အပိုင်း ၁
အပိုင်း ၂
အပိုင်း ၁
Uni...

အချိန်ကား ၁၉၃၀ပြည့်နှစ်  မြန်မာနိုင်ငံ

ရန်ကုန်မြို့ ဘောင်ဒရီလမ်း ခြံအမှတ်၁(က) မြို့အုပ်မင်း ဦးလွင်မင်းခန့်မောင်၏ ခြံရှေ့တွင်ဖြစ်သည်။

လွန်ခဲ့သော ၁၀နှစ်ခန့်က မြို့အုပ်မင်း၏ အသည်းသက်ညှာ ဖြစ်ခဲ့ဖူးသော မင်းခေတ်မို (ခ)Wineမိုမို ဟုခေါ်သည့် ကောင်လေးတစ်ယောက်သည် လက်နှစ်ဖက်တွင် ပေါက်ပြဲ ဒဏ်ရာများနှင့် ခြေထောက်တဖက်အားတရွတ်ဆွဲလျက် ခြံရှေ့မှလှမ်းမမြင်နိုင်အောင် ဝေးကွာသောနေရာတွင် ရှိနေသည့်အိမ်ကြီးအားလှမ်း၍ ကြည့်နေ၏။

တစ်ချိန်က ညိုသော်လည်း ကြည်ကာ ၀င်းခဲ့ဟန်ရှိသော အသားအရည်တို့သည် မွဲခြောက်ကာ ကြမ်းထော်နေ၏။

ပိုးသားကဲ့သို့ နူးညံသော ဆံသားတို့သည်လည်း ခေါင်းပေါ်ရှိ ပြတ်ရှဒဏ်ရာများကြောင့် သွေးအလိမ်းလိမ်းကပ်လျက် ခြောက်သွေ့နေ၏။

မျက်လုံးများသည် ဝိဉာဥ်မရှိသူကဲ့သို့ အသက်မပါသော်လည်း နောင်တရိပ်များ အနည်းငယ် စွန်းထင်းနေဟန်ပေါ်၏။

မိမိအား တစ်ဘ၀လုံးစာ ချစ်ပေးခဲ့သည့် ခင်ပွန်းဖြစ်သူကိုမှ ဘေးလူ၏ သွေးထိုးစကားကြောင့် ပြစ်ပြစ်ခါခါပြုခဲ့ခြင်းအတွက် ကံကြမ္မာက ကျတော့်အားဒဏ်ခတ်ခဲ့သည်ထင်၏။

သည်နှစ်များတွင် မောင်နှင့်ပတ်သက်ပြီး အောင်မြင်မှု သတင်းများကိုသာ ကြားခဲ့ရသော်လည်း ကျတော်ကတော့ ကံကြီးထိုက်၍ထင် လူနှင့်ပင်တူအောင် မနေခဲ့ရပေ။

ယခုလည်း လမ်းတွင်ကြားခဲ့သော မြို့အုပ်မင်း လွင်မင်းခန့်မောင်၏ တစ်ဦးတည်းသော သားဖြစ်သူ နုဒါလင်းမောင် ဆုံးပါးသွားခဲ့သည် ဟူသည့်သတင်းကြောင့် အတည်ပြုရန် လာခဲ့ခြင်းဖြစ်၏။

မျက်နှာချင်းဆိုင်ရန် သတ္တိမရှိသော်လည်း ရင်နှစ်သည်းချာ ဖြစ်သော သားဖြစ်သူ ဆုံးပါးသွားသည့်အတွက် ပူဆွေးသောကရောက်နေမည့် မောင့်အား နှစ်သိမ့်ပေးလို၏။

ထို့ပြင် မျက်နှာပြောင်တိုက်သည် ဟုပဲဆိုဆို မောင့်အား တောင်းပန်ပြီး အနားမှာသာနေတော့မည်ဟုဆုံးဖြတ်ထား၏။မောင်လက်မခံပါကလည်း အိမ်စေတန်းလျားတွင် ကပ်နေပြီး မောင်ကျေနပ်သည်အထိ ချော့ရမည်။

ဤသို့ ခြံရှေ့တွင် အချိန်အတော်အတန်ကြာအောင်ရပ်နေကာ စိတ်ကူးယဥ်နေစဥ် ခြံတံခါး ရုတ်ရက်ပွင့်သွားမှု နှင့်အတူ မိုမို မမြင်ချင်ဆုံးသော အမဖြစ်သူ ညွှန့်ခင်ခင်မိုး(ခ) kathyမိုး ၏ မျက်နှာအား တွေ့လိုက်ရလေသည်။

အချိန်ဆယ်နှစ်ကျော် ကြာခဲ့သော်လည်း မမကြီးသည် မိုမိုအိမ်မှထွက်သွားစဥ်ကထက်ပင် ပိုမိုကာ ကျက်သရေပြီး လှပလာခဲ့၏။

ဒါထက် သူမသည်အဘယ့်ကြောင့် ယခုအချိန်ထိ သည်အိမ်ကြီးတွင် ရှိနေရပါသနည်း။

သူမပုံစံမှာ ခြံထဲရှိအပင်များအား ရေလောင်းနေရာမှ ထွက်လာခဲ့ဟန်ပေါ်၏။လက်ထဲတွင် ရေကရားလေး တစ်လုံးကိုင်ထားပြီး လုံချည်အောက်နားတွင်လည်း ရေများစိုနေ၏။

နထင်အစပ်တွင် ချွေးအနည်းငယ် ဆို့နေကာ သည်ပုံစံကပင် သူမအား လူတိုင်းက အရာအားလုံးပုံအောကာ စောင့်ရှောက်ပေးချင်စိတ် ဖြစ်ပေါ်လာအောင် လှုံ့ဆော်နေသကဲ့သို့ဖြစ်နေ၏။

သူမအားမြင်သည်နှင့် မိုမို့စိတ်ထဲတွင် စိတ်ရှုပ်ထွေးမှုနှင့်အတူ စုပ်ပြတ်နေသောမိမိပုံစံကြောင့် ရှက်ရွံ့ခြင်းကိုပါ တစ်ပြိုက်တည်း ခံစားလိုက်ရ၏။

"ဟို.....ဘယ်သူများလည်း မသိဘူးကွယ်"

မမကြီးသည် မိုမို့အား မမြင်ဖူးသူတစ်ယောက်ကဲ့သို့ကြည့်ကာ မေးလာ၏။

"ကျတော်ပါ မမကြီး"

'ဂလွမ်း....´

မိုမို့ စကားဆုံးသည်နှင့် သူမလက်ထဲမှ ရေကရားအိုးလေးသည် မြေပြင်သို့ သက်ဆင်းသွားရ၏။

သူမ၏ ခန္ဓာကိုယ်မှာ တုန်လှုပ်နေဟန်ပေါ်ပြီးမိုမို့အား ကြည့်သည့် အကြည့်များတွင်လည်း မနှစ်မြို့ခြင်းများပါနေသည်ဟု ထင်နေမိ၏။
သို့သော် ထို့အကြည့်များမှာ ချက်ချင်းပင်ပျောက်ကွယ်သွားပြီး မိုမို့အား ရွှင်ပြစွာပြုံးပြလျက်

"မိုမို...wineမိုမိုလား တကယ်ဘဲ ငါ့မောင် wineမိုမိုလား"

"ဟုတ်ပါတယ် မမကြီး ကျတော် wineမိုမို အစစ်ပါ"

"အို ၀မ်းသာလိုက်တာ ငါ့မောင်ရယ် သည်နှစ်တွေထဲ ဘယ်ကိုရောက်နေတာတုန်း လာ လာ အိမ်ထဲကို၀င်ဦး"

မမကြီးသည် မိုမို့အား ဖက်ကဲတလင်းကြိုဆို၍ ခြံတံခါးကိုဖွင့်ပေး၏။ထိုအခါမှမိုမိုလည်း ရင်ထဲရှိအပူများ တစ်၀က်လောက်ငြိမ်းသွားကာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလိုက်၏။မည်သို့ပင်ဆိုစေကာမူ မမကြီးသည် သူ့အား မောင်တစ်ယောက်အဖြစ် အသိအမှတ်ပြုသေးသည်မဟုတ်ပါလား။

ထို့နောက် သူမသည် မိုမို့ လက်ကိုဆွဲကာ အိမ်အနောက်ဘက်ရှိ ရေကန်ကြီးဆီသို့ ခေါ်သွား၏။

အိမ်ထဲသို့ပေးမ၀င်ဘဲ ရေကန်ရှိရာသို့သာ အသည်းအသန် ဆွဲခေါ်လာသော မမကြီး၏ အပြုအမူ​အား အနည်းငယ်ထူးဆန်းသွားသော်လည်း မောင် နှင့် တွေ့ရန်သာ စိတ်လောနေသဖြင့် သိပ်ဂရုမထားတော့ပေ။

ထို့ကြောင့် မမကြီး၏ မျက်နှာထက်ရှိ ကောက်ကျစ်သော အပြုံးအားလည်း မမြင်တွေ့လိုက်ရပေ။

"ကဲ အရင်ဆုံးနားနားနေနေထိုင်ပါဦး အိမ်ထဲမှာ ကိုမင်းလည်းရှိတယ် ကိုမင်းကိုခေါ်ပေးရမလား"
မိုမို့အား ရေကန်နားရှိအပန်းဖြေရန်လုပ်ထားသော ကြိမ်ကုလားထိုင်တွင်ထိုင်ခိုင်းပြီး မေးလာ၏။

"ဗျာ....အကို မင်းလွင်ဦးက ဘာလို့ဒီကိုရောက်နေတာလဲဗျ"

"ဒီအိမ်မှာ ဘယ်သူ့မှမရှိတော့လို့ လာနေပေးဖို့ခေါ်ထားလိုက်တာ"

"ဒါဆိုမောင်ရောဟင် မောင်ဘယ်မှာလဲ"

"ကိုမောင်လား ကိုမောင်က သူ့သားဆုံးပြီးကတည်းက အိမ်ပြန်မလာတော့တာ ကြည့်ရတာ စိတ်ပြေလက်ပျောက် တစ်နေနေရာရာမှာ သွားနေတယ်နေမှာပေါ့ စိတ်မပူပါနဲ့ ရက်လည်မတိုင်ခင် ပြန်လာလိမ့်မယ်"

"အာာ အဲ့လို့လား"

မောင့်အား ခုချက်ခြင်းတွေ့ချင်နေသော်လည်း မတွေ့လိုက်ရသဖြင့် နွမ်းလျသွားသလို ခံစားလိုက်ရ၏။

"ကဲပါ မင်းလည်းခုမှ အဝေးကလာခဲ့တာဆိုတော့ မောနေမှာပေါ့ မမကြီးသောက်ဖို့တခုခု သွားယူပေးမယ် ထိုင်နေဦးနော် ပြီးမှ စကားအေးဆေးပြောကြတာပေါ့"

"ဟုတ်ကဲ့ ခင်ဗျ"
မိုမိုမေးစရာများ သိချင်သည်များ များစွာရှိသော်လည်း ဖျော်ရည်တိုက်ရန်သာ အာရုံများနေသော မမကြီးကြောင့် ပြောစရာစကားများကို အသာမြိုချပြီး ငြိမ်ငြိမ်ကလေးသာထိုင်နေလိုက်၏။

မမကြီးအိမ်ထဲသို့ ၀င်သွားပြီး သိပ်မကြာ ဖျော်ရည်ထည့်ထားသော ကြိမ်ဗန်းတခုကို ကိုင်၍ ပြန်ထွက်လာ၏။

"ရော့သောက်လိုက်ဦး"

မိုမိုလည်း ဖျော်ရည်မြင်မှ အမှန်ပင် ရေဆာလာရကာ အမြန်ပင်မော့သောက်လိုက်၏။

"ဘယ်လိုလဲ အဆင်ပြေလား"

"ဟုတ် အရမ်းအရသာရှိပါတယ်"

"ဟုတ်မှာပါ လူတွေမသေခင် နောက်ဆုံးစားရတဲ့ အစာက ပိုအရသာရှိတယ်ဆိုလား"

"ဗျာ"

မိုမိုယောင်ယမ်းကာ မမကြီးအား မော့ကြည့်လိုက်သောအခါ သူမမျက်နှာထက်တွင် မိုမိုတစ်ခါမှ မမြင်ဘူးသည့် ကြောက်မက်ဖွယ် အပြုံးနှင့် မိုမို့အား ပြုံးပြ၍နေလေ၏။ခေါင်းသည် ချာလည်လည်အောင်မူးလာ၍ မျက်စိရှေ့ရှိအရာများအား သဲကွဲစွာမမြင်ရတော့ပေ။

ထို့နောက် မမကြီးပြောပြသည့် မထင်မှတ်ထားသည့် အကြောင်းအရာများအား သိရှိခဲ့ပြီးနောက် တစ်စုံတစ်ယောက်က မိုမို့အားပွေ့ချီ၍ နဘေးရှိရေကန်သို့ လှမ်းပစ်ချသည်ကိုလည်း ခံစားလိုက်ရ၏။

ကြိုးစား၍ ရုန်းကန်ပါသော်လည်း ရေအောက်ရှိ နွယ်ပင်များမှာ ပိုရစ်ပတ်၍သာလာ၏။ထို့နောက် ပါးစပ် နှားခေါင်းတို့ထဲသို့ ရေများ၀င်ရောက်လာ၍ အသိအာရုံတို့သည် မှောင်မိုက်သောအမှောင်ထုဆီသို့ ချည်းနင်း ၀င်ရောက်သွားတော့၏။

                ############

"အဟွတ်....အဟွတ်"
မွန်းကြပ်မှုနှင့်အတူ အိမ်မက်ဆိုးမှနိုးထလာသောအချိန်တွင် ခေါင်းတစ်ခုလုံးမှာ လေးလံနေပြီး ခန္ဓာကိုယ်အနှံတွင်လည်း တူနဲ့ရိုက်ထုထားသကဲ့သို့ ကိုက်ခဲကာနေ၏။

ချွေးစေးများထွက်ကာ မျက်လုံးမှ မျက်ရည်ပူများစီးကျ နေပြီး လည်ချောင်းတလျောက် ခြောက်ကပ်နေ၏။

ဖျားနေပြီဟု မိမိကိုယ်ကိုတွေးမိပြီးနောက် အချမ်းသက်သာစေရန် စောင်ကိုတကိုယ်လုံး နွေးအောင် ယူခြုံလိုက်၏။

"အယ်......နေပါဦး စောင်ဟုတ်လား????"

မိုမို စောင် နှင့်မအိပ်ခဲ့ရသည်မှာ မောင်နဲ့လမ်းခွဲပြီး မောင့်အိမ်ပေါ်မှ ဆင်းသွားခဲ့သည့် အချိန်ကပင်ဖြစ်၏။
သည်လိုဆိုလျှင် မိမိအား မည်သူ စောင်လာခြုံပေးသွားပါသနည်း။

မိုမို ဇဝေဇဝါဖြစ်သွားကာ အားယူ၍ထလိုက်ပြီး ကြိမ်းစပ်နေသော မျက်လုံးများကို ဖွင့်ကြည့်လိုက်မိ၏။

"ဘုရားရေ............"

အံ့သြလွန်းသဖြင့် အသက်ရှုပင် အောင့်မိ၏။

သည်နေရာ..... မိုမို့အားမောင်နဲ့ လက်မထပ်ပေးမီ ဘ၀တလျောက်လုံး ငရဲကျသကဲ့သို့နေထိုင်ရသည့် အစေခံတန်းလျား
မိုမိုဘာကြောင့် သည်နေရာသို့ ရောက်လာခဲ့ ပါသနည်း။

မိုမို အအေးသောက်ပြီး မေ့လဲကျမသွားခင် သိခဲ့ရသော အမှန်တရားများအရ မိမိအား သည်နေရာသို့ ပို့ပေးခဲ့သူမှာ မမကြီးတော့မဟုတ်တန်ရာ။သူမသည် မိုမို့အား သေစေရန်သာ ဆန္ဒရှိနေသည်ဟု ပြောထားပြီဖြစ်၏။

ဒါဆို မည်သူကများ လျှာရှည်ကာ ကျတော့်အား သည်ငရဲခန်းသို့ တဖန် ပို့ပေးခဲ့သနည်း။

စိတ်ရှုပ်ထွေးစွာဖြင့် ဆံပင်အား ထိုးဖွလိုက်ရာဦးခေါင်းထက်၌ နူးညံ့သော အထိအတွေ့ကို ခံစားလိုက်ရသဖြင့် လက်များအား အလျှင်အမြန် ငုံကြည့်လိုက်၏။

အမာရွတ်များဒဏ်ရာများဖြင့် ပြည့်နေသောလက်တစုံကို တွေ့ရမည်ဟုထင်ထားသော်လည်း ချောမွေ့ကာ ညိုစိမ့် နေသောအရေပြားနှင့် သေးသွယ်နေသော လက်ချောင်းကလေးများကိုသာ မြင်လိုက်ရ၏။

"ဘုရားရေ.."

မိုမိုလန့်ဖြန်၍ ဘုရားပင်တမိတော့၏။
ထို့နောက် စောင်ကို အမြန်ဆွဲခွါကာ တခါးပေါက်နားရှိ မှန်ရှေ့သို့ ပြေးသွားလိုက်၏။

မှန်ထဲတွင် ပေါ်နေသော ပုံရိပ်မှာ မျက်လုံးဝန်းဝိုင်းကြီးများကို ရှည်လျားသောမျက်တောင်ရှည်များခြံရံလျက် နှာခေါင်းလုံးလုံးကလေးနှင့် နှုတ်ခမ်းပါးပါးကလေးတို့မှာ ဘယ်ရီသီးပုံစံ မျက်နှာကလေးပေါ်တွင် အလွန်ချစ်ဖို့ကောင်းစွာ တည်ရှိနေသော မိမိ၏ အသွင်အပြင်ကို မြင်လိုက်ရ၏။

ခန္ဓာကိုယ်မှာ အဟာရမပြည့်၀သဖြင့် ပိန်ပါးနေသော်လည်း ဘယ်ရီသီးပုံ မျက်နှာထက်ရှိ ပါးနှစ်ဖက်မှာမူ အသားအပြည့်ပင်။ညို့စိမ့်သော အသားအရည်ပိုင်ရှင်ဖြစ်သော်လည်း အခန်းထဲ၌ ပိတ်လှောင်ထားသည်မှာ အချိန်အတော်ကြာဖြစ်သဖြင့်အညိုရောင်များပြယ်ကာ ဖြူစုပ်စုပ်ဖြစ်နေ၏။

သည်ပုံစံသည် မောင်နှင့် လက်မထပ်မီ လွန်ခဲ့သော နှစ်များစွာက မိုမို၏ ပုံစံဖြစ်၏။

အိမ်မက်ဟု မှတ်ယူထားသော အကြောင်းအရာတို့သည် ခေါင်းထဲသို့ အစီအရီ ၀င်ရောက်လာကြ၏။

ကုတင်ဘေးရှိ နံရံထက် ချိတ်ဆွဲထားသောပြက္ခဒိန်အား ကြည့်မိသော အခါတွင်တော့  သံသယများမှာ ရှင်းလင်းသွားပြီဖြစ်၏။

သူတဖန် ပြန်မွေးဖွား ခဲ့ခြင်းဖြစ်၏။

အဘယ့်ကြောင့်နည်း???

ဘာကြောင့် ပြန်မွေးဖွားလာရပါသနည်း။

တစ်ဘ၀လုံး အလှည့်ဖျားခံ၍ နေခဲ့ရသောသူ့အား ကံကြမ္မာက သနားသဖြင့် မျက်နှာသာ ပေးခြင်းလော သို့မဟုတ် ထိုဒုက္ခများအား တဖန် ခံစားစေလို၍ ပြန်လည်မွေးဖွားစေခဲ့ခြင်းလော။

အရှေ့တွင် ဘာဆက်ဖြစ်မည်ကို မသိနိုင်သော်လည်း အကယ်၍သာ မောင်နှင့် ပြန်ဆုံတွေ့ရမည်ဆိုပါက အရာအားလုံးနှင့် လဲရလျှင်တောင် ဤပြန်မွေးဖွားလာခြင်းအား နောင်တကင်းစွာ ကျေးဇူးတင်၍နေမည်ဖြစ်၏။











######









zawgyi




အခ်ိန္ကား ၁၉၃၀ျပည့္ႏွစ္  ျမန္မာႏိုင္ငံ

ရန္ကုန္ၿမိဳ႔ ေဘာင္ဒရီလမ္း ၿခံအမွတ္၁(က) ၿမိဳ႔အုပ္မင္း ၪီးလြင္မင္းခန္႔ေမာင္၏ ၿခံေရ႔ွတြင္ျဖစ္သည္။

လြန္ခဲ့ေသာ ၁၀ႏွစ္ခန္႔က ၿမိဳ႔အုပ္မင္း၏ အသည္းသက္ၫွာ ျဖစ္ခဲ့ဖူးေသာ မင္းေခတ္မို (ခ)Wineမိုမို ဟုေခၚသည့္ ေကာင္ေလးတစ္ေယာက္သည္ လက္ႏွစ္ဖက္တြင္ ေပါက္ၿပဲ ဒဏ္ရာမ်ားႏွင့္ ေျခေထာက္တဖက္အားတရြတ္ဆြဲလ်က္ ၿခံေရ႔ွမွလွမ္းမျမင္ႏိုင္ေအာင္ ေဝးကြာေသာေနရာတြင္ ရိွေနသည့္အိမ္ႀကီးအားလွမ္း၍ ၾကည့္ေန၏။

တစ္ခ်ိန္က ညိုေသာ္လည္း ၾကည္ကာ ၀င္းခဲ့ဟန္ရိွေသာ အသားအရည္တို႔သည္ မြဲေျခာက္ကာ ၾကမ္းေထာ္ေန၏။

ပိုးသားကဲ့သို႔ ႏူးညံေသာ ဆံသားတို႔သည္လည္း ေခါင္းေပၚရိွ ျပတ္ရွဒဏ္ရာမ်ားေၾကာင့္ ေသြးအလိမ္းလိမ္းကပ္လ်က္ ေျခာက္ေသြ့ေန၏။

မ်က္လံုးမ်ားသည္ ဝိဉာဥ္မရိွသူကဲ့သို႔ အသက္မပါေသာ္လည္း ေနာင္တရိပ္မ်ား အနည္းငယ္ စြန္းထင္းေနဟန္ေပၚ၏။

မိမိအား တစ္ဘ၀လံုးစာ ခ်စ္ေပးခဲ့သည့္ ခင္ပြန္းျဖစ္သူကိုမွ ေဘးလူ၏ ေသြးထိုးစကားေၾကာင့္ ျပစ္ျပစ္ခါခါျပဳခဲ့ျခင္းအတြက္ ကံၾကမၼာက က်ေတာ့္အားဒဏ္ခတ္ခဲ့သည္ထင္၏။

သည္ႏွစ္မ်ားတြင္ ေမာင္ႏွင့္ပတ္သက္ၿပီး ေအာင္ျမင္မႈ သတင္းမ်ားကိုသာ ၾကားခဲ့ရေသာ္လည္း က်ေတာ္ကေတာ့ ကံႀကီးထိုက္၍ထင္ လူႏွင့္ပင္တူေအာင္ မေနခဲ့ရေပ။

ယခုလည္း လမ္းတြင္ၾကားခဲ့ေသာ ၿမိဳ႔အုပ္မင္း လြင္မင္းခန္႔ေမာင္၏ တစ္ၪီးတည္းေသာ သားျဖစ္သူ ႏုဒါလင္းေမာင္ ဆံုးပါးသြားခဲ့သည္ ဟူသည့္သတင္းေၾကာင့္ အတည္ျပဳရန္ လာခဲ့ျခင္းျဖစ္၏။

မ်က္ႏွာခ်င္းဆိုင္ရန္ သတၲိမရိွေသာ္လည္း ရင္ႏွစ္သည္းခ်ာ ျဖစ္ေသာ သားျဖစ္သူ ဆံုးပါးသြားသည့္အတြက္ ပူေဆြးေသာကေရာက္ေနမည့္ ေမာင့္အား ႏွစ္သိမ့္ေပးလို၏။

ထို႔ျပင္ မ်က္ႏွာေျပာင္တိုက္သည္ ဟုပဲဆိုဆို ေမာင့္အား ေတာင္းပန္ၿပီး အနားမွာသာေနေတာ့မည္ဟုဆံုးျဖတ္ထား၏။ေမာင္လက္မခံပါကလည္း အိမ္ေစတန္းလ်ားတြင္ ကပ္ေနၿပီး ေမာင္ေက်နပ္သည္အထိ ေခ်ာ့ရမည္။

ဤသို႔ ၿခံေရ႔ွတြင္ အခ်ိန္အေတာ္အတန္ၾကာေအာင္ရပ္ေနကာ စိတ္ကူးယဥ္ေနစဥ္ ၿခံတံခါး ရုတ္ရက္ပြင့္သြားမႈ ႏွင့္အတူ မိုမို မျမင္ခ်င္ဆံုးေသာ အမျဖစ္သူ ၫႊန္႔ခင္ခင္မိုး(ခ) kathyမိုး ၏ မ်က္ႏွာအား ေတြ့လိုက္ရေလသည္။

အခ်ိန္ဆယ္ႏွစ္ေက်ာ္ ၾကာခဲ့ေသာ္လည္း မမႀကီးသည္ မိုမိုအိမ္မွထြက္သြားစဥ္ကထက္ပင္ ပိုမိုကာ က်က္သေရၿပီး လွပလာခဲ့၏။

ဒါထက္ သူမသည္အဘယ့္ေၾကာင့္ ယခုအခ်ိန္ထိ သည္အိမ္ႀကီးတြင္ ရိွေနရပါသနည္း။

သူမပံုစံမွာ ၿခံထဲရိွအပင္မ်ားအား ေရေလာင္းေနရာမွ ထြက္လာခဲ့ဟန္ေပၚ၏။လက္ထဲတြင္ ေရကရားေလး တစ္လံုးကိုင္ထားၿပီး လံုခ်ည္ေအာက္နားတြင္လည္း ေရမ်ားစိုေန၏။

နထင္အစပ္တြင္ ေခြၽးအနည္းငယ္ ဆို႔ေနကာ သည္ပံုစံကပင္ သူမအား လူတိုင္းက အရာအားလံုးပံုေအာကာ ေစာင့္ေရွာက္ေပးခ်င္စိတ္ ျဖစ္ေပၚလာေအာင္ လႈံ႔ေဆာ္ေနသကဲ့သို႔ျဖစ္ေန၏။

သူမအားျမင္သည္ႏွင့္ မိုမို႔စိတ္ထဲတြင္ စိတ္ရႈပ္ေထြးမႈႏွင့္အတူ စုပ္ျပတ္ေနေသာမိမိပံုစံေၾကာင့္ ရွက္ရြံ႔ျခင္းကိုပါ တစ္ၿပိဳက္တည္း ခံစားလိုက္ရ၏။

"ဟို.....ဘယ္သူမ်ားလည္း မသိဘူးကြယ္"

မမႀကီးသည္ မိုမို႔အား မျမင္ဖူးသူတစ္ေယာက္ကဲ့သို႔ၾကည့္ကာ ေမးလာ၏။

"က်ေတာ္ပါ မမႀကီး"

'ဂလြမ္း....´

မိုမို႔ စကားဆံုးသည္ႏွင့္ သူမလက္ထဲမွ ေရကရားအိုးေလးသည္ ေျမျပင္သို႔ သက္ဆင္းသြားရ၏။

သူမ၏ ခႏၶာကိုယ္မွာ တုန္လႈပ္ေနဟန္ေပၚၿပီးမိုမို႔အား ၾကည့္သည့္ အၾကည့္မ်ားတြင္လည္း မႏွစ္ၿမိဳ႔ျခင္းမ်ားပါေနသည္ဟု ထင္ေနမိ၏။
သို႔ေသာ္ ထို႔အၾကည့္မ်ားမွာ ခ်က္ခ်င္းပင္ေပ်ာက္ကြယ္သြားၿပီး မိုမို႔အား ရႊင္ျပစြာၿပံဳးျပလ်က္

"မိုမို...wineမိုမိုလား တကယ္ဘဲ ငါ့ေမာင္ wineမိုမိုလား"

"ဟုတ္ပါတယ္ မမႀကီး က်ေတာ္ wineမိုမို အစစ္ပါ"

"အို ၀မ္းသာလိုက္တာ ငါ့ေမာင္ရယ္ သည္ႏွစ္ေတြထဲ ဘယ္ကိုေရာက္ေနတာတုန္း လာ လာ အိမ္ထဲကို၀င္ၪီး"

မမႀကီးသည္ မိုမို႔အား ဖက္ကဲတလင္းႀကိဳဆို၍ ၿခံတံခါးကိုဖြင့္ေပး၏။ထိုအခါမွမိုမိုလည္း ရင္ထဲရိွအပူမ်ား တစ္၀က္ေလာက္ၿငိမ္းသြားကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပံဳးျပလိုက္၏။မည္သို႔ပင္ဆိုေစကာမူ မမႀကီးသည္ သူ႔အား ေမာင္တစ္ေယာက္အျဖစ္ အသိအမွတ္ျပဳေသးသည္မဟုတ္ပါလား။

ထို႔ေနာက္ သူမသည္ မိုမို႔ လက္ကိုဆြဲကာ အိမ္အေနာက္ဘက္ရိွ ေရကန္ႀကီးဆီသို႔ ေခၚသြား၏။

အိမ္ထဲသို႔ေပးမ၀င္ဘဲ ေရကန္ရိွရာသို႔သာ အသည္းအသန္ ဆြဲေခၚလာေသာ မမႀကီး၏ အျပဳအမူ​အား အနည္းငယ္ထူးဆန္းသြားေသာ္လည္း ေမာင္ ႏွင့္ ေတြ့ရန္သာ စိတ္ေလာေနသျဖင့္ သိပ္ဂရုမထားေတာ့ေပ။

ထို႔ေၾကာင့္ မမႀကီး၏ မ်က္ႏွာထက္ရိွ ေကာက္က်စ္ေသာ အၿပံဳးအားလည္း မျမင္ေတြ့လိုက္ရေပ။

"ကဲ အရင္ဆံုးနားနားေနေနထိုင္ပါၪီး အိမ္ထဲမွာ ကိုမင္းလည္းရိွတယ္ ကိုမင္းကိုေခၚေပးရမလား"
မိုမို႔အား ေရကန္နားရိွအပန္းေျဖရန္လုပ္ထားေသာ ႀကိမ္ကုလားထိုင္တြင္ထိုင္ခိုင္းၿပီး ေမးလာ၏။

"ဗ်ာ....အကို မင္းလြင္ၪီးက ဘာလို႔ဒီကိုေရာက္ေနတာလဲဗ်"

"ဒီအိမ္မွာ ဘယ္သူ႔မွမရိွေတာ့လို႔ လာေနေပးဖို႔ေခၚထားလိုက္တာ"

"ဒါဆိုေမာင္ေရာဟင္ ေမာင္ဘယ္မွာလဲ"

"ကိုေမာင္လား ကိုေမာင္က သူ႔သားဆံုးၿပီးကတည္းက အိမ္ျပန္မလာေတာ့တာ ၾကည့္ရတာ စိတ္ေျပလက္ေပ်ာက္ တစ္ေနေနရာရာမွာ သြားေနတယ္ေနမွာေပါ့ စိတ္မပူပါနဲ႔ ရက္လည္မတိုင္ခင္ ျပန္လာလိမ့္မယ္"

"အာ အဲ့လို႔လား"

ေမာင့္အား ခုခ်က္ျခင္းေတြ့ခ်င္ေနေသာ္လည္း မေတြ့လိုက္ရသျဖင့္ ႏြမ္းလ်သြားသလို ခံစားလိုက္ရ၏။

"ကဲပါ မင္းလည္းခုမွ အေဝးကလာခဲ့တာဆိုေတာ့ ေမာေနမွာေပါ့ မမႀကီးေသာက္ဖို႔တခုခု သြားယူေပးမယ္ ထိုင္ေနၪီးေနာ္ ၿပီးမွ စကားေအးေဆးေျပာၾကတာေပါ့"

"ဟုတ္ကဲ့ ခင္ဗ်"
မိုမိုေမးစရာမ်ား သိခ်င္သည္မ်ား မ်ားစြာရိွေသာ္လည္း ေဖ်ာ္ရည္တိုက္ရန္သာ အာရံုမ်ားေနေသာ မမႀကီးေၾကာင့္ ေျပာစရာစကားမ်ားကို အသာၿမိဳခ်ၿပီး ၿငိမ္ၿငိမ္ကေလးသာထိုင္ေနလိုက္၏။

မမႀကီးအိမ္ထဲသို႔ ၀င္သြားၿပီး သိပ္မၾကာ ေဖ်ာ္ရည္ထည့္ထားေသာ ႀကိမ္ဗန္းတခုကို ကိုင္၍ ျပန္ထြက္လာ၏။

"ေရာ့ေသာက္လိုက္ၪီး"

မိုမိုလည္း ေဖ်ာ္ရည္ျမင္မွ အမွန္ပင္ ေရဆာလာရကာ အျမန္ပင္ေမာ့ေသာက္လိုက္၏။

"ဘယ္လိုလဲ အဆင္ေျပလား"

"ဟုတ္ အရမ္းအရသာရိွပါတယ္"

"ဟုတ္မွာပါ လူေတြမေသခင္ ေနာက္ဆံုးစားရတဲ့ အစာက ပိုအရသာရိွတယ္ဆိုလား"

"ဗ်ာ"

မိုမိုေယာင္ယမ္းကာ မမႀကီးအား ေမာ့ၾကည့္လိုက္ေသာအခါ သူမမ်က္ႏွာထက္တြင္ မိုမိုတစ္ခါမွ မျမင္ဘူးသည့္ ေၾကာက္မက္ဖြယ္ အၿပံဳးႏွင့္ မိုမို႔အား ၿပံဳးျပ၍ေနေလ၏။ေခါင္းသည္ ခ်ာလည္လည္ေအာင္မူးလာ၍ မ်က္စိေရ႔ွရိွအရာမ်ားအား သဲကြဲစြာမျမင္ရေတာ့ေပ။

ထို႔ေနာက္ မမႀကီးေျပာျပသည့္ မထင္မွတ္ထားသည့္ အေၾကာင္းအရာမ်ားအား သိရိွခဲ့ၿပီးေနာက္ တစ္စံုတစ္ေယာက္က မိုမို႔အားေပြ့ခ်ီ၍ နေဘးရိွေရကန္သို႔ လွမ္းပစ္ခ်သည္ကိုလည္း ခံစားလိုက္ရ၏။

ႀကိဳးစား၍ ရုန္းကန္ပါေသာ္လည္း ေရေအာက္ရိွ ႏြယ္ပင္မ်ားမွာ ပိုရစ္ပတ္၍သာလာ၏။ထို႔ေနာက္ ပါးစပ္ ႏွားေခါင္းတို႔ထဲသို႔ ေရမ်ား၀င္ေရာက္လာ၍ အသိအာရံုတို႔သည္ ေမွာင္မိုက္ေသာအေမွာင္ထုဆီသို႔ ခ်ည္းနင္း ၀င္ေရာက္သြားေတာ့၏။

                ############

"အဟြတ္....အဟြတ္"
မြန္းၾကပ္မႈႏွင့္အတူ အိမ္မက္ဆိုးမွႏိုးထလာေသာအခ်ိန္တြင္ ေခါင္းတစ္ခုလံုးမွာ ေလးလံေနၿပီး ခႏၶာကိုယ္အႏွံတြင္လည္း တူနဲ႔ရိုက္ထုထားသကဲ့သို႔ ကိုက္ခဲကာေန၏။

ေခြၽးေစးမ်ားထြက္ကာ မ်က္လံုးမွ မ်က္ရည္ပူမ်ားစီးက် ေနၿပီး လည္ေခ်ာင္းတေလ်ာက္ ေျခာက္ကပ္ေန၏။

ဖ်ားေနၿပီဟု မိမိကိုယ္ကိုေတြးမိၿပီးေနာက္ အခ်မ္းသက္သာေစရန္ ေစာင္ကိုတကိုယ္လံုး ေနြးေအာင္ ယူၿခံဳလိုက္၏။

"အယ္......ေနပါၪီး ေစာင္ဟုတ္လား????"

မိုမို ေစာင္ ႏွင့္မအိပ္ခဲ့ရသည္မွာ ေမာင္နဲ႔လမ္းခြဲၿပီး ေမာင့္အိမ္ေပၚမွ ဆင္းသြားခဲ့သည့္ အခ်ိန္ကပင္ျဖစ္၏။
သည္လိုဆိုလ်ွင္ မိမိအား မည္သူ ေစာင္လာၿခံဳေပးသြားပါသနည္း။

မိုမို ဇေဝဇဝါျဖစ္သြားကာ အားယူ၍ထလိုက္ၿပီး ႀကိမ္းစပ္ေနေသာ မ်က္လံုးမ်ားကို ဖြင့္ၾကည့္လိုက္မိ၏။

"ဘုရားေရ............"

အံ့ၾသလြန္းသျဖင့္ အသက္ရႈပင္ ေအာင့္မိ၏။

သည္ေနရာ..... မိုမို႔အားေမာင္နဲ႔ လက္မထပ္ေပးမီ ဘ၀တေလ်ာက္လံုး ငရဲက်သကဲ့သို႔ေနထိုင္ရသည့္ အေစခံတန္းလ်ား
မိုမိုဘာေၾကာင့္ သည္ေနရာသို႔ ေရာက္လာခဲ့ ပါသနည္း။

မိုမို အေအးေသာက္ၿပီး ေမ့လဲက်မသြားခင္ သိခဲ့ရေသာ အမွန္တရားမ်ားအရ မိမိအား သည္ေနရာသို႔ ပို႔ေပးခဲ့သူမွာ မမႀကီးေတာ့မဟုတ္တန္ရာ။သူမသည္ မိုမို႔အား ေသေစရန္သာ ဆႏၵရိွေနသည္ဟု ေျပာထားၿပီျဖစ္၏။

ဒါဆို မည္သူကမ်ား လ်ွာရွည္ကာ က်ေတာ့္အား သည္ငရဲခန္းသို႔ တဖန္ ပို႔ေပးခဲ့သနည္း။

စိတ္ရႈပ္ေထြးစြာျဖင့္ ဆံပင္အား ထိုးဖြလိုက္ရာၪီးေခါင္းထက္၌ ႏူးညံ့ေသာ အထိအေတြ့ကို ခံစားလိုက္ရသျဖင့္ လက္မ်ားအား အလ်ွင္အျမန္ ငံုၾကည့္လိုက္၏။

အမာရြတ္မ်ားဒဏ္ရာမ်ားျဖင့္ ျပည့္ေနေသာလက္တစံုကို ေတြ့ရမည္ဟုထင္ထားေသာ္လည္း ေခ်ာေမြ့ကာ ညိုစိမ့္ ေနေသာအေရျပားႏွင့္ ေသးသြယ္ေနေသာ လက္ေခ်ာင္းကေလးမ်ားကိုသာ ျမင္လိုက္ရ၏။

"ဘုရားေရ.."

မိုမိုလန္႔ျဖန္၍ ဘုရားပင္တမိေတာ့၏။
ထို႔ေနာက္ ေစာင္ကို အျမန္ဆြဲခြါကာ တခါးေပါက္နားရိွ မွန္ေရ႔ွသို႔ ေျပးသြားလိုက္၏။

မွန္ထဲတြင္ ေပၚေနေသာ ပံုရိပ္မွာ မ်က္လံုးဝန္းဝိုင္းႀကီးမ်ားကို ရွည္လ်ားေသာမ်က္ေတာင္ရွည္မ်ားၿခံရံလ်က္ ႏွာေခါင္းလံုးလံုးကေလးႏွင့္ ႏႈတ္ခမ္းပါးပါးကေလးတို႔မွာ ဘယ္ရီသီးပံုစံ မ်က္ႏွာကေလးေပၚတြင္ အလြန္ခ်စ္ဖို႔ေကာင္းစြာ တည္ရိွေနေသာ မိမိ၏ အသြင္အျပင္ကို ျမင္လိုက္ရ၏။

ခႏၶာကိုယ္မွာ အဟာရမျပည့္၀သျဖင့္ ပိန္ပါးေနေသာ္လည္း ဘယ္ရီသီးပံု မ်က္ႏွာထက္ရိွ ပါးႏွစ္ဖက္မွာမူ အသားအျပည့္ပင္။ညို႔စိမ့္ေသာ အသားအရည္ပိုင္ရွင္ျဖစ္ေသာ္လည္း အခန္းထဲ၌ ပိတ္ေလွာင္ထားသည္မွာ အခ်ိန္အေတာ္ၾကာျဖစ္သျဖင့္အညိုေရာင္မ်ားျပယ္ကာ ျဖဴစုပ္စုပ္ျဖစ္ေန၏။

သည္ပံုစံသည္ ေမာင္ႏွင့္ လက္မထပ္မီ လြန္ခဲ့ေသာ ႏွစ္မ်ားစြာက မိုမို၏ ပံုစံျဖစ္၏။

အိမ္မက္ဟု မွတ္ယူထားေသာ အေၾကာင္းအရာတို႔သည္ ေခါင္းထဲသို႔ အစီအရီ ၀င္ေရာက္လာၾက၏။

ကုတင္ေဘးရိွ နံရံထက္ ခ်ိတ္ဆြဲထားေသာျပကၡဒိန္အား ၾကည့္မိေသာ အခါတြင္ေတာ့  သံသယမ်ားမွာ ရွင္းလင္းသြားၿပီျဖစ္၏။

သူတဖန္ ျပန္ေမြးဖြား ခဲ့ျခင္းျဖစ္၏။

အဘယ့္ေၾကာင့္နည္း???

ဘာေၾကာင့္ ျပန္ေမြးဖြားလာရပါသနည္း။

တစ္ဘ၀လံုး အလွည့္ဖ်ားခံ၍ ေနခဲ့ရေသာသူ႔အား ကံၾကမၼာက သနားသျဖင့္ မ်က္ႏွာသာ ေပးျခင္းေလာ သို႔မဟုတ္ ထိုဒုကၡမ်ားအား တဖန္ ခံစားေစလို၍ ျပန္လည္ေမြးဖြားေစခဲ့ျခင္းေလာ။

အေရ႔ွတြင္ ဘာဆက္ျဖစ္မည္ကို မသိႏိုင္ေသာ္လည္း အကယ္၍သာ ေမာင္ႏွင့္ ျပန္ဆံုေတြ့ရမည္ဆိုပါက အရာအားလံုးႏွင့္ လဲရလ်ွင္ေတာင္ ဤျပန္ေမြးဖြားလာျခင္းအား ေနာင္တကင္းစြာ ေက်းဇူးတင္၍ေနမည္ျဖစ္၏။

© Poe Nyo,
книга «My excellent husbant».
အပိုင်း ၂
Коментарі