Prologue
Chapter-1
Chapter-1
This Novel can be read on both Unicode and Zawgyi version.

To read on Zawgyi version,Scroll down until to reach the 'ZAWGYI VER" title.

UNICODE

အပိုင်း(၁)

K သည် သစ်ပင်တစ်ပင်၏ထိပ်တွင်ရှိသော အကိုင်းတစ်ကိုင်းပေါ်တွင် နားနေလျှက် သူ့နားရွက်တစ်စုံမှာ နိုးနိုးကြားကြားရှိနေသည်။သူ၏ မဲနက်လျှက်ရှိသော အမြှီးမှာလည်း နားရွက်များ၏ဦးတည်ရာအတိုင်း ဟိုဟိုဒီဒီရွေ့လျားလို့နေ၏။သို့သော်လည်း ရှာဖွေသူတစ်ဦးတစ်ယောက်သည် ယခုကဲ့သို့ မှောင်ပိန်းနေသောညချမ်းတစ်ခုတွင် သူ၏လှုပ်ရှားမှုများကို လေ့လာနိုင်ဖို့ခဲယဥ်းလေ၏။

သစ်ပင်၏အောက်ခြေတွင် မီးပုံပွဲ၌စုဝေးနေကြသော လူတစ်စုရှိသည်။လူစုမှာ ကြီးမားသောကြောင့် ထိုနေရာတစ်ဝိုက်တွင် မီးရောင်များဖြင့် လင်းလင်းထိန်လျက်ရှိသည်။K က ထိုမြင်ကွင်းအား သစ်ကိုင်းပေါ်မှ တိတ်တဆိတ်အကဲခတ်နေခြင်းဖြစ်၏။

အမှန်ကား K သည် ထိုအုပ်စုအား နေ့လယ်ခင်းကတည်းကပင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

စုန်းမအိုကြီး၏ နေရာမှ ထွက်ပြေးလာခဲ့ပြီးနောက်တွင် K သည် သစ်တောထဲတွင် သုံးရက်နှင့်သုံးညတိတိ လျှောက်သွားနေခဲ့၏။ထို့ကြောင့် အခု K သည်ခြေကုန်လက်ပန်းကျနေပြီဖြစ်သည်။သေချာပေါက်ပင် K သည် ပင်လည်းပင်ပန်းနေ၍ ဗိုက်ဆာနေသည်မှာ မူးလဲအံ့ဆဲဆဲပင်ဖြစ်နေသည်။သူသည် သားကောင်များကို ဖမ်းစားဖို့ တွေးခဲ့သည်။သို့သော် ဤကိစ္စနှင့်ပတ်သက်လာလျှင် တွေးစရာခပ်များများပင်ပေါ်လာ၏။ဘတ်တီးရီးယား နှင့် ကပ်ပါးပိုးများရှိနေသော သားရိုင်းများအား ဖမ်းဆီးစားသောက်ရမည့် အစား သေခြင်းတရားကို ရင်ဆိုင်လိုက်သည်က ပိုကောင်းသည်။ထို ရွေးခြယ်စရာမရှိသောအခြေအနေကြောင့် K မှာ ထိုလူတစ်စုစီသို့သာ သွားရန်အပြင် တခြားမရှိခဲ့။သို့သော် သူတို့ကိုချဥ်းကပ်မည့်အစား K သည် သူတို့ကို တိတ်တဆိတ်နှင့် တဖြေးဖြေးချင်းလေ့လာ အကဲခတ်ရန် ဆုံးဖြတ်လိုက်သည်။အကြောင်းကား ရှင်းလွန်း၏။သူတို့ လူတစ်စုမှာ အမဲလိုက်သည့်အဖွဲ့ဖြစ်သောကြောင့်ပင်...။

မီးပုံကြီး၏ အလယ်တွင်ချိတ်စွဲထားသော တောဝက်သားကို K ငေးကြည့်မိ၏။

တရှဲရှဲ နှင့် မြည်နေသော တောဝက်သားမှ လွှင့်ပါလာသော အနံ့ကား K ကိုစားချင်စိတ်ဖြစ်စေသည်။သာမန်အခြေအနေတွင်တော့ သူသည် မတုန့်ဆိုင်းနေဘဲ ထိုအုပ်စုထဲဝင်ကာ ဘုမသိ ဘမသိ ဝင်စားမိမှာမှန်သည်။သို့သော် ယခုအခြေအနေကား မတူပေ။ထို လူတစ်စုက သူ့ ကိုပင် ပြန်သတ်၍စားပစ်မလား သူမသေချာချေ။

K က တွေးနေရင်း သစ်ကိုင်းကို အမြှီးဖြင့် တစ်ချက်ပုတ်ချသည်။

ကြောင်သားကို အများအားဖြင့်စားကြသည်မှာရှား၏။သို့သော် ထိုကဲ့သို့ပုံသေယူ၍မရ။K ကောင်းကောင်းကြီးမှတ်မိသည်။သူ၏အဖွားဖြစ်သူကား ကြောင်သားကို အဆစ်အမြစ်ကောင်းစေသည် ဟူသောကြောင့် ပြုတ်၍စားလေ့ရှိသည်။ထို့ပြင် တောင်ကိုရီးယား၌ ကြောင်သားမစား၍ တခြားအရပ်ဒေသများတွင်လည်း မစားဘူး ဟူ၍မဆိုလို။
ကြောင်သားမစားကြသော်လည်း လူတွေသည် သူ၏လှပသော အနက်ရောင်အမွှေးအတွက် Kကိုသတ်လျှင် သတ်ကြလိမ့်မည်။သို့မဟုတ်ပါက အလယ်ခေတ်ဥရောပ ၏ ကြောင်နက်များမှာ ကံမကောင်းမှုကိုစောင်ကြဥ်းသည် ဟူသော အယူအဆတွေအရ သူကို သတ်လျှင် သတ်ကြလိမ့်မည်။

အာ...ဗိုက်ဆာလိုက်တာ။

မီးကင်ထားသည့် ကြွပ်ကြွပ်ဆက်ဆက်ဖြစ်နေသော တောဝက်သားကိုကြည့်ရင်း K လျှာသပ်မိသည်။ရုတ်တရက် သူ့စိတ်ထဲတွင် မီးပုံပွဲနား တိတ်တဆိတ်သွား၍ အသားကိုခိုးယူရန် အတွေးဝင်လာသည်။ထို လူတစ်စုမှာ သူ၏ အနက်ရောင်အမွှေးများကြောင့် ရိပ်မိမည်မဟုတ်ချေ။အထူးသဖြင့် သူအလွန်တိတ်ဆိတ်စွာ လှုပ်ရှားလျှင်ဖြစ်သည်။သို့သော်.....

K က ထိုလူတစ်စုတွင်ရှိကြသော ကြီးမားသည့် ဓါးများ၊ဒိုင်းများနှင့် လေး များဆီ အကြည့်ရောက်သွား၏။အကယ်၍ သာ သူသွားခိုး၍ လက်ပူးလက်ကြပ်မိသွားပါက မီးကင်ထားသော တောဝက်သားနေရာတွင် အစားထိုးဝင်ရောက်လာမည်မှာ သူကိုယ်တိုင်ပင်ဖြစ်မည်။K သည် မီးကင်ထားသော အသားကိုကြည့်လိုက်၊ လူတွေ၏ လက်နက်များကိုပြန်ကြည့်လိုက်နှင့် ပြာယာခက်နေသည်။နောက်ဆုံးတွင်တော့ သူ၏အသားခိုးမည့် မဟာအကြံအစည်ကြီးကို လက်လျော့လိုက်ရ၏။သေချာပေါက် သူလက်လျော့လိုက်သည်က အကြံကိုပင်ဖြစ်သည်။ကြွပ်ကြွပ်ဆက်ဆက် တောဝက်သားကိုလက်လျော့သည် မဟုတ်။အဘယ်ကြောင့်ဆိုသော် မခိုးဘဲ တောဝက်သားကိုစားနိုင်မည့် တခြားနည်းလမ်းတစ်ခုရှိသေးသောကြောင့်ပင်။

ပထမဦးစွာ K သည် လူတစ်ယောက်ချင်းစီကို အကဲခတ်တော့၏။

အခြေအနေအမျိုးမျိုးကြောင့် သူသည်ကြောင်တစ်ကောင်ဖြစ်လာသည်။ကြောင်ဖြစ်က ကြွက်သာဖမ်း ဆိုသည့်မေးခွန်းများစွာပေါ်လာလေမည်။ထိုသို့ဆိုလျှင် ကြောင်တစ်ကောင်သည် လူတွေ၏ကျေးဇူးဆပ်ရန်အတွက် ကြွက်ဖမ်းပေးသည် အလုပ်သာရှိသည်။ဒါက အများသဘောတူထားသည့် အချက်ပင်မဟုတ်လား။
ခွေးတစ်ကောင်၏ ကံတရားသည် ကောင်းမွန်သည်။အကယ်၍ ၎င်းသာထို့ထက် ကံကောင်းပါက ကောင်းမွန်သော နေရာထိုင်ခင်းနှင့် ပြုစုစောင့်ရှောက်သော သခင်တစ်ယောက်ပိုင်ဆိုင်ရပေမည်။သူကား မိနေသော မန္တာန်ကို ဖြေ၍ အိမ်ပြန်ဖို့ နည်းလမ်းရှာရမည်ဆိုပါက လူသားတွေနှင့် လိုက်လျောညီထွေနေရမည်ဖြစ်သည်။

ပထမဆုံးအားဖြင့် လှံများကိုင်ကာ ပြေးလွှားနေကြသည့် ခြေကုန်လက်ပန်းကျနေသော လူများကိုပယ်မည်။မီးပုံဘေးတွင် လက်မလည်အောင် အလုပ်ရှုပ်နေကြသော လူများကိုလည်းပယ်မည်။စုတ်စုတ်ပျက်ပျက် ဝတ်စားထားကြသည့် လူများလည်းပယ်။ခပ်တုံးတုံးရုပ်ရည်နှင့် ရုပ်ကြမ်းရုပ် များအားလည်းပယ်။

K၏ စူးရှ၍ ဘလင်းဘလင်းထနေသော မျက်လုံးများ က လူတစ်ယောက်ချင်းစီကို ရွေးခြယ်စစ်ဆေးနေသည်။

လူများစွာကို ပယ်ချ ဖယ်ထုတ်ပြီးနောက်တွင် လူအနည်းငယ်သာကျန်တော့သည်။ထိုလူများက Kပုန်းနေသော သစ်ပင်အောက်ရှိ မီးပုံတွင် စုဝေးထိုင်နေကြသူများသာဖြစ်၏။၎င်းတို့၏ လက်နက်များ၊အဝတ်အစားများနှင့် ထိုင်နေပုံများအစ လှုပ်ရှားခြင်းမရှိကြပေ။မှားနိုင်ဖွယ်မရှိ။ဤလူများမှာ ပြေးလွှား လှုပ်ရှားနေကြသော အစေခံများအနက်မှ အဆင့်မြင့်သူများပင်ဖြစ်လိမ့်မည်။

K၏ အကြည့်များက သစ်ပင်ကိုမှီ၍နေသော လူတစ်ယောက်ထံသီးခြားဖြစ်တည်သွား၏။

သူ၏အသုံးအဆောင်များနှင့် ကိုယ်ပေါ်တွင်သယ်ယူထားသော အဆောင်အယောင်းများကိုကြည့်ရုံဖြင့် ထိုလူမှာ အဆင့်အမြင့်ဆုံးဟူ၍မှတ်ယူရသည်။K က မျက်လုံးမှတ်ထားသော ထိုလူကို မျက်လုံးအိမ် ကျဥ်း၍ကြည့်လိုက်သည်။ထို့နောက် သူ့အမြှီးကိုတစ်ချက်ပုတ်ချလိုက်သည်။ထိုလူက အတော်အတန်မှ ငယ်ရွယ်ကာ သူ့မျက်နှာတွင် ထူးထူးခြားခြားမည်သည့်အမူအရာမျှမပြ။ထိုလူ၏မျက်နှာမှာ အမူအရာကင်းမဲ့နေကာ တခြားတစ်စုံတစ်ယောက်မှာ သူဘာတွေးနေလဲ မခန့်မှန်းနိုင်ပေ။

သူ့ကို ငါးစာ လုပ်လိုက်ရင်ကောင်းမလား?

အမြှီးကို ဘယ်ညာယိမ်းလိုက်၍ Kက ထိုလူ၏တုံ့ပြန်မှုကို စတင်ဟောကိန်းထုတ်တော့၏။

သူက ထိုလူ၏ အတိုင်းထက်အလွန်ချောမောခန့်ငြားသော မျက်နှာနှင့် အမူအရာများကိုကြည့်လိုက်သည်။ထင်ရသလောက်လည်း ထိုလူကဆိုးမည့်ပုံမပေါ်ပေ။အကယ်၍ Kက ထိုလူကို တောင်းပန်ခယ၍ သနားချင့်စဖွယ်အမူအရာများလုပ်ပြပါက သူ့(K)ကိုသတ်မည့်ပုံလည်းမပေါ်လောက်....ဖြစ်ကောင်းဖြစ်နိုင်သည်။

အချိန်အတန်ကြာအထိ စစ်ဆေးပြီးနောက်ဆုံးတွင် Kက သူပုန်းနေသော သစ်ကိုင်းမှထ၍ ထိုလူကို ချည်းကပ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။

****

ညောာာငြ___

သနားစရာကောင်းသော အသံလေးတစ်သံက မှောင်မဲနေသောတောနက်ထဲမှ ထွက်ပေါ်လာသည်။လျင်မြန်စွာရွေ့လျားသောကြောင့် ပွတ်တိုက်သံများ ညံနေသော လက်နက်များကိုကိုင်ထားသည့် စစ်သည်များက အသံလေးကိုကြားလျှင် သူတို့၏ပုခုံးများကိုဖြေလျော့လိုက်ကြသည်။သို့သော်လည်း သူတို့၏ပုံစံများမှာ မပျက်ယွင်းဘဲရှိ၏။

ညောင်င်င်___

၎င်းက ချည်းကပ်လာသည်ကို သူတို့အား အသိပေးသည့်အလား ဒုတိယအကြိမ်အဖြစ် ၎င်း၏တိုးညှင်းသောအသံလေးကိုကြားလိုက်ရသည်။ထို့နောက်တွင် သူတို့သည် ကခုန်နေသောမီးတောက်တစ်ဖက်မှ သေးငယ်သောကြောင်လေးတစ်ကောင် ရောက်လာသည်ကိုမြင်လိုက်ရလေသည်။ကျူးကျော်သူလေးကို မြင်လိုက်ရချိန်တွင် စစ်သည်များက ပြုံးကာ လက်နက်များကိုင်ဆောင်ထားသည့်လက်တို့ကို ဖြေလျော့လိုက်ကြ၏။

မီးရောင်ဘေးတွင် ရပ်လိုက်၍ ကြောင်နက်ကလေးက လူများ၏ အမူအရာများကိုတစ်ချက် ကြည့်လိုက်သည်။လေထုက ကောင်းမွန်နေသည်ကို အတည်ပြုပြီးနောက်တွင် ၎င်းကသူတို့ဆီ ဖြေးညှင်းစွာလျှောက်လာလိုက်သည်။ကြောင်တစ်ကောင်၏ ထူးခြားသော အမူအရာများက စစ်သည်များ၏အာရုံကို ဖမ်းစားထားသည်။

ပစ်မှတ်ကိုရွေးခြယ်ထားပြီးသော ကြောင်လေးက အိန္ဒြရေရရ နှင့်ပင် တစ်ဦးတည်းသောလူတစ်ယောက်ထံ ဦးတည်လိုက်သည်။

"အရှင့်သား ကျွန်တော်မျိုးတို့ဘယ်လိုလုပ်ကြမလဲ?"

တခြားစစ်သားများနှင့် မတူညီဘဲ မြင်းစီးသူရဲ ဆိုင်မွန်က ဓါးပေါ်တွင်တင်ထားသော သူ့လက်ကိုမလွှတ်ဘဲ အသံနိမ့်နိမ့်ဖြင့် မေးခွန်းထုတ်လိုက်၏။သစ်ပင်ကို မှီထားသော ကားလခ်စ် က ဖြေးဖြေးချင်းသူ့၏မျက်တစ်စုံကိုဖွင့်လိုက်သည်။

(ဆိုင်မွန်က knight ပါ...သူရဲကောင်းပါ့။ မြင်းစီးသူရဲ လို့လည်းပြောလို့ရမယ်ထင့်)

အနက်ရောင်စိုစို ဖြင့် ခြုံလွှမ်းထားလျက်ရှိသော ကြောင်လေးက ဖြေးညှင်းစွာနှင့် မတုံ့မဆိုင်းဘဲ ကားလခ်စ် ထံသို့ဦးတည်လာသည်။၎င်း၏ လမ်းကြောင်းတွင် စစ်သည်များစွာနှင့် ဖြတ်ကျော်လာခဲ့ရသော်လည်း ထိုအရာလေးက ကြောက်ရွံ့သည့်ပုံစံ တစိုးတစိမှမပြပေ။

"အရှင့်သား" ဆိုင်မွန်က အသိပေးလိုက်သည်။

အမှန်ကား ဆိုင်မွန်သည် ထိုကြောင်လေးအား မကြာသေးမီကမှ စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။သူက ထိုအကောင်သေးသေးလေးကသူတို့ကို အန္တရာယ်မပြုနိုင် ဟုအထင်နှင့် ဘေးမဲ့လွှတ်ထားခဲ့သည်။သို့သော် ယခု အနှီကောင်ပေါက်လေးက ကားလခ်စ် ဆီသို့ အတင့်ရဲရဲဖြင့် ဦးတည်လာသည်။ဆိုင်မွန် လျစ်လျူမရူနိုင်တော့။ထိုအရာက အခွင့်အရေးတစ်သန်းပုံတစ်ပုံ ဆိုသော်လည်း ဖြစ်နိုင်ခြေရှိသေးသည်မဟုတ်ပါလား?

အနှီကောင်လေးက အချိန်မရွေး ဓါးအိမ်မှ ဓါးကိုဆွဲထုတ်ကာ တိုက်ခိုက်တော့မည့် ဆိုင်မွန်၏ အကြည့်ကို ရိပ်စားမိသွားသည်ထင်၏။ကြောင်လေးက ရွေ့လျားနေရာမှ ရပ်လိုက်သည်။သုံးမီတာ အကွာအဝေးမှနေ၍ ကြောင်လေးက ဆိုင်မွန်ကိုကြည့်သည်။ထို့နောက် ဓါးလက်ကိုင်ရိုးပေါ်ကိုင်ထားသော ဆိုင်မွန်၏ လက်ကို ကြည့်၍ ဖြေးညှင်းစွာမျက်တောင်ခတ်လိုက်သည်။အခြေအနေကို အကဲဖြတ်နေသည့်နှယ် ထိုအရာလေးက သူ၏အမြှီးလေးကို ဘယ်ဘက်သို့ယမ်းလိုက်သည်။ထို့နောက် ညာဘက်သို့ယမ်းလိုက်သည်။ထိုအခြင်းအရာကို တိတ်တဆိတ်ကြည့်နေသော ကားလခ်စ်က ဖြေးဖြေးလေး ပါးစပ်ဖွင့်လာ၏။

"ထားလိုက်"

ကားလခ်စ် စကားကြောင့် ဆိုင်မွန် က ဓါးပေါ်မှလက်ကိုလွှတ်လိုက်သည်။သူလွှတ်လိုက်ချင်းတွင် အကောင်ပေါက်လေးမှာလည်း တစ်ဖန်သူ့တို့ဆီရွေ့လျားလာပြန်သည်။

ကားလခ်စ် ၏ အရှေ့တည့်တည့် ကိုရောက်သောအခါတွင် ၎င်းက မြေပြင်ပေါ်ထိုင်ချလိုက်သည်။ကားလခ်စ် ၏ဘေးမှ မြင်းစီးသရဲများကလည်း ထိုကြောင်လေးကို စိတ်ဝင်စားခြင်းတစ်ပိုင်း၊ သတိထားခြင်းတစ်ပိုင်းဖြင့် စောင့်ကြည့်နေကြသည်။သူတို့မြင်ရသည်က ၎င်းငျး၏ခန်ဓါကိုယျမှာ လုံးလုံးအနက်ရောင်ဖြစ်နေကာ အရောင်းခြား ဆို၍ အမှုန်၊အမွှေး တစ်ခုမျှမပါပေ။
သတိထားနေသော လူစိမ်းတိုင်းပင် ၎င်းက အိန္ဒြရှိရှိထိုင်နေကာ ကားလခ်စ်ကို စပ်စပ်စုစုနှင့် စူးစိုက်ကြည့်နေသည်။

ကားလခ်စ် အား မလှုပ်မရှုက် အကဲဖြတ်နေသော ကြောင်လေး၏ဦးခေါင်းက ရုတ်ချည်းပင် အပေါ်သို့ရွေ့လျားလာသည်။၎င်း၏ အကြည့်များက ကားလခ်စ်၏ဘေးတွင်ရှိနေသော တောဝက်သားထံရွေ့လျားသွားသည်။တရှဲရှဲဖြစ်နေသော အသားရှိရာစီသို့ ကြည့်ပြီးနောက်တွင် ၎င်းက ကားလခ်စ်ကိုပြန်ကြည့်လိုက်၏။ထို့နောက်တွင် သနားကမား မြောင် သံရှည်လေးကိုထုတ်အော်လိုက်သည်။ ညောင်င်င်__ ၎င်းမှာ အစာ ထွက်အသနားခံနေခြင်းပင်ဖြစ်လေသည်။ထိုအရာကိုမြင်ကြကုန်သော စစ်သည်များက အတွင်းစိတ်ထဲတွင် ကြောင်လေးအား အလွန်သနားနေကြသည်။ကြောင်လေးက ချစ်ဖို့ကောင်းသည်မှာအမှန်။သို့သော် သူလူရွေး မှားသွားလေပြီ။ကြောင်လေးရွေးလိုက်သည့်လူကား အခြားမဟုတ်ပေ။ထိုသူက အရိုက်အရာထားခံရသော အိမ်ရှေ့စံ ကားလခ်စ် ပင်ဖြစ်ပေ၏။
အိမ်ရှေ့စံမင်းသား ကားလခ်စ် ကား သွေးအေးသော၊အသည်းမာသော စသည့်ဂုဏ်ပုဒ် များဖြင့်လူသိများလှသည်။သူ့ မျက်နှာတွင်စိတ်ကိုမဖတ်နိုင်သည့် အမူအရာမျိုးကိုအမြဲပန်ဆင်ထား၍ စိတ်ခံစားချက်များကိုလည်း မည်သည့်အခါမှထုတ်မပြတတ်ပေ။
သို့သော် ထိုအရာကို ကြောင်လေးက အဘယ်သိလိမ့်မည်နည်း။အစာအတွက် နောက်ထပ် မြောင် အရှည်ကြီးဖြင့် ထပ်အသနားခံနေပြန်သည်။ ညောင်င်င်__

ကြောင်လေး အစာတောင်းသည်ကို တစ်ချိန်လုံးကြည့်နေသော ကားလခ်စ် ကရုတ်တရက် လက်တစ်ဖက်ကိုမြှောက်လိုက်၏။သူ့ထံသို့ ဦးတည်လာသောလက်တစ်ဖက်ကို မြင်လိုက်သောကြောင်လေးက ၎င်း၏အမြှီးကိုမြေပြင်ပေါ်ပုတ်ချလိုက်သည်။ငယ်ငယ်ကလေးထဲမှစ၍ ဓါးကိုကိုင်ဆောင်လာခဲ့ရသည့် ကားလခ်စ်၏ ကြီးမားသောလက်က ၎င်း၏စကားကိုနားလည်စွာဖြင့် ကြောင်လေး၏ရှေ့သို့ရောက်လာသည်။

ထိုင်နေသောကြောင်လေးက ဆန့်ထုတ်ထားသည့်လက်အား ခဏတာကြောင်သွား၍ ရပ်နေ၏။ထို့နောက်တွင် ၎င်းက နားလည်သွားသည်။ကြောင်လေးက လက်ထံသို့ ခပ်ဖြေးဖြေး ချည်းကပ်လိုက်ပြီးနောက် ထိုလက်ပေါ်သို့ ၎င်း၏ရှေ့ခြေလေးကိုတင်လိုက်ကာ အော်လိုက်၏။ ညောင်င်င်___



ZAWGYI

အပိုင္း(၁)

K သည္ သစ္ပင္တစ္ပင္၏ထိပ္တြင္ရွိေသာ အကိုင္းတစ္ကိုင္းေပၚတြင္ နားေနလွ်က္ သူ႕နား႐ြက္တစ္စုံမွာ နိုးနိုးၾကားၾကားရွိေနသည္။သူ၏ မဲနက္လွ်က္ရွိေသာ အျမႇီးမွာလည္း နား႐ြက္မ်ား၏ဦးတည္ရာအတိုင္း ဟိုဟိုဒီဒီေ႐ြ႕လ်ားလို႔ေန၏။သို႔ေသာ္လည္း ရွာေဖြသူတစ္ဦးတစ္ေယာက္သည္ ယခုကဲ့သို႔ ေမွာင္ပိန္းေနေသာညခ်မ္းတစ္ခုတြင္ သူ၏လႈပ္ရွားမႈမ်ားကို ေလ့လာနိုင္ဖို႔ခဲယဥ္းေလ၏။

သစ္ပင္၏ေအာက္ေျခတြင္ မီးပုံပြဲ၌စုေဝးေနၾကေသာ လူတစ္စုရွိသည္။လူစုမွာ ႀကီးမားေသာေၾကာင့္ ထိုေနရာတစ္ဝိုက္တြင္ မီးေရာင္မ်ားျဖင့္ လင္းလင္းထိန္လ်က္ရွိသည္။K က ထိုျမင္ကြင္းအား သစ္ကိုင္းေပၚမွ တိတ္တဆိတ္အကဲခတ္ေနျခင္းျဖစ္၏။

အမွန္ကား K သည္ ထိုအုပ္စုအား ေန႕လယ္ခင္းကတည္းကပင္ ရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

စုန္းမအိုႀကီး၏ ေနရာမွ ထြက္ေျပးလာခဲ့ၿပီးေနာက္တြင္ K သည္ သစ္ေတာထဲတြင္ သုံးရက္ႏွင့္သုံးညတိတိ ေလွ်ာက္သြားေနခဲ့၏။ထို႔ေၾကာင့္ အခု K သည္ေျခကုန္လက္ပန္းက်ေနၿပီျဖစ္သည္။ေသခ်ာေပါက္ပင္ K သည္ ပင္လည္းပင္ပန္းေန၍ ဗိုက္ဆာေနသည္မွာ မူးလဲအံ့ဆဲဆဲပင္ျဖစ္ေနသည္။သူသည္ သားေကာင္မ်ားကို ဖမ္းစားဖို႔ ေတြးခဲ့သည္။သို႔ေသာ္ ဤကိစၥႏွင့္ပတ္သက္လာလွ်င္ ေတြးစရာခပ္မ်ားမ်ားပင္ေပၚလာ၏။ဘတ္တီးရီးယား ႏွင့္ ကပ္ပါးပိုးမ်ားရွိေနေသာ သားရိုင္းမ်ားအား ဖမ္းဆီးစားေသာက္ရမည့္ အစား ေသျခင္းတရားကို ရင္ဆိုင္လိုက္သည္က ပိုေကာင္းသည္။ထို ေ႐ြးျခယ္စရာမရွိေသာအေျခအေနေၾကာင့္ K မွာ ထိုလူတစ္စုစီသို႔သာ သြားရန္အျပင္ တျခားမရွိခဲ့။သို႔ေသာ္ သူတို႔ကိုခ်ဥ္းကပ္မည့္အစား K သည္ သူတို႔ကို တိတ္တဆိတ္ႏွင့္ တေျဖးေျဖးခ်င္းေလ့လာ အကဲခတ္ရန္ ဆုံးျဖတ္လိုက္သည္။အေၾကာင္းကား ရွင္းလြန္း၏။သူတို႔ လူတစ္စုမွာ အမဲလိုက္သည့္အဖြဲ႕ျဖစ္ေသာေၾကာင့္ပင္...။

မီးပုံႀကီး၏ အလယ္တြင္ခ်ိတ္စြဲထားေသာ ေတာဝက္သားကို K ေငးၾကည့္မိ၏။

တရွဲရွဲ ႏွင့္ ျမည္ေနေသာ ေတာဝက္သားမွ လႊင့္ပါလာေသာ အနံ႕ကား K ကိုစားခ်င္စိတ္ျဖစ္ေစသည္။သာမန္အေျခအေနတြင္ေတာ့ သူသည္ မတုန့္ဆိုင္းေနဘဲ ထိုအုပ္စုထဲဝင္ကာ ဘုမသိ ဘမသိ ဝင္စားမိမွာမွန္သည္။သို႔ေသာ္ ယခုအေျခအေနကား မတူေပ။ထို လူတစ္စုက သူ႕ ကိုပင္ ျပန္သတ္၍စားပစ္မလား သူမေသခ်ာေခ်။

K က ေတြးေနရင္း သစ္ကိုင္းကို အျမႇီးျဖင့္ တစ္ခ်က္ပုတ္ခ်သည္။

ေၾကာင္သားကို အမ်ားအားျဖင့္စားၾကသည္မွာရွား၏။သို႔ေသာ္ ထိုကဲ့သို႔ပုံေသယူ၍မရ။K ေကာင္းေကာင္းႀကီးမွတ္မိသည္။သူ၏အဖြားျဖစ္သူကား ေၾကာင္သားကို အဆစ္အျမစ္ေကာင္းေစသည္ ဟူေသာေၾကာင့္ ျပဳတ္၍စားေလ့ရွိသည္။ထို႔ျပင္ ေတာင္ကိုရီးယား၌ ေၾကာင္သားမစား၍ တျခားအရပ္ေဒသမ်ားတြင္လည္း မစားဘူး ဟူ၍မဆိုလို။
ေၾကာင္သားမစားၾကေသာ္လည္း လူေတြသည္ သူ၏လွပေသာ အနက္ေရာင္အေမႊးအတြက္ Kကိုသတ္လွ်င္ သတ္ၾကလိမ့္မည္။သို႔မဟုတ္ပါက အလယ္ေခတ္ဥေရာပ ၏ ေၾကာင္နက္မ်ားမွာ ကံမေကာင္းမႈကိုေစာင္ၾကဥ္းသည္ ဟူေသာ အယူအဆေတြအရ သူကို သတ္လွ်င္ သတ္ၾကလိမ့္မည္။

အာ...ဗိုက္ဆာလိုက္တာ။

မီးကင္ထားသည့္ ႂကြပ္ႂကြပ္ဆက္ဆက္ျဖစ္ေနေသာ ေတာဝက္သားကိုၾကည့္ရင္း K လွ်ာသပ္မိသည္။႐ုတ္တရက္ သူ႕စိတ္ထဲတြင္ မီးပုံပြဲနား တိတ္တဆိတ္သြား၍ အသားကိုခိုးယူရန္ အေတြးဝင္လာသည္။ထို လူတစ္စုမွာ သူ၏ အနက္ေရာင္အေမႊးမ်ားေၾကာင့္ ရိပ္မိမည္မဟုတ္ေခ်။အထူးသျဖင့္ သူအလြန္တိတ္ဆိတ္စြာ လႈပ္ရွားလွ်င္ျဖစ္သည္။သို႔ေသာ္.....

K က ထိုလူတစ္စုတြင္ရွိၾကေသာ ႀကီးမားသည့္ ဓါးမ်ား၊ဒိုင္းမ်ားႏွင့္ ေလး မ်ားဆီ အၾကည့္ေရာက္သြား၏။အကယ္၍ သာ သူသြားခိုး၍ လက္ပူးလက္ၾကပ္မိသြားပါက မီးကင္ထားေသာ ေတာဝက္သားေနရာတြင္ အစားထိုးဝင္ေရာက္လာမည္မွာ သူကိုယ္တိုင္ပင္ျဖစ္မည္။K သည္ မီးကင္ထားေသာ အသားကိုၾကည့္လိုက္၊ လူေတြ၏ လက္နက္မ်ားကိုျပန္ၾကည့္လိုက္ႏွင့္ ျပာယာခက္ေနသည္။ေနာက္ဆုံးတြင္ေတာ့ သူ၏အသားခိုးမည့္ မဟာအႀကံအစည္ႀကီးကို လက္ေလ်ာ့လိုက္ရ၏။ေသခ်ာေပါက္ သူလက္ေလ်ာ့လိုက္သည္က အႀကံကိုပင္ျဖစ္သည္။ႂကြပ္ႂကြပ္ဆက္ဆက္ ေတာဝက္သားကိုလက္ေလ်ာ့သည္ မဟုတ္။အဘယ္ေၾကာင့္ဆိုေသာ္ မခိုးဘဲ ေတာဝက္သားကိုစားနိုင္မည့္ တျခားနည္းလမ္းတစ္ခုရွိေသးေသာေၾကာင့္ပင္။

ပထမဦးစြာ K သည္ လူတစ္ေယာက္ခ်င္းစီကို အကဲခတ္ေတာ့၏။

အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ သူသည္ေၾကာင္တစ္ေကာင္ျဖစ္လာသည္။ေၾကာင္ျဖစ္က ႂကြက္သာဖမ္း ဆိုသည့္ေမးခြန္းမ်ားစြာေပၚလာေလမည္။ထိုသို႔ဆိုလွ်င္ ေၾကာင္တစ္ေကာင္သည္ လူေတြ၏ေက်းဇူးဆပ္ရန္အတြက္ ႂကြက္ဖမ္းေပးသည္ အလုပ္သာရွိသည္။ဒါက အမ်ားသေဘာတူထားသည့္ အခ်က္ပင္မဟုတ္လား။
ေခြးတစ္ေကာင္၏ ကံတရားသည္ ေကာင္းမြန္သည္။အကယ္၍ ၎သာထို႔ထက္ ကံေကာင္းပါက ေကာင္းမြန္ေသာ ေနရာထိုင္ခင္းႏွင့္ ျပဳစုေစာင့္ေရွာက္ေသာ သခင္တစ္ေယာက္ပိုင္ဆိုင္ရေပမည္။သူကား မိေနေသာ မႏၱာန္ကို ေျဖ၍ အိမ္ျပန္ဖို႔ နည္းလမ္းရွာရမည္ဆိုပါက လူသားေတြႏွင့္ လိုက္ေလ်ာညီေထြေနရမည္ျဖစ္သည္။

ပထမဆုံးအားျဖင့္ လွံမ်ားကိုင္ကာ ေျပးလႊားေနၾကသည့္ ေျခကုန္လက္ပန္းက်ေနေသာ လူမ်ားကိုပယ္မည္။မီးပုံေဘးတြင္ လက္မလည္ေအာင္ အလုပ္ရႈပ္ေနၾကေသာ လူမ်ားကိုလည္းပယ္မည္။စုတ္စုတ္ပ်က္ပ်က္ ဝတ္စားထားၾကသည့္ လူမ်ားလည္းပယ္။ခပ္တုံးတုံး႐ုပ္ရည္ႏွင့္ ႐ုပ္ၾကမ္း႐ုပ္ မ်ားအားလည္းပယ္။

K၏ စူးရွ၍ ဘလင္းဘလင္းထေနေသာ မ်က္လုံးမ်ား က လူတစ္ေယာက္ခ်င္းစီကို ေ႐ြးျခယ္စစ္ေဆးေနသည္။

လူမ်ားစြာကို ပယ္ခ် ဖယ္ထုတ္ၿပီးေနာက္တြင္ လူအနည္းငယ္သာက်န္ေတာ့သည္။ထိုလူမ်ားက Kပုန္းေနေသာ သစ္ပင္ေအာက္ရွိ မီးပုံတြင္ စုေဝးထိုင္ေနၾကသူမ်ားသာျဖစ္၏။၎တို႔၏ လက္နက္မ်ား၊အဝတ္အစားမ်ားႏွင့္ ထိုင္ေနပုံမ်ားအစ လႈပ္ရွားျခင္းမရွိၾကေပ။မွားနိုင္ဖြယ္မရွိ။ဤလူမ်ားမွာ ေျပးလႊား လႈပ္ရွားေနၾကေသာ အေစခံမ်ားအနက္မွ အဆင့္ျမင့္သူမ်ားပင္ျဖစ္လိမ့္မည္။

K၏ အၾကည့္မ်ားက သစ္ပင္ကိုမွီ၍ေနေသာ လူတစ္ေယာက္ထံသီးျခားျဖစ္တည္သြား၏။

သူ၏အသုံးအေဆာင္မ်ားႏွင့္ ကိုယ္ေပၚတြင္သယ္ယူထားေသာ အေဆာင္အေယာင္းမ်ားကိုၾကည့္႐ုံျဖင့္ ထိုလူမွာ အဆင့္အျမင့္ဆုံးဟူ၍မွတ္ယူရသည္။K က မ်က္လုံးမွတ္ထားေသာ ထိုလူကို မ်က္လုံးအိမ္ က်ဥ္း၍ၾကည့္လိုက္သည္။ထို႔ေနာက္ သူ႕အျမႇီးကိုတစ္ခ်က္ပုတ္ခ်လိဳက္သည္။ထိုလူက အေတာ္အတန္မွ ငယ္႐ြယ္ကာ သူ႕မ်က္ႏွာတြင္ ထူးထူးျခားျခားမည္သည့္အမူအရာမွ်မျပ။ထိုလူ၏မ်က္ႏွာမွာ အမူအရာကင္းမဲ့ေနကာ တျခားတစ္စုံတစ္ေယာက္မွာ သူဘာေတြးေနလဲ မခန့္မွန္းနိုင္ေပ။

သူ႕ကို ငါးစာ လုပ္လိုက္ရင္ေကာင္းမလား?

အျမႇီးကို ဘယ္ညာယိမ္းလိုက္၍ Kက ထိုလူ၏တုံ႕ျပန္မႈကို စတင္ေဟာကိန္းထုတ္ေတာ့၏။

သူက ထိုလူ၏ အတိုင္းထက္အလြန္ေခ်ာေမာခန့္ျငားေသာ မ်က္ႏွာႏွင့္ အမူအရာမ်ားကိုၾကည့္လိုက္သည္။ထင္ရသေလာက္လည္း ထိုလူကဆိုးမည့္ပုံမေပၚေပ။အကယ္၍ Kက ထိုလူကို ေတာင္းပန္ခယ၍ သနားခ်င့္စဖြယ္အမူအရာမ်ားလုပ္ျပပါက သူ႕(K)ကိုသတ္မည့္ပုံလည္းမေပၚေလာက္....ျဖစ္ေကာင္းျဖစ္နိုင္သည္။

အခ်ိန္အတန္ၾကာအထိ စစ္ေဆးၿပီးေနာက္ဆုံးတြင္ Kက သူပုန္းေနေသာ သစ္ကိုင္းမွထ၍ ထိုလူကို ခ်ည္းကပ္ရန္ ဆုံးျဖတ္ခ်က္ခ်လိဳက္သည္။

****

ေညာာာျင___

သနားစရာေကာင္းေသာ အသံေလးတစ္သံက ေမွာင္မဲေနေသာေတာနက္ထဲမွ ထြက္ေပၚလာသည္။လ်င္ျမန္စြာေ႐ြ႕လ်ားေသာေၾကာင့္ ပြတ္တိုက္သံမ်ား ညံေနေသာ လက္နက္မ်ားကိုကိုင္ထားသည့္ စစ္သည္မ်ားက အသံေလးကိုၾကားလွ်င္ သူတို႔၏ပုခုံးမ်ားကိုေျဖေလ်ာ့လိုက္ၾကသည္။သို႔ေသာ္လည္း သူတို႔၏ပုံစံမ်ားမွာ မပ်က္ယြင္းဘဲရွိ၏။

ေညာင္င္င္___

၎က ခ်ည္းကပ္လာသည္ကို သူတို႔အား အသိေပးသည့္အလား ဒုတိယအႀကိမ္အျဖစ္ ၎၏တိုးညွင္းေသာအသံေလးကိုၾကားလိုက္ရသည္။ထို႔ေနာက္တြင္ သူတို႔သည္ ကခုန္ေနေသာမီးေတာက္တစ္ဖက္မွ ေသးငယ္ေသာေၾကာင္ေလးတစ္ေကာင္ ေရာက္လာသည္ကိုျမင္လိုက္ရေလသည္။က်ဴးေက်ာ္သူေလးကို ျမင္လိုက္ရခ်ိန္တြင္ စစ္သည္မ်ားက ၿပဳံးကာ လက္နက္မ်ားကိုင္ေဆာင္ထားသည့္လက္တို႔ကို ေျဖေလ်ာ့လိုက္ၾက၏။

မီးေရာင္ေဘးတြင္ ရပ္လိုက္၍ ေၾကာင္နက္ကေလးက လူမ်ား၏ အမူအရာမ်ားကိုတစ္ခ်က္ ၾကည့္လိုက္သည္။ေလထုက ေကာင္းမြန္ေနသည္ကို အတည္ျပဳၿပီးေနာက္တြင္ ၎ကသူတို႔ဆီ ေျဖးညွင္းစြာေလွ်ာက္လာလိုက္သည္။ေၾကာင္တစ္ေကာင္၏ ထူးျခားေသာ အမူအရာမ်ားက စစ္သည္မ်ား၏အာ႐ုံကို ဖမ္းစားထားသည္။

ပစ္မွတ္ကိုေ႐ြးျခယ္ထားၿပီးေသာ ေၾကာင္ေလးက အိႏၵျေရရရ ႏွင့္ပင္ တစ္ဦးတည္းေသာလူတစ္ေယာက္ထံ ဦးတည္လိုက္သည္။

"အရွင့္သား ကြၽန္ေတာ္မ်ိဳးတို႔ဘယ္လိုလုပ္ၾကမလဲ?"

တျခားစစ္သားမ်ားႏွင့္ မတူညီဘဲ ျမင္းစီးသူရဲ ဆိုင္မြန္က ဓါးေပၚတြင္တင္ထားေသာ သူ႕လက္ကိုမလႊတ္ဘဲ အသံနိမ့္နိမ့္ျဖင့္ ေမးခြန္းထုတ္လိုက္၏။သစ္ပင္ကို မွီထားေသာ ကားလခ္စ္ က ေျဖးေျဖးခ်င္းသူ႕၏မ်က္တစ္စုံကိုဖြင့္လိုက္သည္။

(ဆိုင္မြန္က knight ပါ...သူရဲေကာင္းပါ့။ ျမင္းစီးသူရဲ လို႔လည္းေျပာလို႔ရမယ္ထင့္)

အနက္ေရာင္စိုစို ျဖင့္ ၿခဳံလႊမ္းထားလ်က္ရွိေသာ ေၾကာင္ေလးက ေျဖးညွင္းစြာႏွင့္ မတုံ႕မဆိုင္းဘဲ ကားလခ္စ္ ထံသို႔ဦးတည္လာသည္။၎၏ လမ္းေၾကာင္းတြင္ စစ္သည္မ်ားစြာႏွင့္ ျဖတ္ေက်ာ္လာခဲ့ရေသာ္လည္း ထိုအရာေလးက ေၾကာက္႐ြံ႕သည့္ပုံစံ တစိုးတစိမွမျပေပ။

"အရွင့္သား" ဆိုင္မြန္က အသိေပးလိုက္သည္။

အမွန္ကား ဆိုင္မြန္သည္ ထိုေၾကာင္ေလးအား မၾကာေသးမီကမွ ေစာင့္ၾကည့္ေနခဲ့ျခင္းျဖစ္သည္။သူက ထိုအေကာင္ေသးေသးေလးကသူတို႔ကို အႏၱရာယ္မျပဳနိုင္ ဟုအထင္ႏွင့္ ေဘးမဲ့လႊတ္ထားခဲ့သည္။သို႔ေသာ္ ယခု အႏွီေကာင္ေပါက္ေလးက ကားလခ္စ္ ဆီသို႔ အတင့္ရဲရဲျဖင့္ ဦးတည္လာသည္။ဆိုင္မြန္ လ်စ္လ်ဴမ႐ူနိုင္ေတာ့။ထိုအရာက အခြင့္အေရးတစ္သန္းပုံတစ္ပုံ ဆိုေသာ္လည္း ျဖစ္နိုင္ေျခရွိေသးသည္မဟုတ္ပါလား?

အႏွီေကာင္ေလးက အခ်ိန္မေ႐ြး ဓါးအိမ္မွ ဓါးကိုဆြဲထုတ္ကာ တိုက္ခိုက္ေတာ့မည့္ ဆိုင္မြန္၏ အၾကည့္ကို ရိပ္စားမိသြားသည္ထင္၏။ေၾကာင္ေလးက ေ႐ြ႕လ်ားေနရာမွ ရပ္လိုက္သည္။သုံးမီတာ အကြာအေဝးမွေန၍ ေၾကာင္ေလးက ဆိုင္မြန္ကိုၾကည့္သည္။ထို႔ေနာက္ ဓါးလက္ကိုင္ရိုးေပၚကိုင္ထားေသာ ဆိုင္မြန္၏ လက္ကို ၾကည့္၍ ေျဖးညွင္းစြာမ်က္ေတာင္ခတ္လိုက္သည္။အေျခအေနကို အကဲျဖတ္ေနသည့္ႏွယ္ ထိုအရာေလးက သူ၏အျမႇီးေလးကို ဘယ္ဘက္သို႔ယမ္းလိုက္သည္။ထို႔ေနာက္ ညာဘက္သို႔ယမ္းလိုက္သည္။ထိုအျခင္းအရာကို တိတ္တဆိတ္ၾကည့္ေနေသာ ကားလခ္စ္က ေျဖးေျဖးေလး ပါးစပ္ဖြင့္လာ၏။

"ထားလိုက္"

ကားလခ္စ္ စကားေၾကာင့္ ဆိုင္မြန္ က ဓါးေပၚမွလက္ကိုလႊတ္လိုက္သည္။သူလႊတ္လိုက္ခ်င္းတြင္ အေကာင္ေပါက္ေလးမွာလည္း တစ္ဖန္သူ႕တို႔ဆီေ႐ြ႕လ်ားလာျပန္သည္။

ကားလခ္စ္ ၏ အေရွ႕တည့္တည့္ ကိုေရာက္ေသာအခါတြင္ ၎က ေျမျပင္ေပၚထိုင္ခ်လိဳက္သည္။ကားလခ္စ္ ၏ေဘးမွ ျမင္းစီးသရဲမ်ားကလည္း ထိုေၾကာင္ေလးကို စိတ္ဝင္စားျခင္းတစ္ပိုင္း၊ သတိထားျခင္းတစ္ပိုင္းျဖင့္ ေစာင့္ၾကည့္ေနၾကသည္။သူတို႔ျမင္ရသည္က ၎င်း၏ခန္ဓါကိုယ်မွာ လုံးလုံးအနက္ေရာင္ျဖစ္ေနကာ အေရာင္းျခား ဆို၍ အမႈန္၊အေမႊး တစ္ခုမွ်မပါေပ။
သတိထားေနေသာ လူစိမ္းတိုင္းပင္ ၎က အိႏၵျရွိရွိထိုင္ေနကာ ကားလခ္စ္ကို စပ္စပ္စုစုႏွင့္ စူးစိုက္ၾကည့္ေနသည္။

ကားလခ္စ္ အား မလႈပ္မရႈက္ အကဲျဖတ္ေနေသာ ေၾကာင္ေလး၏ဦးေခါင္းက ႐ုတ္ခ်ည္းပင္ အေပၚသို႔ေ႐ြ႕လ်ားလာသည္။၎၏ အၾကည့္မ်ားက ကားလခ္စ္၏ေဘးတြင္ရွိေနေသာ ေတာဝက္သားထံေ႐ြ႕လ်ားသြားသည္။တရွဲရွဲျဖစ္ေနေသာ အသားရွိရာစီသို႔ ၾကည့္ၿပီးေနာက္တြင္ ၎က ကားလခ္စ္ကိုျပန္ၾကည့္လိုက္၏။ထို႔ေနာက္တြင္ သနားကမား ေျမာင္ သံရွည္ေလးကိုထုတ္ေအာ္လိုက္သည္။ ေညာင္င္င္__ ၎မွာ အစာ ထြက္အသနားခံေနျခင္းပင္ျဖစ္ေလသည္။ထိုအရာကိုျမင္ၾကကုန္ေသာ စစ္သည္မ်ားက အတြင္းစိတ္ထဲတြင္ ေၾကာင္ေလးအား အလြန္သနားေနၾကသည္။ေၾကာင္ေလးက ခ်စ္ဖို႔ေကာင္းသည္မွာအမွန္။သို႔ေသာ္ သူလူေ႐ြး မွားသြားေလၿပီ။ေၾကာင္ေလးေ႐ြးလိုက္သည့္လူကား အျခားမဟုတ္ေပ။ထိုသူက အရိုက္အရာထားခံရေသာ အိမ္ေရွ႕စံ ကားလခ္စ္ ပင္ျဖစ္ေပ၏။
အိမ္ေရွ႕စံမင္းသား ကားလခ္စ္ ကား ေသြးေအးေသာ၊အသည္းမာေသာ စသည့္ဂုဏ္ပုဒ္ မ်ားျဖင့္လူသိမ်ားလွသည္။သူ႕ မ်က္ႏွာတြင္စိတ္ကိုမဖတ္နိုင္သည့္ အမူအရာမ်ိဳးကိုအၿမဲပန္ဆင္ထား၍ စိတ္ခံစားခ်က္မ်ားကိုလည္း မည္သည့္အခါမွထုတ္မျပတတ္ေပ။
သို႔ေသာ္ ထိုအရာကို ေၾကာင္ေလးက အဘယ္သိလိမ့္မည္နည္း။အစာအတြက္ ေနာက္ထပ္ ေျမာင္ အရွည္ႀကီးျဖင့္ ထပ္အသနားခံေနျပန္သည္။ ေညာင္င္င္__

ေၾကာင္ေလး အစာေတာင္းသည္ကို တစ္ခ်ိန္လုံးၾကည့္ေနေသာ ကားလခ္စ္ က႐ုတ္တရက္ လက္တစ္ဖက္ကိုျမႇောက္လိုက္၏။သူ႕ထံသို႔ ဦးတည္လာေသာလက္တစ္ဖက္ကို ျမင္လိုက္ေသာေၾကာင္ေလးက ၎၏အျမႇီးကိုေျမျပင္ေပၚပုတ္ခ်လိဳက္သည္။ငယ္ငယ္ကေလးထဲမွစ၍ ဓါးကိုကိုင္ေဆာင္လာခဲ့ရသည့္ ကားလခ္စ္၏ ႀကီးမားေသာလက္က ၎၏စကားကိုနားလည္စြာျဖင့္ ေၾကာင္ေလး၏ေရွ႕သို႔ေရာက္လာသည္။

ထိုင္ေနေသာေၾကာင္ေလးက ဆန့္ထုတ္ထားသည့္လက္အား ခဏတာေၾကာင္သြား၍ ရပ္ေန၏။ထို႔ေနာက္တြင္ ၎က နားလည္သြားသည္။ေၾကာင္ေလးက လက္ထံသို႔ ခပ္ေျဖးေျဖး ခ်ည္းကပ္လိုက္ၿပီးေနာက္ ထိုလက္ေပၚသို႔ ၎၏ေရွ႕ေျခေလးကိုတင္လိုက္ကာ ေအာ္လိုက္၏။ ေညာင္င္င္___


© 마녀사탕- -WitchCandy,
книга «고양이 K ||Myanmar Translation||».
Коментарі
Упорядкувати
  • За популярністю
  • Спочатку нові
  • По порядку
Показати всі коментарі (1)
Hi Ro Se
Chapter-1
Відповісти
2020-10-18 05:20:36
Подобається