နှောင်ကြိုးမဲ့ လေငယ်...(1)
Zawgyi
=======
ဒေါက် ဒေါက်!!!
"ဟုတ်........"
"သေပြီ တဘတ်ပါမလာဘူး
မေမေရေ မေ.....!!!!"
"အေး...ဘာလဲ"
"ဟုတ်ကဲ့"
"မေမေ အငယ်မရော"
"ဩော် ဟုတ် သူ့ကို ကျူရှင်ပဲထားမှာလား ကျောင်းဖွင့်နေပြီ ဆယ်တန်းနော် မေမေ"
ဖေဖေက သဘောင်္ပေါ်ပဲနေပျော်တာ အိမ်ကိုပြန်ကိုမလာဘူး"
"အေးအေး"
"Don`t stay awake for too long Don`t go to bad........"
"အေးပြော"
"Linkမှာ"
"အေး ဒါပဲ"
"ဟာ...ငါဆင်းရမဲ့နေရာဟ"
~~~~~~~~~~~~~~~~~~~~~
"ကျောင်းသားကတ်ပဲ"
မောင်သောမင်းခမောင်
________________________________
uni
===
နံနက်ခင်းနေရောင်ခြည်က အိပ်ခန်းပြတင်းပေါက်မှတစ်ဆင့် မင်းခ၏မျက်နှာပေါ်သို့ ဖြာကျနေသည်
ဒေါက် ဒေါက်!!!
"မင်းခမောင်....သောမင်းခမောင် ထတော့ ၈ထိုးနေပြီ"
အခန်းတံခါးခေါက်သံနှင့်အတူမာတာမိခင်၏အသံက ခပ်ဖြည်းဖြည်းဆိုသော်ငြား ဆတ်ခနဲ လန့်နိုးသွားသည်
"ဟုတ်........"
ခပ်အက်အက်အသံဖြင့် နိုးကြောင်းအသိပေးလိုက်သည့်အခါမှသာ အမေသည် အခန်းရှေ့မှထွက်သွားတော့သည်
အပျင်းကြောကို အားရပါးဆွဲပြီး လူကငေါက်ကနဲထထိုင်လာ၏ မျက်ချေးများဖြင့်ပိတ်နေသောကြောင့် မျက်လုံးကတော့မဖွင့်နိုင်သေး.......
အိပ်မှုံစုံမွှားဖြင့်သာ အခန်းမှထွက်ပြီး ရေချိုးခန်းသို့လျှောက်သွားတော့သည် သွားတိုက်မျက်နှာသစ်ပြီး လူကငြီစီစီကြီးဖြစ်နေသောကြောင့် ရေပါတစ်ခါတည်းချိုးလိုက်သည်
"သေပြီ တဘတ်ပါမလာဘူး
မေမေရေ မေ.....!!!!"
"အေး...ဘာလဲ"
သူ့ အော်ခေါ်သံကြောင့် အမေကဟင်းချက်ဇွန်းကြီးကိုင်လာပြီး ရေချိုးခန်းဆီသိုပြေးလာသည်
"အဟီး မေမေ...သားကို တဘတ်လေးယူပေးပါလား "
"သောမင်းခမောင်တို့များ အရေးဟယ်အကြောင်းဟယ်နဲ့ ရေလေးချိုးတာကို တဘတ်ကမေ့ခဲ့ရသေး ဘယ်လိုလဲနင် ကိုယ်ရေမချိုးခင် ဘာလိုသေးလဲသေချာပြန်စစ်လေ နောက်ငါမရှိရင် နင်ဘယ်လိုလုပ်မလဲ တကယ်တည်း...."
အမေသည် ပါးစပ်မှ တဗြစ်တောက်တောက်ပြောရင်း သူ့အခန်းထဲတွင် တဘတ်ဝင်ယူပေးသည် ဟုတ်တာလဲမဟုတ် ပါးစပ်လဲမညောင်းဘူးလားလဲမသိ အမေတွေဟာလေ တတွတ်တွတ်ကိုပြောနိုင်လွန်းတယ် စိတ်ထဲကလည်းမပါပဲနဲ့
ဘာပဲဖြစ်ဖြစ် မင်းခတစ်ယောက်ကတော့ မိခင်တို့၏စကားသံကြောင့် နံနက်ခင်းလေးမှာ သာယာလှပသွားလေပြီ
"ရေချိုးပြီးရင် မနက်စာလာစားချေ"
"ဟုတ်ကဲ့"
တဘတ်ပတ်ပြီး အခန်းထဲသို့ပြန်ဝင်သွားလိုက်သည် ကျောင်းသွားရမည်မို့ စတစ်ကော်လံလက်ရှည်စိမ်းနုရောင်လေးနှင့်အတူ ပုဆိုးကိုဝတ်လိုက်သည် မှန်ရှေ့တွင် ဆံပင်ကိုsparyဖြန်းလိုက်ပြီး man creamနည်းနည်းကောက်လိမ်းလိုက်သည် ထို့နောက် ရေမွှေးတစ်ချက်ဆွတ်ပြီးလွယ်အိတ်ကိုယူကာ ထမင်းစားခန်းထဲသို့သွားလိုက်သည်
"မေမေ အငယ်မရော"
"7နာရီထဲက ကျူရှင်သွားပြီ"
"ေဩာ် ဟုတ် သူ့ကို ကျူရှင်ပဲထားမှာလား ကျောင်းဖွင့်နေပြီ ဆယ်တန်းနော် မေမေ"
"အေးပါ ငါသိပါတယ် ပထမပတ်စာမေးပွဲမှာ resultသိပ်မကောင်းရင် Guide ခေါ်ပေးမလို့ အခုကျ ကျောင်းရယ်ကျူရှင်ရယ်နဲ့တင်စောင့်ကြည့်ပါအုံးမယ် နင်ကသင်ပေးဆိုတာကိုမသင်ပေးပဲနဲ့"
"မသင်ပေးပါဘူး မေ့မေ့သမီးက သားစကားနားထောင်တယ်ဆိုတော့......
အင်းပါ မေမေတို့သားအမိတွေ အဆင်ပြေကြရင်ပြီးတာပါပဲ"
မေမေက သူ့အား ထမင်းကြော်တစ်ပန်းကန်နဲ့ ကော်ဖီတစ်ခွက်ချပေးပြီး သူ့ဟင်းအိုးကိုသူ ပြန်သွားမွှေနေလေသည်"
"နင်တို့အဖေ ဒီလကုန်ပြန်လာမယ်တဲ့"
"ဟင် ဟုတ်လား ဘယ်လောက်နားမှာလဲ
ဖေဖေက သဘောၤပေါ်ပဲနေပျော်တာ အိမ်ကိုပြန်ကိုမလာဘူး"
"နင့်အဖေကနင်တို့ကိုရှာကျွေးနေတာလေဟဲ့ ကောင်စုတ်လေးရဲ့"
"ဟီးဟီး သားသိပါတယ် ဒီတစ်ခေါက်ပြန်လာရင် အကြာကြီးနေခိုင်းမယ်"
"အေးအေး နင်တို့အဖေပြန်လာမှသာ ချွဲကြနင်တို့မောင်နှမ"
"ဟုတ်မေမေ သားသွားတော့မယ်နော် နောက်ကျနေပြီ"
"အေးအေး"
မင်းခသည် အိမ်ထဲမှထွက်လာပြီး လမ်းထိပ်ကားမှတ်တိုင်သို့လမ်းလျှောက်ထွက်ခဲ့သည်
ရွှေပေါက္ကံနှင့် ဒဂုံတက္ကသိုလ်သည် သိပ်မဝေး မိနစ်၂၀လောက်နှင့် ကျောင်းဝန်းထဲသို့ရောက်သည်
မင်းခသည် လွယ်အိတ်ထဲမှကျောင်းသားကတ်ကိုထုတ်ပြီးဆွဲလိုက်သည်
ကျောင်းသားအချို့က ကတ်သိပ်မဆွဲကြပေမဲ့ သူကတော့အကျင့်ဖြစ်နေပြီမို့
YBS ၂၉ရောက်လာသောကြောင့် ကားပေါ်သို့တက်လိုက်သည် ကံကောင်းစွာထိုင်ခုံတစ်ခုံလွတ်နေလေသည် သူ့အနောက်မှတက်လာသူများတွင် မည်သည့်သက်ကြီးရွယ်အိုမှမပါသောကြောင့် ထိုထိုင်ခုံကို အပြေးဦးလိုက်သည် ဘေးတွေဆော်လေးများကျမလားလို့တစ်ချက် လှည့်ကြည့်သည် သူ့လိုပဲကျောင်းသားတစ်ယောက်

မင်းခ၏Ph rgသံက ခပ်တိုးတိုးမြည်လာသည်
"ဘေးနားကသကောင့်သားကလဲ သူနဲ့ဆိုင်တာကျလို့ လှည့်ကြည့်နေသေးတယ် ကြောင်တောင်တောင်နဲ့ မအေဘေး"
မင်းခသည် ဘေးနားကကောင်လေးကို စိတ်ထဲမှ မေတ္တာပို့လိုက်သည် ဘာမှတော့မဆိုင် ပို့ချင်လို့ကိုပို့သည်
Phကိုကြည့်လိုက်တော့ ခန့်သူ
"အေးပြော"
"မင်းခ မင်းအဆောင်ထဲရောက်ရင် ငြိမ်းချမ်းကိုပါစောင့်ပြီးခေါ်လာခဲ့ကွာ အဲ့ကောင်ကမဟုတ်ရင် ဆော်နဲ့လစ်မှာ ရအောင်ခေါ်ခဲ့အဲ့ဒီကောင်ကို"
"အေးအေး သိပြီ မင်းတို့ကအခုဘယ်မှာတုန်း"
"Linkမှာ"
"အေး ဒါပဲ"
Phချပြီး ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ကျောင်းဝန်းထဲတောင်ရောက်နေပြီ
ကားကရပ်ပြီး တံခါးဖွင့်တော့မှ......
"ဟာ...ငါဆင်းရမဲ့နေရာဟ"
တော်သေးသည်က မင်းခထိုင်နေသောခုံသည် ဆင်းရမည့်တံခါးပေါက်ဝနှင့် နီးနေခြင်းပင် သူလည်းကမန်းကတန်း ပြေးဆင်းလာလိုက်သည်
"နေပါအုံး ကားပေါ်မှာ တစ်ခုခုနဲ့ငြိသွားသလိုပဲ"
ထို့နောက် ဆက်မတွေးမိတော့ အဆောင်ထဲသာဝင်လာလိုက်သည်
~~~~~~~~~~~~~~~~~~~~~
နောက် နှစ်မှတ်တိုင်ဆို ခန့်သူနဲ့တွေ့ရန်ချိန်းထားသည့်ဆိုင်သို့ရောက်တော့မည်မို့ ကြိုထဖို့ပြင်သည်
ရှိန်းသုတသည် YUFLမှဖြစ်သော်လဲ ပထမနှစ်က နှစ်ခေါက်လောက် သူငယ်ချင်းရှိသည့်DUသို့လာလည်ဖူးသည် ခန့်သူသည် FWသို့ ခေါ်သည်ကတစ်ခါ ခန့်သူခရီးသွားတုန်းက သူယူထားပေးသည့်OSကပစ္စည်းကိုလာပေးတုန်းကတစ်ခါ
ရှိန်းသုတနှင့်ခန့်သူသည် အိမ်ချင်းမနီးသော်လည်း ရှစ်တန်းကိုးတန်းဆယ်တန်းတုန်းက ဘော်ဒါဆောင်တွင်တူတူနေခဲ့သောကြောင့်သိနေခြင်းပင် ရှိန်းကရွှေပေါက္ကံမှာနေပြီး ခန့်သူက သင်္ကန်းကျွန်းတွင်နေသည်
ဒီနေ့က ကျောင်းဖွင့်စမို့ စာသိပ်မသင်သေးသောကြောင့် ပျင်းပျင်းနှင့် ခန့်သူဆီသွားမလို့ပင်
ကျောင်းဖွင့်ပြီးကျောင်းမသွားရင်လဲ အိမ်ကမိခင်ကတုတ်အုံးမည်
ရှိန်းသည် ဆင်းရန် လွယ်အိတ်ကိုမလိုက်ချိန်တွင် တစ်ခုခုသည် သူ့ခြေထောက်ပေါ်သို့ပြုတ်ကျသွားသည်
"ကျောင်းသားကတ်ပဲ"
မောင်သောမင်းခမောင်
ဒုတိယနှစ် အင်္ဂလိပ်စာ
"ခုနကကောင်လေးဟာကျကျန်ခဲ့တာနေမယ် ခန့်သူနဲ့ မေဂျာတွေအတန်းတွေတူတာပဲ သိမလားမသိဘူး"
ရှိန်းသည် ကျောင်းသားကတ်အား ခန့်သူကိုပေးရန် တေးထားလိုက်သည်
ထို့နောက် physicဆောင်ရှေ့တွင်ကားရပ်သည့်အခါ ဆင်းလိုက်ကာlinkသို့ပြန်လျှောက်လာလေသည်..........

Коментарі