အပိုင်း ၂
နာကျည်းဖွယ်ရာများနှင့် အဆုံးသတ်ခဲ့သော ကောင်လေးတစ်ယောက်၏ဘ၀နှင့် အချစ်ဇာတ်လမ်းလေးသည် ဤသို့သော အဖြစ်အပျက်များကြောင့် စတင်ခဲ့ခြင်းဖြစ်၏။
#########
မြန်မာနိုင်ငံကို ဗြိတိသျှလူဖြူများ သုံးကြိမ်တိုင်တိုင် ကျူးကျော်ရန်ပြုကာ တပိုင်းပြီးတပိုင်းသိမ်းယူခဲ့ပြီးနောက် ဗြိတိသျှလူဖြူများက တိုင်းရင်သားများ၏ ဆန့်ကျင်ရေးလှုပ်ရှားမှုများကို လူအင်အား လက်နက်အင်အားနဲ့ ရက်စက်စွာနှိမ်နှင်းခဲ့သည်၏။
ခန့်မှန်းချေအတိုင်းအတာ အရ မြေပြန့်ဒေသတွင်၁၀နှစ်ခန့်နှင့် တောင်တန်းဒေသများတွင် ၁၅နှစ်တိုင်ခဲ့၏။
အားမတန်မာန်လျော့ ဆိုတဲ့စကားအတိုင်း ၁၈၉၆ခုနှစ်တွင် မြေပြန်ဒေသမှ ဆန့်ကျင်ပုန်ကန်မှုများ ချုပ်ငြိမ်းသွားခဲ့ သော်လည်း
တောင်တန်းဒေသများမှာမူ ၂၀ရာစုနှစ်ဉီးပိုင်းအထိ ဆက်လက်ဖြစ်ပွါးခဲ့၏။
ဗြိတိသျှ အစိုးရကရခိုင်၊တနင်္သာရီ၊ပဲခူး၊ဧရာဝတီ ဟူ၍ ခရိုင်လေးခုခွဲခြားသတ်မှတ်ခဲ့၏။ထိုခရိုင်များကို မဟာရှင်တော်ဝင်မင်းကြီး လက်အောက်ရှိ ခရိုင်ရှင်တော်ဝင်မင်းကြီး တစ်ဉီးဆီက တာဝန်ယူကာအုပ်ချုပ်ရ၏။
ခရိုင်အသီးသီးကို စီရင်စုများ ခွဲထားပြီး အရေးပိုင်၊တိုက်သူကြီး၊ရွာသူကြီး၊ရွာခေါင်းဟူ၍ အဆင့်ဆင့် တာဝန်ယူကာ အုပ်ချုပ်ရ၏။
သို့သော်လည်း မိမိလူမျိုးအချင်းချင်း ကာကွယ်စောင့်ရှောက်လို၍ ရာထူးရာခံ ရယူခြင်းထက် အချင်းချင်းဂုတ်သွေးစုပ်ဖို့အရေးသာ အားသန်နေခဲ့သော နယ်ချဲ့လက်ပါးစေ အရာရှိများသာ ပေါ်ထွန်းခဲ့လေ၏။
################
သက္ကရာဇ် ၁၈၉၇ ရန်ကုန်မြို့တော်တွင်ဖြစ်၏။
မိခင်ဖခင်တို့ရဲ့ ငွေကြေးအရှိန်အဝါများ ကြောင့် ပညာမြောက်များစွာ သင်ယူခဲ့ပြီးတိုက်သူကြီးမင်းလောင်းအဖြစ် လျာထားခြင်းခံရသော ဉီးညွှန့်မို......
အပျော်အပါး မိန်းမ လောင်းကစား မျှာပြွေခင်းတို့တွင် တဖက်ကမ်းခပ်ကျွမ်းကျင်ပါသော်လည်း မိဘများ၏ ငွေကြေးအင်အား ရာထူးဂုဏ်ရှိန်ကြောင့် အရပ်ထဲတွင်မူ လူတော်လူကောင်း တိုက်သူကြီးမင်းလောင်း အဖြစ်သာ လူသိများကြ၏။
မိဘများမှာရှေးလူကြီးများဖြစ်သည့်အားလျော်စွာ အထိုက်အလျောက်မြန်မာဆန်ပါသော်လည်း ကိုညွှန့်မိုကမူ ခေတ်ပညာတတ် ဘိုရူးရူးနေသူဖြစ်ရာ မက်သဒစ်တန်းအောင်သည့်အချိန်တွင် ညွှန့်မိုမှ(မိုက်ကယ်ညွှန်မို)ဟု မိမိကိုယ်ကို ကင်ပွန်းတပ်သမုတ်ခဲ့လေ၏။
ထို မက်သဒစ်တန်းတွင်ပင် အိမ်သူဖြစ်လာမည့် ဒေစီခင်ခင်လေးနဲ့ လူငယ်သဘာဝမေတ္တာမျှကြလေ၏။ခင်ခင်လေးမှာ ဟောလိဝုဒ်ရုပ်ရှင်များကြည့်ကာ မင်းသမီးရူး ရူးနေသူဖြစ်ကာ အ၀တ်အစား အနေအထိုင်တို့မှာ အလွန်လျှပ်ပေါ်လော်လီ ပက်စက်လွန်းလှ၏။
ထို့ကြောင့် ကျောင်းပြီးသော အချိန်မှာပင် ခင်ခင်လေးထံ၌ ညွှန့်မို၏ ကိုယ်ဝန်လွယ်ခဲ့ရသဖြင့် ညွှန့်မိုသည် ခင်ခင်လေးအား လူကြီးစုံရာရှေ့ ထိမ်းမြားလက်ထပ်ယူခဲ့ရ၏။
ညွှန့်မို တိုက်သူကြီးမင်းဖြစ်သည့် အချိန်တွင်မူ ညွှန့်ခင်ခင်မိုး(ခ) kathyမိုး ဟုခေါ်သည့် သမီးတယောက် ရှိနေပြီဖြစ်၏။
ပျော်ရွှင်ဖွယ် မိသားစုဟု အများကထင်မှတ်ကြသော်လည်း အမှန်မှာ ညွှန့်မိုသည် တိုက်သူကြီး ဟူသည့်ဂုဏ်နှင့် ယခင်ကထက်ပင် အပျော်အပါးမက်ကာ ပို၍ရှုပ်ပွေလာပြီးခင်ခင်လေးသည်လည်း ယခင်ထက်ပို၍ စားသောက်ပွဲ၊ဖဲပွဲများများနှင့် ကပွဲများတွင်သာအချိန်ကုန်နေလေတော့၏။
ဤသိုဖြင့် လူတိုင်းအားကျရသော ထိုသူဌေးလင်မယားမှာ ငယ်ရွယ်မှု ငွေကြေးချမ်းသာမှုဟူသောဂုဏ်များနှင့် သုံးချင်တိုင်းသုံး ဖြုန်းချင်တိုင်းဖြုန်းကာ လောကစည်းစိမ်အား အပြည့်အ၀ခံစားနေပေ၏။
#######
ရန်ကုန်မြို့ဗဟန်းရပ်ကွက် ပေါ့ခ်လမ်းရှိ ခြံကြီးတခုတွင် စကားပြောသံ ရယ်မောသံ ခွက်ချင်းတိုက်သံများဖြင့် ဆူညံလျက်ရှိ၏။
ယနေ့သည် တိုက်သူကြီးမင်းမိုက်ကယ်ညွှန့်မိုနှင့် ဇနီးဖြစ်သူဒေစီခင်ခင်လေးတို့၏ တဉီးတည်းသောသမီး ညွှန့်ခင်ခင်မိုး(ခ)Kathyမိုး ၏ (၄)နှစ်ပြည့်မွေးနေ့ဖြစ်၏။
ဂုဏ်သရေရှိလူကြီးလူကောင်းများသည် နိုင်ငံခြားဖြစ် ယမကာဝိုင်းများတွင် ကိုယ့်အစုနှင့်ကိုယ် ဝိုင်းဖွဲ့ကာဖြင့် မွေးနေ့ပွဲအား စည်ကားသိုက်မြိုက်စွာ ဆင်နွှဲ နေကြ၏။
ထိုအချိန်တွင် ခြံစောင့်ဖြစ်သူ မာလီဉီးကျင်က ခြင်းတခုကိုကိုင်ကာ အိမ်ထဲသို့ပြေးဝင်လာ၏။
ပါးစပ်မှလည်း"တိုက်သူကြီးမင်း.....တိုက်သူကြီးမင်း ၊ဒီမှါ....ဒီမှါ...."ဟူ၍ ပီပီသသမရှိ ဟောဟဲစိုက်သော အသံများကို အော်ကြီးဟစ်ကျယ် ရေရွတ်နေ၏။
"ဟဲ့ မောင်ကျင် ၊ဒီမယ် ဧည့်သည်တွေနဲ့လေ ဘာတွေအော်ကြီးဟစ်ကျယ် လုပ်နေတာတုန်း....တယ် ငါလုပ်လိုက်ရ"
တိုက်သူကြီးမင်းမှာ တပည့်ဖြစ်သူအား အလွန်ပင် စိတ်မရှည်ဖြစ်လာရကာမာန်မဲလေတော့၏။
သူကြီးမင်း၏ မာန်မဲသံကို ကြားခါမှ မောင်ကျင်ခမျာ ကိုယ်ရှိန်သတ်ပြီး သူ၏ကွမ်းဂျိုး(ချိုး)လက်လေးသစ်ခန့် ကပ်နေသောသွားမည်းမည်းကြီးများဖြင့် "ဟီးးး"ကနဲ ရီပြ၏။ပြီးမှလက်ထဲမှ ကိုင်ဆောင်လာသော ခြင်းကိုတိုက်သူကြီးမင်းအားပြသလေ၏။
"ခြံရှေ့မှာ ခြင်းတစ်ခုတွေ့လို့ သွားကြည့်တာ ကလေးလေးတစ်ယောက် တွေ့လို့ခင်ဗျ ဘယ်သူလာထားသွားတာလဲမသိဘူး"
"ဟေ ဘယ်ကကလေးတုန်း ပြစမ်း"
ဒေစီခင်ခင်လေးမှာ မောင်ကျင်၏အော်သံကြောင့် ခင်ပွန်းဖြစ်သူရှိရာဝိုင်းသို့ လျောက်လာ၏။
ထို့နောက် မောင်ကျင့် လက်ထဲမြှခင်းကိုမြင်သဖြင့် လှမ်း၍စပ်စုလေရာခြင်းထဲတွင် အနှီးနှင့်ပတ်ထုတ်ထားသည့် ကလေးတယောက်နှင့်စာအိတ်တစ်အိတ်ကိုတွေ့ရ၏။
"ဘယ်က ကလေးတုန်းမောင်ကျင်"
"မသိပါဘူးခင်ဗျ ခြံရှေ့မှာတွေ့လို့ တိုက်သူကြီးမင်းကို လာပြောပြတာပါ"
"ကျွတ်စ် ရှုတ်ရှုတ်ရှက်ရှက်တွေ"
ဒေစီခင်ခင်လေးက စိတ်ရှုပ်သလို စုပ်တစ်ချက်သက်ပြီး စာအိတ်ကိုဖွင့်လိုက်သောအခါ ဓာတ်ပုံတစ်ပုံနှင့် စာတစ်စောင်ကျလာ၏။
ထိုစာနှင့် ဓာတ်ပုံအား ဖွင့်ဖတ်ကြည့်ပြီးသောအခါ သူမရဲ့ မျက်လုံးတွေထဲတွင် မယုံကြည်ခြင်းများစွာဖြင့် စွံအနေလျက်....
အတန်ကြာမှ ယောကျာ်းဖြစ်သူအားရန်လိုစွာကြည့်၍
"ကိုညွန့်မို.......ဒါတွေက ဘာတွေလည်းဆိုတာ ဒေစီကို နားလည်အောင် ရှင်းပြလှည့်စမ်းပါ...."
ဒေစီ့အသံကြောင့် သူ့အစုနှင့်သူ စကားဝိုင်းဖွဲ့နေသော ဧည့်ပရိတ်သတ်တို့ လှည့်ကြည့်လာကြ၏။
ညွှန့်မို ဓာတ်ပုံကို ယူကြည့်မိရာ ကောလိပ်မှာ အဆောင်နေစဉ်အတွင်း သူငယ်ချင်းများဖြင့် ရံဖန်ရံခါသွားလေ့ရှိသည့် ပွတ်သဘင်တွင် ရိုက်ထားသော ဓာတ်ပုံတစ်ပုံဖြစ်၏။
(AN_ ပွတ်သဘင် ဆိုတာ အဲ့ခေတ်က လူကုန်ထံအသိုင်းအဝိုင်းတွေကြား ရင်ချင်းအပ် ခါးဖက်ပြီး ကရတဲ့ အနောက်တိုင်းကပွဲမျိုးကို ခေါ်တာပါ)
ထိုဓာတ်ပုံအား ကြည့်ပြီးနောက် ညွှန့်မိုမှာ ပျောစရာစကားများ ပျောက်ရှလျက် အတန်ကြာအောင် ကြက်သေသေလျက်ရှိ၏။
ပုံထဲတွင် ညွှန့်မိုသည် နံဘေးရှိ မိန်းမပျိုလေး၏ ခါးကိုဖက်ထားပြီး ထိုမိန်းမပျို၏ နှုတ်ခမ်းအား နမ်းရှိုက်နေ၏။ထိုမိန်းမပျိုမှာကျောပေးသည့် အနေအထားဖြစ်သော်လည်း ညွှန့်မို၏ မျက်နှာမှာ အလွန်ထင်ရှားနေ၏။
စာ၌ပါသည့် အကြောင်းအရာမှာလည်း ခြင်းထဲရှိကလေးသည် မိမိသွေးသား တဖြစ်လည်း ရှုပ်ပွေလွန်းသည့် မိမိအတွက် အပြစ်ဒဏ် ဖြစ်သည်ဟုဆိုထား၏။
ဤအချင်းအရာများအား ခြုံငုံသုံးသပ်ရသော် မိမိအားချောက်ချလိုခြင်းမှာထင်ရှားသော်လည်း မိမိတွင် ဖြေရှင်းစရာ သက်သေသက်ကာရများ မရှိသည့်အပြင် အဆိုးဆုံး အချက်မှာ နဘေးရှိ မိန်းမပျိုမှာ မည်သူမည်ဝါ ဖြစ်သည်မှန်းတောင် မမှတ်မိတော့ခြင်းပင်ဖြစ်၏။။
ဘ၀တွင် မိန်းမပေါင်းများစွာနှင့် ပတ်သတ်ခဲ့ပါသော်လည်း မည်သူတစ်ယောက်ကမျှ တိုက်သူကြီးမင်း ဖြစ်လာမည့် ညွှန့်မိုအား ပြသနာမရှာဝံ့ဟု ထင်မှတ်ခဲ့၏။
ဉီးညွှန့်မိုသည် ထွက်လာသည့် ဒေါသအားထိန်းလျက် ဇနီးသည်အားကြည့်ကာ
"ကိုယ်...........ကိုယ် ဘာမှမသိပါဘူး ဒေစီရယ်
ကိုယ်ရှင်းပြပါရစေ ကိုယ့်ကိုယုံပါကွာ....
ဒါ....ကိုယ် ...ကိုယ်..ချောက်ချခံရတာပါ"
တိုက်သူကြီးမင်း၏ ရှင်းပြချက်အဆုံးတွင် ဒေစီခင်ခင်လေး၏ ဒေါသတို့မှာ ယမ်းပုံမီးကြသကဲ့သို့ ပေါက်ကွဲတော့၏။
"ဘာ!!!!! သည်လောက်ပြည့်စုံနေတဲ့ သက်သေတွေက ချောက်ချထားတာဟုတ်စ
ဒါဆို သည်ပုံကရော သည်ပုံကလည်း လုပ်ကြံထားတာဘဲလား ကိုညွှန့်မို...
ရှင် ကျမကို လာလိမ်မနေနဲ့ ကျမအရူးမဟုတ်ဘူး"
(
AN_အဲ့တုန်းက camera edit တွေမပေါ်သေးတော့ ဓာတ်ပုံက လုပ်ကြံထားတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ပြောချင်တာပါ)
ဒေစီသည် ခင်ပွန်းဖြစ်သူအား အော်ဟစ်ကာ ရှိုက်ကြီးတငင် ငိုကြွေးပြီး လက်ထဲမှ စာနှင့်ဓာတ်ပုံတို့အား အပိုင်းပိုင်းစုပ်ဖြဲ၍ အိမ်ထဲသို့ ပြေးဝင်သွား၏။
###########
နောက်နေ့မနက်တွင်မူ တိုက်သူကြီးမင်း ဉီးညွှန့်မို အငယ်အနှောင်းနှင့် ကလေးတယောက် ရရှိခဲ့သောသတင်းသည် တမြို့လုံးသို့ ဟိုးလေးတကျော်ကျော်ပျံနှံသွားလေတော့၏။
ထိုသတင်းကြောင့် ဒေစီခင်ခင်လေးသည် အပေါင်းအသင်းများကြား လက်ညှိုးထိုးကဲ့ရဲ့ခံရမည်ကို မခံမရပ်နိုင်ဖြစ်ကာ အိပ်ယာထဲသို့ လဲတော့လေ၏။
ထို့နောက်တွင်မူ သူမသည်လည်း သူငယ်ချင်းယောက်ျားလေးများနှင့် ပိုမိုဆက်ဆံ အပေါင်းအသင်းပြုလာ၏။တခါတရံ အိမ်သို့ပင်ခေါ်လာတတ်၏။
ထို့ကြောင့် နှစ်ယောက်သား မျက်နှာခြင်းဆိုင်သည်နှင့် မကြာခဏဆိုသလို စကားများကြရ၏။တနေ့ ခင်ခင်လေးမှာ ယောက်ျားဖြစ်သူနှင့် စကားများပြီးဖဲပွဲသို့သွားရာလမ်းတွင် ကားတိုက်၍ ဆုံးပါးသွားခဲ့လေ၏။
ခင်ခင်လေးဆုံးသောအခါ တိုက်သူကြီးမင်းသည် စိတ်ဓာတ်ကျကာ ယခင်ကထက်ပင် အသောက်အစား အပျော်အပါးများလာ၏။တပတ်လျှင် ငါးရက်မျှ ပွတ်သဘင်နှင့် မြင်းပွဲများတွင်သာ အချိန်ကုန်လေ့ရှိ၏။
အိမ်သို့ပြန်သော ရက်များတွင် မိုမို့အခန်းတွင်းသို့ ၀င်ကာစိတ်ကျေနပ်သည်အထိ ရိုက်နှက်လေ့ရှိ၏။
သမီးဖြစ်သူကိုလည်း အိမ်ထိန်းများနှင့်ပင် ပိုက်ဆံအလုံအလောက်ပေးကာ ထားခဲ့တတ်၏။
ထိုသို့ကြီးပြင်းခဲ့ရသော kathyမိုး သည် လှပကာ မောက်မာသော မိန်းကလေးတစ်ဉီးအဖြစ်ကြီးပြင်းလာပြီး အမြဲတစေ နှိပ်စက်ခံ သော အိမ်နောက်ဖေးတန်းလျားရှိ ကောင်လေးသည်လည်း လူကြောက်၍ လူတောမတိုးသည့် နုံနုံအအ ကလေးတစ်ဉီး အဖြစ် ကြီးပြင်းလာခဲ့ကြ၏။
########################
zawgyi
နာက်ည္းဖြယ္ရာမ်ားႏွင့္ အဆံုးသတ္ခဲ့ေသာ ေကာင္ေလးတစ္ေယာက္၏ဘ၀ႏွင့္ အခ်စ္ဇာတ္လမ္းေလးသည္ ဤသို႔ေသာ အျဖစ္အပ်က္မ်ားေၾကာင့္ စတင္ခဲ့ျခင္းျဖစ္၏။
#########
ျမန္မာႏိုင္ငံကို ၿဗိတိသ်ွလူျဖဴမ်ား သံုးႀကိမ္တိုင္တိုင္ က်ူးေက်ာ္ရန္ျပဳကာ တပိုင္းၿပီးတပိုင္းသိမ္းယူခဲ့ၿပီးေနာက္ ၿဗိတိသ်ွလူျဖဴမ်ားက တိုင္းရင္သားမ်ား၏ ဆန္႔က်င္ေရးလႈပ္ရွားမႈမ်ားကို လူအင္အား လက္နက္အင္အားနဲ႔ ရက္စက္စြာႏိွမ္ႏွင္းခဲ့သည္၏။
ခန္႔မွန္းေခ်အတိုင္းအတာ အရ ေျမျပန္႔ေဒသတြင္၁၀ႏွစ္ခန္႔ႏွင့္ ေတာင္တန္းေဒသမ်ားတြင္ ၁၅ႏွစ္တိုင္ခဲ့၏။
အားမတန္မာန္ေလ်ာ့ ဆိုတဲ့စကားအတိုင္း ၁၈၉၆ခုႏွစ္တြင္ ေျမျပန္ေဒသမွ ဆန္႔က်င္ပုန္ကန္မႈမ်ား ခ်ဳပ္ၿငိမ္းသြားခဲ့ ေသာ္လည္း
ေတာင္တန္းေဒသမ်ားမွာမူ ၂၀ရာစုႏွစ္ၪီးပိုင္းအထိ ဆက္လက္ျဖစ္ပြါးခဲ့၏။
ၿဗိတိသ်ွ အစိုးရကရခိုင္၊တနသၤာရီ၊ပဲခူး၊ဧရာ၀တီ ဟူ၍ ခရိုင္ေလးခုခြဲျခားသတ္မွတ္ခဲ့၏။ထိုခရိုင္မ်ားကို မဟာရွင္ေတာ္၀င္မင္းႀကီး လက္ေအာက္ရိွ ခရိုင္ရွင္ေတာ္၀င္မင္းႀကီး တစ္ၪီးဆီက တာ၀န္ယူကာအုပ္ခ်ဳပ္ရ၏။
ခရိုင္အသီးသီးကို စီရင္စုမ်ား ခြဲထားၿပီး အေရးပိုင္၊တိုက္သူႀကီး၊ရြာသူႀကီး၊ရြာေခါင္းဟူ၍ အဆင့္ဆင့္ တာ၀န္ယူကာ အုပ္ခ်ဳပ္ရ၏။
သို႔ေသာ္လည္း မိမိလူမ်ိဳးအခ်င္းခ်င္း ကာကြယ္ေစာင့္ေရွာက္လို၍ ရာထူးရာခံ ရယူျခင္းထက္ အခ်င္းခ်င္းဂုတ္ေသြးစုပ္ဖို႔အေရးသာ အားသန္ေနခဲ့ေသာ နယ္ခ်ဲ့လက္ပါးေစ အရာရိွမ်ားသာ ေပၚထြန္းခဲ့ေလ၏။
################
သကၠရာဇ္ ၁၈၉၇ ရန္ကုန္ၿမိဳ႔ေတာ္တြင္ျဖစ္၏။
မိခင္ဖခင္တို႔ရဲ့ ေငြေၾကးအရိွန္အဝါမ်ား ေၾကာင့္ ပညာေျမာက္မ်ားစြာ သင္ယူခဲ့ၿပီးတိုက္သူႀကီးမင္းေလာင္းအျဖစ္ လ်ာထားျခင္းခံရေသာ ၪီးၫႊန္႔မို......
အေပ်ာ္အပါး မိန္းမ ေလာင္းကစား မ်ွာေပျြခင္းတို႔တြင္ တဖက္ကမ္းခပ္ကြၽမ္းက်င္ပါေသာ္လည္း မိဘမ်ား၏ ေငြေၾကးအင္အား ရာထူးဂုဏ္ရိွန္ေၾကာင့္ အရပ္ထဲတြင္မူ လူေတာ္လူေကာင္း တိုက္သူႀကီးမင္းေလာင္း အျဖစ္သာ လူသိမ်ားၾက၏။
မိဘမ်ားမွာေရွးလူႀကီးမ်ားျဖစ္သည့္အားေလ်ာ္စြာ အထိုက္အေလ်ာက္ျမန္မာဆန္ပါေသာ္လည္း ကိုၫႊန္႔မိုကမူ ေခတ္ပညာတတ္ ဘိုရူးရူးေနသူျဖစ္ရာ မက္သဒစ္တန္းေအာင္သည့္အခ်ိန္တြင္ ၫႊန္႔မိုမွ(မိုက္ကယ္ၫႊန္မို)ဟု မိမိကိုယ္ကို ကင္ပြန္းတပ္သမုတ္ခဲ့ေလ၏။
ထို မက္သဒစ္တန္းတြင္ပင္ အိမ္သူျဖစ္လာမည့္ ေဒစီခင္ခင္ေလးနဲ႔ လူငယ္သဘာ၀ေမတၲာမ်ွၾကေလ၏။ခင္ခင္ေလးမွာ ေဟာလိဝုဒ္ရုပ္ရွင္မ်ားၾကည့္ကာ မင္းသမီးရူး ရူးေနသူျဖစ္ကာ အ၀တ္အစား အေနအထိုင္တို႔မွာ အလြန္လ်ွပ္ေပၚေလာ္လီ ပက္စက္လြန္းလွ၏။
ထို႔ေၾကာင့္ ေက်ာင္းၿပီးေသာ အခ်ိန္မွာပင္ ခင္ခင္ေလးထံ၌ ၫႊန္႔မို၏ ကိုယ္၀န္လြယ္ခဲ့ရသျဖင့္ ၫႊန္႔မိုသည္ ခင္ခင္ေလးအား လူႀကီးစံုရာေရ႔ွ ထိမ္းျမားလက္ထပ္ယူခဲ့ရ၏။
ၫႊန္႔မို တိုက္သူႀကီးမင္းျဖစ္သည့္ အခ်ိန္တြင္မူ ၫႊန္႔ခင္ခင္မိုး(ခ) kathyမိုး ဟုေခၚသည့္ သမီးတေယာက္ ရိွေနၿပီျဖစ္၏။
ေပ်ာ္ရႊင္ဖြယ္ မိသားစုဟု အမ်ားကထင္မွတ္ၾကေသာ္လည္း အမွန္မွာ ၫႊန္႔မိုသည္ တိုက္သူႀကီး ဟူသည့္ဂုဏ္ႏွင့္ ယခင္ကထက္ပင္ အေပ်ာ္အပါးမက္ကာ ပို၍ရႈပ္ေပြလာၿပီးခင္ခင္ေလးသည္လည္း ယခင္ထက္ပို၍ စားေသာက္ပြဲ၊ဖဲပြဲမ်ားမ်ားႏွင့္ ကပြဲမ်ားတြင္သာအခ်ိန္ကုန္ေနေလေတာ့၏။
ဤသိုျဖင့္ လူတိုင္းအားက်ရေသာ ထိုသူေဌးလင္မယားမွာ ငယ္ရြယ္မႈ ေငြေၾကးခ်မ္းသာမႈဟူေသာဂုဏ္မ်ားႏွင့္ သံုးခ်င္တိုင္းသံုး ျဖဳန္းခ်င္တိုင္းျဖဳန္းကာ ေလာကစည္းစိမ္အား အျပည့္အ၀ခံစားေနေပ၏။
#######
ရန္ကုန္ၿမိဳ႔ဗဟန္းရပ္ကြက္ ေပါ့ခ္လမ္းရိွ ၿခံႀကီးတခုတြင္ စကားေျပာသံ ရယ္ေမာသံ ခြက္ခ်င္းတိုက္သံမ်ားျဖင့္ ဆူညံလ်က္ရိွ၏။
ယေန့သည္ တိုက္သူႀကီးမင္းမိုက္ကယ္ၫႊန္႔မိုႏွင့္ ဇနီးျဖစ္သူေဒစီခင္ခင္ေလးတို႔၏ တၪီးတည္းေသာသမီး ၫႊန္႔ခင္ခင္မိုး(ခ)Kathyမိုး ၏ (၄)ႏွစ္ျပည့္ေမြးေန့ျဖစ္၏။
ဂုဏ္သေရရိွလူႀကီးလူေကာင္းမ်ားသည္ ႏိုင္ငံျခားျဖစ္ ယမကာဝိုင္းမ်ားတြင္ ကိုယ့္အစုႏွင့္ကိုယ္ ဝိုင္းဖြဲ႔ကာျဖင့္ ေမြးေန့ပြဲအား စည္ကားသိုက္ၿမိဳက္စြာ ဆင္ႏႊဲ ေနၾက၏။
ထိုအခ်ိန္တြင္ ၿခံေစာင့္ျဖစ္သူ မာလီၪီးက်င္က ျခင္းတခုကိုကိုင္ကာ အိမ္ထဲသို႔ေျပး၀င္လာ၏။
ပါးစပ္မွလည္း"တိုက္သူႀကီးမင္း.....တိုက္သူႀကီးမင္း ၊ဒီမွါ....ဒီမွါ...."ဟူ၍ ပီပီသသမရိွ ေဟာဟဲစိုက္ေသာ အသံမ်ားကို ေအာ္ႀကီးဟစ္က်ယ္ ေရရြတ္ေန၏။
"ဟဲ့ ေမာင္က်င္ ၊ဒီမယ္ ဧည့္သည္ေတြနဲ႔ေလ ဘာေတြေအာ္ႀကီးဟစ္က်ယ္ လုပ္ေနတာတုန္း....တယ္ ငါလုပ္လိုက္ရ"
တိုက္သူႀကီးမင္းမွာ တပည့္ျဖစ္သူအား အလြန္ပင္ စိတ္မရွည္ျဖစ္လာရကာမာန္မဲေလေတာ့၏။
သူႀကီးမင္း၏ မာန္မဲသံကို ၾကားခါမွ ေမာင္က်င္ခမ်ာ ကိုယ္ရိွန္သတ္ၿပီး သူ၏ကြမ္းဂ်ိဳး(ခ်ိဳး)လက္ေလးသစ္ခန္႔ ကပ္ေနေသာသြားမည္းမည္းႀကီးမ်ားျဖင့္ "ဟီးးး"ကနဲ ရီျပ၏။ၿပီးမွလက္ထဲမွ ကိုင္ေဆာင္လာေသာ ျခင္းကိုတိုက္သူႀကီးမင္းအားျပသေလ၏။
"ၿခံေရ႔ွမွာ ျခင္းတစ္ခုေတြ့လို႔ သြားၾကည့္တာ ကေလးေလးတစ္ေယာက္ ေတြ့လို႔ခင္ဗ် ဘယ္သူလာထားသြားတာလဲမသိဘူး"
"ေဟ ဘယ္ကကေလးတုန္း ျပစမ္း"
ေဒစီခင္ခင္ေလးမွာ ေမာင္က်င္၏ေအာ္သံေၾကာင့္ ခင္ပြန္းျဖစ္သူရိွရာဝိုင္းသို႔ ေလ်ာက္လာ၏။
ထို႔ေနာက္ ေမာင္က်င့္ လက္ထဲမျွခင္းကိုျမင္သျဖင့္ လွမ္း၍စပ္စုေလရာျခင္းထဲတြင္ အႏွီးႏွင့္ပတ္ထုတ္ထားသည့္ ကေလးတေယာက္ႏွင့္စာအိတ္တစ္အိတ္ကိုေတြ့ရ၏။
"ဘယ္က ကေလးတုန္းေမာင္က်င္"
"မသိပါဘူးခင္ဗ် ၿခံေရ႔ွမွာေတြ့လို႔ တိုက္သူႀကီးမင္းကို လာေျပာျပတာပါ"
"ကြၽတ္စ္ ရႈတ္ရႈတ္ရွက္ရွက္ေတြ"
ေဒစီခင္ခင္ေလးက စိတ္ရႈပ္သလို စုပ္တစ္ခ်က္သက္ၿပီး စာအိတ္ကိုဖြင့္လိုက္ေသာအခါ ဓာတ္ပံုတစ္ပံုႏွင့္ စာတစ္ေစာင္က်လာ၏။
ထိုစာႏွင့္ ဓာတ္ပံုအား ဖြင့္ဖတ္ၾကည့္ၿပီးေသာအခါ သူမရဲ့ မ်က္လံုးေတြထဲတြင္ မယံုၾကည္ျခင္းမ်ားစြာျဖင့္ စြံအေနလ်က္....
အတန္ၾကာမွ ေယာက်ာ္းျဖစ္သူအားရန္လိုစြာၾကည့္၍
"ကိုၫြန္႔မို.......ဒါေတြက ဘာေတြလည္းဆိုတာ ေဒစီကို နားလည္ေအာင္ ရွင္းျပလွည့္စမ္းပါ...."
ေဒစီ့အသံေၾကာင့္ သူ႔အစုႏွင့္သူ စကားဝိုင္းဖြဲ႔ေနေသာ ဧည့္ပရိတ္သတ္တို႔ လွည့္ၾကည့္လာၾက၏။
ၫႊန္႔မို ဓာတ္ပံုကို ယူၾကည့္မိရာ ေကာလိပ္မွာ အေဆာင္ေနစဥ္အတြင္း သူငယ္ခ်င္းမ်ားျဖင့္ ရံဖန္ရံခါသြားေလ့ရိွသည့္ ပြတ္သဘင္တြင္ ရိုက္ထားေသာ ဓာတ္ပံုတစ္ပံုျဖစ္၏။
(AN_ ပြတ္သဘင္ ဆိုတာ အဲ့ေခတ္က လူကုန္ထံအသိုင္းအဝိုင္းေတြၾကား ရင္ခ်င္းအပ္ ခါးဖက္ၿပီး ကရတဲ့ အေနာက္တိုင္းကပြဲမ်ိဳးကို ေခၚတာပါ)
ထိုဓာတ္ပံုအား ၾကည့္ၿပီးေနာက္ ၫႊန္႔မိုမွာ ေပ်ာစရာစကားမ်ား ေပ်ာက္ရွလ်က္ အတန္ၾကာေအာင္ ၾကက္ေသေသလ်က္ရိွ၏။
ပံုထဲတြင္ ၫႊန္႔မိုသည္ နံေဘးရိွ မိန္းမပ်ိဳေလး၏ ခါးကိုဖက္ထားၿပီး ထိုမိန္းမပ်ိဳ၏ ႏႈတ္ခမ္းအား နမ္းရိႈက္ေန၏။ထိုမိန္းမပ်ိဳမွာေက်ာေပးသည့္ အေနအထားျဖစ္ေသာ္လည္း ၫႊန္႔မို၏ မ်က္ႏွာမွာ အလြန္ထင္ရွားေန၏။
စာ၌ပါသည့္ အေၾကာင္းအရာမွာလည္း ျခင္းထဲရိွကေလးသည္ မိမိေသြးသား တျဖစ္လည္း ရႈပ္ေပြလြန္းသည့္ မိမိအတြက္ အျပစ္ဒဏ္ ျဖစ္သည္ဟုဆိုထား၏။
ဤအခ်င္းအရာမ်ားအား ၿခံဳငံုသံုးသပ္ရေသာ္ မိမိအား ေခ်ာက္ခ်လိုျခင္းမွာထင္ရွားေသာ္လည္း မိမိတြင္ ေျဖရွင္းစရာ သက္ေသသက္ကာရမ်ား မရိွသည့္အျပင္ အဆိုးဆံုး အခ်က္မွာ နေဘးရိွ မိန္းမပ်ိဳမွာ မည္သူမည္ဝါ ျဖစ္သည္မွန္းေတာင္ မမွတ္မိေတာ့ျခင္းပင္ျဖစ္၏။။
ဘ၀တြင္ မိန္းမေပါင္းမ်ားစြာႏွင့္ ပတ္သတ္ခဲ့ပါေသာ္လည္း မည္သူတစ္ေယာက္ကမ်ွ တိုက္သူႀကီးမင္း ျဖစ္လာမည့္ ၫႊန္႔မိုအား ျပသနာမရွာဝံ့ဟု ထင္မွတ္ခဲ့၏။
ၪီးၫႊန္႔မိုသည္ ထြက္လာသည့္ ေဒါသအားထိန္းလ်က္ ဇနီးသည္အားၾကည့္ကာ
"ကိုယ္...........ကိုယ္ ဘာမွမသိပါဘူး ေဒစီရယ္
ကိုယ္ရွင္းျပပါရေစ ကိုယ့္ကိုယံုပါကြာ....
ဒါ....ကိုယ္ ...ကိုယ္..ေခ်ာက္ခ်ခံရတာပါ"
တိုက္သူႀကီးမင္း၏ ရွင္းျပခ်က္အဆံုးတြင္ ေဒစီခင္ခင္ေလး၏ ေဒါသတို႔မွာ ယမ္းပံုမီးၾကသကဲ့သို႔ ေပါက္ကြဲေတာ့၏။
"ဘာ!!!!! သည္ေလာက္ျပည့္စံုေနတဲ့ သက္ေသေတြက ေခ်ာက္ခ်ထားတာဟုတ္စ
ဒါဆို သည္ပံုကေရာ သည္ပံုကလည္း လုပ္ႀကံထားတာဘဲလား ကိုၫႊန္႔မို...
ရွင္ က်မကို လာလိမ္မေနနဲ႔ က်မအရူးမဟုတ္ဘူး"
(
AN_အဲ့တုန္းက camera edit ေတြမေပၚေသးေတာ့ ဓာတ္ပံုက လုပ္ႀကံထားတယ္ဆိုတာ မျဖစ္ႏိုင္ဘူးလို႔ေျပာခ်င္တာပါ)
ေဒစီသည္ ခင္ပြန္းျဖစ္သူအား ေအာ္ဟစ္ကာ ရိႈက္ႀကီးတငင္ ငိုေႂကြးၿပီး လက္ထဲမွ စာႏွင့္ဓာတ္ပံုတို႔အား အပိုင္းပိုင္းစုပ္ၿဖဲ၍ အိမ္ထဲသို႔ ေျပး၀င္သြား၏။
###########
ေနာက္ေန့မနက္တြင္မူ တိုက္သူႀကီးမင္း ၪီးၫႊန္႔မို အငယ္အေနွာင္းႏွင့္ ကေလးတေယာက္ ရရိွခဲ့ေသာသတင္းသည္ တၿမိဳ႔လံုးသို႔ ဟိုးေလးတေက်ာ္ေက်ာ္ပ်ံႏွံသြားေလေတာ့၏။
ထိုသတင္းေၾကာင့္ ေဒစီခင္ခင္ေလးသည္ အေပါင္းအသင္းမ်ားၾကား လက္ၫွိုးထိုးကဲ့ရဲ့ခံရမည္ကို မခံမရပ္ႏိုင္ျဖစ္ကာ အိပ္ယာထဲသို႔ လဲေတာ့ေလ၏။
ထို႔ေနာက္တြင္မူ သူမသည္လည္း သူငယ္ခ်င္းေယာက္်ားေလးမ်ားႏွင့္ ပိုမိုဆက္ဆံ အေပါင္းအသင္းျပဳလာ၏။တခါတရံ အိမ္သို႔ပင္ေခၚလာတတ္၏။
ထို႔ေၾကာင့္ ႏွစ္ေယာက္သား မ်က္ႏွာျခင္းဆိုင္သည္ႏွင့္ မၾကာခဏဆိုသလို စကားမ်ားၾကရ၏။တေန့ ခင္ခင္ေလးမွာ ေယာက်္ားျဖစ္သူႏွင့္ စကားမ်ားၿပီးဖဲပြဲသို႔သြားရာလမ္းတြင္ ကားတိုက္၍ ဆံုးပါးသြားခဲ့ေလ၏။
ခင္ခင္ေလးဆံုးေသာအခါ တိုက္သူႀကီးမင္းသည္ စိတ္ဓာတ္က်ကာ ယခင္ကထက္ပင္ အေသာက္အစား အေပ်ာ္အပါးမ်ားလာ၏။တပတ္လ်ွင္ ငါးရက္မ်ွ ပြတ္သဘင္ႏွင့္ ျမင္းပြဲမ်ားတြင္သာ အခ်ိန္ကုန္ေလ့ရိွ၏။
အိမ္သို႔ျပန္ေသာ ရက္မ်ားတြင္ မိုမို႔အခန္းတြင္းသို႔ ၀င္ကာစိတ္ေက်နပ္သည္အထိ ရိုက္ႏွက္ေလ့ရိွ၏။
သမီးျဖစ္သူကိုလည္း အိမ္ထိန္းမ်ားႏွင့္ပင္ ပိုက္ဆံအလံုအေလာက္ေပးကာ ထားခဲ့တတ္၏။
ထိုသို႔ႀကီးျပင္းခဲ့ရေသာ kathyမိုး သည္ လွပကာ ေမာက္မာေသာ မိန္းကေလးတစ္ၪီးအျဖစ္ႀကီးျပင္းလာၿပီး အၿမဲတေစ ႏိွပ္စက္ခံ ေသာ အိမ္ေနာက္ေဖးတန္းလ်ားရိွ ေကာင္ေလးသည္လည္း လူေၾကာက္၍ လူေတာမတိုးသည့္ ႏံုႏံုအအ ကေလးတစ္ၪီး အျဖစ္ ႀကီးျပင္းလာခဲ့ၾက၏။
########################
Коментарі