Chapter No 2 ( Nyo's Night Thought )
ညဘက်တွေမှာ ကောင်းကောင်းအိပ်ချင်ပေမယ့်
ညဘက်ပဲ တိတ်ဆိတ်စွာ နေခွင့်ရှိတဲ့ ဘဝမို့
ညညဆို Personal အတွက် အချိန်ပေးဖြစ်နေမိတယ်..
လူတိုင်းမှာ ကိုယ်ပိုင်အချိန်ဆိုတာ သေချာပေါက်
ရှိကိုရှိသင့်တယ် လို့ တွေးထားမိတာမို့
ကိုယ်ပိုင်အခန်းဆိုတာလည်း မရှိမဖြစ် အနေအထားမျိုး..
ကိုယ်ပိုင်အခန်းလေးထဲမှာ နေဖြစ်တဲ့
ခဏတည်းသော အချိန်လေးဟာ ညဘက်ဖြစ်တယ်. တံခါးကို သော့ခတ်လို့ လူမဝင်စေပဲ
ခပ်မှောင်မှောင် ချောင်မှာ နံရံလေးမှီ သီချင်းလေးငြီးရင်း စိတ်ကူးတွေကို ပုံဖော်ပစ်တယ်
ခပ်ကြောင်ကြောင် ပန်းချီကား တစ်ချို့ဆွဲဖူးတဲ့ လက်တွေနဲ့ပဲ ခပ်လင်းလင်း မျက်နှာပြင်တစ်ခုကို ပိတ်ချပစ်တယ် ခဏတော့ နားချင်ပြီ
ကိုယ်ပိုင်ဘဝဟာ ပင်ပန်းရသလို
ကိုယ်မပိုင်တဲ့နေရာမှာလည်း ပင်ပန်းလှချည်ရဲ့
ကိုယ်ပိုင်ဘဝလို့ခေါ်တဲ့ ကိုယ်မပိုင်တဲ့ အိမ်ပိုင်ဘဝမှာလည်း လူဝင်လူထွက် ရှိတဲ့ အိမ် တစ်ခုမို့
အပြစ်တင်သံတွေ ဆိုးရွားတဲ့ချီးကျူးသံတွေ
မမြင်ချင်တဲ့ စကားပြောပုံတွေ .
မကြားချင်တဲ့ စကားသံတွေ .
အမြဲ ကြားရလေ့ရှိတယ်
ဟန်ဆောင်ပြုံးပြတာ ကြာလာတော့လည်း
ဟန်ဆောင်နေလာတာ ကြာလာတော့လည်း
ဘယ်အရာက ပုံစံအစစ်အမှန်လဲ ဆိုတာမျိုးကို
မေ့လာပြီ..
လူတွေကို သူတို့သဘောကျတဲ့ ပုံစံတစ်မျိုးစီနဲ့ဆက်ဆံတတ်ပြီး အဲ့လူရဲ့ အချစ်ဆုံး ဆိုတဲ့နေရာကို သိမ်းပိုက်လိုက်တယ်
ခံစားချက်တွေကျပြန်တော့လည်း ရှုတ်စရာမျိုး
မရှိ. အားရပါးရ ရယ်နေရာကနေ ချက်ခြင်းရပ်ပစ်လိုက်လို့လည်း ရသလို
နာနာကျင်ကျင် ငိုနေရာကနေလည်း ချက်ခြင်း
ရယ်ပစ်လိုက်လို့ ရပြန်တယ်.
အမြဲတမ်း လူအများရဲ့အတွေးကို သူ့ရဲ့အပြုအမူကို ကြည့်ရုံနဲ့ ခန့်မှန်းနိုင်တယ်.
လူကဲခတ်တော်တယ် အရိပ်အခြေကြည့်တာ
မြန်တယ် စကားပြောသွက်တယ် အဲ့လိုအချက်အလက်တွေနဲ့ ပြည့်စုံလို့လည်း
ဒီလို ဟန်ဆောင်နေမှန်း မသိတာပေါ့.
မဟုတ်လို့ သိကုန် ပေါ်ကုန်မှဖြင့်.. အမလေး!
ဆက်မတွေးရဲစရာ...
ဒီအတိုင်း ညဘက်ဟာ တိတ်ဆိတ်လွန်းလို့
ကွန့်မြူးနေတဲ့ အတွေးမျိုးတွေရယ်ပါ.
တစ်ခါတစ်ရံတော့လည်း ထိန်းချုပ်မှုတွေကြားက
ပျောက်ဆုံးသွားတဲ့ နှလုံးသားတစ်စုံကို လိုက်ရှာကြည့်မိချင်သား.
ပင်လယ်ပြင်ရဲ့ အနက်ရှိုင်းဆုံး ကိုရောက်နေမလား? ကောင်းကင်ရဲ့ တိမ်ယံထက်ကိုပဲ ရောက်နေမလား? ဆိုပြီးတော့ပေါ့
3.9.2021

Коментарі