နေဗီပြာ
Новини
နွေဦးမှာ တိုက်ခတ်တဲ့ လေရူးလိုပဲ
မင်းက ခန့်မှန်းရခက်တယ်
တစ်ခါတလေ မင်းက အေးမြမှုကိုပေးနိုင်သလို
ရံဖန်ရံခါမှာအပူကိုတွေက်ိုယူဆောင်လာတဲ့
နွေလေပူတွေလိုပဲ။
နွေရာသီကို ငါမကြိုက်ဘူး ပြောရရင် နွေရာသီက အရမ်းပူတယ် ဒါပေမယ့် နွေရာသီကိုလုံးလုံးကြီးမကြိုက်တာတော့မဟုတ်ဘူး သူ့ရဲ့ရာသီပွဲတော်ဖြစ်တဲ့ သင်္ကြန်ကို ငါနှစ်ခြိုက်တယ်။
မိုးရာသီကိုတော့ ကလေးလိုမိုးရေထဲဆော့လို့ရတဲ့အချိန်ရယ်၊ မိုးရွာနေတဲ့ အချိန် စိမ့်စိမ့်လေးနဲ့ နေလို့ကောင်းတဲ့ခံစားချက်ကို ကြိုက်တယ်။ ဒါမဲ့ အပြင်ဘက် ကိစ္စရှိလို့သွားတဲ့အချိန် မိုးရွာတာကိုမကြိုက်ဘူး စိုစိစိနဲ့။
ဆောင်းရာသီကိုတော့ပြစ်ချက်မရှိ ကြိုက်တယ်။
အေးမြမှုကိုကြိုက်တတ်တဲ့ငါနဲ့ကွက်တိပဲပေါ့။
တစ်ခုလေးပဲ ဆောင်းရာသီမှာ ရေတွေအေးလွန်းလို့ ရေမချိုးချင်တာကို ရေဇွတ်ချိုးခိုင်းတာလေးပဲ။
နောက်ပြီး မင်း။ မင်းကို ငါစသိသိချင်း ငါ့စိတ်ထဲမှာ ဗလာသက်သက်ပဲ။ မင်းနဲ့ရင်းနှီးလာမယ်လို့ လုံးဝကို ထင်မထားခဲ့တာ။ ရေစက်တွေပဲပြောရမလား။ မင်းက ကလေးဆန်တယ် လုပ်ချင်တာအကုန်လုပ်တယ် ဘေးကနေ အာပေါက်မတတ်ပြောနေမှ တော်ကာကျတာ။ စကားပုံတွေသိပ်မှန်တယ်။ ဒူးလောက်တင်မှ ရင်လောက်ကျတယ်တဲ့။
ဆိုးတယ်လို့ပြောတိုင်း လိမ္မာပါတယ်ကလုပ်သေး။ မင်းကိုကျ နွေမိုးဆောင်းသုံးရာသီစပ် ပုံစံမျိုးနဲ့.......