Intro
Part 1
Part 2
Part 1
#Unicode

အများအားဖြင့်​club များရှိ လူများမှာ​ရောင်​စုံမီး​ရောင်​များဖြင့်​ကခုန်​နေ​လေ့ရှိ​သော်​လည်း ယခုမူ ငြိမ့်​ညောင်းလှ​သော သံစဉ်​လေးဖြင့်​လှပစွာ ယိမ်းနွဲ့​နေကြ၏။

စင်​ပေါ်တွင်​မူ ဖြူဖျဖျ​ကောင်​လေးတစ်​ယောက်​သည်ကား သူ၏ သံစဉ်​နှင့်​အတူ စီး​မျောရင်း တ​ယောအား ဟန်​ပါပါတီး​ကာ အများအာရုံကို ဖမ်းယူထား၏။

"သံစဉ်​လေးက လှလိုက်​တာ..."

"လွမ်းပုံရိပ်​"

"ဟင်​...? ဘာ​ပြောလိုက်​တာ.."

"လွမ်းပုံရိပ်​...

စင်​ပေါ်က တ​ယောထိုး​နေတဲ့​ကောင်​လေးနာမည်​က လွမ်းပုံရိပ်​..."

"ဟ..စစ်​ ! မင်းကသိလှချည်​လား..."

"အင်း..၊ ငါလည်းသတိထားမိတာကြာပြီ..

ဟိုတစ်​နေ့ကမှ ဝန်​ထမ်းတစ်​ယောက်​က​ပြောပြလို့သိတာ.."

"aww...​တော်​တယ်​ကွ...။ တီးသွားတာ​သေသပ်​တယ်​"

"onmm... ဒါနဲ့​စေ​ရော မ​တွေ့ပါလား။ ဒီ​ကောင်​ခုတစ်​လော ဘယ်​ပျောက်​နေတာလဲ..."

"မသိပါဘူးကွာ...။ ငါလည်းသူ့ကိုကြည့်​ပြီး စိတ်​မောပါတယ်​..."

သူငယ်​ချင်းနှစ်​ယောက်​သည်ကား ပြဿနာများစွာဖြင့်​ရှုပ်​ထွေး​နေ​သော သူငယ်​ချင်း​လေးအ​ကြောင်း​တွေးရင်း ဖြစ်​လာသည့်​စိတ်​မောမှုများအား ကော့​တေးခွက်​ပေါ်သို့သာပုံချ​နေမိကြသည်​။

~ ring ring..~

"hello!"

"......."

"ဟုတ်​ကဲ့​ ။ ကျွန်​တော်​ ကောင်းထက်​မြတ်​ပါ"

"...."

"ဟုတ်​ကဲ့ မင်း​စေရာ ဆိုတာ ကျွန်​တော့်​သူငယ်​ချင်းပါ...။ သူဘာဖြစ်​လို့လဲ..."

"....."

"ဗျာ...!! ဟုတ်​ကဲ့ လိပ်စာ​လေးတစ်​ချက်​လောက်​ပြောပြ​ပေးပါလားဗျ..။ ကျွန်​တော်​လာခဲ့ပါ့မယ်​..."

"....."

"ဟုတ်​ကဲ့...အခုလာခဲ့ပါ့မယ်​နော်​..."

"​ဘာဖြစ်​တာလဲ "

"​စေ ပြဿနာရှာပြီးထိပြီထင်​တယ်​ကွာ..။ ခု​ဆေးရုံ​ရောက်​နေတယ်​...။ သွားမယ်​ ထ! "

" ကျစ်​..​!စေ ရာ ...."

နှစ်​ယောက်​သား အလျင်​စလို ထွက်​လာရင်း သူငယ်​ချင်းဖြစ်​သူ​လေးထံဦးတည်​ရ​တော့သည်​။

..............................................................

တ​ယောတီးခတ်​ပြီး စင်​အောက်​ကိုဆင်းလာ​တော့ club ပိုင်​ရှင်​အကိုက​စောင့်​ကြို​နေ၏။

ပိုင်ရှင် ဆိုသည်မှာလည်း အခြားမဟုတ်  ကျွန်​တော့်​အား ငယ်​ငယ်​ကတည်းက​ပင် ညီအရင်းတစ်​ယောက်​လို​ စောင့်​ရှောက်​ပေးခဲ့​သော ကိုပိုင်​ ပင်...

" ပုံရိပ်​"

​"ဗျာ.. အကို"

"မနက်​ဖြန်​လာဦးမှာလား"

"ကျ​နော်​မလာဖြစ်​ဘူးထင်​တယ် အကို..။ အလုပ်​လေးရှိ​သေးလို့.."

"aww..​အေး​အေး..​။ ရော့ ဒါ​လေးယူသွား.."

"ဒါကဘာလဲ အကို"

" မင်း မရီး​လက်​ရာ​ ကြွားတာပါကွာ..."

"အာ..အကိုက​တော့​နောက်​ပြီ..."

"တကယ်​ပြောတာ...။ မင်းလည်း တစ်​ယောက်​တည်း​နေတယ်​ဆိုပြီး အစားမမှန်​ဘူးဆိုရင် သိမယ်​နော်​"

"စိတ်​ချပါဗျာ..။ ကျွန်​တော်​သွားပြီ​နော်​"

"​အေး​အေး ဂရုစိုက်​သွား.."

ရှုပ်ထွေးလှသော ​လောကကြီးအလယ်​ တစ်​ယောက်​တည်း ခက်​ခဲစွာ ရုန်းကန်​နေရသော ကျွန်​တော်​လွမ်းပုံရိပ်​အဖို့ ကိုပိုင့်​club​လေးသည်ကား ကျွန်​တော့်​စိတ်​ဖြေရာ​ပင်...

ပျော်​ရွှင်​ခြင်း၊ဝမ်းနည်းခြင်း​များအား စုပေါင်းကာ သံစဉ်​လေးထဲထည့်​သွင်းရင်း ရင်​ဖွင့်​ရာ​နေရာ​လေး​ဟုဆိုပါလျှင်မူ မှားသည်ဟုမဆိုသာ....

ယခုမူကား အိမ်​ပြန်​ကာ နောက်​ရက်​ပေါင်းများစွာ အတွက် ရှင်​သန်​နိုင်​ရန် အား​မွေးရ​ပေတော့မည်..။ ကိုယ့်​အားကို ကိုး​နေရသူမဟုတ်​ပါလား...

အိမ်​ပြန်​ရောက်​သော် ရေချိုးပြီး ညစာပြင်​ရသည်​။ တစ်​ယောက်​တည်း​နေသည်မှာ ကြာ​ပြီဖြစ်သူအဖို့ ဟင်းတစ်​ခွက်​ပြင်​ရန် ကျွန်​တော့်​အတွက်​မခက်​ခဲ​တော့​ပေ။

တစ်​ခါခါ စဉ်းစားမိသည်​။ ယခုအချိန်​တွင် တစ်​ချို့​သောသူ​များကဲ့သို့ အ​မေဆိုသူသာ ရှိခဲ့ပါက သား​လေးအတွက်​ဟုဆိုကာ ဟင်းများဖွယ်​ဖွယ်​ရာရာ ချက်​ထား​ပေးလေမလားပေါ့....

စဥ်းစားမိသည်နှင့် ရင်​နာနာပြုံးမိသည်​။

မဖြစ်​နိုင်​သည်ကို  စိတ်​ကူးယဉ်​နေမိသည်လေ...

ကျွန်​တော့်​အတွက်​အ​မေဆိုသူသည်ကား
ဤသို့ဤနှယ် စာဖွဲ့နိုင်​စရာမရှိခဲ့ပါ...။ အကြောင်းမူကား...

ကျွန်တော် ၁၀ နှစ်​သား​မျှရှိစဥ်ကပင် ကျွန်တော်၏ ဘဝထဲမှ ထွက်​ခွါသွားခဲ့သည်လေ...။ ပြောခဲ့သော စကားလေး တစ်ခွန်းသည်ကား...

~~ ပြန်​လာ​ခေါ်ပါ့မယ်​တဲ့... ~~

သို့သော်ငြား ကျွန်​တော့်အသက် ၂၁ နှစ် ရှိသည်အထိ ပေါ်မလာ​သေးပေ..။ သို့သော် ကျွန်​တော်​စောင့်​နေဆဲပင်...

ဖေ​ဖေ ကမူ ကျွန်​တော့်အသက် ၇ နှစ်​လောက်ကပင် ဆုံးပါးသွားခဲ့သည်။

အ​တွေး​ပေါင်းများစွာ​ တွေးတောရင်း ညစာတစ်​နပ်​သည်ကား ပြီးဆုံးသွားခဲ့၏။

ထို့​နောက်​တွင်​မူ ကျွန်​တော့်​စိတ်​ထွက်​ပေါက်​ဖြစ်​သော အခန်းလေး အတွင်းသို့ဝင်​လာခဲ့မိသည်​။

note​ များ ထုတ်​ရင်း သံစဉ်​များအား ရှာ​နေမိသည်​။​တွေးရင်း​တွေးရင်း တွေးခဲ့မိသော အ​တွေးတို့ထံ ပြန်​ရောက်​သွားပြန်​တော့ စိတ်​ကရှုပ်​လာသည်​။

~ကံကြမ္မာရယ်​ကျီစယ်​နေတာဆို​တော်​ပါ​တော့~

~​မေ​မေ ကျွန်​တော်​စောင့်​နေတုန်းပဲ​နော်​....
နာကျည်းချင်​ပေမယ့်​လည်း မနာကျည်းနိုင်​ဘူး​မေ​မေရယ်​~

.............................................................

"​ဟိတ်​ကောင်​....​စေ...!!"

"​စေ ဘာဖြစ်​သွား​သေးလဲ...။ ဘယ်​လိုဖြစ်​တာလဲ.."

"မ​နေ့ကကိစ္စမ​ကျေလို့ ချိန်းပွဲချတာကွာ..။ ရဲရင့်တို့အဖွဲ့နဲ့ ...

ဘာမှမဖြစ်​ပါဘူး နှဖူး​လေး သုံးချက်​ချုပ်​ရရုံပါပဲ..။နည်းနည်းပါးပါး ပွန်းတာပဲ့တာ​လောက်​ပါပဲ.."

"မင်း ဂျီး​တော်​ကြီးမလို့ တစ်​ဖွဲ့လုံးနဲ့တစ်​ယောက်​ချရလား..

ဘယ်​နှယ့်​ နှဖူးသုံးချက်​ချုပ်​ရတာပဲ ဒင်းက​ကျေနပ်​နေသလိုလို..."

​ကောင်း က ထ​အော်​တော့​ဘေးကသူနာပြုမ​လေးက မျက်​လုံး​လေးပြူးကာလှည့်​ကြည့်​လာသည်​။ ဒါကိုပင်​ကိုယ်​တော်​ချောက ဆက်​ပြောရန်​ပြင်​နေသည်​မို့ စစ်​က ဝင်​တားရ​လေ၏။

"​ကောင်း ဆရာမ​လေး ရှိ​နေ​သေးတယ်​လေကွာ.."

"အာ.. ဆရာမ sorry​နော်​..

ကျွန်​တော်​ဒီ​ကောင့်​ကို​ပြောချင်​ဇော​ လောကြီးသွားလို့.."

ထိုအခါ သူနာပြုမ​လေးက ပြန်​ပြုံးပြရှာသည်​။

"​စေ ! မင်းမဆင်​မခြင်​မလုပ်​နဲ့ကွာ..။ ရဲရင့်​တို့ကလည်း လွယ်​တာမဟုတ်​ဘူး​နော်​..

လူကြီးချင်း​တွေက စီးပွားပြိုင်​ဘက်​ပါဆို မင်းတို့က ဒီလို​တွေဖြစ်​နေ​တော့ ပိုဆိုးကုန်​မယ်​လေကွာ..."

"စစ်​ပြောမ​နေနဲ့....။ ဒီ​ကောင်​က​ပြောလည်းရလို့လား.."

"​တော်​ကြပါ​တော့ကွာ..။ မင်းတို့ကလည်း မသိရင်​မိန်းမကြီး​တွေ ကျ​နေတာပဲ...

ပွစိပွစိနဲ့.."

"​အေး မင်းမလို့ ပွစိပွစိ လုပ်​နေတာ​လေ...

သွားမယ်​ဆိုလည်း ငါ့ပါ​ခေါ်သွားတာမဟုတ်​ဘူး။ ဒါဆို မင်းဒီ​လောက်​ခံရမှာမဟုတ်​ဘူး..."

~ဘုန်း...~

"အား... !! စစ်​ နာတယ်​ကွ"

"နာ​အောင်​ရိုက်​တာ​လေ။ ဘယ်​နှယ့်​ ငါက ဆုံးမ​နေတယ်​မှတ်​နေတာ ...

သူပါ ဝင်​မနွှဲလိုက်​ရလို့ မ​ကျေနိုင်​မချမ်းနိုင်​ဖြစ်​နေတာကိုး..."

ကုတင်ပေါ်မှ လူမမာလေးကမူ သူငယ်​ချင်းနှစ်​ယောက်​တွတ်​ထိုး​နေသည်ကိုသာ စိတ်​ပျက်​လက်​ပျက် ထိုင်​ကြည့်​နေမိ​ချေသည်။

စင်စစ်တွင်မူ ထိုသူတို့သည်ကား ကျွန်​တော်​မင်း​စေရာ အဖို့ သူငယ်​ချင်း​ကောင်း​များသာ..

နာမည် အပြည့်အစုံသည်ကား ကောင်းထက်​မြတ်​နဲ့ ခက်​မင်းစစ်​....

စစ်​ ကမူ နာမည်​နှင့် မလိုက်​အောင်​အ​နေ​အေးသည်။ ဖြစ်​သင့်​ဖြစ်​ထိုက်​သည်ကို တွေးသည်။

ချင့်ချင့်ချိန်ချိန် လုပ်​ကိုင်​တတ်​သည်။ဆုံးမတတ်​သည်။ အဓိကအချက်သည်ကား ကျွန်​တော်​ရှာသမျှ ပြဿနာ​များကို ဒိုင်​ခံ​ဖြေရှင်း​ပေးတတ်​သည်....။

သို့သော် ထိုသူ ခက်​ထန်​လာချိန်တွင်မူ ကျွန်​တော့်​ထက်​ အခြေအနေ ဆိုးသွားတတ်သည်။

​ကောင်း သည်ကား ကျွန်​တော်​နှင့် စိတ်​တူကိုယ်​တူပင်...

ကျွန်​တော်​ချိန်းပွဲ​တွေ​ ချလျှင် သူပါ ဝင်ရိုက်သည်။ နှစ်​ယောက်​သည်ကား အများအားဖြင့် အတိုင်အ​ဖောက်​ညီတတ်၏။

ပုံမှန်​အားဖြင့် မျက်​နှာ​ပြောင်​ပြီး အမြဲစ​နောက်​နေတတ်​တဲ့သူဆိုသော်လည်း စိတ်​မြန်​လက်​မြန်​ရှိသည်ကလည်း နှစ်ယောက်မရှိပါပေ...

ကျွန်​တော်...

ကျွန်တော်ကမူ ထွေထွေထူးထူး ရှင်းပြရန်မလိုအပ်လောက်ပါချေ...

အ​ဖေက်ို အရွဲ့တိုက်​၊ ပြဿနာ​ပေါင်းစုံရှာကာ ပေ​တေ​နေတတ်သည့် ဂျစ်​ကန်ကန်​ကောင်​လေးတစ်​ယောက်​ ဟုသာ ပတ်ဝန်းကျင်က သတ်မှတ်ထားကြချေ၏။

............................................................
#Zawgyi

အမ်ားအားျဖင့္​club မ်ားရိွ လူမ်ားမွာ​ေရာင္​စံုမီး​ေရာင္​မ်ားျဖင့္​ကခုန္​ေန​ေလ့ရိွ​ေသာ္​လည္း ယခုမူ ၿငိမ့္​ေညာင္းလွ​ေသာ သံစဉ္​ေလးျဖင့္​လွပစြာ ယိမ္းႏြဲ႔​ေနၾက၏။

စင္​ေပၚတြင္​မူ ျဖဴဖ်ဖ်​ေကာင္​ေလးတစ္​ေယာက္​သည္ကား သူ၏ သံစဉ္​ႏွင့္​အတူ စီး​ေမ်ာရင္း တ​ေယာအား ဟန္​ပါပါတီး​ကာ အမ်ားအာရံုကို ဖမ္းယူထား၏။

"သံစဉ္​ေလးက လွလိုက္​တာ..."

"လြမ္းပံုရိပ္​"

"ဟင္​...? ဘာ​ေျပာလိုက္​တာ.."

"လြမ္းပံုရိပ္​...

စင္​ေပၚက တ​ေယာထိုး​ေနတဲ့​ေကာင္​ေလးနာမည္​က လြမ္းပံုရိပ္​..."

"ဟ..စစ္​ ! မင္းကသိလွခ်ည္​လား..."

"အင္း..၊ ငါလည္းသတိထားမိတာၾကာၿပီ..

ဟိုတစ္​ေန့ကမွ ဝန္​ထမ္းတစ္​ေယာက္​က​ေျပာျပလို႔သိတာ.."

"aww...​ေတာ္​တယ္​ကြ...။ တီးသြားတာ​ေသသပ္​တယ္​"

"onmm... ဒါနဲ႔​ေစ​ေရာ မ​ေတြ့ပါလား။ ဒီ​ေကာင္​ခုတစ္​ေလာ ဘယ္​ေပ်ာက္​ေနတာလဲ..."

"မသိပါဘူးကြာ...။ ငါလည္းသူ႔ကိုၾကၫ့္​ၿပီး စိတ္​ေမာပါတယ္​..."

သူငယ္​ခ်င္းႏွစ္​ေယာက္​သည္ကား ျပႆနာမ်ားစြာျဖင့္​ရႈပ္​ေထြး​ေန​ေသာ သူငယ္​ခ်င္း​ေလးအ​ေၾကာင္း​ေတြးရင္း ျဖစ္​လာသၫ့္​စိတ္​ေမာမႈမ်ားအား ေကာ့​ေတးခြက္​ေပၚသို႔သာပံုခ်​ေနမိၾကသည္​။

~ ring ring..~

"hello!"

"......."

"ဟုတ္​ကဲ့​ ။ ကြၽန္​ေတာ္​ ေကာင္းထက္​ျမတ္​ပါ"

"...."

"ဟုတ္​ကဲ့ မင္း​ေစရာ ဆိုတာ ကြၽန္​ေတာ့္​သူငယ္​ခ်င္းပါ...။ သူဘာျဖစ္​လို႔လဲ..."

"....."

"ဗ်ာ...!! ဟုတ္​ကဲ့ လိပ္စာ​ေလးတစ္​ခ်က္​ေလာက္​ေျပာျပ​ေပးပါလားဗ်..။ ကြၽန္​ေတာ္​လာခဲ့ပါ့မယ္​..."

"....."

"ဟုတ္​ကဲ့...အခုလာခဲ့ပါ့မယ္​ေနာ္​..."

"​ဘာျဖစ္​တာလဲ "

"​ေစ ျပႆနာရွာၿပီးထိၿပီထင္​တယ္​ကြာ..။ ခု​ေဆးရံု​ေရာက္​ေနတယ္​...။ သြားမယ္​ ထ! "

" က်စ္​..​!ေစ ရာ ...."

ႏွစ္​ေယာက္​သား အလ်င္​စလို ထြက္​လာရင္း သူငယ္​ခ်င္းျဖစ္​သူ​ေလးထံဦးတည္​ရ​ေတာ့သည္​။

..............................................................

တ​ေယာတီးခတ္​ၿပီး စင္​ေအာက္​ကိုဆင္းလာ​ေတာ့ club ပိုင္​ရွင္​အကိုက​ေစာင့္​ႀကိဳ​ေန၏။

ပိုင္ရွင္ ဆိုသည္မွာလည္း အျခားမဟုတ္  ကြၽန္​ေတာ့္​အား ငယ္​ငယ္​ကတည္းက​ပင္ ညီအရင္းတစ္​ေယာက္​လို​ ေစာင့္​ေရွာက္​ေပးခဲ့​ေသာ ကိုပိုင္​ ပင္...

" ပံုရိပ္​"

​"ဗ်ာ.. အကို"

"မနက္​ျဖန္​လာဦးမွာလား"

"က်​ေနာ္​မလာျဖစ္​ဘူးထင္​တယ္ အကို..။ အလုပ္​ေလးရိွ​ေသးလို႔.."

"aww..​ေအး​ေအး..​။ ေရာ့ ဒါ​ေလးယူသြား.."

"ဒါကဘာလဲ အကို"

" မင္း မရီး​လက္​ရာ​ ႂကြားတာပါကြာ..."

"အာ..အကိုက​ေတာ့​ေနာက္​ၿပီ..."

"တကယ္​ေျပာတာ...။ မင္းလည္း တစ္​ေယာက္​တည္း​ေနတယ္​ဆိုၿပီး အစားမမွန္​ဘူးဆိုရင္ သိမယ္​ေနာ္​"

"စိတ္​ခ်ပါဗ်ာ..။ ကြၽန္​ေတာ္​သြားၿပီ​ေနာ္​"

"​ေအး​ေအး ဂရုစိုက္​သြား.."

ရႈပ္ေထြးလွေသာ ​ေလာကႀကီးအလယ္​ တစ္​ေယာက္​တည္း ခက္​ခဲစြာ ရုန္းကန္​ေနရေသာ ကြၽန္​ေတာ္​လြမ္းပံုရိပ္​အဖို႔ ကိုပိုင့္​club​ေလးသည္ကား ကြၽန္​ေတာ့္​စိတ္​ေျဖရာ​ပင္...

ေပ်ာ္​ရႊင္​ျခင္း၊ဝမ္းနည္းျခင္း​မ်ားအား စုေပါင္းကာ သံစဉ္​ေလးထဲထၫ့္​သြင္းရင္း ရင္​ဖြင့္​ရာ​ေနရာ​ေလး​ဟုဆိုပါလ်ွင္မူ မွားသည္ဟုမဆိုသာ....

ယခုမူကား အိမ္​ျပန္​ကာ ေနာက္​ရက္​ေပါင္းမ်ားစြာ အတြက္ ရွင္​သန္​ႏိုင္​ရန္ အား​ေမြးရ​ေပေတာ့မည္..။ ကိုယ့္​အားကို ကိုး​ေနရသူမဟုတ္​ပါလား...

အိမ္​ျပန္​ေရာက္​ေသာ္ ေရခ်ိဳးၿပီး ညစာျပင္​ရသည္​။ တစ္​ေယာက္​တည္း​ေနသည္မွာ ၾကာ​ၿပီျဖစ္သူအဖို႔ ဟင္းတစ္​ခြက္​ျပင္​ရန္ ကြၽန္​ေတာ့္​အတြက္​မခက္​ခဲ​ေတာ့​ေပ။

တစ္​ခါခါ စဉ္းစားမိသည္​။ ယခုအခ်ိန္​တြင္ တစ္​ခ်ိဳ႕​ေသာသူ​မ်ားကဲ့သို႔ အ​ေမဆိုသူသာ ရိွခဲ့ပါက သား​ေလးအတြက္​ဟုဆိုကာ ဟင္းမ်ားဖြယ္​ဖြယ္​ရာရာ ခ်က္​ထား​ေပးေလမလားေပါ့....

စဥ္းစားမိသည္ႏွင့္ ရင္​နာနာၿပံဳးမိသည္​။

မျဖစ္​ႏိုင္​သည္ကို  စိတ္​ကူးယဉ္​ေနမိသည္ေလ...

ကြၽန္​ေတာ့္​အတြက္​အ​ေမဆိုသူသည္ကား
ဤသို႔ဤႏွယ္ စာဖြဲ႔ႏိုင္​စရာမရိွခဲ့ပါ...။ အေၾကာင္းမူကား...

ကြၽန္ေတာ္ ၁၀ ႏွစ္​သား​မ်ွရိွစဥ္ကပင္ ကြၽန္ေတာ္၏ ဘဝထဲမွ ထြက္​ခြါသြားခဲ့သည္ေလ...။ ေျပာခဲ့ေသာ စကားေလး တစ္ခြန္းသည္ကား...

~~ ျပန္​လာ​ေခၚပါ့မယ္​တဲ့... ~~

သို႔ေသာ္ျငား ကြၽန္​ေတာ့္အသက္ ၂၁ ႏွစ္ ရိွသည္အထိ ေပၚမလာ​ေသးေပ..။ သို႔ေသာ္ ကြၽန္​ေတာ္​ေစာင့္​ေနဆဲပင္...

ေဖ​ေဖ ကမူ ကြၽန္​ေတာ့္အသက္ ၇ ႏွစ္​ေလာက္ကပင္ ဆံုးပါးသြားခဲ့သည္။

အ​ေတြး​ေပါင္းမ်ားစြာ​ ေတြးေတာရင္း ညစာတစ္​နပ္​သည္ကား ၿပီးဆံုးသြားခဲ့၏။

ထို႔​ေနာက္​တြင္​မူ ကြၽန္​ေတာ့္​စိတ္​ထြက္​ေပါက္​ျဖစ္​ေသာ အခန္းေလး အတြင္းသို႔ဝင္​လာခဲ့မိသည္​။

note​ မ်ား ထုတ္​ရင္း သံစဉ္​မ်ားအား ရွာ​ေနမိသည္​။​ေတြးရင္း​ေတြးရင္း ေတြးခဲ့မိေသာ အ​ေတြးတို႔ထံ ျပန္​ေရာက္​သြားျပန္​ေတာ့ စိတ္​ကရႈပ္​လာသည္​။

~ကံၾကမၼာရယ္​က်ီစယ္​ေနတာဆို​ေတာ္​ပါ​ေတာ့~

~​ေမ​ေမ ကြၽန္​ေတာ္​ေစာင့္​ေနတုန္းပဲ​ေနာ္​....
နာက်ည္းခ်င္​ေပမယ့္​လည္း မနာက်ည္းႏိုင္​ဘူး​ေမ​ေမရယ္​~

.............................................................

"​ဟိတ္​ေကာင္​....​ေစ...!!"

"​ေစ ဘာျဖစ္​သြား​ေသးလဲ...။ ဘယ္​လိုျဖစ္​တာလဲ.."

"မ​ေန့ကကိစၥမ​ေက်လို႔ ခ်ိန္းပြဲခ်တာကြာ..။ ရဲရင့္တို႔အဖြဲ႔နဲ႔ ...

ဘာမွမျဖစ္​ပါဘူး ႏွဖူး​ေလး သံုးခ်က္​ခ်ဳပ္​ရရံုပါပဲ..။နည္းနည္းပါးပါး ပြန္းတာပဲ့တာ​ေလာက္​ပါပဲ.."

"မင္း ဂ်ီး​ေတာ္​ႀကီးမလို႔ တစ္​ဖြဲ႔လံုးနဲ႔တစ္​ေယာက္​ခ်ရလား..

ဘယ္​ႏွယ့္​ ႏွဖူးသံုးခ်က္​ခ်ဳပ္​ရတာပဲ ဒင္းက​ေက်နပ္​ေနသလိုလို..."

​ေကာင္း က ထ​ေအာ္​ေတာ့​ေဘးကသူနာျပဳမ​ေလးက မ်က္​လံုး​ေလးျပဴးကာလွၫ့္​ၾကၫ့္​လာသည္​။ ဒါကိုပင္​ကိုယ္​ေတာ္​ေခ်ာက ဆက္​ေျပာရန္​ျပင္​ေနသည္​မို႔ စစ္​က ဝင္​တားရ​ေလ၏။

"​ေကာင္း ဆရာမ​ေလး ရိွ​ေန​ေသးတယ္​ေလကြာ.."

"အာ.. ဆရာမ sorry​ေနာ္​..

ကြၽန္​ေတာ္​ဒီ​ေကာင့္​ကို​ေျပာခ်င္​ေဇာ​ ေလာႀကီးသြားလို႔.."

ထိုအခါ သူနာျပဳမ​ေလးက ျပန္​ၿပံဳးျပရွာသည္​။

"​ေစ ! မင္းမဆင္​မျခင္​မလုပ္​နဲ႔ကြာ..။ ရဲရင့္​တို႔ကလည္း လြယ္​တာမဟုတ္​ဘူး​ေနာ္​..

လူႀကီးခ်င္း​ေတြက စီးပြားၿပိဳင္​ဘက္​ပါဆို မင္းတို႔က ဒီလို​ေတျြဖစ္​ေန​ေတာ့ ပိုဆိုးကုန္​မယ္​ေလကြာ..."

"စစ္​ေျပာမ​ေနနဲ႔....။ ဒီ​ေကာင္​က​ေျပာလည္းရလို႔လား.."

"​ေတာ္​ၾကပါ​ေတာ့ကြာ..။ မင္းတို႔ကလည္း မသိရင္​မိန္းမႀကီး​ေတြ က်​ေနတာပဲ...

ပြစိပြစိနဲ႔.."

"​ေအး မင္းမလို႔ ပြစိပြစိ လုပ္​ေနတာ​ေလ...

သြားမယ္​ဆိုလည္း ငါ့ပါ​ေခၚသြားတာမဟုတ္​ဘူး။ ဒါဆို မင္းဒီ​ေလာက္​ခံရမွာမဟုတ္​ဘူး..."

~ဘုန္း...~

"အား... !! စစ္​ နာတယ္​ကြ"

"နာ​ေအာင္​ရိုက္​တာ​ေလ။ ဘယ္​ႏွယ့္​ ငါက ဆံုးမ​ေနတယ္​မွတ္​ေနတာ ...

သူပါ ဝင္​မႏႊဲလိုက္​ရလို႔ မ​ေက်ႏိုင္​မခ်မ္းႏိုင္​ျဖစ္​ေနတာကိုး..."

ကုတင္ေပၚမွ လူမမာေလးကမူ သူငယ္​ခ်င္းႏွစ္​ေယာက္​တြတ္​ထိုး​ေနသည္ကိုသာ စိတ္​ပ်က္​လက္​ပ်က္ ထိုင္​ၾကၫ့္​ေနမိ​ေခ်သည္။

စင္စစ္တြင္မူ ထိုသူတို႔သည္ကား ကြၽန္​ေတာ္​မင္း​ေစရာ အဖို႔ သူငယ္​ခ်င္း​ေကာင္း​မ်ားသာ..

နာမည္ အျပည့္အစံုသည္ကား ေကာင္းထက္​ျမတ္​နဲ႔ ခက္​မင္းစစ္​....

စစ္​ ကမူ နာမည္​ႏွင့္ မလိုက္​ေအာင္​အ​ေန​ေအးသည္။ ျဖစ္​သင့္​ျဖစ္​ထိုက္​သည္ကို ေတြးသည္။

ခ်င့္ခ်င့္ခ်ိန္ခ်ိန္ လုပ္​ကိုင္​တတ္​သည္။ဆံုးမတတ္​သည္။ အဓိကအခ်က္သည္ကား ကြၽန္​ေတာ္​ရွာသမ်ွ ျပႆနာ​မ်ားကို ဒိုင္​ခံ​ေျဖရွင္း​ေပးတတ္​သည္....။

သို႔ေသာ္ ထိုသူ ခက္​ထန္​လာခ်ိန္တြင္မူ ကြၽန္​ေတာ့္​ထက္​ အေျခအေန ဆိုးသြားတတ္သည္။

​ေကာင္း သည္ကား ကြၽန္​ေတာ္​ႏွင့္ စိတ္​တူကိုယ္​တူပင္...

ကြၽန္​ေတာ္​ခ်ိန္းပြဲ​ေတြ​ ခ်လ်ွင္ သူပါ ဝင္ရိုက္သည္။ ႏွစ္​ေယာက္​သည္ကား အမ်ားအားျဖင့္ အတိုင္အ​ေဖာက္​ညီတတ္၏။

ပံုမွန္​အားျဖင့္ မ်က္​ႏွာ​ေျပာင္​ၿပီး အၿမဲစ​ေနာက္​ေနတတ္​တဲ့သူဆိုေသာ္လည္း စိတ္​ျမန္​လက္​ျမန္​ရိွသည္ကလည္း ႏွစ္ေယာက္မရိွပါေပ...

ကြၽန္​ေတာ္...

ကြၽန္ေတာ္ကမူ ေထြေထြထူးထူး ရွင္းျပရန္မလိုအပ္ေလာက္ပါေခ်...

အ​ေဖက္ို အရြဲ႔တိုက္​၊ ျပႆနာ​ေပါင္းစံုရွာကာ ေပ​ေတ​ေနတတ္သည့္ ဂ်စ္​ကန္ကန္​ေကာင္​ေလးတစ္​ေယာက္​ ဟုသာ ပတ္ဝန္းက်င္က သတ္မွတ္ထားၾကေခ်၏။

............................................................
© Muehnin Phyu ,
книга «စေ.. (Season 1)».
Коментарі