bunny baby
@baby_bunny
Блог Всі
just memory
Новини
နွေမှာ မနက်ပိုင်း ကျေးငှက်သံလေးတွေနဲ့ နိုးထရတာကိုကြိုက်တယ် ငါချစ်တဲ့ သူမကတော့ နွေရာသီကို အရမ်းမုန်းပါသတဲ့ သူမက အပူဒဏ်မခံနိုင်ဘူးလေ မိုးမှာ မိုးသံလေးတွေကို နားထောင်ပြီး အိပ်ရတာကို ကြိုက်တယ် သူမကတော့ မိုးကို စိုစိုစွတ်စွတ်နဲ့မို့ မနှစ်သက်ဘူး လို့ ပြောလေ့ရှိတယ် ဟုတ်တာပေါ့ သူမက ရေကို အရမ်းကြောက်တတ်တာလေ ဆောင်းညတွေမှာ ညလယ်ပိုင်း တစ်ရေးနိုး မီးထလှုံရတာကို ကြိုက်တယ် သူမကတော့ မီးလှုံရတာကို မုန်းတယ်တဲ့ ငါမေ့သွားတာ သူမက မီးခိုးငွေ့တွေကို သဘောမကျတတ်တဲ့သူ အဲ့လိုပါပဲ ငါချစ်တဲ့သူမကတော့ အရာရာတိုင်းကို အမြဲ အမြင်မကြည်လေ့ရှိတယ် ဒါပေမယ့် ငါကတော့ သူမရဲ့ ချွင်းချက်တစ်ခုပါတဲ့
1
152
just move
Новини
ကိုယ်ချစ်တဲ့ သူမကလား ယောက်ျား အရက်သောက်ရင် အမြည်း လုပ်ပေးတတ်တဲ့ မိန်းမမျိုး
131
personal
Новини
ဘဝကြီးက လက်ဖက်ခြောက်အထည့်များသွားတဲ့ ရေနွေးကြမ်းလိုပဲ ခါးသက်သက်နဲ့
1
107