အခန်း(၁) တွေ့ဆုံခြင်း
အခန်း(၁) တွေ့ဆုံခြင်း
အခန်း(၂) ရင်ခုန်သံ အစပျိုးခြင်း
အခန်း (၃) ရင်ခုန်သံအစပျိုးခြင်း
အခန်း(၂) ရင်ခုန်သံ အစပျိုးခြင်း
"တီချယ် တီချယ်ဖြူ တီချယ့်ရဲ့သား ကျောင်းသားကဒ်ပြုတ်ကျကျန်ခဲ့လို့ သမီးလာပေးတာ"

"အော် သမီးရေ ကျေးဇူးပါပဲကွယ် ဒီကောင်လေး ဘာတွေစပ်စလူးထပြီး ကျခဲ့ပြန်ပြီလဲမသိဘူး"

"တီချယ်ကိုကြုံတုန်းပြောရအုန်းမယ်။ တီချယ်စိတ်တော့မဆိုးပါနဲ့နော်။"

"ပြောလေသမီး စိတ်မဆိုးပါဘူးကွယ်။ပြောစရာရှိတာသာပြော။"

"တီချယ့်သားကလေ ကျောင်းသားကဒ်ပြုတ်ကျတာတွေ့လို့ ပွင့်ကလိုက်ပေးတာကိုသူ့ကို လာကြောင်ပါတယ်ဆိုပြီးပြောတယ်။ပြီးတော့ အူကြောင်ကြောင်နဲ့တဲ့
အဲ့လိုပြောတယ် တီချယ်"

ဒေါ်ဖြူစင်မောင်လေး မျက်ရည်လေးဝဲတဲတဲနဲ့ပြောနေတဲ့ ကျောင်းသူလေးကိုကြည့်ပြီး အာနာနာနဲ့ ဘာပြောလို့ပြောရမှန်းမသိဖြစ်နေ၏။ဒီကောင်လေးကလဲ သူ့ဟာသူဘာတွေဘဝင်မြင့်နေမှန်းမသိပါဘူး။သူ့နားကပ်သမျှကောင်မလေးတွေကို ချေချေလွှတ်နေတာ။လူပျိုကြီးဖြစ်တော့မှာလားမသိပါဘူး။

"အေးပါ သမီးရယ် တီချယ်အိမ်‌ပြန်ရောက်မှ ဒီကောင်လေးကို ကောင်းကောင်းဆူပေးမယ်နော်။ ကျေးဇူးလဲတင်တယ်နော်သမီး။မငိုနဲ့တော့သလား။"

"အီးးးဟုတ် တီချယ် ဟင့်"

ချော့လိုက်မှဝမ်းနည်ပက်လက်နှပ်ချေးထွက်အောင် ငိုနေသော ကျောင်းသူလေးအားကြည့်ပြီး ဒေါ်ဖြူစင်မောင်လဲ ပိုပြီးအားနာလာသည်။ဟိုကောင်လေးတော့ လူကြားထဲ အော်ခဲ့တာထင်တယ်"

"သမီးသွားတော့မယ် တီချယ်"

"အော် အေး သမီး သွားသွား ဒါနဲ့ သမီးမျက်နှာက မျက်ရည်တွေနဲ့ နှပ်ချေးတွေ သုတ်သွားဦးနော် အဟင်း"

"အီးးး ဟုတ် တီချယ် တစ်ရှုးလေးတစ်ရွက်လောက်ပေးပါလားဟင် သမီးမှာအိတ်မပါလို့"

"အော် အေးအေးရတယ်သမီး တစ်ထုပ်လုံးယူသွား သမီး သနပ်ခါးပြန်လိမ်းအုံးမလား"

"ရပြီ တီချယ် သမီးသွားပြီနော်"

"အေးအေး"

ရှိုက်ရင်း ပြန်သွားသော ကျောင်းသူလေးအားကြည့်ရင်း
တီချယ်ဖြူတစ်ယောက် သက်ပြင်းသာချမိတော့သည်။
အိမ်ကကောင်လေးကလဲလေ စာလေးကလဲတော် ရုပ်လေးကလဲ ချောနေတော့ ဒင်းကမြောက်‌ကြွမြောက်ကြွဖြစ်နေတာ။

ဇာနည်နဲ့ ထွဋ်လဲ အတန်းပြီးလို့ ကန်တင်းသို့ ထွက်လာကြသည်။

"ဗုဒ္ဓ မြတ်စွာဘုရား အိပေါ်နဲ့ ကျန့်ကောညား"

"ဟေ့ကောင်ဇာနည် ခဲလုံးကြီးပြူးနေတာ မမြင်ဖူးလားကွ ညီညီနောက်ကျောက မျက်လုံးပြန်မဖြုတ်ခဲ့ဖူးလား"

"တောက် ဘယ်သူက ငါ့လိုစော်ကြည်ဘဲကို အတင်းပြောနေလဲ မသိဘူးကွာ"

"အော် ကိုယ့်ဘာသာ ကန်းရင်ကန်းတယ်ပေါ့ကွာ သူမျသွားလွှဲချသေး"

"ဘာဖြစ်လဲကွာ မင်းကိစ္စလား"

"မင်းယောင်တာကလဲ အဆန်းပါလား အာ့ဘယ်သူတွေလဲ"

"အေး အဲ့ကားအကြောင်းပြောပြမလို့။အရမ်းကောင်းတယ် ဟျောင့်ရေ။တရုတ်ကား ဟီး မင်းသားတွေကလဲ ချောတာကွာ ငါဆို ကျောင်းနှစ်ရက်ပိတ်တာ အပြီးထိ တစ်ခါတည်းကြည့်ပစ်တာ။ကောင်းမှကောင်း"

"ဟေ ဟုတ်လား ကားနာမည်ကဘာလဲကွ"

"မင်းဖုန်းပေး ငါရှာပေးမယ်"

"ရော့"

"T h e U n t a m e d အက်ကားပဲ"

ဇာနည်လဲ ကားနာမည်ကို ရေးပြပြီး ကန်တင်းထဲက

ထမင်းဆိုင်မှာ ဝင်ကာ အစွန်ဆုံးစားပွဲတွင် ဝင်ထိုင်လိုက်သည်။ကျောင်းဆင်းချိန်မို့ လူများလှသည်။လူရှုပ်နေတာတွေမကြိုက်တာမို့ ထိုင်တဲ့သူနည်းတဲ့ အစွန်ဘက်ကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။

"ဟေ့ကောင် သည်အန်တမက်က reviewတွေလဲကောင်းတယ်ကွ"

ထွဋ်ရဲ့ အားရပါးရပြောစကားကြောင့် ဇာနည်တစ်ယောက် သောက်လက်စရေပင်သီးလေပြီ။

"ဘာ ဘာကြီးရယ် သည်အန်တမက် ဟုတ်လားထွဋ်"

"အင်းလေ Theသည် unအန်taတmedမက် ဟုတ်တယ်မလား ဟားဟား ဒီလောက်ကတော့ ငါသိပါတယ်ကွ။"

ဇာနည်လဲ စာလုံးတွေပါပေါင်းပြနေသော အူကြောင်ကြောင်ထွဋ်အားကြည့်ပြီး ထိန်းမထားနိုင်တော့ပဲ အော်ရယ်မိလေသည်။

"ဟား ဟား ဟား သည်အန်တိန်းတော့လုပ် သည်အန်တိန်း။ တော်သေးတာပေါ့ ငါ့ရှေ့မို့လို့ အခြားသူတွေရှေ့သွားမပြောနဲ့ မင်းကိုလှောင်လိမ့်မယ်ကွ ဟားဟား"

ဇာနည်ရဲ့ အားရပါးရအပြောကြောင့် ကန်တင်းတစ်ခုလုံးရှိလူများက ဝိုင်းရယ်ကြကုန်သည်။ဇာနည်လဲ အဲ့အချိန်မှ ဘေးပတ်ဝန်းကျင်ရှိ လူများကို သတိထားမိပြီး ဟိဟိလောက်သာ ရယ်နိုင်တော့သည်။အရှေ့မှာထိုင်နေတဲ့ ငထွဋ်ကတော့ မျက်နှာကြီးနီရဲကာ ဇာနည့်အား အံ့ကြိတ်ပြီး မျက်လုံးပြူးပြနေတော့လေသည်။

ထိုနေ့မှစ၍ ထွဋ်နေလင်းကိုကိုဟူသောနာမည်ပျောက်ကာ သူရဲကောင်းဇာနည်၏ကောင်းမှု့ဖြင့် သည်အန်တမက်ဟူသော နာမည်ပြောင်ကို ငထွဋ်တစ်ယောက်ရရှိလေတော့သည်။

"ဟင် မာမီ အစောကြီးပြန်ရောက်နေတာလား"

"အေး ကောင်လေး မင်းဒီနေ့ဘာတွေလုပ်ထားသေးလဲ"

"အာ မာမီကလဲ ဘာမှမလုပ်ပါဘူး သားသားက ထွဋ်ကိုစလိုက်တာပဲရှိတယ်"

"သေချာတယ်နော်"

"သေချာပါတယ် မာမီရဲ့ အရမ်းသေချာတယ်"

"ဒါဆို ဒါကဘာလဲ"

"အော် မာမီကလဲ ဒါလေးတောင်မသိဘူးလား ကျောင်းသားကဒ်လေ ဟဲဟဲ"

"မင်းသေချာကြည့်စမ်း သေချာကြည်"

ဒေါ်ဖြူစင်မောင်လဲ အူလည်လည်လုပ်နေသော သားတော်မောင်အား ကြည့်မရချင်တော့ပေ။

"ဟာ မာမီ ဒါသားသားရဲ့ ကဒ်ပဲ မာမီကဘာလို့ယူသွားတာလဲ။သားသားမှာတော့ ပျောက်ပြီထင်ပြီး ကျောင်းသားရေးရာကို သွားမလို့စဉ်းစားနေတာ။"

"မင်းကဒ်ကို မာမီကယူပြီးဘာလုပ်ရမာလဲ သားသားရယ် မင်းကျခဲ့လို့ ကျောင်းသူလေးက မင်းကိုလိုက်ပေးတာ မင်းအော်လွှတ်လိုက်တာဆို ဟုတ်လား။"

"ဟာ မဟုတ်ပါဘူး မာမီရာ သားသားကို သူက ဒီဟာတွေဟိုဟာတွေ လာပြောနေလို့ ငါနင့်ကိုမကြိုက်ဘူးလို့ပဲပြောလိုက်တာ။အော်မလွှတ်ပါဘူး။မာမီ့ကို အဲ့ကလေးမက အက်လိုပြောတာပေါ့ ဟုတ်လား။တွေ့အူးမယ် ပေါက်ကရတွေလျှောက်ပြောသွားတဲ့ တရုတ်သရဲမ"

"မင်းအမေက တက္ကသိုလ်က ပါမောက္ခတစ်ယောက်နော်
မင်းအပြောအဆိုဆင်ခြင်အုံး။သူများသားသမီးကို ဘာတရုတ်သရဲမလဲ။"

"မာမီကလဲ သူကမှ ဖွေးစွတ်နေတာကို နှုတ်ခမ်းနီက အနီရောင်ကြီးနဲ့ လိုက်မှန်းမသိ မလိုက်မှန်းမသိနဲ့"

"မင်းဟာလေ ပြောလေဆိုးလေပါလား ဘာပဲဖြစ်ဖြစ်မနက်ဖြန် အဲ့ကလေးမကို ပြန်တောင်းပန်ပြီး ကျေးဇူးတင်စကားပြောလိုက် ကြားလား မဟုတ်လို့ကတော့ မုန့်ဖိုးဖြတ်မယ် ကြားလား ‌"

"ဟုတ် အာ့ဆို သားသားသွားနားတော့မယ်။"

ဇာနည်လဲ မကျေမနပ်နဲ့တီးတိုးရေရွှတ်ရင်း မာမီရှေ့မှထွက်လာလေသည်။

"ဟင်း မာမီမပေးလဲ ဒယ်ဒီ့ဆီကတောင်းမှာပေါ့ သွားမတောင်းပန်နိုင်ပါဘူး ကဒ်လဲပြန်ရပြီပဲကို ငါ့လိုအချောလေးနဲ့ ဂွင်ဖန်ချင်လို့ ဉာဏ်ဆင်နေတာပဲနေမယ်။"

"သားသား မင်းပြောနေတာတွေ ငါကြားရတယ်နော်ဟင်းဟင်း မင်းဒယ်ဒီက ငါ့တစ်ခွန်းပဲနော် သွားရေချိုးတော့ ပွစိပွစိပြောမနေနဲ့။"

"ဟုတ်ကဲ့ပါ"

ဇာနည်လဲ အခန်းထဲပြန်လာပြီး မကျေမနပ်နဲ့ ရေတွေကို ရန်လုပ်ရင်း ရေနဲ့သတ်နေလေတော့သည်။

ဒေါက် ဒေါက် ဒေါက်

"သားသား ထမင်းစားမယ် မင်းဒယ်ဒီပြန်လာပြီ"

"ဟုတ် မာမီ လာပြီ"

ထမင်းစားခန်းတွင်လဲ မာမီ့ရဲ့ ဆည်းလည်းသံကိုကြားရပြန်ပြီ။ဆည်းလည်းသံဆိုလို အကောင်းထင်မနေနဲ့။ကျွန်တော့်အကြောင်း ဒယ်ဒီ့ကိုပြန်ပြောပြနေတာ။ဒယ်ဒီကလဲ သူ့မဟေသီပြောသမျှ ခေါင်းတငြိမ့်ငြိမ့်နဲ့ ပြုံးပြီးနားထောင်နေပါတယ်။အမယ် ကျွန်တော်ဝင်လာတာတွေ့ရက်နဲ့တောင် ဆက်ပြောတုန်းဗျာ။

"အဟင်း မာမီ သားသားလာပြီလေ။ သားသားရှေ့မှာတော့ သားသားအကြောင်းမပြောဘူးမလားဟင်။"

"မင်းပြောနေတာမှမဟုတ်တာ။ ငါ့ဘာသာငါ့ယောင်္ကျားကိုပြောနေတာ။နော့ ယောင်္ကျားရယ်။"

"အင်း ဟုတ်တယ် မင်းငါ့မိန်မကို ဘာမှဝေဖန်စရာမလိုဘူးနော် ဟင်း ကြပ်ကြပ်သတိထား။"

‌ဒယ်ဒီစကားအဆုံးမှာ မာမီ့ရဲ့ ဂုဏ်ယူလုပ်ပြုံးကြီးကို ကျွန်တော်ရရှိလိုက်ပါတယ်။ အော် ဘဝ ဘဝ နေအူး။ငါကောင်မလေးချောချောလေးရမှ အိမ်ကို ထမင်းစားခေါ်လာအုံးမယ်။အဲ့အချိန်မှ ပြန်ချေမိုးပြမယ်။

"ရော့ ယောင်္ကျားစား မိန်းမလက်ရာ ပုဇွန်ထုပ်ဟင်း ကောင်းရဲ့လား။အသီးအရွက်လဲ များများစား။ဒါမှ ကျန်းမာရေးနဲ့ညီညွှတ်မှာ။"

"မာမီ သားသားကိုလဲ ထည့်ပေးအူးလေ ဒယ်ဒီ့ပန်ကန်းထဲဟင်းတွေပြည့်နေပြီ"

"မင်းမှာ လက်ပါတာပဲ ထည့်စားပေါ့ မစားတက်ရင်ငတ်"

မာမီဒီနေ့ဘာဖြစ်လို့ ငါ့ပဲအော်နေရတာလဲ မသိဘူး။ဒယ်ဒီကလဲ နည်းနည်းပါးပါးဝင်မပြောဘူး။

ဒေါ်ဖြူစင်မောင်လဲ သားတော်မောင်ရဲ့ မှုံကုတ်စူပုတ်နေသော မျက်နှာအားကြည့်ပြီး မရယ်မိအောင် မနည်းထိန်းထားရလေသည်။ဦးမင်းမောင်လဲ ပြုံးစိစိနှင့် မိန်းမထည့်ပေးသမျှစားနေတော့သည်။

ဇာနည်လဲ စိတ်ပေါက်ပေါက်နှင့် ထမင်းဖြူများကိုသာ တလုတ်ပြီးတလုတ်ဝါးစားနေသည်။စိတ်ထဲတွင်လဲ မကျေမနပ်နှင့် ရည်းစားရရေးစီမံကိန်းအား ရေးဆွဲနေတော့သည်။

နောက်တစ်နေ့မနက် ကျောင်းသွားခါနီးတွင်

"မာမီ သားသားဆိုင်ကယ်က ဆီမရှိတော့ဘူး မာမီနောက်လိုက်မယ်နော်။"

"မာမီက ညနေကျနောက်ကျမှာ သားသားဘယ်လိုပြန်မှာလဲ။"

"ညနေကျ ထွဋ်ကို လိုက်ပို့ခိုင်းလိုက်မယ် နော်မာမီ"

"အေးပါ မင်းအဆင်ပြေရင် ပြီးတာပဲ လိုက်ခဲ့ ညနေဆီဝယ်ဖို့ မမေ့နဲ့ ကြားလား။"

"ဟုတ် မာမီ ဒယ်ဒီက အစောကြီးသွားတာလား"

"အေး ဥယျာဉ်ထဲသွားတယ်"(ဥယျာဉ်ဆိုတာ ခြံစိုက်တာပါနော် အသီးအနှံတို့ ရာဘာတို့ )

ကျောင်းရောက်တော့ ဗိုက်ဆာဆာနဲ့ ကန်တင်းသွားစားပြီး စာကြည့်တိုက်သို့ ထွက်လာခဲ့သည်။

"အမရေ ဟိုတစ်ခါ ကျွန်တော်မေးတဲ့စာအုပ် ပြန်ရောက်ပြီလားဗျ။"

ဖုန်းကြည့်နေသော စာကြည့်တိုက်စာရေးမက ကျွန်တော်အား တစ်ချက်မော့ကြည့်ပြီး ပြုံးပြလေသည်။

"ရောက်ပြီ ဇာနည် ဟိုဘက်ထောင့်က စင်ပေါ်မှာ"

"ဟုတ် "

ညွှန်ပြလိုက်တဲ့ စာအုပ်စင်သို့ သွားပြီး ကျွန်တော်လိုချင်သောစာအုပ်အား ရှာနေလိုက်သည်။

"ဟော ဟိုမှာတွေ့ပြီ"

"ဟာ"

"ဟိတ်"

ကျွန်တော်စာအုပ်ကို ဝမ်းသာအားရလှမ်းယူလိုက်စဉ်

လက်သွယ်သွယ်ဖြူဖြူရှည်ရှည်လေးတစ်ဖက်ကလဲ စာအုပ်အား လာကိုင်လေသည်။

"ဒီစာအုပ်က ကျွန်တော် အရင်အပတ်ကတည်းက ယူထားတာဗျ။"

ကျွန်တော်လဲ လူကိုမကြည့်ဘဲ လက်လေးကို ငေးရင်းပြောလိုက်လေသည်။

" အဟွန်း ဟုတ်ပါပြီ ဒါဆို ကျွန်တော်မလုတော့ပါဘူး

မောင်ရဲ့ "

ငိ ဘာလဲဟ င့ါကို မောင်တဲ့ ရူးများနေသလား။ဘယ်ကောင်က ငါ့ကိုဒီလိုခေါ်တာလဲဆိုပြီး ဒေါသတကြီးနှင့် လက်ဖြူလေးပိုင်ရှင်အား မော့အကြည့်

ဒိန်း ဒိန်း ဒိန်း(ရင်ခုန်သံ)

အား အပြုံးလေး ပါးချိုင့်လေး သွားစွယ်လေ နတ်သားလေးလား ငါနတ်ပြည်ရောက်နေတာလား။

ကျွန်တော်လဲ ကျွန်တော့်ရဲ့ရှေ့မှာ သွားစွယ်လေးတွေ ပါးချိုင့်လေးတွေ ခွက်နေအောင် ရယ်‌ပြနေသော နတ်သားလေးအား အားမနာပါးမနာငမ်းနေမိလေသည်။

"မောင် မောင် မောင် ကိုဇာနည်ခန့်မောင်"

"ဟင် ဘာလဲ"

အီ ရှက်လိုက်တာ ငါက ဘာလို့ယောင်္ကျားကြီးကို သွားငမ်းနေတာလဲ စိတ်တွေပြန်စုစမ်း ငမ်းနေတဲ့စိတ်တွေ ပြန်လာစမ်း

သူရိန်လဲ သူ့ရှေ့မှာ သူ့ကိုကြောင်ငေးနေသော အနှီးအကိုသေးသေးလေးအား စချင်လာသည်။

"မောင်က ကျွန်တော့်ကို ဘာလို့အရမ်းငေးနေတာလဲ ကျွန်တော်ရုပ်ဆိုးလို့လား"

"မဟုတ်ပါဘူး ဒီလောက်ချောတာကို"

အဲ သေစမ်း ဇာနည်ခန့်မောင် မင်းဘာတွေပြောနေတာလဲ

"အော် တော်ပါသေးရဲ့ မောင်က အရမ်းကြည့်နေလို့ ဘာများဖြစ်နေလို့လဲလို့"

"ချောလို့ကြည့်တာလေ ဘာဖြစ်လို့လဲ"

အားးးး ဇာနည်ရေ စိတ်ထိန်း စိတ်ထိန်းဟ ဆိုပြီး ကိုယ့်ပါးစပ်ကိုယ်ပိတ်ရိုက်နေမိသည်။

သူရိန်တစ်ယောက် သူ့အရှေ့မှာ သူ့ပါးစပ်သူရိုက်နေသော ပေါက်စအား ကြည့်ရင်း ပိုပိုပြီးစချင်လာမိသည်။

"နေပါဦး မင်းက ဘာကိစ္စနဲ့ ငါ့ကို မောင်လို့ခေါ်တာလဲ မင်းအကိုကျ ကိုကိုတဲ့ မင်းအကို ငါ့ထက်တစ်လငယ်တယ်။ငါ့ထက်လဲ တစ်လက်မပုတယ်။ငါ့လဲကိုကိုလို့ခေါ်။"

"ဟင်း သူကအိမ်ကခေါ်ခိုင်းလို့ခေါ်တာလေ မောင်ကကျတော့ ကျွန်တော်ခေါ်ချင်လို့ကို ခေါ်တာ"

အင်း ငါ့နာမည်ကိုက ဇာနည်ခန့်မောင်ဖြစ်နေတာကို ဒီလိုမှန်းသိ မာမီ့ကို ဇာနည်ခန့်ကိုလို့ ပြောင်းခိုင်းပါတယ်ကွာ ခုတော့ ဟင်း....

အရှေ့တွင် စဉ်းစားခန်းဝင်နေသော ပေါက်စအားကြည့်ရင်း ပိုပြီးရယ်ချင်လာသည်။

"အင်း ထားပါတော့ ငါ့နာမည်ကိုက ‌ဇာနည်ခန့်မောင်ဖြစ်နေတော့လဲ ဘယ်တက်နိုင်ပါ့မလဲ။

"မဆိုင်ပါဘူး နာမည်နဲ့ ကျွန်တော်ဘာသာ့ခေါ်ချင်လို့ခေါ်တာ"

"ဟမ် အော် အင်းအင်း ထားပါတော့ဆို ဒီစာအုပ်က ငါငှားထားတာ မင်းဖတ်ချင်ရင်သောကြာနေ့မှ ပြန်လာငှား

ငါလာအပ်မှာအဲ့နေ့"

"အိုကေ see u Fridayမောင် သွားပြီ ကျွန်တော့်ကို လွမ်းနေနော် "

"အင်း "

ငိ ငါကသူ့ကိုဘာလို့လွမ်းရမှာလဲ။

"မလွမ်းဘူး ငါကမင်းကို ဘာလို့လွမ်းရမှာလဲ ကောင်မလေးချောချောလေးလဲ မဟုတ်ပဲနဲ့။"

သူရိန်က အပြုံးမပျက်နဲ့ပင်

"မဟုတ်ပါဘူး စာအုပ်လာအပ်ဖို့မေ့နေမှာဆိုးလို့ပါ"

"မမေ့ဘူး စိတ်ချ"

"အင်း သွားပြီ "

သူသာအနားက ထွက်သွားတာ ကျွန်တော်ရင်တွေကတော့ ခုထိခုန်နေတုန်း ခုန်နေတာမှ သံစုံတီးဝိုင်းကြီးထက်တောင် ဆူညံသေးဗျာ

"ဒါဘယ်လိုခံစားချက်ကြီးလဲ ဒီကောင်လေး မိန်မချောချောလို့နေမှာပါ"

"အင်း ဟုတ်တယ် လှတာတွေ့ရင် အကုန်စိတ်လှုပ်ရှားကြတာပဲ"


Note.ပထမဆုံးအကြိမ်မို့ အရေးအသားမကောင်းရင်
     ခွင့်လွှတ်ပါ။ဖတ်ပြီးရင် ဝေဖန်ပေးပါအူးနော်။
    








© Ivory ,
книга «My Sweetness Joy».
Коментарі