အခန်း(၃) ရင်ခုန်သံအစပျိုးခြင်း
ခင်ဗျားသိလား ကျွန်တော်အခုတစ်လော ရင်တွေအရမ်းခုန်နေတာ။ကျွန်တော်နှလုံးရောဂါဖြစ်ချင်နေတာလားမသိပါဘူးဗျာ။မနက်ကျမာမီ့ကို ဆေးခန်းပြခိုင်းအူးမှပါပဲ။ရောဂါရင့်သွားလို့ ကုမရတော့ရင်ဒုက္ခရောက်မှာဗျ။
ခုဘုရားရှိခိုးပြီးအိပ်ဝေးဝဝအိပ်ရမယ် ဟုတွေးရင် ဘုရားခန်းသို့ပြေးကား ဦးသုံးကြိမ်ဒုန်းစိုင်းချပြီး အိပ်ခန်းသို့ ပြန်လည်ဝင်ရောက်လာသည်။
အိပ်ရာပေါ် ဝုန်းခနဲ့ခုန်တက်လိုက်ကာ စောင်ကိုခေါင်းပါလုံအောင်ခြုံလိုက်ပြီး အချစ်တော် ဖက်လုံးကိုပါစောင်ခြုံပေးထားလိုက်သည်။
သို့သော် အိပ်မပျော်နိုင်၍ ၁ ၂ ၃ ၄ ၅ရေတွက်နေလေသည်။ရေတွက်နေရင်း မျက်လုံးများက အိပ်စက်ခြင်းဆီသို့တဖြည်းဖြည်းရောက်ရှိလာသည်။
"ခေါ ခလူး ခူးခူးခူးခူးခူး"(ဟောက်သံ)
"အင်းးးးး ပူလိုက်တာ မွန်းကြပ်လိုက်တာ ဘယ်ကောင်က ငါ့ကိုတက်ဖိထားတာလဲ ဖယ်စမ်းကွာ"
ဇာနည်လဲ အပေါ်တက်ဖိနေတဲ့ကောင်(စောင်)ကို ဒေါသတကြီးဖယ်ထုတ်ပြီး ပြန်အိပ်နေလိုက်သည်။
"ဒေါက် ဒေါက်"
"သားသားရေ ထတော့ ၇နာရီရှိနေပြီလေ"
"သားသား မင်းမထသေးရင် ငါလာရိုက်တော့မှာနော်"
ဇာနည်လဲ အိပ်မှုံစုံမွှားနဲ့ ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်သည်။မြတ်စွာဘုရား မိုးလင်းနေပြီ။
"သားသား ငါလာရတော့မှာလား"
"ထပြီ မာမီ ထပြီ ခုချက်ချင်း အောက်ဆင်းခဲ့မယ်"
"အေး မင်းဒယ်ဒီ မနက်စာစားဖို့စောင့်နေတယ်"
ဇာနည်တစ်ယောက်လဲ ရေချိုးခန်းဝင်ကာ မျက်နှာသစ်ရေချိုးခြင်းကိစ္စကို ၁၅မိနစ်အပြီးဝင်လုပ်လိုက်သည်။
ပြီးတော့ ဗီရိုရှေ့ရပ်ကာ မေးစေ့ကိုပွတ်ရင်း အင်္ကျီရွှေးနေလိုက်သည်။
"အင်း ငါ့ရဲ့ coolguyပုံရိပ်မကျအောင် ဝတ်စားရမှာဆိုတော့ ဆိုတော့ကား ကဲ မင်းကိုရွှေးချယ်လိုက်ပြီကွာ"ဆိုပြီး အင်္ကျီအဖြူမှာ ရေလိုင်းစင်းအစိမ်းနုလေးတွေပါတဲ့
အိစက်နေတဲ့ ရှပ်လေးကို မြန်မြန်လဲလိုက်သည်။ဘောင်းဘီကတော့ ဂျင်းအနက်လေးကိုသာယူဝတ်လိုက်သည်။ဗီရိုမှန်ရှေ့ရပ်ရင်း
"အိုး coolguyကြီးက တောက်ပနေတာပဲ မျက်နှာလေးကို နည်းနည်းရွိုင်းပြီးရင် လစ်လို့ရပြီ ဟဲဟဲ"
မှန်တင်ခုံရှေ့သွားကာ မှိုလုံးကေဆံပင်လေးကို တစ်ချက်နှစ်ချက်ဖီးလိုက်သည်။baby mild milk creamကိုအနည်းငယ်ယူကာ မျက်နှာပေါ်ပွတ်လိုက်သည်။lip glowကိုယူကာ နည်းနည်းဆိုးလိုက်သည်။coolguy၏ပြင်ဆင်ခြင်း ပြီးခဲ့ပြီ။
"Ok nice Let's go"
အခန်းထဲကအမြန်ထွက်ပြီး လှေကားကို ဒုန်းစိုင်းဆင်းကာ ထမင်းစားခန်းထဲသို့ ပြေးရလေသည်။
"ဟီး စောင့်နေရတာကြာပြီလား ဒယ်မီ "
"မျက်နှာပိုးကိုသတ်စမ်း ဟေ့ကောင် ဘာဒယ်မီလဲ
စောစောစီးစီး မျက်နှာကိုရူးနေတာပဲ"
"ဟာ ဒယ်ဒီနဲ့မာမီကို ပေါင်းခေါ်တာလေဗျာ။ဒယ်ဒီကလဲ ဒါလေးတောင်မသိဘူးလား။
"ကဲ တော်ပါတော့ စားတော့ ကတ်ကြေးကိုက်တွေ အေးကုန်ပြီ ဒယ်ဒီကြီးလဲ တော်တော့ အလုပ်ရှိတယ်မလား"
ဒေါ်ဖြူစင်မောင်လဲ သားအဖနှစ်ယောက်ကြား စကားစပြတ်အောင် ဝင်ပြောလိုက်ရသည်။
"မာမီ သားသားနှလုံးရောဂါ ဖြစ်ချင်နေတာလား မသိပါဘူးဗျာ။တစ်ခါတစ်ခါ ရင်တွေအရမ်းခုန်ခုန်လာလို့ အဲ့ဒါဆေးခန်းပြပေးပါဦး"
"ဟုတ်လား အေးအေး မာမီအားတဲ့နေ့ကြလိုက်ပြပေးမယ်။ စနေနေ့တော့အားမယ်ထင်တယ်။ ခုရောအဆင်ပြေရဲ့လား သားသား။"
"ဟုတ် ခုတော့ အဆင်ပြေပါတယ် သားပြီးပြီ သွားနှင့်တော့မယ် မာမီ ဒယ်ဒီသွားပြီးနော်"
မာမီနဲ့ဒယ်ဒီကို နှုတ်ဆက်ပြီး ထွက်လာလိုက်သည်။ထမင်းစားခန်းတံခါးနားအနီးရောက်မှ
"သားသား မုန့်ဖိုးကုန်ပြီနော် မုန့်ဖိုးပေးဖို့ မေ့မနေနဲ့အုံး"
ဟုပြောလိုက်သောအခါ ဖခမည်းတော်ရဲ့ မျက်ထောင့်နီကြီး ရောက်ရှိလာလေသည်။
ဇာနည်တို့ အိမ်က ဂေါက်ကွင်းနားမှာမို့ ကျောင်းနှင့်မဝေးပါ။မြိတ်လေဆိပ်နှင့်လဲ နီးသောကြောင့် လေယာဉ်ပျံများကို ခဏခဏမြင်ရသည်။နားလဲညည်းလှပါသည်။အိမ်မှ လက်စွဲတော်clickဘီးလေးကို စီးကားကျောင်းသို့ ထွက်လာလိုက်သည်။ငထွဋ်တို့အိမ်ကတော့ မြို့ထဲဘက်မှာမို့ လမ်းမတူပါ။
ကျောင်းရောက်သော် ဆိုင်ကယ်ကို ရပ်နေကျနေရာမှာ ရပ်ပြီး ငထွဋ်ဆီ ဖုန်းခေါ်လိုက်သည်။
"ဟလို"
"အေး သားကြီး မင်းရောက်ပြီလား
"အေး ငါညီညီ့အဆောင်မှာ မင်းလာခဲ့မလား"
"E.Majorဘက်မှာပေါ့"
"အေး"
"မလာတော့ဘူး ကန်တင်းမှာပဲ စောင့်တော့မယ် ဒါပဲ"
ဇာနည်လဲ ညီကိုအဖြစ်သည်းနေသောငထွဋ်ကို ကြည့်မရချင်တော့။
"ညီလေး cokeတစ်ဘူးချပေး"
Cokeသောက်လိုက် စာကြည့်လိုက်နှင့် ငထွဋ်ကိုစောင့်နေလိုက်သည်။cokeနှစ်ဘူးကုန်ချိန်မှ သကောင့်သားကရောက်လာသည်။
"ဟေ့ကောင် sorryကွာ ညီညီက နေမကောင်းဖြစ်နေ တာနဲ့ ကျောင်းတက်တာနောက်ကျတော့ အဆင်ပြေရဲ့လားသွားကြည့်တာပါကွာ"
"မင်းညီကြည့်ရတာ အားမရလိုက်တာကွာ ဟင်း ဖြူဖပ်ဖြူရော်နဲ့ လူမမာကျလို့"
"လူမမာမဟုတ်ပါဟ မင်းကလဲ ငါ့ညီဆိုကြည်ကိုမကြည်ဘူး ဘာလဲ မင်းရဲ့ the whole kingဂုဏ်ပုဒ်ကြီးပြုတ်သွားမှာစိုးလို့လား။
ဇာနည်လဲ ဘာမှဆက်မပြောတော့ဘဲ သကောင့်သားအား မျက်စောင်းသာထိုးကြည့်လိုက်တော့သည်။
"ကိုကို"
"ညီညီ အစောက မလိုက်ဘူးဆို "
"ဟုတ်တယ် ပွင့်က မုန့်သွားစားရအောင်ဆိုလို့လိုက်လာတာ"
"ထိုင်လေ"
ဇာနည်နဲ့ငထွဋ်က မျက်စောင်းထိုးနေရာမှာ ထိုင်နေသောကြောင့် ဇာနည့်ဘေးတွင်တစ်ယောက် ထွဋ်ဘေးတွင်တစ်ယောက်ဝင်လိုက်ကြသည်။ဇာနည်လဲ မော့မကြည့်ချင်တာကြောင့် ခေါင်းငုံ့ပြီး စာကိုသာသည်းမည်းဖတ်နေမိသည်။
"အကိုဇာနည်ခန့်မောင်"
ဘေးကမိန်းကလေးအသံကြောင့် ဇာနည်လန့်ပြီး မော့ကြည့်မိသည်။အမလေး တရုတ်သရဲမ
က ကျွန်တော်ကို သူ့မျက်လုံးမှေးမှေးလေးတွေကိုအတင်းဖြဲပြီးကြည်နေတာဗျာ။
"ဪ ဟိုကောင်မလေးပဲ အေးဘာပြောချင်လို့လဲ"
"ညီမနာမည် ပွင့်လွှာ ဟိုကောင်မလေးမဟုတ်ဘူးပြီးတော့ ဟိုနေ့က အကို့ကိုကျောင်းသားကဒ်ကိုတွေ့လို့ လိုက်ပေးတာ အကိုတစ်မျိုးထင်သွားတယ်ထင်တယ်နော် အဟင်း ညီမက ဘယ်လောက်ရုပ်ချောချော ပုရင်မကြိုက်ဘူးရှင့်။"
ဒီတရုတ်သရဲမက ကျွန်တော့်ကို လာစွနေတာဗျ။ကျွန်တော်လဲ ပြန်မပြောချင်တာနဲ့ အရှေ့ကိုသာပြန်လှည့်ကြည့်လိုက်သည်။
ဟော တွေ့ပါပြီ ပါးချိုင့်လေး အပြုံးလေး
အား ရင်တွေခုန်လိုက်တာ ကျွန်တော့်နှလုံးရောဂါ ပြန်ထလာပြီထင်တယ်ဗျာ
"မောင် မနက်ဖြန်ကျွန်တော်တို့ ချိန်းထားတာမမေ့နဲ့နော်"
ဟင်း ကျွန်တော်နဲ့ သူဘယ်တုန်းကချိန်းထားတာလဲဗျ
နေပါအူး ကျွန်တော်ပြန်စဉ်းစားလိုက်အူးမယ် အော် စာအုပ် မှတ်မိပြီ
"အင်းပါ ငါမမေ့ပါဘူးကွ"
"မင်းတို့က ဘာအထာတွေလဲကွ ဘာချိန်းတာလဲ ငါတောင်မသိရပါလား"
ထွဋ်ရဲ့ ညောင်နာနာအသံကြောင့် ကျွန်တော်မျက်လုံးဝေ့ကြည့်လိုက်တော့ ကျွန်တော့်ဘေးကနေ မှေးထောက်ပြီး ပြုံးပြုံးကြီးကြည့်နေသော တရုတ်သရဲမ သူ့အကြည့်က ညီမသိတယ်နော်ဆိုတဲ့အကြည့်နဲ့ အမလေး နှလုံးရပ်ပြီး သေချင်တယ်။ဟာ ထွဋ်လဲ ဘာထူးလဲ ဘာတွေလဲ ငါမသိအောင်ဘာတွေလုပ်ထားတာလဲ ဆိုတဲ့ အကြည့်
အရှေ့တည့်တည့်ကိုကြည့်မိတော့
အိုး ရင်အေးလိုက်တာ ပါးချိုင့်လေး မျက်လုံးတွေကလှလိုက်တာ ဟီး
"ဟေ့ကောင် ငမ်းတာလဲ ကြည့်ငမ်း သွားရေတွေကျနေအုံးမယ်"
"ချီးကို ငမ်းရမာလား ငါဘယ်မှာငမ်းလို့လဲ"
"ဟင်း ဗြောင်လိမ်ဗြောင်စား ငါမေးတာဖြေ မင်းတို့ ငါမသိလိုက်တဲ့ ဘယ်အချိန်မှာ ဒီလောက်ရင်းနှီးသွားတာလဲ"
"စာကြည့်တိုက်မှာကွာ ဆက်မမေးနဲ့ ဒါပဲ"
"အော် ဟိုနေ့က စာကြည့်တိုက်သွားတုန်းကလား ဟင်းဟင်း ညီညီတို့က သွက်တယ်နော်"
ငနာကောင်က ဘာတွေထင်နေလဲမသိဘူး
ကျွန်တော်တို့က စာအုပ်အပေးအယူအတွက်ပြောတာကို
"တော်ပြီ ငါအတန်းသွားတော့မယ် မင်းတို့နေခဲ့ကြတော့"
"ဟေ့ကောင် ငါလဲလိုက်မှာပေါ့ကွ ရှက်ရမ်းရမ်းနေပြန်ပြီ"
"ဟေ့ကောင် 🖕"
"မောင် မနက်ဖြန်တွေ့မယ်နော်"
"ညီညီ သွားပြီနော်"
"ဟုတ်"
"ညီညီရေ ငါ့ကြည့်ပြီးနှုတ်ဆက်ပါကွာ မျက်လုံးကဘယ်ရောက်နေတာ"
ကျွန်တော်လဲ ငနာကောင်အား မစောင့်တော့ဘဲ မြန်မြန်လျှောက်လာလိုက်သည်။
Note .အရေးအသားမကောင်းရင် sorryပါ။
ဝေဖန်အကြံပြုနိုင်ပါတယ်ဗျ။

Коментарі