဟို ဘာကိုလဲဟင်"
"ဟုတ်"
"အင်း ဘိုင့်ဘိုင်"