Chapter No 1 ( Nyo's Depression and Nyo's Motivated )
Chapter No 2 ( Nyo's Night Thought )
Chapter No 3 (Nyo's Missing Miss)
Chapter No 4 ( Nyo's I'll Let You Go )
Chapter No 5 ( Nyo's Someone )
Chapter No 6 ( Nyo's Not Belong )
Chapter No 7 (Nyo's UnSlept Night Of Rainny Season)
Chapter 7 (Nyo's Stranger)
Chapter 8 (Nyo's Midnight's Crazy Thoughts)
Chapter 9 (Nyo's Forget Me Not)
Chapter 10 (Nyo's Push or Pull)
Chapter 11 (Nyo's Discussion)
Chapter 12 (Nyo's Running Away)
Chapter 13 (Nyo's Selena)
Chapter No 3 (Nyo's Missing Miss)
မင်း ရဲ့ React လေးကို အဲ့မိန်းကလေး post တစ်ခုမှာ တွေ့မိတယ် . . စိတ်ကူးတည့်စွာနဲ့ ခပ်သွက်သွက် ရှာလိုက်မိတော့ post တိုင်းလိုလိုပင်ရှိနေပြန်ရော.. Sad & Like React တွေလေ.
အဲ့မိန်းကလေးက အကျယ်တဝင့်ရှင်းပြထားတဲ့
စာအောက်က မင်းရဲ့Sad Reaction လေးတစ်ခုအတွက်နဲ့ နှစ်ညလောက် အိပ်မပျော်နိုင်ခဲ့ဘူး တစ်ကယ်က မိန်းမကောင်း မပီသစွာနဲ့ ကိုယ်မပိုင်တဲ့ ယောကျ်ားတစ်ယောက် ဖြစ်တဲ့ မင်း ကြောင့်
မနာလိုဖြစ်မိသွားခဲ့တာပါ . သနားပါဦးလား?
မင်းအတွက် ရည်ရွယ်ထားတဲ့Mydayကိုတော့ တစ်ခါမှဝင်မကြည့်ခဲ့ဘူးလေ.

အကြောင်းတရားမလှစွာနဲ့ ပျက်စီးသွားရတဲ့
မျှော်လင့်ခြင်းတွေလေ..
မင်းက ငါ့post တစ်ခုမှာမှ React မပေးဖူးဘူး
သွယ်လျလျ လက်ကလေးတစ်ချောင်းဟာ
တစ်ခေါက်တစ်လေမှတောင် မချော်ခဲ့ဘူး
ကံတရားကို အပြစ်ပုံချပစ်ချင်တာကွာ.
ဒါပေမယ့် ကံ ဆိုတာ အလုပ် ဆိုပြီး မင်းပြောနေကျမို့ အသုံးမကျတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ပါရစေတော့..

ဘယ်လောက်ပဲ ငါ့ကမ္ဘာတွေ ပျက်ပျက်
တိမ်တွေပြိုပြို လေတွေပြင်းပြင်း
ခပ်ဝေးဝေးက မှိန်ပြပြ မင်း ကမ္ဘာလေး
ငါ့မေတ္တာတွေနဲ့ အေးချမ်းနေပါစေ..

ငေးကြည့်ရင်းပဲ ပျော်ရွှင်ပါ့မယ်
ဖြစ်နိုင်ရင်တော့ မျက်စိတဆုံးနားလေးမှ..

7.9.2021(Tuesday)
© က6လာင်ရှင် ,
книга «Nyo's Book».
Chapter No 4 ( Nyo's I'll Let You Go )
Коментарі