UNICODE
DAY-1
=====
"တကယ်ကြီး သွားရမှာလားဟင်"
ရွယ်ရွယ် နောက်ဆုံးလက်နှက်အဖြစ် မျက်နှာငယ်လေးနဲ့ puppy eye လေး ဖလပ်ဖလပ်လုပ်ပြပြီး မေးလိုက်ပေမယ့် ကိုကိုကတော့ ဂရုမစိုက်။
"ချစ်တယ်ဆို အလိုလိုက်မယ်ဆို ဘာလို့အတင်းပို့နေတာလဲ မသွားချင်ပါဘူး ဆိုမှ..."
"အလိုလိုက်မယ်ဆိုတာက ရွယ့်ကိုမထိခိုက်တဲ့ဟာတွေပဲလေ"
"လိလားကိုကို... ရွယ်ကဘာဖြစ်... အ"
"..."
ရွယ်ရွယ့်စကားမဆုံးခင် နောက်ကနေ ခေါင်းခေါက်ချလိုက်တဲ့အမေကြောင့် ပူထူပြီး မျက်ရည်ပါဝိုင်းသွားတယ်။
"နင်အဲ့လိုတွေ ရိုင်းစိုင်းနေလို့လေ။ မိန်းကလေးတန်မဲ့ တခါတလေထထဆဲသေးတယ်။ တနေ့တနေ့ အဲ့ ဖုန်းတစ်လုံးနဲ့ အရေမရ အဖတ်မရတွေပဲ လုပ်နေ"
"မေမေကလည်း မိန်းကလေးပါဆိုမှ တံမဲ့မို့လို့ပေါ့၊ မိန်းကလေးတံရှိသာ ဆိုလို့ကတော့..."
"ရည်ရွယ်ရိုး..."
မေမေနဲ့ကိုကို့ဆီက အော်သံနှစ်ခု တပြိုင်နက်ထွက်လာလို့ ရွယ်ရွယ်တုန်ခနဲ ဇက်ပုသွားတယ်။
"ဒါ မအေကို ပြောရမယ့်စကားလား... ဟင်... နင့်ကို ဘယ်လို ဆုံးမရမလဲ..."
ဒီတကြိမ်လည်း မားသားရဲ့တိုက်စစ်ကြောင့် နားသယ်မွှေး တစ်ချို့ပါသွားပြန်ပြီ။ နှစ်ဖက်ညှပ်အတိုက်ခံရတဲ့ စစ်ရှုံးအင်ပါယာအနေနဲ့ ဘာမှတောင်းဆိုခွင့်မရှိဘူးဆိုတဲ့အချက်ကို ရွယ်ဘယ် Fic ထဲမှာ ဖတ်ဖူးထားပါလိမ့်နော်။
"ဟုတ်သားပဲ ရွယ်လေးကလည်း ဘာတွေလျှောက်ပြောမှန်းမှမသိတာ"
ချော့ပြောလေးပြောရင်း ရွယ်ရွယ့်နားသယ်စပ်ကိုပွတ်ပေးလိုက်တဲ့ ကိုကိုကြောင့် မေမေကမျက်စောင်းထိုးလာတယ်။
"သွားပြီးလည်း လျှမ်းမလာနဲ့။ ရိပ်သာဝင်ဖို့ လွှတ်လိုက်တာ အချိုးပါတခါထဲ ပြင်လာခဲ့။ အချိုးမပြေလို့ကတော့ ပိတ်ရက်တိုင်းရိပ်သာဝင်နေရမယ်သာ မှတ်ထား"
"အား... ရစ်စရာမရှိ ဂစ္ဆာမိပဲ မေမေက၊ ရွယ်ပြန်မလာတော့ဘူးသိလား၊ ရိပ်သာကလက်မခံရင် လင်နောက်ပဲလိုက်လိုက်တော့မယ်"
ရွယ်ရွယ်စကားဆုံးတာနဲ့ ကားထဲပြေးဝင်ပြီး လော့ချထားလိုက်နိုင်တာမို့ မေမေ့လက်ချက်က လွတ်သွားတယ်။ ကိုကိုကတော့ ရည်းစားနဲ့ယောက္ခမလောင်းကြားမှာ ထုံးစံအတိုင်း ပြုံးစိစိနဲ့အေးချမ်းနေတယ်။
ဟွန့်...ဆက်ဖြီးနေလိုက်...
ယွခမကိုဖားပြီး ငါ့ကိုရိပ်သာပို့တဲ့အဖိုးကြီး...
ကားပေါ်တက်မလာနဲ့...
အဲ့မှာပဲ -ျင်အရှည်ကြီး ဆက်ယားနေလိုက်...
... ... ...
လမ်းတလျှောက်လုံး ဆူပုတ်ကောက်ချိတ်လာတဲ့ ရွယ်ရွယ့်ကို ကိုကိုက လေပြည်လေးနဲ့ ချော့နေတယ်။
"သုံးရက်ထဲပါရွယ်ရယ်၊ အခုတောင် နေ့တဝက်ကျိုးနေပြီကို ခဏဆိုပြီးသွားမှာ။ ကိုကိုသန်ဘက်ခါကျ စောစောလာခေါ်ပေးမယ်လေ"
"အဲ့သုံးရက်က fan-meeting ရှိတဲ့ရက်လေ ကိုကိုရဲ့။ လက်မှတ်ဝယ်မပေးတာ ထားပါတော့၊ အခုဆို online ကတောင် ကြည့်လိုမရတော့ဘူး"
"ပြန်ထွက်လာရင်ကြည့်ပေါ့ ရွယ်ရဲ့၊ အခုလည်း fan service ပေးတဲ့ vdo အဟောင်းတွေ ခဏခဏ ကြည့်နေတာဘဲမလား"
"တူမလား တူမလား၊ ပွဲနေ့မှာ စောင့်ကြည့်ရတဲ့ feel နဲ့ သူများကြည့်ပြီးမှ ကြည့်ရတာ တူမလား...
ကိုကိုက အဖိုးကြီးမို့လို့ အဲ့လောက်ပြောရခက်နေတာလား...ဟင်
အာ့ဆိုလည်း... အိမ်ပြန်ပြီးသာ ဓမ္မမိတ်ဆွေတွေနဲ့ တရားရေး ဆွေးနွေးနေလိုက်...သွား"
ကိုကိုကတော့ ပြုံးပြုံးပြုံးပြုံးနဲ့ ရွယ်ရွယ့်အထုတ်အပိုးတွေကို အဆောင်ရှေ့လိုက်ပို့ပြီး ပြန်သွားပြီ။ ရွယ်ရွယ့်မှာသာ ဖုန်းလေးတောင် ယူမထားလိုက်ရဘဲ ဝမ်းနည်းပက်လက်ကျန်ရစ်တယ်။
သင်္ကြန်တွင်းမဟုတ်လို့ လူရှင်းနေတာနဲ့ တစ်ယောက်ထဲတစ်ခန်းရလို့ တော်ပါသေးရဲ့။ အဆောင်မှုးက အခန်းသော့အပ်ပြီး အချိန်စာရင်းစာရွက်လေးပါ လက်ထဲထည့်ပေးခဲ့တယ်။
ရွယ်ရွယ်ပစ္စည်းတွေနေရာချ၊ ခြင်ထောင်ထောင်ပြီးတဲ့အချိန်မှာ ချွေးတွေအရမ်းထွက်နေလို့ ရေအရင်ချိုးလိုက်ပြီးမှ ယောဂီဝတ်စုံအသစ်လေးထုတ်ဝတ်လိုက်တယ်။ ပုခုံးပေါ်မှာ သဘက်အညိုလေး လွှားပြီးတဲ့အချိန်မှာတော့ အလုပ်ပေးတရားနာဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ။
... ... ...
အလုပ်ပေးတရားနာပြီးတဲ့အချိန်မှာ အိပ်ငိုက်နေလို့ ဘေးလူက လက်တို့ပြီး နှိုးရတဲ့ ရွယ်ရွယ်က ညတရားထိုင်ချိန်မှာလဲ တလှုပ်လှုပ်နဲ့ ငြိမ်မထိုင်နိုင်ပါဘူး။
ဘေးဘယ်ညာက တုပ်တုပ်မှမလှုပ်တဲ့ အန်တီကြီးတွေ အသက်မှ ရှိသေးရဲ့လားမသိ...
စင်္ကြံချိန်ဘဲ နည်းနည်းနေသာထိုင်သာရှိတယ်။ ဖြည်းဖြည်းလေးလျှောက်နေရတာကလွဲလို့ ဟိုဒီခိုးငေးလို့ရသေးတယ်ဆိုတော့လေ...
၉-နာရီထိုးလို့ ဘုရားရှိခိုးပြီး အမျှဝေတဲ့အချိန်ကတော့ ဒီနေ့ဖို့စိတ်အချမ်းသာဆုံးဘဲ။ ပေးထားတဲ့စာရွက်အတိုင်း အားမာန်အပြည့်နဲ့ လိုက်ရွတ်လိုက်ပေမယ့် အဖြတ်အတောက်မမှန်တဲ့ ရွယ်ရွယ့်အသံတစ်သံထဲ ချွန်ထွက်လာတဲ့နောက် မြန်မြန်အားလျှော့ပြီး Key ချိန်းလိုက်ရတယ်။ အမျှဝေတာကို နိုင်ငံတော်သီချင်းလို မဆိုသင့်မှန်း ဉာဏ်ကောင်းတဲ့ရွယ်ရွယ်လေးက ချက်ချင်းနားလည်သွားခဲ့ပြီ။
တော်ပါပြီ၊ Girl Band ထောင်ပြီး vocal lead လုပ်မယ့် စိတ်ကူးကို စွန့်လွှတ်လိုက်တော့မယ်။
သာဓု... သာဓု... သာဓု...
-----------------------------------------------------
DAY-2
=====
"ယောဂီ ယောဂီ ထတော့လေ..."
"မထပါဘူး၊ မေမေကလဲ အစောကြီးရှိသေးတယ်"
"ယောဂီ မေမေမဟုတ်ဘူးလေ၊ ဆရာလေးလေ"
"..."
"ဟမ်...ဆရာလေး"
ကိုယ့်ကိုယ်ကို ရိပ်သာရောက်နေမှန်းသတိရသွားတဲ့ ရွယ်ရွယ်က သတိရှိစွာဘဲ ဝုန်းခနဲခုန်ထလိုက်တာ အဆောင်မှုးဆရာလေးတောင် အရှောင်မြန်လို့...
"နိုးပြီဆို ဝတ်စုံလဲပြီးလာခဲ့တော့နော်၊ တရားထိုင်ချိန်တော့ မမီတော့ဘူး၊ အာရုံဆွမ်း တန်းစီရမယ်။"
ရွယ်ရွယ်အိပ်ချင်မူးတူးနဲ့ အိမ်သာဝင်၊ မျက်နှာသစ်တာတွေ အမြန်လုပ်လိုက်တယ်။ သွားကတော့ ညကတိုက်ထားသေးတယ်ဆိုတော့ တရက်လောက် လျှော်လိုက်တော့မယ်။ ရိပ်သာတွေမှာ ဘာမှမဖီးလိမ်းရတာတော့ အကြိုက်ဆုံးဘဲ။ အချိန်မကုန်တော့ဘူးလေ။
အကျႌအမြန်လဲလိုက်ပြီး ဂွမ်းကပ်ဘောင်းဘီပေါ်မှာ ယောဂီထဘီကို အမြန်ထပ်စွပ်လိုက်တယ်။ ပုခုံးပေါ်သဘက်တင်ပြီး ဆံပင်တွေစုစည်းလိုက်တဲ့အခါ မနက်ခင်းပြင်ဆင်စရာက ကုန်သွားပြီ။
အာရုံဆွမ်းလို့ခေါ်တဲ့မနက်စာကို သတိရသွားပြီး ခပ်မြန်မြန်သွားနေမိလို့ အိနြေ္ဒပြန်ဆယ်နေရသေးတယ်။
တရားထိုင်ရာကနေ ထွက်လာတဲ့ယောဂီတန်း နောက်မှာ ဝင်စီလိုက်ပြီး မကြာခင်ဘဲ တရွေ့ရွေ့နဲ့ ဆွမ်းစားကျောင်းကို ရောက်လာပြီ။
"ဒါဟာ အတုမရှိတဲ့ အုန်းနို့ခေါက်ဆွဲအနံ့မလား..."
သတိကပ်ပြီးအနံ့ခံတုန်းမှာပဲ ဗိုက်ထဲကလည်း တကြုတ်ကြုတ်ဆာလာတယ်။ မနက်စောစောကြီး စားလေ့မရှိပေမယ့် ညစာမစားထားလို့ alarm မြည်လာတာ ထင်ပါရဲ့။
ရှေ့လူတွေအခြေအနေကြည့်ပြီး ခေါက်ဆွဲဖတ်ကို အိနြေ္ဒရရလေး ခပ်ထည့်နေပေမယ့် သွားရည်ကကျချင်နေပြီ။
((ချင်စိတ်ကလောဘ... စားချင်နေတာ လောဘ...
ဪ... ငါလောဘတွေတက်နေမိတာပါလား...
လောဘ... လောဘ...))
သတိကပ်ပြီး ကိုယ့်ကိုယ်ကိုဆင်ခြင်နေရင်းကဘဲ ကိုယ်ခပ်ထည့်ရမယ့်အလှည့်ရောက်လာတယ်...
တရားအားထုတ်ရင် အဖျက်ဝင်တယ်ဆိုတာ တကယ် မှန်လိုက်တာ...
((ဒီကြက်ခြေထောက်က ငါ့သမာဓိကို စမ်းသပ်နေတာမလား...ဟမ်))
နောက်ဆုံးမှာ ရွယ်ရွယ်တယောက် အတွေ့အကြုံကပေးတဲ့ အသိတစ်ခုတော့ ရသွားတယ်...
((ဪ...လောဘဆိုတာ ရပ်လို့မရပါလား...))
... ... ...
မနက်တပိုင်းလုံး လန်းလန်းဆန်းဆန်းနဲ့ စိတ်ပါလက်ပါ တရားအားထုတ်နေခဲ့တဲ့ ရွယ်ရွယ့်အခြေအနေဟာ နေ့ဆွမ်းစားပြီးလို့ တရားပြန်ထိုင်တဲ့အချိန်မှာတော့ ပြောင်းပြန်လှန်လိုက်သလို ပြောင်းလဲသွားတယ်။
ဆွမ်းစားပြီး ၄၅.မိနစ်လောက် အချိန်ရပေမယ့် တဆောင်နဲ့တဆောင် ဖြည်းဖြည်းလေးလျှောက်ပြီး ကူးနေရတာမို့ ခဏတောင် မမှေးလိုက်ရဘူး။ အဆောင်ပြန်ရောက်ပြီး သိပ်မကြာခင်ဘဲ တရားထိုင်ဖို့ခေါက်တဲ့ တုံးမောင်းသံကိုကြားလိုက်ရတယ်။
ငါ ဒေါသမထွက်ဘူးနော်...
ပထမထိုင်ချိန်တစ်ချိန်လုံး အားရပါးရငိုက်ပြီးတဲ့အခါမှာ ရွယ်ရွယ်လန်းလန်းဆန်းဆန်းနဲ့ စကြံလျှောက်နေပါပြီ။
ကြွတယ်.. ချတယ်.. ကြွတယ်.. ချတယ်.. ကြွတယ်.. ချတယ်.. ကြွတယ်.. ရှတယ်.. ကြွတယ်.. ရှတယ်..
ရှတယ်.. ရှတယ်..
ဟမ်...ငါဘာတွေလျှောက်မှတ်နေတာလဲ...
ရှတယ်ဆိုမှ ဒီည Fan meeting က ဟိုရှောင်ကောကောနှစ်ယောက်ကြောင့် ပြုံးပြုံးကြီး အရှခံမယ့်ကောင်မလေးတွေထဲမှာ ငါမပါနိုင်တော့ဘူးပေါ့... 😢
Bias အကြောင်း စတွေးမိတာနဲ့ moment တွေ၊ Fanfic တွေအကြောင်း တသီတတန်းကြီး ဆက်တွေးနေမိတဲ့ ရွယ်ရွယ်...
လမ်းကိုဖြည်းဖြည်းလေး လျှောက်လို့...
... ... ...
စကြံလျှောက်ပြီး ပြန်တရားထိုင်တော့ အရင်ကတော့ လှုပ်စိရွစိ မဖြစ်တော့ပါ။ အဲ့ဒီအစား သူ့ရဲ့ လွတ်လွတ်ထွက်သွားတဲ့ စိတ်ကလေးကို မရရအောင် လိုက်ဖမ်းနေလေရဲ့...
အခုဆို... ငါ့ရဲ့ Library ထဲက
OC Fic လေးတွေ၊
Fanfic လေးတွေ၊
Tran Fic လေးတွေ
ဘယ်လောက်တောင် update ဖြစ်နေလိမ့်မလဲ...
စိတ်ကလေးကတော့ သူပျော်မွေ့နေကျနေရာတွေဆီဘဲ တဝဲလည်လည် လျှောက်သွားနေတုန်း...
ဖောင်းတယ်.. ပိန်တယ်.. ဖောင်းတယ်.. ပိန်တယ်.. ဖောင်းတယ်.. ပိန်တယ်.. ဖောင်းတယ် မက်မွန်သီးလေးလိုဘဲ.. အဟိ..
... ... ...
ညခင်း နောက်ဆုံးတရားချိန်ရောက်တဲ့အခါမှာတော့ အလုပ်ပေးတရားထဲကအတိုင်း ရပ်ကမ္မဋ္ဌာန်းနဲ့ဘဲ တရားအားထုတ်ဖို့ ဆုံးဖြတ်လိုက်တဲ့ ရွယ်ရွယ်...
မရပ်လို့လဲမရတော့...
တနေကုန် လျှောက်လိုက်ထိုင်လိုက်လုပ်နေလို့ ခြေချင်းဝတ်တွေ၊ ခြေသလုံးတွေ၊ ပေါင်တွေ၊ ခါးတွေက ဆန္ဒပြနေကြပြီ။
မေမေပြောနေကျ "ငါ့ဟာငါ ရိပ်သာမှာသွားနေတာဘဲ နားအေးတယ်" ဆိုတဲ့စကားကို ပြန်ကြားယောင်မိပြီး "နားကလွဲလို့ တစ်ကိုယ်လုံး ပူနေတာကိုများ" လို့ စကားနာပြန်ထိုးချင်မိတယ်။
မနက်ဖြန် ပြန်တော့မှာဆိုတော့ ကျန်တဲ့တရားအားထုတ်ချိန်လေးကို အကျိုးရှိအောင်ကြိုးစားမယ်လို့ စဉ်းစားလိုက်ပေမယ့်...
ရပ်တယ်.. ရပ်တယ်.. ရပ်တယ်.. တွေးတယ်.. တွေးတယ်.. စိတ်ထွက်တယ်.. စိတ်ထွက်တယ်.. စိတ်ထွက်တယ်.. စိတ်ထွက်တယ်.. ပြီးပြီ.. ခလေး ပင်ပန်းသွားပြီ..
((အတွေးရပ်သွားတာလေ..
$ကျိုးနည်း ငါဘယ်လိုကြီးမှတ်လိုက်တာလဲ..
ဟာ.. $လို့ ပြောမိသွားတာလား...
သီလပျက်တော့မှာဘဲ f**k...
ဟာ.. ဟာ.. ဟာ.. မဖြစ်ဘူး focus))
ဆဲတယ်.. ဆဲတယ်.. ဆဲတယ်..
တယောက်ထဲ အိနြေ္ဒကြီးနဲ့မှောင်နေရတာ မလွယ်ပါဘူးနော်
... ... ...
DAY-3
=====
မနေ့က ညောင်းညာထားတဲ့အရှိန်နဲ့ စောစောအိပ်ပျော်ထားလို့ ဒီနေ့တော့ သိပ်နောက်မကျတော့ဘူး။ အစောဆုံး တရားထိုင်ချိန်ကို ၁၀မိနစ်လောက်ဘဲ လွန်တာပါ။
အိမ်ပြန်ရတော့မယ်ဆိုတဲ့အသိက ရွယ်ရွယ့်စိတ်ကို ပေါ့ပါးလန်းဆန်းစေတယ်။
မနက်ရုံဆွမ်းစားပြီးတည်းက ရတဲ့အချိန်လေးမှာ ပစ္စည်းတွေသိမ်းထားလိုက်တယ်။ ရေအမြန်ချိုးလိုက်ပြီးတဲ့အခါ လုပ်စရာက ဘာမှမကျန်တော့ဘူး။
ကိုကိုလာကြိုမယ်ဆိုတဲ့စိတ်နဲ့ အလှမပြင်ရတာကို စိတ်တိုင်းတော့ သိပ်မကျ...
နေ့ဆွမ်းစားတဲ့အချိန်သာ ရောက်သွားတယ် ကိုကိုက ရောက်မလာသေး။
အရင်ကဆိုရင်တော့ မစဉ်းစားခင် ဆဲနေလောက်ပြီဆိုပေမယ့် မနေ့ကတနေ့လုံး စိတ်ကူးထဲမှာ ဆဲလိုက်တောင်းပန်လိုက်လုပ်ခဲ့ရလို့ မဆဲဖို့ သတိထားမိနေပြီ...
ရွယ်ရွယ်တရားထိုင်ချိန်တစ်ချိန်စာ ငိုက်လို့အပြီးမှာဘဲ အဆောင်မှူးဆရာလေးကလာခေါ်တယ်။
"ယောဂီ အိမ်ကလာကြိုနေပြီ"
အဆောင်ကို အတူလျှောက်လာရင်း ဆရာလေးက ဆက်ပြောတယ်။
"နောက်လည်း လာဦးနော်သမီး၊ သမီးတို့အရွယ်လေးတွေက တရားအားထုတ်လို့ သိပ်ကောင်းတာ"
"သမီးက အမြဲအိပ်ငိုက်နေလို့ ရိပ်သာကို အားနာနေတာ"
"အစမို့ပါ သမီးရဲ့၊ နောက်တော့ စွဲသွားမှာ၊ တရားကလေ တကယ်လုပ်ရင် တကယ်အကျိုးရှိတာ၊ ဉာဏ်လည်းကောင်စေတယ်၊ စိတ်လည်းငြိမ်းချမ်းတယ်..."
ဒါကိုတော့ ရွယ်ရွယ်လက်ခံတယ်။ ဆရာလေးတွေက မြင်လိုက်ရင်ကို မျက်စိအေးသွားတာဘဲ။ ဆွမ်းကျောင်းမှာဖြစ်ဖြစ်၊ ရုံးခန်းမှာဖြစ်ဖြစ်၊ ဓမ္မာရုံမှာဖြစ်ဖြစ် ဘယ်လောက်မြန်မြန်လှုပ်ရှားနေနေ အိနြေ္ဒကြီးပြီး သိမ်မွေ့တဲ့အမူအယာက ပျောက်ပျက်မသွားဘူး။
သော့အပ်ပြီးတဲ့အခါမှတော့ ဆရာလေးကို ဝတ္တုကပ်ပြီး ဝတ်ပြုနှုတ်ဆက်လိုက်တယ်။ နောက်တစ်ကြိမ်ဝင်ဖို့ ထပ်တိုက်တွန်းပြီးတော့ အပြုံးနဲ့နှုတ်ဆက်လိုက်တဲ့ အဆောင်မှူး။
"မဆိုးပါဘူး ရွယ်ရွယ်နည်းနည်းတော့ ငြိမ်သွားသားပဲ"
ရွယ်ရွယ်က ကိုကို့စကားကို မျက်စောင်းထိုးပြီး တုန့်ပြန်လိုက်တယ်။
"ရွယ့်ဖုန်းပြန်ပေးတော့"
"ရွယ့်ဖုန်းက ကိုကိုမှယူမထားတာ၊ အန်တီ့ဆီမှာလေ ရွယ်ရဲ့..."
"အာ...ဘာလို့မေမေ့ကိုပေးလိုက်တာလဲ၊ လျှောက်မွှေနေရင် ရွယ်ဘဲအဆူခံထိဦးမယ် ကိုကိုကလည်း"
"အန်တီက သိမ်းထားမယ်ဆိုလို့လေ...ကိုကိုလည်း အတင်းမငြင်းချင်တာနဲ့"
လာပြန်ပြီ... ယောက္ခမကို ဖားတဲ့အကွက်တွေ။ တစ်ရက်လေးတောင် အမြင်မကပ်ဘဲနေလို့မရဘူး။
"ဘာပြောမလို့လဲ ပြောလေ"
နှုတ်ခမ်းကို ကိုက်လိုက်တဲ့ငယ့်ကို ကိုကိုက ချော့သလိုမေးလိုက်တယ်။
"ကိုကို့ကို ရွယ်...အရမ်းဆဲချင်တာပဲ..."
... ... ...
ပြီးပါပြီရှင် ❤
ဖတ်ပေးတဲ့တစ်ယောက်ချင်းစီကို ကျေးဇူးပါ။
•••••••••••••••••••••••••••••••••••••••••••••••••••••

Коментарі