ေႏွာင္ႀကိဳးမဲ့ ေလငယ္...(1)
ေႏွာင္ႀကိဳးမဲ့ ေလငယ္...(2)
ေႏွာင္ႀကိဳးမဲ့ ေလငယ္...(3)
ေႏွာင္ႀကိဳးမဲ့ ေလငယ္...(4)
ေႏွာင္ႀကိဳးမဲ့ ေလငယ္...(3)
Zawgyi
=======

"ကဲ သားအဖေတြ ထမင္းစားလို႔ရၿပီ"

လကုန္ရက္ေက်ာ္ၿပီျဖစ္၍ ေဖေဖလဲ အိမ္သို႔ျပန္ေရာက္ေနေလၿပီ!
ဧည့္ခန္းထဲ၌TVၾကည့္ေနေသာ မင္းခတို႔သားအဖသံုးေယာက္သည္ ထမင္းစားခန္းထဲမွ ေမေမ့ေခၚသံေၾကာင့္ ထမင္းစားခန္းထဲသို႔ ဝင္လာၾကသည္။

"သီရိမ စာမလုပ္ဘူး နင္ေနာ္"

အစ္ကိုျဖစ္သူ၏ႀကိမ္းေမာင္းမႈကို ေသာသီရိစံက မေၾကာက္ပါ

"ကိုႀကီးကလည္း မနက္ျဖန္ညေန ဂိုက္လာတဲ့အခါက် လုပ္မွာေပါ့"

"ဂိုက္ကိုပဲအားကိုးလို႔မရဘူးေလ တယ္ေျပာရခက္ပါလား ငါ့ညီမ"

ထမင္းစားပြဲ၌ ဒီေမာင္ႏွမ အသံခ်ည္းသာ......

"ကဲ.....ေဖ့သမီးကႀကိဳးစားေနာ္ ေဖ့သမီးဒီလ ညံ့လို႔က်သြားတာမဟုတ္မွန္းေဖေဖသိပါတယ္"

"ဟုတ္တယ္ ေဖႀကီး သမီးအပုဒ္မွားသြားတာ"

"ဟုတ္ၿပီ အဲ့ဒါဆို ဒီလိုျဖစ္ခဲ့တာကို သင္ခန္းစာယူရမယ္ ေနာက္ အပုဒ္မွားေျဖတယ္ဆိုတဲ့အလုပ္ကိုမလုပ္နဲ႔ေတာ့"

"ဟုတ္"

ေသာမင္းခေမာင္ကေတာ့ မနာလိုႀကီးစြာ....

"ေဖေဖ့သမီးပဲ ေဖေဖခ်စ္ေန"

"တစ္စံုတစ္ေယာက္ကေတာ့မနာလိုျဖစ္ေနၿပီ ေဖေဖေရ...."

"ဟားဟားဟား"
သီရိ၏ စကားေၾကာင့္ ေဖေဖကရယ္သည္

"ဒီ သားအဖေတြ စကားမ်ားလို႔ၿပီးၾကဦးမွာလား စားၾကေတာ့"

"အဟီး ေမေမကလည္း"

~~~~~~~~~~~~~~~

႐ွိန္းသုတသည္ ည ၇နာရီအခ်ိန္တြင္ စာသင္ရမည့္အိမ္သို႔ စက္ဘီးျဖင့္ထြက္လာခဲ့သည္

အရင္က သူ က်ဴ႐ွင္ေနခဲ့ဖူးသည့္ ရပ္ကြက္ထဲ႐ွိေဘာ္ဒါတြင္ ႏွစ္က်မ်ားအား ေက်ာင္းမွျပန္ေရာက္ေရာက္ခ်င္း အိမ္ပင္မဝင္ေသးပဲ တန္းသြားကာ ညေန၄နာရီမွ ၆ခြဲအထိ တစ္ပတ္၄ရက္ အခ်ိန္ပိုင္းဂိုက္လုပ္ေပးျဖစ္သည္
ထို႔ေနာက္ အိမ္ျပန္ေရမိုးခ်ိဳးၿပီးနားရသည္

အခုေတာ့ ည ၇နာရီတိုင္း ၁၅ထဲ႐ွိအိမ္တစ္အိမ္ကို ဂိုက္သြားလုပ္ေပးရသည္

"၁၅ဆိုမွ ေသာမင္းခေမာင္တို႔အိမ္က ၁၅ထဲမွာပဲ"
မဆီမဆိုင္ လြန္ခဲ့တဲ့အပတ္ကမွ ခင္ခဲ့ေသာ ခန္႔သူ၏ သူငယ္ခ်င္းအားသတိရမိေသးသည္

ေက်ာင္းတက္ရင္း ဂိုက္လုပ္တယ္ဆိုတာကလည္း ကိုယ္တိုင္႐ွာတဲ့ဝင္ေငြေလးရခ်င္လို႔ပင္
ေမေမသည္ အေမတို႔၏ထံုးစံအတိုင္း တစ္ခ်ိန္လံုး ပြစိပြစိေျပာေနတတ္ေသာ္လည္း အေမတစ္ခုသားတစ္ခုမို႔ ေမေမ့ကို သူသိပ္ခ်စ္ရပါသည္
ေမေမသည္ မိဘပိုင္ေရႊဆိုင္ႀကီးတစ္ဆိုင္ႏွင့္
ဆိုင္ခြဲႏွစ္ဆိုင္လဲ ႐ွိေသးကာ ထိုဆိုင္တို႔ကို
ဦးစီးေန၏
အေဖကေတာ့ သူမေမြးခင္ကတည္းကဆံုးသြားသည္ဟုသာ သိရသည္။

အေတြးမ်ားအားေရာက္တတ္ရာရာေတြးရင္း ႐ွိန္းသုတသည္ စာသင္ရမည့္အိမ္ေ႐ွ႕သို႔ေရာက္ခဲ့သည္။

~~~~~~~~~~~~~~~~~~~

မင္းခသည္ ညစာစားၿပီးသည္ႏွင့္ အိမ္ေပၚထပ္ရွိ အခန္းထဲဝင္ကာ စာလုပ္ရင္လုပ္ မဟုတ္ရင္ ဂိမ္းေဆာ့လိုင္းသံုး တစ္ခုခု လုပ္ခ်င္တာ လုပ္ေနတတ္သည္......

ညီမေလး၏ ဂိုက္လာေနသည္ကို ပင္သြားမၾကည့္ရေသး ဒီေန႔ေတာ့သြားၾကည့္မည္ဟုဆံုးျဖတ္လိုက္သည္ႏွင့္အတူ ေအာက္ထပ္႐ွိ စာသင္ေနသည့္ေနရာျဖစ္ေသာ ဧည့္ခန္းထဲသို႔ သြားၾကည့္မိသည္။

"ဟင္.....သုတ"

"မင္းခ!ဒါ မင္းအိမ္လား"

"ေအးကြ!ငါ့ညီမ ဂိုက္က မင္းမွန္းသိေတာင္မသိဘူး အခုမွသိတယ္ ဟားဟား"

"ေအးကြာ ငါလဲ ေသာသီရိစံ ေသာမင္းခေမာင္ ဟုတ္သား သတိမထားမိဘူး"

"မင္းကေတာ့!ငါလဲ ဒီေန႔မွ ေအာက္ဆင္းလာျဖစ္တာ မဟုတ္ရင္ ဘယ္ေန႔ထိလြဲဦးမလဲ မသိဘူး"

"ဟုတ္ပါ့ကြာ...."

မင္းခသည္ သခ်ာၤထိုင္ထြက္ေနေသာ ညီမကို ဆရာႀကီးက လုပ္ေသးသည္

"ဟဲ့ ေသာသီရိစံ အဲ့တာ ငါ့သူငယ္ခ်င္း နင္ ငါ့သူငယ္ခ်င္းကို မ်က္ႏွာပ်က္ေအာင္မလုပ္နဲ႔"

"ကိုႀကီးကလည္း ကိုႀကီးေျပာမွ သမီးက ညံ့တာခ်ာတူးကိုလန္ေနတာက်လို႔ စိတ္ဓာတ္ေတာင္က်တယ္"

"နင္တလြဲ လုပ္မွာစိုးလို႔ ငါက သေဘာေျပာျပတာေလ"

"ဟုတ္ၿပီ ဟုတ္ၿပီ မင္းခရယ္.....မင္းလဲေတာ္ေတာ့ သီရိလဲေတာ္ေတာ့ ဟုတ္ၿပီလား
သီရိက ဥာဏ္ေကာင္းပါတယ္ကြာ...."

"ဟုတ္တယ္ ဥာဏ္ကေကာင္းတယ္ ပ်င္းေနတာေလ"

"ကိုႀကီးတုန္းကေရာ မပ်င္းဘူးလားေျပာ သူမ်ားကိုပဲ လာေျပာေနတယ္ ဟြန္း!"

"ငါကနင့္ေလာက္ မပ်င္းပါဘူး"

"ေတာ္ၿပီ ေတာ္ၿပီ အရမ္းပြစိ ပြစိလုပ္တာ မိန္းမႀကီးက်ေနတာပဲ ေဖေဖေရ ေဖေဖ့သားကို ေယာက်ာ္းေပးစားလိုက္ေတာ့"

သီရိသည္မင္းခကို အျမင္ကတ္စြာ စာသင္ေနေသာဧည့္ခန္းေဘး႐ွိ ေနရာလြတ္တြင္ ကုလားထိုင္ႏွင့္စာဖတ္ေနေသာ အေဖ့အား လွမ္းေအာ္ေျပာလိုက္သည္

"ဟားဟားဟား ယူမလားသားေရ....."

"ေတာ္ပါ ေဖေဖရာ ေဖေဖ့သမီးေျပာတိုင္း သားကိုအႏိုင္က်င့္ေနတယ္"

"အဟီး..ကိုႀကီး ကိုႀကီးယူရင္ ေဝးေဝးလံလံ႐ွာစရာမလိုဘူးေနာ္ ဒီမွာ ကိုႀကီးသူငယ္ခ်င္းတစ္ေယာက္လံုး႐ွိတယ္"

"ဟင္"
ရႇိန္းသုတႏွင့္မင္းခသည္ မ်က္လံုးခ်င္း တစ္ျဖတ္ဆံုသြားသည္
ပံုမွန္ဆို သူ႔ညီမသည္ အျခားေယာက်ာ္းေလးေတြႏွင့္တစ္ခါတစ္ေလ စတတ္သည္
အဲ့အခါက် သီရိကို သူ ေခါင္းတစ္ခ်က္ေခါက္လိုက္သည္ ၿပီးၿပီ

အခုက မဟုတ္ ဘာကိုလန္႔လို႔လန္႔မွန္းမသိ ဘာကို မလံုမလဲ ျဖစ္လို႔ျဖစ္မွန္းမသိ ႐ွက္ကိုး႐ွက္ကန္းေတြ ျဖစ္ေနရသည္ သုတကိုတစ္ခ်က္ခိုးၾကည့္ေတာ့ သူက ပံုမွန္အအတိုင္းပင္ သီရိတြက္ေနလက္စ သခ်ာၤပုစၦာကို ၾကည့္ေန၏

"အယ္.....အယ္.....ကိုႀကီး႐ွက္သြားတာလား"

"နင္ေနာ္ ဘာေတြေလ်ွာက္ေျပာေနတာလဲ စာလုပ္စရာ႐ွိတာမလုပ္ဘူး အစ္ကိုကိုလိုက္စေနတယ္"

"ဟုတ္ပါၿပီ....."

သီရိလဲ ျပံဳးစိစိျဖင့္ စာသာ ျပန္တြက္ေနေတာ့သည္ သူမအစ္ကိုကို ထိုသို႔စရတာ သိပ္အရသာ႐ွိသည္ေလ အူျမဴးေနသည္

"အဟမ္း!!သုတ ငါအေပၚျပန္တက္ေတာ့မယ္ေနာ္ မနက္ျဖန္ tuto႐ွိလို႔"

"ေအးပါကြာ....ငါလဲ ေနာက္နာရီဝက္ေလာက္ဆို ျပန္ရပါၿပီ သြားသြား စာသြားက်က္ေတာ့ ငါဂိုက္လာလုပ္ေပးရဦးမလား"

"မ မလိုပါဘူး သြားၿပီ"

မင္းခသည္ အိမ္အေပၚတက္လာခဲ့သည္

ဒုတ္! "အ!"

ဒီၾကားထဲ ေလွကားကို အေျပးတစ္ပိုင္းတက္လာေတာ့ ေျခထိပ္ႏွင့္ ေလွကားက ေဆာင့္မိေသးသည္မွာ ေတာ္ေတာ္ အီဆိမ့္သြားသည္

မင္းခသည္ ႐ွက္႐ွက္ႏွင့္ ေနာက္ပင္ျပန္မလွည့္ၾကည့္ေတာ့ေခ် ရင္ေတြကလဲ တုန္ေနသလို ေမာဟိုက္ေနသည္။

သို႔ေသာ္......႐ွိန္းသုတ၏ အျပံဳးတစ္ခုကိုေတာ့ အိမ္အေပၚတက္သြားေသာေကာင္ေလးေရာ သခ်ာၤငံုတြက္ေနေသာ ေကာင္မေလးပါ မျမင္လိုက္ၾက

ထိုအျပံဳးမ်ားသည္ ေက်နပ္ျခင္း ၾကည္ႏူးျခင္းတို႔ႏွင့္ ျဖာေဝေနလိမ့္မည္.....။

___________________________________

Uni
===

"ကဲ သားအဖတွေ ထမင်းစားလို့ရပြီ"

လကုန်ရက်ကျော်ပြီဖြစ်၍ ဖေဖေလဲ အိမ်သို့ပြန်ရောက်နေလေပြီ!
ဧည့်ခန်းထဲ၌TVကြည့်နေသော မင်းခတို့သားအဖသုံးယောက်သည် ထမင်းစားခန်းထဲမှ မေမေ့ခေါ်သံကြောင့် ထမင်းစားခန်းထဲသို့ ဝင်လာကြသည်။

"သီရိမ စာမလုပ်ဘူး နင်နော်"

အစ်ကိုဖြစ်သူ၏ကြိမ်းမောင်းမှုကို သောသီရိစံက မကြောက်ပါ

"ကိုကြီးကလည်း မနက်ဖြန်ညနေ ဂိုက်လာတဲ့အခါကျ လုပ်မှာပေါ့"

"ဂိုက်ကိုပဲအားကိုးလို့မရဘူးလေ တယ်ပြောရခက်ပါလား ငါ့ညီမ"

ထမင်းစားပွဲ၌ ဒီမောင်နှမ အသံချည်းသာ......

"ကဲ.....ဖေ့သမီးကကြိုးစားနော် ဖေ့သမီးဒီလ ညံ့လို့ကျသွားတာမဟုတ်မှန်းဖေဖေသိပါတယ်"

"ဟုတ်တယ် ဖေကြီး သမီးအပုဒ်မှားသွားတာ"

"ဟုတ်ပြီ အဲ့ဒါဆို ဒီလိုဖြစ်ခဲ့တာကို သင်ခန်းစာယူရမယ် နောက် အပုဒ်မှားဖြေတယ်ဆိုတဲ့အလုပ်ကိုမလုပ်နဲ့တော့"

"ဟုတ်"

သောမင်းခမောင်ကတော့ မနာလိုကြီးစွာ....

"ဖေဖေ့သမီးပဲ ဖေဖေချစ်နေ"

"တစ်စုံတစ်ယောက်ကတော့မနာလိုဖြစ်နေပြီ ဖေဖေရေ...."

"ဟားဟားဟား"
သီရိ၏ စကားကြောင့် ဖေဖေကရယ်သည်

"ဒီ သားအဖတွေ စကားများလို့ပြီးကြဦးမှာလား စားကြတော့"

"အဟီး မေမေကလည်း"

~~~~~~~~~~~~~~~

ရှိန်းသုတသည် ည ၇နာရီအချိန်တွင် စာသင်ရမည့်အိမ်သို့ စက်ဘီးဖြင့်ထွက်လာခဲ့သည်

အရင်က သူ ကျူရှင်နေခဲ့ဖူးသည့် ရပ်ကွက်ထဲရှိဘော်ဒါတွင် နှစ်ကျများအား ကျောင်းမှပြန်ရောက်ရောက်ချင်း အိမ်ပင်မဝင်သေးပဲ တန်းသွားကာ ညနေ၄နာရီမှ ၆ခွဲအထိ တစ်ပတ်၄ရက် အချိန်ပိုင်းဂိုက်လုပ်ပေးဖြစ်သည်
ထို့နောက် အိမ်ပြန်ရေမိုးချိုးပြီးနားရသည်

အခုတော့ ည ၇နာရီတိုင်း ၁၅ထဲရှိအိမ်တစ်အိမ်ကို ဂိုက်သွားလုပ်ပေးရသည်

"၁၅ဆိုမှ သောမင်းခမောင်တို့အိမ်က ၁၅ထဲမှာပဲ"
မဆီမဆိုင် လွန်ခဲ့တဲ့အပတ်ကမှ ခင်ခဲ့သော ခန့်သူ၏ သူငယ်ချင်းအားသတိရမိသေးသည်

ကျောင်းတက်ရင်း ဂိုက်လုပ်တယ်ဆိုတာကလည်း ကိုယ်တိုင်ရှာတဲ့ဝင်ငွေလေးရချင်လို့ပင်
မေမေသည် အမေတို့၏ထုံးစံအတိုင်း တစ်ချိန်လုံး ပွစိပွစိပြောနေတတ်သော်လည်း အမေတစ်ခုသားတစ်ခုမို့ မေမေ့ကို သူသိပ်ချစ်ရပါသည်
မေမေသည် မိဘပိုင်ရွှေဆိုင်ကြီးတစ်ဆိုင်နှင့်
ဆိုင်ခွဲနှစ်ဆိုင်လဲ ရှိသေးကာ ထိုဆိုင်တို့ကို
ဦးစီးနေ၏
အဖေကတော့ သူမမွေးခင်ကတည်းကဆုံးသွားသည်ဟုသာ သိရသည်။

အတွေးများအားရောက်တတ်ရာရာတွေးရင်း ရှိန်းသုတသည် စာသင်ရမည့်အိမ်ရှေ့သို့ရောက်ခဲ့သည်။

~~~~~~~~~~~~~~~~~~~

မင်းခသည် ညစာစားပြီးသည်နှင့် အိမ်ပေါ်ထပ်ရှိ အခန်းထဲဝင်ကာ စာလုပ်ရင်လုပ် မဟုတ်ရင် ဂိမ်းဆော့လိုင်းသုံး တစ်ခုခု လုပ်ချင်တာ လုပ်နေတတ်သည်......

ညီမလေး၏ ဂိုက်လာနေသည်ကို ပင်သွားမကြည့်ရသေး ဒီနေ့တော့သွားကြည့်မည်ဟုဆုံးဖြတ်လိုက်သည်နှင့်အတူ အောက်ထပ်ရှိ စာသင်နေသည့်နေရာဖြစ်သော ဧည့်ခန်းထဲသို့ သွားကြည့်မိသည်။

"ဟင်.....သုတ"

"မင်းခ!ဒါ မင်းအိမ်လား"

"အေးကွ!ငါ့ညီမ ဂိုက်က မင်းမှန်းသိတောင်မသိဘူး အခုမှသိတယ် ဟားဟား"

"အေးကွာ ငါလဲ သောသီရိစံ သောမင်းခမောင် ဟုတ်သား သတိမထားမိဘူး"

"မင်းကတော့!ငါလဲ ဒီနေ့မှ အောက်ဆင်းလာဖြစ်တာ မဟုတ်ရင် ဘယ်နေ့ထိလွဲဦးမလဲ မသိဘူး"

"ဟုတ်ပါ့ကွာ...."

မင်းခသည် သချာၤထိုင်ထွက်နေသော ညီမကို ဆရာကြီးက လုပ်သေးသည်

"ဟဲ့ သောသီရိစံ အဲ့တာ ငါ့သူငယ်ချင်း နင် ငါ့သူငယ်ချင်းကို မျက်နှာပျက်အောင်မလုပ်နဲ့"

"ကိုကြီးကလည်း ကိုကြီးပြောမှ သမီးက ညံ့တာချာတူးကိုလန်နေတာကျလို့ စိတ်ဓာတ်တောင်ကျတယ်"

"နင်တလွဲ လုပ်မှာစိုးလို့ ငါက သဘောပြောပြတာလေ"

"ဟုတ်ပြီ ဟုတ်ပြီ မင်းခရယ်.....မင်းလဲတော်တော့ သီရိလဲတော်တော့ ဟုတ်ပြီလား
သီရိက ဉာဏ်ကောင်းပါတယ်ကွာ...."

"ဟုတ်တယ် ဉာဏ်ကကောင်းတယ် ပျင်းနေတာလေ"

"ကိုကြီးတုန်းကရော မပျင်းဘူးလားပြော သူများကိုပဲ လာပြောနေတယ် ဟွန်း!"

"ငါကနင့်လောက် မပျင်းပါဘူး"

"တော်ပြီ တော်ပြီ အရမ်းပွစိ ပွစိလုပ်တာ မိန်းမကြီးကျနေတာပဲ ဖေဖေရေ ဖေဖေ့သားကို ယောကျာ်းပေးစားလိုက်တော့"

သီရိသည်မင်းခကို အမြင်ကတ်စွာ စာသင်နေသောဧည့်ခန်းဘေးရှိ နေရာလွတ်တွင် ကုလားထိုင်နှင့်စာဖတ်နေသော အဖေ့အား လှမ်းအော်ပြောလိုက်သည်

"ဟားဟားဟား ယူမလားသားရေ....."

"တော်ပါ ဖေဖေရာ ဖေဖေ့သမီးပြောတိုင်း သားကိုအနိုင်ကျင့်နေတယ်"

"အဟီး..ကိုကြီး ကိုကြီးယူရင် ဝေးဝေးလံလံရှာစရာမလိုဘူးနော် ဒီမှာ ကိုကြီးသူငယ်ချင်းတစ်ယောက်လုံးရှိတယ်"

"ဟင်"
ရှိန်းသုတနှင့်မင်းခသည် မျက်လုံးချင်း တစ်ဖြတ်ဆုံသွားသည်
ပုံမှန်ဆို သူ့ညီမသည် အခြားယောကျာ်းလေးတွေနှင့်တစ်ခါတစ်လေ စတတ်သည်
အဲ့အခါကျ သီရိကို သူ ခေါင်းတစ်ချက်ခေါက်လိုက်သည် ပြီးပြီ

အခုက မဟုတ် ဘာကိုလန့်လို့လန့်မှန်းမသိ ဘာကို မလုံမလဲ ဖြစ်လို့ဖြစ်မှန်းမသိ ရှက်ကိုးရှက်ကန်းတွေ ဖြစ်နေရသည် သုတကိုတစ်ချက်ခိုးကြည့်တော့ သူက ပုံမှန်အအတိုင်းပင် သီရိတွက်နေလက်စ သချာၤပုစ္ဆာကို ကြည့်နေ၏

"အယ်.....အယ်.....ကိုကြီးရှက်သွားတာလား"

"နင်နော် ဘာတွေလျှောက်ပြောနေတာလဲ စာလုပ်စရာရှိတာမလုပ်ဘူး အစ်ကိုကိုလိုက်စနေတယ်"

"ဟုတ်ပါပြီ....."

သီရိလဲ ပြုံးစိစိဖြင့် စာသာ ပြန်တွက်နေတော့သည် သူမအစ်ကိုကို ထိုသို့စရတာ သိပ်အရသာရှိသည်လေ အူမြူးနေသည်

"အဟမ်း!!သုတ ငါအပေါ်ပြန်တက်တော့မယ်နော် မနက်ဖြန် tutoရှိလို့"

"အေးပါကွာ....ငါလဲ နောက်နာရီဝက်လောက်ဆို ပြန်ရပါပြီ သွားသွား စာသွားကျက်တော့ ငါဂိုက်လာလုပ်ပေးရဦးမလား"

"မ မလိုပါဘူး သွားပြီ"

မင်းခသည် အိမ်အပေါ်တက်လာခဲ့သည်

ဒုတ်! "အ!"

ဒီကြားထဲ လှေကားကို အပြေးတစ်ပိုင်းတက်လာတော့ ခြေထိပ်နှင့် လှေကားက ဆောင့်မိသေးသည်မှာ တော်တော် အီဆိမ့်သွားသည်

မင်းခသည် ရှက်ရှက်နှင့် နောက်ပင်ပြန်မလှည့်ကြည့်တော့ချေ ရင်တွေကလဲ တုန်နေသလို မောဟိုက်နေသည်။

သို့သော်......ရှိန်းသုတ၏ အပြုံးတစ်ခုကိုတော့ အိမ်အပေါ်တက်သွားသောကောင်လေးရော သချာၤငုံတွက်နေသော ကောင်မလေးပါ မမြင်လိုက်ကြ

ထိုအပြုံးများသည် ကျေနပ်ခြင်း ကြည်နူးခြင်းတို့နှင့် ဖြာဝေနေလိမ့်မည်.....။







© Dandelion Thaw,
книга «ေႏွာင္ႀကိဳးမဲ့ ေလငယ္... (နှောင်ကြိုးမဲ့ လေငယ်...)».
ေႏွာင္ႀကိဳးမဲ့ ေလငယ္...(4)
Коментарі