Part 2
" ကိုကျော် ... သားစေ ပြန်မရောက်သေးဘူးနော်"
"ဒီကောင် ဘာပြဿနာထပ်ရှာနေပြန်ပြီလဲမှ မသိတာ... နှင်းရယ်"
"ကိုကျော်ကလည်း သားကိုနည်းနည်း အလျော့ပေးမှပေါ့"
"နှင်း ...ကိုယ်သူ့အပေါ်လျော့ပေးထားတာ နှင်းအမြင်ပဲ...
အခုလည်းကျောင်းပြီးလို့ မိဘလုပ်ငန်းဝင်လုပ်ကူမယ်မရှိဘူး...
အလေလိုက်နေတယ်။ပြဿနာပေါင်းစုံရှာနေတယ်။မိန်းမတွေရှုပ်တယ်...
ကိုယ်သည်းခံပြီးစောင့်နေတယ်လေ နှင်းရယ်..။သူဒီလိုတွေ ဖြစ်နေရတာ ကိုယ့်အပြစ်ပါဆိုပြီး ကိုယ်အပြစ်တွေခံယူနေတယ်လေကွာ.."
"ကိုကျော်ရယ်~"
ထိုစဉ်ကားစက်ရပ်သံနှင့်အတူ စေ တစ်ယောက် ပတ်တီးအဖွေးသားဖြင့် အိမ်ထဲဝင်လာသည်။
" သားစေ ဘာဖြစ်လာတာလဲကွယ်~
အန်တီနှင်းကို ပြပါဦး.."
"ရတယ်အန်တီနှင်း ဘာမှမဖြစ်ဘူး..."
အန်တီနှင်း၏ အမေးကိုဖြေရင်းအပေါ်တက်ရန် ပြင်နေသောခြေလှမ်းများသည်ကား ဒယ်ဒီ့ အသံကြောင့် ရပ်တန့်သွားရသည်။
" မင်း ဒီလိုတွေ ဆက်လုပ်နေမယ်ဆို ငါ့သားဘာလို့လုပ်နေသေးလဲ မင်းစေရာ"
"အို~ ကိုကျော် သားလေးကို ဘယ်လိုတွေပြောနေတာလဲ"
ကျွန်တော် ရင်နာစွာဖြင့် တစ်ချက်ပြုံးမိသည်။
ဒယ်ဒီအတွက် သားဆိုသည်ကား ဘာမှမဟုတ်သလို မိန်းမဆိုသည်မှာလည်းဘာမှမဟုတ်ခဲ့ချေ....
သူ၏ ဂုဏ်သတင်း တက်စေရုံသက်သက်သာ...
~~ မေမေ့ကိုလည်း ခုလို ဂရုမစိုက်ခဲ့လို့မေမေက...~~
တွေးရင်းဝေ့တက်လာသော မျက်ရည်များအား ထိန်းချုပ်ရင်း...
"ဘာလဲ..? ဒယ်ဒီ က ကျွန်တော့်လို သားမျိုး ရထားတာကို ရှက်လို့လား.."
" မင်းမဟုတ်တာတွေ လုပ်နေတာကို တော်သင့်ပြီ မင်းစေရာ...
ကုမ္ပဏီ မှာ အလုပ်ဝင်လုပ်တော့။ မင်းဦးလေး လုပ်ကိုင်နေတာတွေမမြင်ဘူးလား...။
ဟမ်..!! သားဖြစ်ပြီး ညီလောက်ကို အားမကိုးရဘူး.."
"ဒါဆိုလည်း အဲ့ဒီညီ ကိုပဲ ကုမ္ပဏီ ကြီးပေးလိုက်ပါလား.."
"မင်း....!!! မင်းစေရာ....!!! "
"ကိုကျော်ရယ် .. စိတ်လျှော့ပါ။ သားစေ ဒယ်ဒီ့ကို တောင်းပန်လိုက်ပါကွယ်..."
"ကျွန်တော် သွားနားတော့မယ်..."
"ဟိတ်ကောင် မင်းစေရာ.. !! ပြန်ဆင်းခဲ့စမ်း...!!! ပြောနေတာမကြားဘူးလား...!! မင်းစေရာ...!!"
.............................................................
*ဒေါက် ဒေါက်...*
"သားစေ... အန်တီနှင်းပါကွယ်~
ဝင်လာခဲ့မယ်နော်.."
"ဟုတ်ကဲ့..."
အခန်းထဲဝင်ချိန်၌မူ စိတ်ရှိတိုင်းသောင်းကျန်းထားမှုကြောင့် ပစ္စည်းများ ရှုပ်ယှက်ခတ်အောင် ပျံကြဲနေသည်အား တွေ့လိုက်ရသည်။
မည်သို့ပင် သူ့အပေါ်ကောင်းပေးသည်ဆိုစေကာမူ ကျွန်မသည်ကား သူ၏ မိထွေးပင် မဟုတ်ပါလား။
အမေဖြစ်သူနှင့် ပတ်သတ်ပြီး စိတ်ဒဏ်ရာရှိပါသော ကလေးတစ်ယောက်အတွက် ကျွန်မ၏မေတ္တာ မဆိုစလောက်ကလေးသည်ကား ဖာထေးပေးနိုင်မည်ဟု အာမ မခံနိုင်ပါချေ...
အနှီကလေး သည်ကား အဖေဖြစ်သူကိုသာ အရွဲ့တိုက်ကာ နေပါသော်လည်း သူ၏အမေနေရာ အစားဝင်ယူထားသော ကျွန်မကိုမူ မမုန်းရှာပေ...
အန်တီနှင်း ဟုခေါ်ကာ ကောင်းကောင်းမွန်မွန်ဆက်ဆံရှာသည်။ ယခုလည်း သူ၏အဖေနှင့်ပြဿနာဖြစ်ကြပြန်လေပြီ။
ထို လူသားနှစ်ယောက်အကြား မည်သို့ လုပ်ဆောင်ပေးလိုက်ရမည်ကို အမှန်ပင် မသိနိုင်တော့ပါ....
"သားစေ..."
"......"
"ဒယ်ဒီ့ ကိုအဲ့လိုပြန်ခံမပြောပါနဲ့လားကွယ်....
အဲ့ဒီလိုပြောလို့ အန်တီနှင်းက ကြားထဲက အတင်းဝင်ပါတယ်မထင်နဲ့နော်...
အန်တီနှင်းက နှစ်ယောက်လုံးကိုကြည့်ပြီး စိတ်မကောင်းလွန်းလို့ပါ..."
"ကျွန်တော်မထင်ပါဘူး..။ အန်တီနှင်းမှာအပြစ်မှမရှိတာ...
ကျွန်တော်ငယ်ငယ်လေးကတည်းကစောင့်ရှောက်ပေးလာတဲ့ အန်တီနှင်းကို ကျွန်တော်အပြစ်မမြင်ပါဘူး"
"အဲ့လိုကြားရတာ အန်တီနှင်းဝမ်းသာလိုက်တာ...
သားရယ်.. သားဒီလိုတွေလုပ်နေတာ မမမြ သာသိရင် စိတ်ကောင်းမှာမဟုတ်ဘူး။ ဒယ်ဒီ့ စကားနားထောင်ပြီး ကုမ္ပဏီ ဝင်လိုက်ပါတော့လား...။ ဟင်...?
သား ဒယ်ဒီက သားကိုချစ်ရှာပါတယ်။ ဖြစ်မြောက်စေချင်တယ်။ သား ဒယ်ဒီ့ကို အရွဲ့တိုက်နေတာလေးတွေ ရပ်လိုက်ပါတော့လား..."
"သား နားလည်ပါတယ်...
ဒါပေမယ့် သား ဒယ်ဒီ့ ကို ခွင့်မလွှတ်နိုင်ဘူး။ ဒယ်ဒီ့ကြောင့်သာမဟုတ်ရင်..၊ အဲ့ဒီအလုပ်ဆိုတာကြီးကိုသာ မစွဲလန်းနေခဲ့ရင်..၊ မာမီ... သားရဲ့ မာမီ........."
"သားရယ်... အန်တီနှင်းတောင်းပန်ပါတယ်ကွယ်~ အန်တီနှင်း ရှိနေခဲ့သင့်တာ~"
"အန်တီနှင်း မှာ ဘာအမှားမှမရှိပါဘူး..."
ပြောရင်း ရှိုက်ကာရှိုက်ကာ ငိုနေပါသောကောင်လေး...
အရွယ်နှင့်မလိုက်အောင် နာကျည်းချက်တွေများနေရှာသောကောင်လေး...
~~မမမြ မြင်နေတယ်မဟုတ်လားဟင်...
သားငယ်လေးကို နှင်းနှင်းဘယ်လိုနှစ်သိမ့်ပေးရပါ့မလဲ..။ ကိုကျော်နဲ့ရော ဘယ်လိုညှိနှိုင်းပေးရပါ့မလဲ...~~
"ကဲ..သား.. ဆက်မတွေးနဲ့တော့။ နားလိုက်တော့နော်။ အန်တီနှင်း သွားလိုက်တော့မယ်..."
"ဟုတ်ကဲ့..."
ထွက်သွားသော အန်တီနှင်းကိုကြည့်ရင်း အားနာစိတ်များဝင်လာမိသည်။ ထိုစဉ်က ခိုကိုးရာမဲ့ ဖြစ်နေသော အန်တီနှင်းကိုမာမီကခေါ်လာကာ အလုပ်ပေး၍ အိမ်တွင်နေစေသည်။
ထိုစဉ်ကတည်းက အန်တီနှင်းက ကျွန်တော့်ကို သားအရင်းပမာစောင့်ရှောက်ပေးသည်။
မာမီ ဆုံးပါးသွားပြီးချိန်တွင်လည်း အနားတွင်အမြဲရှိကာ အားပေးခဲ့သည်။
အခုအချိန်တွင်မူ ဒယ်ဒီ ၏ ဇနီးအဖြစ်နေရာယူထားပါသော်လည်း အန်တီနှင်း ဟုသာခေါ်စေကာ မေတ္တာမပျက် ကျွန်တော့်ကိုစောင့်ရှောက်ပေးသည်။
ပြောခဲ့ဖူးသော စကားတစ်ခွန်းသည်ကား...
~~အမေနဲ့ပတ်သက်ပြီး စိတ်ဒဏ်ရာ ရှိတဲ့ကလေးငယ်ကို အမေနေရာအတင်းဝင်ယူပြီး စိတ်ဒဏ်ရာမပေးချင်လို့ပါ..တဲ့လေ~~
နောက်ပိုင်းသိလာရသည်ကား ယခုလို ဒယ်ဒီ့ ဇနီးနေရာဝင်ပြီး ကျွန်တော့်ကို ဝင်ထိန်းပေးနေသည်မှာလည်း မာမီ၏ နောက်ဆုံးဆန္ဒဖြစ်နေခြင်းပင်...
ကျွန်တော့်အား မိခင်မေတ္တာမငတ်မွတ်စေချင်သော မာမီ၏ ဆန္ဒကို ဖြည့်ဆည်းပေးနေခြင်းပင်...
ထို့ကြောင့် အန်တီနှင်းအား မမုန်းသည့်အပြင်လေးစားမိပါ၏။
...............................................................
"စစ်..!! ငါ ဆိုင်ကောင်းကောင်းလေး တစ်ဆိုင်တွေ့ထားတယ်..။ သွားစားရအောင်"
"မင်းမှာလည်းလေ စေ နဲ့အတူ ပြဿနာရှာရင်ရှာ ၊ မရှာရရင် စားသောက်နေတာပဲ..."
"မင်းကလည်းကွာ ပြောမယ်ဆိုတာချည်းပဲ..။ အလုပ်လုပ်ရတာပင်ပန်းတယ်ကွ...။ လိုက်မှာလားမလိုက်ဘူးလား ပြော.."
"အော်..အေးအေး..။ ပင်ပန်းတယ်ပဲထားပါတော့..."
"စစ်...!! "
"ဟားဟား... နောက်တာနောက်တာ ။ ထ ထ !! သွားမယ်"
>>သွားမှာကိုမသွားပဲ ပွစိပွစိ လုပ်နေသေးတာ..။ မိန်းမကြီးကျနေတာပဲ<<
"ကောင်း.. ငါအကုန်ကြားတယ်နော်.."
*blah.. blah*
ကျွန်တော့်ကို မဲ့ကာရွဲ့ကာ လုပ်ပြနေသော အနှီသူငယ်ချင်းအား လျစ်လျူရှု ကာ သူပြောသည့်ဆိုင်သို့ ဦးတည်ရတော့သည်။
ပြောရရင်ဖြင့် ကျွန်တော်သည်ကား သူနှင့်စေ ၏ သူငယ်ချင်းဆိုသည်ထက် အုပ်ထိန်းသူကြီး အတိုင်းပင်...
ဆိုင်ကိုရောက်တော့ အပြင်အဆင်လေးကို အရင်လေ့လာမိသည်။ မဆိုးပါ။cafeဖွင့်ထားသူကျွန်တော့်အဖို့ အပြင်အဆင်လေ့လာသည်ကလည်း အလုပ်တစ်ခုမဟုတ်ပါလား..
ဆိုင်လေးကအေးချမ်းသည်။ သီချင်းသံလေးကလည်း မတိုးလွန်း မကျယ်လွန်း ငြိမ့်ငြိမ့်လေး ဖွင့်ထားပေးသည်။
စားပွဲများနှင့်မနီးမဝေးလေးတွင်လည်း လူလုပ်ရေတံခွန်သေးသေးလေးရှိ၏။ ထိုအထဲတွင် ရွှေငါးငယ်လေးများလည်း မွေးထားသေးသည်။
"စစ် ဘာစားမလဲ.."
"ရတယ်.. ။ အဆင်ပြေတာမှာလိုက်..။ ကိစ္စမရှိဘူး..."
"ok.. waiter..!!."
waiterခေါ်လိုက်တော့ ဖြူဖြူသေးသေးကောင်လေးတစ်ယောက်ရောက်လာသည်။ အဝေးကကြည့်ရလို့လားမသိ ဇဝေဇဝါဖြင့်မြင်ဖူးသလိုလိုရှိသည်။
ကောင်း မှာသမျှကိုသေချာလိုက်မှတ်နေသော ထိုကောင်လေးအားသေချာကြည့်မိတော့မှ....
"လွမ်းပုံရိပ်.."
"ဟုတ်ကဲ့..။ အကို ကျွန်တော့်ကို သိလို့လား.."
"စစ် သူ့ကိုသိလား.."
ကောင်း ကပါ ဝင်မေးတော့....
"club မှာ တယောထိုးတဲ့တစ်ယောက်..."
"aww..ညီလေး..။ တွေ့ရတာဝမ်းသာတယ်ကွာ..။ အကိုက ညီလေး တယောထိုးတာ အရမ်းကြိုက်တာ.."
"ဟုတ်ကဲ့ ။ ကျေးဇူးပါဗျ..."
ပြုံးရွှင်စွာ ပြန်ဖြေနေပုံလေးက သွက်သွက်လက်လက်နှင့်အတော်ချစ်ဖို့ကောင်းသည်။
ယောက်ျားလေးတစ်ယောက်အတွက် ချစ်ဖို့ကောင်းသည် ဟူသော အသုံးအနှုန်းသည်ကား သင့်တော်၏ ၊ မတော်၏ ကျွန်တော်မသိသော်လည်း ချစ်ဖို့ကောင်းသည်မှာတော့ ငြင်း၍မရပေ...
"ညီလေး ဒါ အကို့ဆိုင်လိပ်စာကဒ်...။ cafe ဖွင့်ထားတာ..။
အဆင်ပြေမယ်ဆိုရင် သီချင်းလေးတွေ လာတီးပေးနိုင်မလား..."
" aww...ဟုတ်ကဲ့။ ကျွန်တော်စဉ်းစားကြည့်ပြီးဆက်သွယ်လိုက်ပါ့မယ်...။
အားနာပေမယ့်ဆိုင်မှာက customerတွေနဲ့ စကားပြောခွင့်မရှိလို့ပါ..။ ခွင့်ပြုပါဦးဗျ..."
"အော်.. .onmm onmm..."
ထိုကောင်လေးထွက်သွားပြီးမှကောင်း က ဝင်နောက်သည်။
"အကို စစ်တို့ကတော့ စီးပွားရေးဆို ကွက်ကျော်မြင်တယ်ဟေ့.."
" စီးပွားရေး ဆိုတာထက် အဲ့ဆိုင်လေးကိုက ငါ့ရဲ့ဝါသနာနဲ့ကိုက်ညီတဲ့ အလုပ်ဖြစ်နေလို့ပါ..."
"အင်းပါ အင်းပါ...။ ဟုတ်ပါပြီ..."

Коментарі