Prologue
This Novel can be read on both Unicode and Zawgyi version.
To read on Zawgyi version,Scroll down until to reach the 'ZAWGYI VER" title.
UNICODE
ကျွန်တော့် နာမည်က K။ကျွန်တော် ဟာ ကြောင်တစ်ကောင်။
ကျွန်တော့် နာမည်က K ဆိုတဲ့ အက္ခရာ တစ်လုံးတည်းလား?မဟုတ်ပါဘူး။တကယ်တော့ ကျွန်တော့်မှာ တခြားမတူညီတဲ့ နာမည်လည်းရှိသေးပါတယ်။ဒါပင်မဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားလေးတို့ သိပ်မစိုးရိမ်ကြဖို့မျှော်လင့်ပါတယ်။ဒါကြောင့် K ပဲ ထားလိုက်တော့။
ကျွန်တော် စောနက ပြောခဲ့သလိုပါပဲ။ကျွန်တော် က ကြောင်တစ်ကောင်။
ကျွန်တော့်ရဲ့ နားရွက်ထိပ်ဖျားကနေစလို့ ဟိုး အမြှီးအဆုံးထိ ကျွန်တော်ဟာ အနက်ရောင်အမွေးနုတွေနဲ့ ဆင်မြန်းထားပါတယ်။တခြား မျိုးစပ် ထားတဲ့ကြောင်အများစုနဲ့ မတူဘဲ ကျွန်တော့် အမွေးနုတွေမှာ အနက်မှလွဲပြီး တခြားမတူညီတဲ့ အရောင်တစိုးတစိမှ မပါ,ပါဘူး။ဒီ အရော မဟုတ်တဲ့ အရောင်က ကျွန်တော်ဟာ အဆင့်အတန်းမြင့်၊မျိုးရိုးမြင့် တစ်ယောက်(ကြောင်)ဆိုတာ ထင်ရှားစေပါတယ်။
ကျွန်တော့်ရဲ့ အထက်တန်းကျတဲ့မျိုးရိုး ဆိုတာ ရေမရောထားတဲ့ အမွေးနု ပိုင်ဆိုင်ထားလို့တင် မဟုတ်ပါဘူး။
အလွန်တရာမှ ညီမျှခြင်းတွေနဲ့ပြည့်စုံနေပြီး နိုးနိုးကြားကြားဖြစ်နေတဲ့ ကျွန်တော့်ရဲ့ နားရွက်တစ်စုံ နဲ့အတူ ကျက်သရေရှိလှစွာ ညွှန့်ကိုင်းနေတဲ့ ကျွန်တော့်ရဲ့ အမြှီး။တစ်နည်းဆိုရရင် ကျွန်တော်ဟာ သိပ်ကိုမှ Perfect ဖြစ်လွန်းတယ်။ထပ်လောင်းပြောရရင်တော့ ကျွန်တော်ရဲ့ အသားထူထူတဲ့ လက်ဖဝါးလေးတွေက ဘယ်လိုအမြင့်မှာပဲ ရောက်နေ,ရောက်နေ မြေပြင်ပေါ်ကို အသံမထွက်ဘဲ သက်ဆင်းနိုင်သတဲ့ဗျာ။
နောက်ပြီး ကျွန်တော့်ရဲ့ နှုတ်သီးတစ်ဝိုက်မှာ ကွေ့ဝိုက်ပြီး ထွက်ပြူနေတဲ့ ပါးမွှေးတွေ ဆိုရင်ရော?
သဘာဝဆန်သော ပြင့်လျာတင့်မောသော စတဲ့ ခံစားချက်တွေကို တစ်ချိန်တည်းမှာတင် ပေးစွမ်းနေခြင်း ဆိုတဲ့ အကောင်းတက အကောင်းဆုံး ဥပမာတွေနဲ့ တင်စားရမှာပါ။သေချာပေါက် ကျွန်တော့်ရဲ့ ကြီးမားပြီးဝိုင်းစက်နေတဲ့ မျက်လုံးလေးတွေနဲ့ သန်မာတဲ့လက်သည်းတွေဟာလည်း ပစ်ပယ်ထားလို့မရတဲ့ကောင်းခြင်းတွေနဲ့ ပြည့်စုံနေပါတယ်။
ဘက်ဘက်ကနေ ထောင့်စေ့နေအောင် ပြည့်စုံတဲ့ကျွန်တော်ဟာ အေးစက်ပြီး အချေတလိုင်း မြို့ကြီးသားကြောင်။ဒါပင်မဲ့ ကျွန်တော့်ရဲ့ သခင်မကလွဲလို့ နွေးထွေးမှုကို ကျွန်တော်ဘယ်သူ့ကိုမှမပေးဘူး။ဟူးးး....။
အဲ့အချိန်မှာ ကျွန်တော်ဟာ ကိုယ်နေဟန်ထားကျကျနဲ့ စင်ပေါ်မှာ ထိုင်ပြီး ကျွန်တော့်ရဲ့ အိပ်တန်း ကနေ အောက်ကိုကြည့်နေတယ်။
လူသားမိန်းမ တစ်ယောက် သီချင်းငြီးနေတာကို ကျွန်တော် မြင်နေရတယ်။ထ ကတော့မယ့် အထိ သီချင်းငြီးနေတာကို မြင်ရတော့ သူမ စိတ်ကြည်လင်နေမယ့်ပုံပေါ်ပါတယ်။
သူမက တက်တက်ကြွကြွနဲ့ ယောက်ချို ကြီးကိုင်ပြီး ဒယ်အိုးကြီးကို မွှေနေတာ။အဲ့ လူတစ်ယောက်ထိုင် ရေချိုးလို့ရတဲ့ အိုးကြီးထဲကလည်း ထူးထူးဆန်းဆန်းမီးခိုးငွေ့တွေက ထွက်နေသေးတယ်။အချိန် တခဏကြာတဲ့နောက်မှာတော့ လူသားမိန်းမက ဒယ်အိုးကြီးထဲ ပစ္စည်းတွေအမျိုးမျိုး ပစ်ထည့်နေတယ်ဆိုတာ.....။
အာ...ခင်ဗျားလေးတို့ လျှောက်မတွေးကြနဲ့ဦး။သာမာန် လူတိုင်းတော့ ဒီမိန်းမကြီးနဲ့တူကြမှာမဟုတ်ဘူး။ဘာလို့လဲ ဆိုတော့ သူမက တခြားလူသားတွေနဲ့ ခပ်ဆိတ်ဆိတ်နေတတ်တဲ့ စုန်းမကြီး မို့လို့လေ။
ဒယ်အိုးကြီးကို တက်တက်ကြွကြွမွှေနေတဲ့ စုန်းမကြီးရဲ့ခေါင်းက ရုတ်တရက် အပေါ်မော့လာတယ်။စုန်းမကြီးရဲ့ မျက်လုံးတွေ အခန်းပတ်လည်ကိုကြည့်နေတဲ့အချိန်မှာ ကျွန်တော့် အမြှီးကအမွေးတွေ ထောင်လာတယ်။(ကြက်သီးထသလို)
အခန်းပတ်လည်ကို scan ဖတ်သလိုကြည့်ပြီးနောက်မှာတော့ သူမ ကျွန်တော့်ကိုတွေ့သွားတယ်။ခရမ်းရောင်သမ်းနေတဲ့ သူမရဲ့နှုတ်ခမ်းဟာ ဖွင့်လာပြီး-
"ဘလက်ကီ"
ဒီ စုန်းမကြီးတော့ သက်ကြီးရောဂါပျောက်သွားပြီထင်တယ်။
(အိုမင်း ရင့်ရော်မှု)
"ဘလက်ကီ...နင် ကလိမ်ကကျစ်ကောင်!"
သူမက ကျွန်တော့်ကိုကြည့်ရင်း မဆီလျော်တဲ့စကားတွေ တရစပ်ပြောနေတာ။ကျွန်တော်လဲ မကြားချင်ယောင်ဆောင်ပြီး အမြှီးကိုတစ်ချက်သာသာလေး ပုတ်ပြလိုက်တယ်။ဒါနဲ့ပဲ စုန်းမကြီးနဲ့ မျက်နှာက မသာမယာနဲ့ လိမ်ချိုးသွားသတဲ့ဗျာ့။
"အခုချက်ချင်း ဆင်းလာခဲ့စမ်း...ကြောင်ဖျင်း! နင့်ကို ဒီအိုးထဲ အရှင်လက်လက် ပြုတ်ပြီးအမွေးမချွတ်ခင် ဆင်းလာခဲ့စမ်း!"
စုန်းမကြီးက ဆိုးရွားလိုက်တာဗျာ။ကျွန်တော့်ရဲ့ သွယ်သွယ်လျလျ နားရွက်လေးတွေလည်း သူမ အသံကြီးကြောင့် ပြုတ်ထွက်တော့မယ် တူပါရဲ့။အဲ့ ဆီးသီးခြောက်နဲ့တူတဲ့ ပါးစပ်ကြီးကို ချုပ်ပစ်လိုက်ချင်ရဲ့ ဒါပင်မဲ့လည်း ကျွန်တော်ဟာ သိက္ခါကိုထိန်းထားပါတယ်။ဘာလို့လဲ ဆိုတော့ ကျွန်တော်က သွေးအေးတဲ့မြို့ကြီးသားကြောင် မို့လို့လေ။
ညောင်င်င်__
ကျွန်တော် ကြမ်းပြင်ပေါ်ကိုခုန်ဆင်းလိုက်ပြီး မြောင် လို့ အရှည်ကြီးဆွဲအော်ပြီးတဲ့အခါမှာတော့ စုန်းမကြီးရဲ့ ရုတ်ရင်းကြမ်းကြုတ်တဲ့ မျက်နှာအမူအရာက အနည်းငယ်ဖြေလျော့သွားပါတယ်။သူမက ကျွန်တော့် မြောင် ကိုသဘောကျတယ်လေ...။စောက်ရူး အိုကြီးအိုမကြီးပါ။
စုန်းမအိုကြီးက တစ်ဖန် ယောက်ချိုကြီးနဲ့ အိုးကိုဆက်မွှေပြန်ပါတယ်။သူမရဲ့ ခြေထောက်ဘေးမှာထိုက်လိုက်ရင်း ကျွန်တော်ဟာ ထိုကြီးမားတဲ့အရာကြီးကိုမော့ကြည့်လိုက်တယ်။စုန်းမကြီးက အရမ်းအစွမ်းထက်တဲ့ မန္တန်တစ်ခုအတွက် ဆေးရည်တစ်ခုကိုပြုလုပ်နေတယ်။ဒီဆေးရည်က သေချာပေါက် လူတစ်ယောက်ကို လုံးဝနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားစေနိုင်ပါတယ်။မနေ့က စုန်းမကြီးရဲ့အိမ်ကို လူတစ်ယောက်လာသွားတယ်။သူက လူတစ်ယောက်ကို သေတာနဲ့မခြား လုံးဝအိပ်ပျော်သွားစေနိုင်တဲ့ မှော်ဆေးရည်ကိုလုပ်ပေးဖို့ စုန်းမကြီးကိုပြောခဲ့တယ်။အဲ့လူက တခြားလူတစ်ယောက်ကို အဲ့ဆေးရည်သုံးဖို့ရည်ရွယ်ထားတာလား ကျွန်တော်မသိပင်မဲ့...။ဆေးရည်သောက်ဖို့ မဲပေါက်သွားတဲ့သူကတော့ ကျွန်တော်စောစောကပြောခဲ့သလိုပဲ သေတာနဲ့မခြားဘဲ ထာဝရအိပ်ပျော်သွားမှာ...။ကျွန်တော့်အတွေ့အကြုံ အရလည်း စုန်းမကြီးရဲ့ မှော်ဆေးရည်တွေကလည်း သြချရလောက်အောင် အစွမ်းထက်တာရယ်။
အမှန်တကယ်တော့ ကျွန်တော်က ကြောင်တစ်ကောင်မဟုတ်ခဲ့ပါဘူး။
ကျွန်တော်က တောင်ကိုရီးယား လို့ခေါ်တဲ့ နိုင်ငံတစ်ခုမှာ မွေးဖွားခဲ့တဲ့ လူတစ်ယောက်ပါ။ယုံဖို့ခက်ခဲမယ်ဆိုတာ ကျွန်တော်သိပါတယ်။ဒါပင်မဲ့ ဒါတွေအားလုံးက အမှန်တကယ်ပါ။
ကျွန်တော်က "ပတ်" ဆိုတဲ့ ချမ်းသာတဲ့မိသားစုအသိုင်းအဝန်းမှာမွေးဖွားခဲ့တာ။ကျွန်တော်က ချမ်းသာတဲ့ အိမ်ထောင်စုမှာ ကြီးပြင်းခဲ့တယ်။အမြဲ ရိုသေလေးစားခံခဲ့ရပြီး ရွှေဇွန်းကိုက်ပြီးနေခဲ့ရတဲ့ ဘဝကိုပိုင်ဆိုင်ခဲ့တယ်။
ကံကြမ္မာငင်တဲ့ တစ်နေ့မှာပါ့...။'တက္ကသိုလ် ဝင့်ခွင့်စာမေးပွဲ' လို့ခေါ်တဲ့ရက်တွေရောက်ဖို့ နီးကပ်လာခဲ့တယ်။ဒါကြောင့် ကျွန်တော်က နီးကပ်လာတဲ့ စာမေးပွဲအတွက် ရေကုန်ရေခမ်းကြိုးစားနေခဲ့တာပါ့။
ကျွန်တော် ရုတ်တရက်မျက်လုံးဖွင့်လိုက်တဲ့ အခါမှာတော့ ကျွန်တော်က ကြီးမားတဲ့တောင်ကြီးရဲ့ အောက်ခြေကိုရောက်နေခဲ့တာပဲ။ကျွန်တော်ရောက်နေခဲ့တာ ဘယ်နေရာမှန်းမသိခဲ့ဘူး ဒါပင်မဲ့ တောထဲကို ယောင်ပေပေနဲ့လျှောက်သွားပြီး လမ်းကစပျောက်ရော...။
အဲ့ဒါက ကျွန်တော့်ကို ကံမကောင်းမှုက ပါးဖြတ်ရိုက်ခဲ့သလိုပါပဲ...ကျွန်တော့်ကိုရှာတွေ့ခဲ့တဲ့သူက စုန်းမအိုကြီးမို့လို့လေ။ဝမ်းနည်းစရာကောင်းတာက အဲ့အချိန်ကကံမကောင်းခဲ့တာကလွဲလို့ ဘာမှဖြစ်မလာခဲ့ပါဘူး။
လမ်းပျောက်နေတဲ့ကျွန်တော့်ကို နွေးနွေးထွေးထွေးကြိုဆိုတဲ့အနေနဲ့ သူမရဲ့ တစ်ထပ်တိုက်လေးကိုခေါ်သွားပြီး မှော်ဆေးရည်တစ်ခုတိုက်ခဲ့တယ်။ကျွန်တော် သတိလစ်ပြီး နိုးလာတဲ့အခါမှာတော့ ကျွန်တော်ဟာ ကြောင်တစ်ကောင်ဖြစ်ခဲ့ပြီးပြီ။
အ...။စုန်းမကြီးက တဟီးဟီးနဲ့ကြောက်စရာကောင်းအောင်ထရယ်တာ။ကြည့်ရတာ သူမရဲ့ဆေးရည်ကပြီးသွားပုံပေါက်တယ်။သူမရဲ့ ခြေထောက်ဘေးမှာထိုင်နေရင်း ကျွန်တော်ကသူမကို ချောင်းကြည့်လိုက်တယ်။သူမက ယောက်ချိုကြီးနဲ့ အိုးမွှေတာကိုရပ်လိုက်ပြီး မျက်လုံးစောင်းကြည့်လာတယ်။သူမ သေချာပေါက် ဆေးရည်လုပ်ပြီးသွားပြီပဲ။
"နည်းနည်းသောက်မလား ဘလက်ကီ?" စုန်းမကြီးက တခစ်ခစ်နဲ့ရယ်တယ်။
စုန်းမကြီးက ကျွန်တော့်ကိုငုံ့မိုးကြည့်ရင်း စကားပြောပါတော့တယ်။ပြီးတော့သူမက ခရမ်းပုတ်ရောင်အရည်တွေနဲ့အပြည့်ဖြစ်နေတဲ့ ယောက်ချိုဇွန်းကြီးကို ကျွန်တော့်ရှေ့ထိုးပေးတယ်။ကျွန်တော်က အသံခပ်ကျယ်ကျယ်နဲ့ ညောင်___ လို့အော်လိုက်တယ်။ရပ်လိုက်စမ်း စောက်ရူးအိုကြီးအိုမကြီးး။
သူမ နားလည်လား မလည်လားတော့ ကျွန်တော်မပြောတတ်ဘူး။ဒါပင်မဲ့ သူမက ဟက်ဟက်ပက်ပက်ကိုထရယ်တာပဲ။စုန်းမကြီးကိုကြည့်ပြီး ကျွန်တော်ဟာဆုံးဖြတ်ချက် တစ်ခုချလိုက်တယ်။ဒီနေ့မှာ ကျွန်တော်ဟာ စုန်းမအိုကြီး ကိုပညာပေးပြီး ဒီနေရာကနေထွက်ပြေးမယ် ဆိုပြီးတော့ပါ့။
စုန်းမကြီးက ဖန်ပုလင်းတစ်ခုကိုစင်ပေါ်ကယူလိုက်တယ်။သူမက မှော်ဆေးရည်ကိုအိုးကြီးထဲကနေ ယောက်ချိုကြီးနဲ့ခပ်လိုက်ပြီးတော့ ပုလင်းထဲဂရုတစိုက်လောင်းထည့်နေတယ်။သူမရဲ့ အာရုံဟာ အလုပ်ပေါ်အပြည့်အဝစူးစိုက်ထားပါတယ်။
ကျွန်တော်ဟာ ကျွန်တော့်ရဲ့ ဦးနှောက်ပါဝါကို ဂီယာအဆုံးထိတင်လိုက်ပြီး စတင်တွက်ချက်ပါတော့တယ်။သင်္ချာ၊ရူပဗေဒ နဲ့ သိပ္ပံ သေချာပေါက် ကျွန်တော်ဟာ ဖြစ်တန်စွမ်း နဲ့ ဇီဝရူပ ကိုတောင်အသုံးချလိုက်ပါတယ်။ကြောင်တစ်ကောင် ထက် မြင့်မားနေတဲ့ ကျွန်တော့်ရဲ့ အသိပညာကိုတော့ မှင်တက်မနေနဲ့ဦးနော်...ကျွန်တော်ပြောပြီးသွားပြီ ဒီ အသိညာဏ် က ကျွန်တော့်ရဲ့ အရင်က အထက်တန်း ဇာတိသွေး ကြောင့်ပဲ။
ဘယ်လိုပဲဖြစ်ဖြစ် အချက်အလက်တွေအကုန်လုံးနဲ့ ဖြစ်နိုင်ခြေတွေကို သေချာစဥ်းစားပြီး သုံးသပ်ပြီးတဲ့နောက်မှာတော့ မှားစရာအကြောင်းမရှိတော့ဘူး။ဒီအချိန် ဒီအခြေအနေက အံအတိုက်ဆုံး၊အသင့်တော်ဆုံးအချိန်ပဲ။စောင့်ဆိုင်းဖို့ မလိုအပ်တော့ဘဲ ခပ်မြန်မြန်နဲ့ ကျွန်တော်ဟာ ထိုင်ရာမှထလိုက်တယ်။ပြီးတော့ စုန်းမကြီးရဲ့ အရိုးပေါ်အရေတင်ဖြစ်နေတဲ့ ခြေချင်းဝတ်ကို ကျွန်တော်စကိုက်လိုက်တယ်။
ဘင်ဂို!စုန်းမကြီးက အလန့်တကြားနဲ့ထခုန်တာ။စုန်းမကြီးက ခြေတစ်ဖက်ထဲကိုအားယူရပ်နေတာ သေချာလား ကျွန်တော်အတည်ပြုပြီးတဲ့အခါမှာ ကျွန်တော်ဟာ ကျွန်တော့်ခန္ဓါကိုယ်တစ်ခုလုံးကို လေပေါ်ပစ်ခုန်လိုက်တယ်။၁၈၀ ဒီဂရီ ဂျွမ်းပစ်ထိုးပြီး ကျွန်တော်ဟာ စုန်းမကြီးရဲ့ ဖျင်ကို အပြင်းစားကန်ချက်တစ်ခုပေးလိုက်တယ်။
ခပ်တည့်တည့်ပါပဲ ဒယ်အိုးကြီးထဲ စုန်းမကြီးရဲ့ခေါင်းက အရင်ဝင်တာ...နောက်ပြီး သူမလက်တွေက ယက်ကန်ယက်ကန်ဖြစ်နေသေးတယ်။သူမရဲ့ ကျောပြင်ပေါ်မှာ အကြိမ်အနည်းငယ်ခုန်ပြီးတဲ့နောက်မှာ သိပ်ကိုမှတိကျတဲ့ အတိုင်းအတာနဲ့ပဲ ကျွန်တော်ဟာ မြေပြင်ပေါ်ကို ကျက်သရေရှိရှိ သက်ဆင်းလာတယ်။ပြီးပြည့်စုံတယ်...အမှတ် ၁၀၀ မှာ ၁၀၀ အတိ။
"ဘ-ဘလက်ကီ သေချင်းဆိုး အယုတ်တမာကြောင်....!"
စုန်းမကြီးက သူမခေါင်းကို အိုးထဲက ဆွဲထုတ်လိုက်တယ်။သူမရဲ့ ခန္ဓါကိုယ်က ဒရီးဒယိုင်ဖြစ်နေပြီး သူမက ကျွန်တော့်ကို ဗလုံးဗထွေးပြောလာတယ်။အဲ့အချိန်မှာ သူမက တံမြတ်စီးတစ်ချောင်းကို ကိုင်လိုက်ပြီး ကျွန်တော့် အရှေ့မှာဝှေ့ယမ်းလိုက်တယ်။ရိုက်ချက်တစ်ချက် မိပြီဆိုရင် ရက်အတော်ကြာတဲ့အထိ နာကျင်မှုကပျောက်မသွားတဲ့ တံမြတ်စီးပင်မဲ့ ကျွန်တော်က ဂုဏ်သိက္ခါရှိပြီး ကျော့ရှင်းတဲ့ကြောင်တစ်ကောင်ပါ။ကျွန်တော်ဟာ မြေပြင်ပေါ်မှာမလှုပ်မရှက်ရပ်နေပြီး စုန်းမကြီးကို ဟိတ်ဟန်အပြည့်နဲ့ပြန်ကြည့်လိုက်တယ်။ကျွန်တော် ဘာကိုမှမကြောက်ဘူး။နောက်ပြီး တံမြတ်စီးက လာတဲ့ရိုက်ချက်တွေကိုလည်း ရှောင်မှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ ကျွန်တော်က သွေးအေးတဲ့ အချေတလိုင်း မြို့ကြီးသားကြောင်တစ်ကောင်မို့လို့။
"နင် သေချင်းဆိုး...သေနာလေး-"
အားအင်နည်းနည်းနဲ့ တံမြတ်စီးကိုဝှေ့ယမ်းဖို့ကြိုးပမ်းလိုက်တဲ့အခါမှာ ယိုင်တိယိုင်တိုင်နဲ့ စုန်းမကြီးဟာ မြေပြင်ပေါ်မှောက်လျားကြီး ပြုတ်ကျပါရော။သူမရဲ့ ပျံ့ကားကားကြီးဖြစ်နေတဲ့ ခန္ဓါကိုယ်ပေါ်ကျွန်တော်တက်လိုက်ပြီး သူမရဲ့မျက်နှာပေါ်ကို ကျွန်တော့်ရဲ့ အသားထူထူလက်တွေနဲ့ နင်းလိုက်တယ်။သူမကို တိုက်ခိုက်တော့ ဒီလိုပြုတ်ကျတာကြီးက မမိုက်သေးပါဘူး။ကျွန်တော် ကျွန်တော့်ရဲ့ လက်သည်းလေးတွေကိုတောင် မသုံးလိုက်ရဘူး။
ကျွန်တော်ဟာ တစ်ထပ်တိုက်လေးကို နောက်ဆုံးအနေနဲ့ တစ်ခေါက်လှည့်ကြည့်လိုက်တယ်။ပြီးတော့ ကျွန်တော့်ရဲ့နောက်ကျောဘက်ထားလိုက်ပြီး နောက်ဆန်မတင်းဘဲ လှည့်ထွက်လာခဲ့တယ်။
တောနက်ကြီးရဲ့ တစ်နေရာရာမှာတော့ လူတွေနေတဲ့ရွာတို့ဘာတို့ရှိမှာပဲ။ကျွန်တော် အဲ့ကိုသွားဖို့လိုတယ်။ပြီးရင် စုန်းမကြီးရဲ့ မန္တန်ကိုဖျက်ပြီး အိမ်ပြန်ဖို့ နည်းလမ်းလည်းရှာရမယ်။ဒါက သေချာပေါက်လွယ်တဲ့ အလုပ်မဟုတ်ဘူး။ဒါပင်မဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်ထင့်နေလို့မရဘူး။ဒါက ကျွန်တော်မဖြစ်မနေလုပ်ရမဲ့ အလုပ်တစ်ခု။
အမှောင်ထုဟာ သစ်တောကြီးကိုလွှမ်းခြုံထားတယ်။တစတစ အစပြိုးလာတဲ့ မှောင်ရိပ်က ကျွန်တော့်ကိုနှုတ်ခွန်းဆက်စကားဆိုတယ်။ကျွန်တော်ဟာ ကျွန်တော့်ရဲ့ ခြေလှမ်းတွေကို အလင်းရောင်နဲ့နွေးထွေးတဲ့ နှလုံးအိမ်ဆီကို လမ်းညွှန်ဖြစ်တယ်။
ကျွန်တော် က K။
တောင်ကိုရီယား နိုင်ငံမှာမွေးဖွားခဲ့ပြီး မျိုးရိုးအဆင့်အတန်းမြင့်တဲ့ "ပတ်" မိသားစုရဲ့ အဆက်အနွယ်တစ်ဦး။ကျွန်တော်နဲ့ မရင်းနှီးတဲ့ ကမ္ဘာတစ်ခုကိုရောက်လာပြီး စုန်းမတစ်ယောက်ရဲ့ မန္တန်အောက်ကျရောက်လာတဲ့ အခါမှာတော့ ကျွန်တော်ဟာ ကံဆိုးမှုရဲ့ ဒုက္ခသည်တစ်ဦးဖြစ်လာခဲ့တယ်။
ဒါပင်မဲ့ ကျွန်တော့်ရဲ့ အခုအခြေအနေကို အာရုံစိုက်နေဖို့အချိန်မရှိပါဘူး။
ကျွန်တော်ဟာ ချမ်းသာကြွယ်ဝတဲ့ "ပတ်" မိသားစုဝင်တစ်ယောက်မဟုတ်သလို စုန်းမကြီးရဲ့ "ဘလက်ကီ" လည်းမဟုတ်ပါဘူး။ကျွန်တော်ဟာ သွေးအေးတဲ့ K။ဒီထက်လည်းမပိုဘူး ဒီထက်လည်းမလျော့ဘူး။
●●●●●●
ZAWGYI
"ဘလက်ကီ"
(အိုမင်း ရင့်ရော်မှု)
ညောင်င်င်__
ကျွန်တော် က K။